Popular Posts!

Monday, March 4, 2013

အမျိုးသမီးတွေနဲ့ စစ်ခင်းနေရတဲ့ အိန္ဒိယ

ရက်စက်တဲ့မုဒိမ်းကျင့်မှုဟာ ကန့် ကွက်မှုတွေ မီးပွားလိုထွက်ပေါ်လာပါ တယ်။ နက်နဲတဲ့သဘောထားတွေ ဦး တည်ရာလမ်းကြောင်းပြောင်းဖို့လိုအပ် နေပါတယ်။ အိနိ္ဒယမီဒီယာတိုင်းဟာ ဒီ မိန်းကလေးရဲ့အမည်ကို (Amanat) ရတနာ၊ (Nirbhaya) ကြောက်ရွံ့ခြင်းမရှိ ဘူး၊ ရဲရင့်တဲ့နှလုံးသားလို့ ခေါ်ကြပါ တယ်။ သူ့ကို ရိုးရိုးနာမည်ပေးလို့မရဘူး။ အိနိ္ဒယအမျိုးသမီးတိုင်း သူ့ရဲ့အမည် ဆောင်ပုဒ်ကို သုံးကြပါတယ်။
သူမဟာ တကယ်လို့များ မသေဘူး ဆိုရင် စံတင်လောက်သူလို့ ခေါ်ဆိုရမှာပါ။ သူမ ဟာ ဆေးကျောင်းတက်နေသူတစ် ယောက်ဖြစ်ပါတယ်။ သူမဟာ ကျေး လက်မိသားစုရဲ့တစ်ဦးတည်းသော ထောက်ပံ့နေသူဖြစ်ပါတယ်။ သူမဟာ ဖေဖော်ဝါရီလမှာ ဆော့ဝဲအင်ဂျင်နီယာ တစ်ယောက်နဲ့ လက်ထပ်မယ့်သူဖြစ်ပါ တယ်။ ၂၃ နှစ်ပဲရှိပါသေးတယ်။ အခု တော့ သူ့ကိုဒေလီမှာ မီးသင်္ဂြိုဟ်လိုက်ပါ ပြီ။
နယူးဒေလီမှာနေတာပဲဖြစ်ဖြစ်၊ သွားလည်တဲ့သူပဲဖြစ်ဖြစ် ကျွန်မရဲ့အမျိုး သမီးသူငယ်ချင်းတိုင်းက ဒေလီမှာနေတဲ့ ယောက်ျားတွေအကြောင်း ပုံပြင်တွေရှိတယ်တဲ့။ ပဲရစ်မှာနေတဲ့ Christine ခရစ်တီး ဆိုသူအမျိုးသမီးဟာသူ့အမေနဲ့ ပထမအကြိမ်သာ ရောက်ဖူးတဲ့ ကော်နော့ဆိုတဲ့ မြို့လယ်ကောင်နေရာကို လမ်းလျှောက် လာကြပါတယ်။ ခရစ်တီးဟာ မနုဿ ဗေဒပညာရှင်ဖြစ်ပါတယ်။ အိနိ္ဒယနိုင်ငံ ရဲ့ အံ့သြစရာတွေကို ပြချင်လို့ဖြစ်ပါ တယ်။
အဲဒီလိုသားအမိလမ်းလျှောက် လာစဉ် လူတစ်ယောက်ဟာ သူတို့ဆီကို လျှောက်လာပြီး ခရစ် တီးရဲ့ပေါင်ခြံခွကြားကို သူ့လက်ထိုးသွင်း ပြီး ရယ်နေပါတယ်။ သူ့အမေကလည်း ဒါကိုကြည့်နေပါတယ်။ ခရစ်တီးကတော့ ငိုပြီးပြောပြနေတယ်။ သူမသိသလောက် အိနိ္ဒယအမျိုးသမီးတွေ၊ အထူးသဖြင့် ဆင်းရဲပြီး ဇာတ်နိမ့်အမျိုးသမီးတွေဟာ ပိုပြီးတော့ ဆိုးဆိုးဝါးဝါးခံစားရပါတယ်။
အမျိုးသမီးတွေအတွက် မကောင်း တာဖြစ်ပျက်နေတာကတော့ အိနိ္ဒယ မြို့တွေထဲမှာ နယူးဒေလီတစ်မြို့တည်းတော့ မဟုတ်ပါဘူး။ မကောင်းမှုမှာ သူက အထူးကျော်ကြားတယ်လို့ ဆိုလိုတာပါ။ နိုင်ငံရေးအကျင့်ပျက်မှုကနေ ကိုယ်ကျင့် တရားအကျင့်ပျက်မှုကို ကူးပြောင်းသွား ပြီလို့ ဖြစ်တန်ရပါတယ်။ လိင်နဲ့ပတ်သက် လို့ တိမ်းချော်နေတယ်လို့ပြောရမှာဖြစ် တယ်။ ကျား၊ မ အချိုးအစားက ကျား ၁၀၀၀ ရှိတိုင်း မက ၈၆၆ ဖြစ်နေပါ တယ်။ ဘာကြောင့်လည်းဆိုတော့ မွေး ကင်းစမိန်းကလေးတိုင်းဟာ မိဘများ သတ်ပစ်တာကိုခံရပါတယ်။ သား ယောက်ျားကလေးကိုသာ လိုချင်ကြတာ ဖြစ်တယ်။ နယူးဒေလီဟာ မန်ဘိုင်း၊ ကိုလ်ကတ်တား၊ ချန်နေး၊ ဘန်ဂလောနဲ့ ဟိုင် ဒရာဘတ်တို့ထက် မုဒိမ်းကျင့်မှုပိုများပါ တယ်။
