Popular Posts!

Sunday, March 31, 2013

ဖုန်းအတုနှင့်အစစ် ဘယ်လိုခွဲခြားမလဲ?

Online တွေမှာ iphone5 အသစ်ကို $ ၆၀၀ နှင့် ရောင်းနေတာကိုတွေ့လို့  အတုနှင့် အစစ်ခွဲလို့ရအောင် တင်ပေးလိုက်ပါတယ်.. ဟိုတလောက  Samsung S3,Note II နှင့် ချွတ်စွတ်ပုံစံတူပြီး တံဆိပ်မပါတာတခု ဘဲ ကို IT Show မှာ $ 196 နှင့်ရောင်းနေတာကိုတွေ့ရလို့ သတိထားမိလိုက်တာပါ Andoid ဆော့ဝဲလ်လေး နှင့်ပါ... နောက်ပြီး နယ်စပ်က အသိတယောက် Samsung ၀ယ်တာဒီမှာထက်ဈေးပိုပေါနေလို့ပါ...

 How to check fake phone!


Tested on iPhone, Nokia, Samsung, LG, Sony Ericsson and Motorola phones. However, it should work on any brand.

Press *#06# on your phone and the International Mobile Equipment Identity (IMEI) number appears. Then check the 7th and 8th digit.

1 2 3 4 5 6 7th 8th 9 10 11 12 13 14 15
Phone IMEI No. x x x x x x ? ? x x x x x x x
IF the Seventh & Eighth digits are 02 or 20 this means your cell phone was assembled in China which is of low quality.

IF the Seventh & Eighth digits are 08 or 80 this means your cell phone was manufactured in Germany which is of fair quality.

IF the Seventh & Eighth digits are 01 or 10 this means your cell phone was manufactured in Finland which is of very good quality.

IF the Seventh & Eighth digits are 00 this means your cell phone was manufactured in original factory which is the best phone quality.

IF the Seventh & Eighth digits are 13 this means your cell phone was assembled in Azerbaijan which is of very bad quality and may also be dangerous for your health.


ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်



ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။

Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာ သိရှိ နိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ် ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်။
ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရ တတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။
Android အစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ ခွဲခြားလို့ မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားတာ ဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက် ဒီနည်းလမ်းလေးကို ပြောပြ လိုက်ပါတယ်။
အခုနောက်ပိုင်း ၀င်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့ တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ် မဟုတ်ကြောင်း ဘယ်လို စမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကို ရှာလိုက်ပါ။
Samsung Galaxy Series တွေအတွက် ဒီနည်းနဲ့ စမ်းကြည့်လို့ ရပါတယ်။ Display ထဲမှာ Font Style ကို ရှာကြည့်လိုက်ပါ။ တွေ့ရင် အစစ်ဖြစ်ကြောင်း ယုံလို့ ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူး ပေါ့ဗျာ။
နောက်တနည်းကတော့ လုံးဝ အစစ်ဖြစ်တယ် ဆိုတာကို စမ်းကြည့်လို့ ရပါတယ်။ Setting ထဲကို ၀င်လိုက်ပါ။ About Phone ကို တွေ့ပါ လိမ့်မယ်။ Android Version 4.0.4 စသဖြင့် ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက် နှိပ်ကြည့်ပါ။
စက်ရုပ်ပုံလေး ပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြ ပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထား လိုက်ရင် စက်ရုပ်ပုံလေးတွေ ပြေးနေတာကို တွေ့ရ ပါလိမ့်မယ်။ Clone Handsets တွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ် နိုင်ပါဘူး။
ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ် ဟုတ်မဟုတ် စစ်ကြည့်လို့ ရနိုင်ပါတယ်။ အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာ ပြောပြထားတဲ့ အတွက် လုံလောက်ပြီး အဆင်ပြေကြမယ် ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
Written by အာယု
IT GARDEN
 

တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း

 
 ၁။ ၃ မိနစ်အားသွင်းပြီးလျှင် အားပြည့်ကြောင်းပြခြင်း။

၂။ ဖုန်းတွင် တီဗီ၊ Touch screen, Nail cutter, firelighter တို့ ပါရှိခြင်း။

၃။ touch screen ကိုသွားကြားထိုးတံဖြင့် အသုံးပြုနိုင်ခြင်း။

၎။ စာလုံးပေါင်း မှားနေခြင်း။ ဥပမာ - NokLa, blackderry, i-porn, samswag, j-phone

၅။ လေယာဉ်ပျံဖြတ်သွားလျှင် Miss call record လုပ်ခြင်း။

၆။ အားမသွင်းပဲ တစ်ပတ်ကြာ ပစ်ထားလျှင် ပါဝါဖွင့်မရတော့ခြင်း၊ အားသွင်း မရတော့ခြင်း။

Just for fun!
-
Aung Kham (TSJ team)
Posted using BlogPress from my iPhone5

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!