Popular Posts!

Monday, September 25, 2017

ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၂၈ ဦး၏ ရုပ်အလောင်းများ ရှာတွေ့ (အသက်(၁၀)နှစ်အောက် အမျိုးသားအလောင်းခြောက်လောင်း ပါဝင်)

ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၂၈ ဦး၏ ရုပ်အလောင်းများ ရှာတွေ့

(အသက်(၁၀)နှစ်အောက် အမျိုးသားအလောင်းခြောက်လောင်း ပါဝင်)

ရုပ်အလောင်းများကို တူးဖော်တွေ့ရှိပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − Thuta Zaw/Myat Min Khant Mg Facebook)
အာဆာ(ARSA) အကြမ်း ဖက်သမားများ၏ တိုက်ခိုက်ခြင်း ခံရပြီး ပျောက်ဆုံးနေသော မောင် တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်အနက် ၂၈ ဦး၏ ရုပ်အလောင်းကို ဟိန္ဒူဘာသာဝင်အချို့၏ ဖော်ထုတ်ချက်အရ မြေ ကျင်းနှစ်ကျင်းအတွင်း မြှုပ်နှံထား သည့်အနေအထားဖြင့် လုံခြုံရေး အဖွဲ့က စက်တင်ဘာ ၂၄ ရက်၌ ရှာဖွေတွေ့ရှိခဲ့သည်။
မောင်တောမြို့နယ် ရဲဘော် ကျား (ဒေသအခေါ် ရဲကျော်ကျ ကျေးရွာ) နှင့် တမန်းသားကျေးရွာ မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်သည် သြဂုတ် ၂၅ ရက်က ဖြစ်ပွားသည့် မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ရောက်ရှိနေသော မောင် တောမြို့နယ် ဒေသခံ ဟိန္ဒူဘာ သာဝင်တစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခံရစဉ် စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်လာသော မောင်တောလေးမိုင်မှ ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေးခေါင်း ဆောင်)ထံသို့ ဖုန်းဖြင့် ဆက် သွယ်ကာ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်း ဖက်သမား ၃၀၀ ခန့်သည် ရဲဘော် ကျားကျေးရွာရှိ အမျိုးသား၊ အမျိုး သမီး ၁၀၀ ဦးခန့်ကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်းနှင့် ရွာ၏အ နောက်ဘက် မီတာ ၁၀၀၀ ခန့်အ ကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများကို သတ်ဖြတ်ကာ အမျိုးသမီးရှစ်ဦးကို အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွား သည်ဟု အသိပေးခဲ့ကြောင်း စက် တင်ဘာ ၂၄ ရက်တွင် အစိုးရက သတင်းထုတ်ပြန်သည်။
အစိုးရက ယင်းသတင်းရရှိ ပြီးနောက် စက်တင်ဘာ ၂၄ ရက်  နံနက် ၇ နာရီတွင် ခမောင်းဆိပ် ကျေးရွာမှ အမျိုးသား၊ အမျိုးသမီးသုံးဦး၊ တမန်းသားကျေးရွာမှ လေးဦးတို့နှင့် ဟိန္ဒူဘာသာရေး ခေါင်းဆောင်အချို့ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းလုံခြုံရေး အဖွဲ့က ရဲဘော်ကျားကျေးရွာအ နီးဝန်းကျင်တွင် သွားရောက်ရှာ ဖွေခဲ့ခြင်းဖြစ်သည်။ ရွာ၏ အ နောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌ အပုပ်နံ့ရ၍ အသေး စိတ်ရှာဖွေရာ မြေကျင်းနှစ်ကျင်း ဖြင့် မြှုပ်နှံထားသော အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသားရှစ်ဦး၏ အ လောင်းများ တွေ့ရှိခဲ့ကြောင်း သ တင်းထုတ်ပြန်သည်။ တူးဖော်ရရှိ သည့် ရုပ်အလောင်းများသည် ဟိန္ဒူဘာသာဝင်များဖြစ်ပြီး အ သက်(၁၀)နှစ်အောက် အမျိုးသား ခြောက်လောင်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲမှုရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ‘‘ရဲဘော်ကျားကျေးရွာ (ဟိန္ဒူရွာ) နဲ့ ဘော်တလာကျေးရွာ(ဘင်္ဂါလီရွာ) တစ်ဝိုက်ကို ရှာဖွေတဲ့အခါမှာ ဘော်တလာကျေးရွာရဲ့ အနောက်ဘက်က တောင်ခြေအနီးမှာ ဟိန္ဒူလူမျိုးတွေကို မြှုပ်နှံထားတယ်လို့ ယူဆရတဲ့ ၁၂ ပေခန့် အကျယ်၊ သုံးပေခန့်အနက်ရှိတဲ့ ကျင်းကို တူးဖော်တဲ့အခါ ၁၂ လောင်း တွေ့တယ်။ နောက်တစ်ကျင်းမှာ ၁၆ လောင်း တွေ့တယ်။ တတိယ တစ်ကျင်းတွေ့ပေမယ့် ကျင်းထဲ မှာ ဘာမှမြှုပ်ထားတာ မတွေ့ ဘူး’’ဟု ပြောသည်။
ယင်းရုပ်အလောင်းများ တွေ့ရှိမှုသည် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက် ခိုက်မှုကို ပေါ်လွင်စေပြီး နိုင်ငံတကာနှင့် မီဒီယာများ သိအောင် ဖော်ထုတ် အသိပေးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ မ တွေ့ရှိသေးသူများကို ပျောက်ဆုံး စာရင်းအဖြစ် သတ်မှတ်ကာ ဆက် လက်ရှာဖွေမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။ အစိုးရကလည်းတူးဖော်ရရှိသည့် ရုပ်အလောင်း များကို လိုအပ်သည့် စစ်ဆေးမှုပြု လုပ်ကာ  ဆက်လက်ရှာဖွေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် သည်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော အမျိုးသမီးရှစ်ဦးနှင့်ပတ် သက်၍ ရရှိသောအချက်အလက် များအပေါ် ရဲမှူးချုပ်သူရစန်းလွင် က ‘‘သူတို့ (ဘင်္ဂါလီ) ဘာသာ ဝင် မလားဆိုတော့ သတ်မှာစိုးလို့ ဝင်ပါ့မယ်ပြောလို့ ခေါ်သွားတယ်။လမ်းမှာတင် နှစ်ရက်ကြာတယ်။ လမ်းမှာလည်း မုဒိမ်းကျင့်တယ်။ ဟိုဘက်နိုင်ငံမှာ မီဒီယာတွေနဲ့ တွေ့တဲ့အခါကျတော့ သူတို့ကို သတ်မှာစိုးလို့ ဟိန္ဒူတစ်ရွာလုံးကို ရခိုင်တွေနဲ့ တပ်မတော်က  သတ်ပါတယ်ဆိုပြီး လိမ်လည်ပြောဆိုခဲ့ရပါတယ်ပေါ့။ သူတို့ဆီက လူကြီးတွေလာတဲ့ အချိန်ကျတော့ ARSA အကြမ်းဖက်အဖွဲ့တွေ ရှောင်သွားတယ်။ ရှောင်တဲ့အချိန်မှာ မွတ်စလင်လည်း ပြောသေးတယ်။ လက်မှာ ကြိုးချည်ထားတယ်ဆိုတော့ မေးတဲ့အခါ ဒီသတင်းပေါ်ပေါက်တာ’’ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် ယင်းအမျိုးသမီးခြောက်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင်တစ်ဦး၏ နေအိမ်တွင် နေထိုင်နေကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။
ARSA အကြမ်းဖက်သမား များ၏ တိုက်ခိုက်ခြင်းခံရမှုကြောင့်  ပျောက်ဆုံးနေသော ဟိန္ဒူဘာသာ ဝင် ၉၃ ဦး၏ အခြေအနေကို အမြန်ဆုံးသိရှိနိုင်ရန် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် အစည်းအဝေး၌ လမ်းညွှန်မှာကြားထားသည်။ မောင်တောမြို့နယ် ခမောင်းဆိပ်မြို့အနီးရှိ ကျေးရွာအားလုံးသည် ဘင်္ဂါလီများနေထိုင်သည့် ရွာများဖြစ်ပြီး အနီးဆုံး တိုင်းရင်းသားကျေးရွာသည် သုံးမိုင်ကျော် ကွာဝေး သည်။