တစ်နိုင်ငံလုံးအနေနဲ့ကို ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်မှုတွေ ပြန့်နှံ့နေပါတယ်။ အိနိ္ဒယလူမျိုးတွေရဲ့ ကိုယ်စိတ်နှစ်ပါးဟာ ပြင်းစွာနာကျင်ပြီး အမျိုးသားရေး သဘောဆောင်နေပါတယ်။ ငါတို့အမျိုး သမီးတွေအပေါ် ငါတို့ဘယ်လောက် ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့သလဲဆိုတာကို ဆွေးနွေးဖို့လိုနေပါပြီ။ တချို့ကမ်းလှမ်း ချက်၊ ဖြေရှင်းချက်တွေကလည်း ရိုင်းပြ ပါတယ်။ အင်တာနက်စင်မြင့်ပေါ်မှာ လည်း ပွက်ပွက်ဆူနေပါတယ်။ မုဒိမ်း ကျင့်တဲ့ လူယုတ်မာတွေကို သေဒဏ်ပေး ဖို့ တောင်းဆိုနေကြပါတယ်။ အိနိ္ဒယ ရဲတွေကလည်း နာမည်ကြီးအမှုတွေကို သာ ချက်ချင်းလုပ်ဆောင်ပါတယ်။ အဲဒီ လိုဆိုပြန်တော့လည်း အပြစ်မဲ့တဲ့သူတွေ ကို သေဒဏ်ပေးမိတာမျိုးရှိနေပါတယ်။ အတင်းအကျပ်ပြုမှုဟာလည်း ဥပဒေ သစ်ထက် အရေးကြီးပါတယ်။
နိုင်ငံအနေနဲ့ကလည်း လိင်အကြမ်း ဖက်မှုကို ကိုင်တွယ်ရာမှာ အောက်ခြေ အဆင့်ကနေ ပြောင်းလဲရမှာဖြစ်ပါတယ်။ မုဒိမ်းမှု ရဲစခန်းကိုရောက်လာတဲ့အခါမှာ တော်တော်များများ ဆရာဝန်တွေက စစ် ဆေးတာတွေလုပ်သလို ရုံးကလည်း စော်ကားခံရသူကို ပြန်လှန်မေးခွန်းတွေ နဲ့စစ်ပါတယ်။
အခုအထိ ဆရာဝန်တွေက စော် ကားခံရတဲ့သူရဲ့ မိန်းမကိုယ်ထဲကို လက် ချောင်းသွင်းပြီး စစ်ဆေးပါတယ်။ တစ် ချောင်း(သို့)နှစ်ချောင်းသွင်းပါတယ်။ ဆေးမှတ်တမ်းက ဘယ်လိုဆိုထားသလဲ ဆိုတော့၊ မိန်းမကိုယ်စစ်ဆေးခြင်းဖြင့် အကျင့်သိက္ခာလျှော့ရဲတယ်လို့ သုံးသပ် ပါတယ်။ မိန်းမကိုယ်ဟာ လျှော့ရိလျှော့ ရဲဖြစ်နေတဲ့အတွက် မိန်းမတစ်ယောက် ရဲ့ ကိုယ့်ကျင့်တရားနဲ့ဆိုင်တယ်လို့ဆိုပါ တယ်။ အကယ်၍ လက်ချောင်းနှစ် ချောင်းဟာ မိန်းမကိုယ်ထဲကို ၀င်နိုင်ရင် သူဟာ ကာမစပ်ရှက်မှုမှာ အလေ့အကျင့် ရှိနေသူလို့ ဆုံးဖြတ်ပါတယ်။ ကာကွယ် ခုခံသူဘက်က အများယုံကြည်လက်ခံနိုင် မှုအပေါ်မှာ မေးခွန်းထုတ်ပြီး စွဲချက်တင် တယ်။ နောက်ဆုံးမှာတော့ တရားသေ လွှတ်လိုက်တာပါပဲ။ အဆင့်မြင့်ဆုံး တရားရုံးကတော့ ဒီလက်ချောင်းသွင်းပြီး စစ်ဆေးမှုဟာ သက်သေခံမ၀င်ဘူးလို့ ဆိုပါတယ်။ ပြည်နယ်တော်တော်များ များမှာ ဒါကိုသုံးနေကြပါတယ်။
