မိမိရဲ့ပတ်ပို့ပျောက်ရင် ဘာတွေလုပ်ရမလဲ?
ပြီးရင် မြန်မာသံရုံးကို သွားပြီး ပတ်ပို့စာအုပ် အသစ်ပြန် လျှောက်ရပါတယ်၊ အဲဒီမှာ ရဲစခန်းထောက်ခံစာရရ ချင်းသွားပါ၊ Online appointment date ကြိုယူထားဖို့လိုပါတယ်၊ မရှိရင်သံရုံးမှာယူရင် စကာင်္ပူဒေါ်လ ၁၀ ပေးရပါမယ် နော်! ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးပေါ်ခေတ်မှီတဲ့ ဘားကုဒ်စနစ်တွေနှင့် အမြန်ဆုံးဆောင်ရွက်ပေး နေတာကြောင့် အကျိုးတော်ဆောင်ခတွေ ထပ်ပေးရပါလိမ့်မယ်နော်!
နောက်ပြီး အရင်နှင့်တော့ မတူတော့ပါဘူး ပိုပြီးခေတ်မှီလာတဲ့လို့ပြောနေကျတဲ့ အရင်နှစ်တွေ က လူကြီးတွေထက်တော့နဲနဲ ပိုသာတယ်ပေါ့၊ အဲ!နောက်ပြီး အရင်လူကြီးတွေတုန်းက လုံးဝမပေးရတဲ့ စာရွက်စာတမ်းကြေးတွေ တောက်လျှောက်ကိုနေရာတိုင်းမှာ တောင်းနေပါတယ်လေ! တီဗီတွေမှာ စာအုပ်စဉ်တွေမှာ တရားစာအုပ်တွေနှင့် တရားဟောနေတာကိုပြသပြီး အလှူငွေကောင်ခံနေပါတယ်! ဟီဟီ! ဘယ်သူအတွက်လဲတော့မသိရပါဘူး!
အပြင်ဖက်မှာ အမိုးတွေမိုးထားပေးပြီး ထိုင်ခုံနှင့် ပန်ကာတွေ၊ မဂ္ဂဇင်းတွေ၊တရားစာအုပ်တွေနှင့် သောက်ရေသန့်ဘူး သုံးလေးဘူးကိုတော့တွေ့ရပါတယ် ဒါပေမဲ့သောက်ရေသန့်တော့မရှိပါဘူးလို့ ! အမြန်ကြေးတွေ အလှူငွေတွေကောက်ပြီး ရေသန့်လေးတောင်မပေးနိုင်ဘူးလေ?
တိုကင်ကောင်တာတွေ၊တီဗီတွေ ကွန်ပျူတာ တွေနှင့် သံရုံးဆောင်ရမဲ့ စည်းကမ်းလေးတွေကို ဖတ်ကြည့်လို့ရအောင်တော့ လုပ်ထားပေးပါတယ်၊ ဒါပေမဲ့ကျွှန်တော်သွားတဲ့ ရက်တွေမှာပျက်နေလို့ နောက်တပတ် မှလာပြင်မှာတဲ့ ၀န်ထမ်း တယောက်က လူကြီးတယောက်ကို ပြောပြနေတာကြားရပါတယ်လေ!
ကျွှန်တော်က စာအုပ်ပျောက်ဆိုတော့ မေးမြန်းကြည့်ပြီး နာမည်စာရင်းပေးလိုက်ပြီး စာရွက်စာတမ်း စုံမစုံစမ်းပါတယ်၊စာအုပ်ပျောက်က ၁လခွဲလောက်ကြာတယ်တဲ့!(မြန်မာပြည်ကဲပြည်ထဲရေးကိုပို့ရလို့တဲ့ လေ!) ပြီးရင်အပြင်မှာ နာမည်ခေါ်ဆောင့်ခိုင်းပါတယ်၊
၂၁-၁-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၁ အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားရရှိသည့်လစာခေါင်းစဉ်အောက်ရှိဝသ်ငွေစုစုပေါင်းအပေါ် ရရှိသည့်နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ဥပဒေပုဒ်မ၅၊ပုဒ်မခွဲ (၈) အရ၂၀၁၂ဇန်န၀ါရီ ၁ရက်နေ့မှစ၍ကင်းလွှတ်ခွင့်ပြုလိုက်ဖြစ်ပါသည်၊
၂၀၁၁ခုနှစ်သြဂုက်လ၁၉ရက်မတိုင်မှီကာလာအတွက် မူလနှုန်း ၁၀%ပင် ကောက်ခံမည်ဖြစ်ပါတယ်တဲ့!
၁၅၇/၂၀၁၁ အမိန့်ကြော်ငြာစာအရ (၁၉-၈၀၂၀၁၁)ရက်နေ့မှ(၃၁၀-၁၂-၂၀၁၁)ရက်နေ့ထိ ၂%ဖြင့် ကောက်ခံပါမယ်တဲ့!
အခွန်ပေးဆောင်ရမှာက ၂၀၁၁ခုနှစ် သြဂုတ်လထိ ၁၀ %နှုန်းနှင့် WP/SP/EPက စကာင်္ပူဒေါ်လာ၄၀-၈၀နှင့် PRကို စကာင်္ပူဒေါ်လာ၁၂၀ပေးရမှာဖြစ်ပြီး နောက်ပိုင်းကျလတွေအတွက် မိမိလစာရဲ့၂% ပေးရမှာဖြစ်ပါတယ်၊
အခွန်လျော့ပြီးမြန်မာပြည်မှာဆောင်ထားရင်လဲ လိုနေတဲ့အခွန်ငွေတွေထပပဖြည့်စွက်ပေးရပါမယ်တဲ့လေ!
အထူးသတိပေးချက်--၂၀၁၁ခုနှစ် ဒီဇင်ဘာလထိ အခွန်ဆောင်ပြီးသားဖြစ်မှ သံရုံးနှင့် ပတ်သက် တဲ့ ကိစ္စတွေအားလုံးကို လုပ်ဆောင်ပေးမှပါတဲ့!
၂၆-၇-၂၀၀၇ရက်စွဲပါ စာအမှတ် ပတခ/၀ငခ/၇-၃/၂၀၀၇(၅၀၅)စာပုဒ်(၂)အရ “ ပြည်ပနေနိုင်ငံသားသည် နိုင်ငံခြားငွေဖြင့် ၀င်ငွေရရှိပါက ရရှိသောနိုင်ငံခြားငွေစုစုပေါင်း၏ ၁၀%ကို ၄င်းရ၇ှိသောနိုင်ငံခြားငွေဖြင့်ပင် ၀င်ငွေခွန်အဖြစ်နိုင်ငံတော်အစိုးရသို့ ပေးသွင်းရန် ၀င်ငွေခွန်ပေးဆောင်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာမြန်မာသံရုံးများ၌ ပေးသွင်းရန်“ ဟုပြဌာန်းထားပါသည်၊
သို့ဖြစ်ပါ၍ စကာင်္ပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် ပြည်ပနေနိုင်ငံသားများမှာ စကာင်္ပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင်သာဝင်ငွေခွန်ပေးဆောင်ရန်ဖြစ်ပါသည်တဲ့!
စကာင်္ပူနိုင်ငံသားခံယူထားသူဇနီးအပေါ်မှီခိုခွင့်မရှပါဘူးတဲ့၊ အခွန်စဆောင်ရပါမယ်တဲ့လေ!
No comments:
Post a Comment