Unicode..

ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၂၈ ဦး၏ ရုပ်အလောင်းများ ရှာတွေ့

အသက်(၁၀)နှစ်အောက် အမျိုးသားအလောင်းခြောက်လောင်း ပါဝင်


အာဆာ(ARSA) အကြမ်း ဖက်သမားများ၏ တိုက်ခိုက်ခြင်း ခံရပြီး ပျောက်ဆုံးနေသော မောင် တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀ဝ ခန့်အနက် ၂၈ ဦး၏ ရုပ်အလောင်းကို ဟိန္ဒူဘာသာဝင်အချို့၏ ဖော်ထုတ်ချက်အရ မြေ ကျင်းနှစ်ကျင်းအတွင်း မြှုပ်နှံထား သည့်အနေအထားဖြင့် လုံခြုံရေး အဖွဲ့က စက်တင်ဘာ ၂၄ ရက်၌ ရှာဖွေတွေ့ရှိခဲ့သည်။

မောင်တောမြို့နယ် ရဲဘော် ကျား (ဒေသအခေါ် ရဲကျော်ကျ ကျေးရွာ) နှင့် တမန်းသားကျေးရွာ မှ ဟိန္ဒူဘာသာဝင် ၁၀ဝ ခန့်သည် ဩဂုတ် ၂၅ ရက်က ဖြစ်ပွားသည့် မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ရောက်ရှိနေသော မောင် တောမြို့နယ် ဒေသခံ ဟိန္ဒူဘာ သာဝင်တစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခံရစဉ် စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်လာသော မောင်တောလေးမိုင်မှ ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေးခေါင်း ဆောင်)ထံသို့ ဖုန်းဖြင့် ဆက် သွယ်ကာ ဩဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်း ဖက်သမား ၃၀ဝ ခန့်သည် ရဲဘော် ကျားကျေးရွာရှိ အမျိုးသား၊ အမျိုး သမီး ၁၀ဝ ဦးခန့်ကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်းနှင့် ရွာ၏အ နောက်ဘက် မီတာ ၁၀ဝ၀ ခန့်အ ကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများကို သတ်ဖြတ်ကာ အမျိုးသမီးရှစ်ဦးကို အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွား သည်ဟု အသိပေးခဲ့ကြောင်း စက် တင်ဘာ ၂၄ ရက်တွင် အစိုးရက သတင်းထုတ်ပြန်သည်။