ကမ်္ဘာရဲ့ ဒီဘက်ပိုင်း အမျိုးသမီး အများစုကတော့ သူတို့လုံခြုံရေးအတွက် ရဲစခန်းနဲ့ ရှင်းရှင်းနေကြပါတယ်။ ကျွန်မ ရဲ့သူငယ်ချင်းတစ်ယောက် ရုပ်ရှင်ထုတ် လုပ်သူက သူ့ရဲ့စာရင်းကိုင်ဟာ သူ့ငွေ အမြောက်အမြားကို အလွဲသုံးစားလုပ် ထားတယ်လို့ ဆိုပါတယ်။ စာရင်းကိုင်က ထွက်ပြေးသွားတဲ့အခါ ရဲကစာရင်းကိုင် ရဲ့နှမကို ဖမ်းထားတယ်။ သူ့နှမဟာ ဒီအမှုနဲ့လည်း ဘာမှမသက်ဆိုင်ဘူး။ ဒီ မိန်းကလေးရဲ့အစ်ကို လာအဖမ်းခံအောင် ဖိအားပေးတဲ့သဘောပေါ့။ ကျွန်မ သူငယ်ချင်းက ရဲစခန်းကို ရောက်လာတဲ့ အခါမှာ ရဲအရာရှိက သူ့ကိုဘယ်လိုပြော သလဲဆိုတော့၊ တရားခံရဲ့နှမကို အချုပ် ခန်းထဲမှာ ထည့်ထားတယ်တဲ့။ သူ့ကို ခင်ဗျား ကြိုက်သလိုသာ လုပ်ပေတော့ တဲ့။ ကောင်မလေးရဲ့ လုံခြုံမှုကို စိုးရိမ်တဲ့ အတွက် ရဲတွေမစော်ကားနိုင်အောင် နေ့ရောညပါ စောင့်ပေးလိုက်တယ်လို့ ကျွန်မသူငယ်ချင်းက ပြောပါတယ်။
ထိတ်ကစပြီး ပုပ်နေတယ်လို့ ပြောရမှာပါ။ ဥပဒေပြုအဖွဲ့ ၆ ယောက် စလုံးဟာ မုဒိမ်းမှုနဲ့ စွဲချက်အတင်ခံထား ရသူတွေဖြစ်တယ်။ ပါလီမန်အမတ်နှစ် ယောက်အပါအ၀င် ပြည်နယ်ဥပဒေပြု အဖွဲ့ဝင် ၃၆ ယောက်ဟာလည်း မိန်းမ နဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုတွေနဲ့ စွဲချက် အတင်ခံထားရပါတယ်။ ၂၀၀၉ ခုနှစ် နိုင်ငံတော်ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေထဲမှာ အရွေးခံမယ့် ၄၀ ထက် မနည်းဟာ မုဒိမ်းမှု(သို့) မိန်းမနဲ့ပတ်သက် တဲ့ ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ခံထား ရပါတယ်။
လူအပေါင်းကတော့ အသံတိတ် ဖယောင်းတိုင်တွေထွန်းပြီး လမ်းလျှောက် ဆန္ဒပြကြပါတယ်။ သတင်းစာတွေမှာ၊ တယ်လီဗေးရှင်းမှာ ရက်စက်စွာပြုတာ တွေကို ဖော်ပြပါတယ်။ ၂၀၀၈ ခု အကြမ်းဖက်သမားများ တိုက်ခိုက်တာကို လုံခြုံမှုပေးဖို့ တောင်းဆိုနေကြပါတယ်။ ပြည်သူလူထုဟာ ၂၀၁၁ ခုမှာ အကျင့် ပျက်ခြစားတာတွေကိုလည်းတိုက်ခိုက် ပါတယ်။ အိနိ္ဒယရဲ့ ၅၉၁ သန်းမျှသော အမျိုးသမီးတို့အပေါ် အခြေခံကစပြီး လေး စားသမှုပြုဖို့ ဒီအချိန်မှာ တောင်းဆိုနေ ပါတယ်။ ဒါဟာဖြင့် တတိယထုထည် ကြီးမားတဲ့ ကန့်ကွက်မှု လှိုင်းလုံးဖြစ်ပါ တယ်။ သို့သော်လည်း ဒါကိုထိန်းထား နိုင်ပါ့မလား။

မအေးဆေး
Ref;hotnewsweekly

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!