အစိုးရက ယင်းသတင်းရရှိ ပြီးနောက် စက်တင်ဘာ ၂၄ ရက်  နံနက် ၇ နာရီတွင် ခမောင်းဆိပ် ကျေးရွာမှ အမျိုးသား၊ အမျိုးသမီးသုံးဦး၊ တမန်းသားကျေးရွာမှ လေးဦးတို့နှင့် ဟိန္ဒူဘာသာရေး ခေါင်းဆောင်အချို့ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းလုံခြုံရေး အဖွဲ့က ရဲဘော်ကျားကျေးရွာအ နီးဝန်းကျင်တွင် သွားရောက်ရှာ ဖွေခဲ့ခြင်းဖြစ်သည်။ ရွာ၏ အ နောက်မြောက်ဘက် မီတာ ၁၂၀ဝ ခန့်အကွာ၌ အပုပ်နံ့ရ၍ အသေး စိတ်ရှာဖွေရာ မြေကျင်းနှစ်ကျင်း ဖြင့် မြှုပ်နှံထားသော အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသားရှစ်ဦး၏ အ လောင်းများ တွေ့ရှိခဲ့ကြောင်း သ တင်းထုတ်ပြန်သည်။ တူးဖော်ရရှိ သည့် ရုပ်အလောင်းများသည် ဟိန္ဒူဘာသာဝင်များဖြစ်ပြီး အ သက်(၁၀)နှစ်အောက် အမျိုးသား ခြောက်လောင်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲမှုရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ‘‘ရဲဘော်ကျားကျေးရွာ (ဟိန္ဒူရွာ) နဲ့ ဘော်တလာကျေးရွာ(ဘင်္ဂါလီရွာ) တစ်ဝိုက်ကို ရှာဖွေတဲ့အခါမှာ ဘော်တလာကျေးရွာရဲ့ အနောက်ဘက်က တောင်ခြေအနီးမှာ ဟိန္ဒူလူမျိုးတွေကို မြှုပ်နှံထားတယ်လို့ ယူဆရတဲ့ ၁၂ ပေခန့် အကျယ်၊ သုံးပေခန့်အနက်ရှိတဲ့ ကျင်းကို တူးဖော်တဲ့အခါ ၁၂ လောင်း တွေ့တယ်။ နောက်တစ်ကျင်းမှာ ၁၆ လောင်း တွေ့တယ်။ တတိယ တစ်ကျင်းတွေ့ပေမယ့် ကျင်းထဲ မှာ ဘာမှမြှုပ်ထားတာ မတွေ့ ဘူး’’ဟု ပြောသည်။

ယင်းရုပ်အလောင်းများ တွေ့ရှိမှုသည် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက် ခိုက်မှုကို ပေါ်လွင်စေပြီး နိုင်ငံတကာနှင့် မီဒီယာများ သိအောင် ဖော်ထုတ် အသိပေးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ မ တွေ့ရှိသေးသူများကို ပျောက်ဆုံး စာရင်းအဖြစ် သတ်မှတ်ကာ ဆက် လက်ရှာဖွေမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။ အစိုးရကလည်းတူးဖော်ရရှိသည့် ရုပ်အလောင်း များကို လိုအပ်သည့် စစ်ဆေးမှုပြု လုပ်ကာ ဆက်လက်ရှာဖွေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် သည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော အမျိုးသမီးရှစ်ဦးနှင့်ပတ် သက်၍ ရရှိသောအချက်အလက် များအပေါ် ရဲမှူးချုပ်သူရစန်းလွင် က ‘‘သူတို့ (ဘင်္ဂါလီ) ဘာသာ ဝင် မလားဆိုတော့ သတ်မှာစိုးလို့ ဝင်ပါ့မယ်ပြောလို့ ခေါ်သွားတယ်။လမ်းမှာတင် နှစ်ရက်ကြာတယ်။ လမ်းမှာလည်း မုဒိမ်းကျင့်တယ်။ ဟိုဘက်နိုင်ငံမှာ မီဒီယာတွေနဲ့ တွေ့တဲ့အခါကျတော့ သူတို့ကို သတ်မှာစိုးလို့ ဟိန္ဒူတစ်ရွာလုံးကို ရခိုင်တွေနဲ့ တပ်မတော်က သတ်ပါတယ်ဆိုပြီး လိမ်လည်ပြောဆိုခဲ့ရပါတယ်ပေါ့။ သူတို့ဆီက လူကြီးတွေလာတဲ့ အချိန်ကျတော့ ARSA အကြမ်းဖက်အဖွဲ့တွေ ရှောင်သွားတယ်။ ရှောင်တဲ့အချိန်မှာ မွတ်စလင်လည်း ပြောသေးတယ်။ လက်မှာ ကြိုးချည်ထားတယ်ဆိုတော့ မေးတဲ့အခါ ဒီသတင်းပေါ်ပေါက်တာ’’ဟု ရှင်းပြသည်။

လက်ရှိအချိန်တွင် ယင်းအမျိုးသမီးခြောက်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင်တစ်ဦး၏ နေအိမ်တွင် နေထိုင်နေကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။

ARSA အကြမ်းဖက်သမား များ၏ တိုက်ခိုက်ခြင်းခံရမှုကြောင့်  ပျောက်ဆုံးနေသော ဟိန္ဒူဘာသာ ဝင် ၉၃ ဦး၏ အခြေအနေကို အမြန်ဆုံးသိရှိနိုင်ရန် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် အစည်းအဝေး၌ လမ်းညွှန်မှာကြားထားသည်။ မောင်တောမြို့နယ် ခမောင်းဆိပ်မြို့အနီးရှိ ကျေးရွာအားလုံးသည် ဘင်္ဂါလီများနေထိုင်သည့် ရွာများဖြစ်ပြီး အနီးဆုံး တိုင်းရင်းသားကျေးရွာသည် သုံးမိုင်ကျော် ကွာဝေး သည်။
Google Translate....

Missing 90 Hindus of more than 28 bodies found(Pour the dried bodies of age (in the under 10)

Ps (ARSA) violence Cheating multiple attacks 28 out of 100 missing brother Township Hindus According to identify the body of some Hindus position will be buried in two pits security group that was discovered 24 days of September.
Tiger comrades Maungdaw regions (in the village) and Mann, a village of about 100 Hindus to occur on August 25, the region lost in the process of a second terrorist attack in Maungdaw. Bangladesh Bangladesh side here Maung Township, a member of the local Hindu terrorist attack, who fled to Sittwe from Maungdaw four miles to the mall (Hindus aid) phone contact on August 25, ARSA 300 extremist terrorist soldier, Tiger Village About 100 women in the back of the village was arrested and reached about 1,000 meters long, Killing eight women, women are forced to enter into Islam Bangladesh had a sense that the two countries were taken on September 24, the government announced.
Government Office on September 24, at 7 o'clock in the morning after the driver's Village, a haven The male and female, Mann Village and Hindu religious leaders, including some relevant joint security team Tiger comrades near the village has to search around. About 1,200 meters north of the village to the ground, find all the details later အပုပျနံ့ရ. buried in Beijing with two holes of the 20 children and eight women were found in dishes released report. Excavation of bodies received by Hindu religious groups (under 10), six reports included a statement.
(1) The Border Guard Administration Police, Supervisory officers to the police chief of San Lwin, '' Comrade Tiger Village (Hindu villages, lies the village) (Bengali) When searching around the village lies at the foot of the village's west near the Hindu people believed that buried about 12 feet wide, When we dug to a depth of about three feet hole saw 12 bodies. The other troops have found 16 bodies. The third drawing, but found a hole, none bury anything, '' he said.
 The bodies found ARSA Terrorist reflecting outages, leading to international terrorism and said he will inform the media publicly identified. I found a list of those still missing would be designated as search said. Government bodies received by the excavation of the necessary checks are made and will continue to search report.
Abducted eight women and resurface on the information obtained, the police chief San Lwin '' (Bengali) anymore because they are easy to look like you just took. Two days on the road. I was raped. The other contrast media in the country met, either Hindu village in Rakhine and the military that I had to lie. Avoid them adults cut up ARSA terrorist groups. Muslims turn when strange. Wrists are bound to occur when I asked the reporter, '' he explained.
At present, the six women in Bangladesh Bangladesh consume to help refugees living in the home of a Hindu, according to government reports.
ARSA victims of the terrorist attacks missing Hinduism to find out the condition of the 93 fastest search to promote national consultant she Rakhine state, on September 22, at the meetings of the Committee on implementation of the recommendations and guidelines . All driver Seik village near Maungdaw Bengalis living in villages in the nearest National is more than three miles away.

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!