DVB TV - "အလွန်အမင်း ဆင်းရဲမွဲတေမှု ဘယ်လိုလျှော့ချမလဲ"
“ချင်းပြည်နယ်မှာက
စဉ်ဆက်မပြတ် ဆင်းရဲမွဲတေမှုဖြစ်နေတယ်။ စဉ်ဆက်မပြတ် အရေးပေါ်အခြေအနေဖြစ်တယ်။
လူ ၁၀၀ မှာ ၇၂ ယောက်က ဆင်းရဲနေတယ်။ ရေခံမြေခံ အနေအထားကလည်း
ဆင်းရဲမွဲတေမှုဖြစ်စေသလိုပဲ သဘာဝဘေးအန္တရာယ်တွေဖြစ်လာရင်လည်း
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတဲ့ အနေအထားတွေ ဖြစ်နေတယ်”
ဆလိုင်းအိုက်ဇက်ခင် - စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး (ချင်းပြည်နယ်အစိုးရအဖွဲ့)
“တပ်မတော်အစိုးရပဲဖြစ်ဖြစ်၊
ဦးသိန်းစိန်အစိုးရပဲဖြစ်ဖြစ်၊ အန်အယ်လ်ဒီအစိုးရပဲဖြစ်ဖြစ် ဗဟိုကနေပဲ
ကြီးစိုးနေမှုက ဖွံ့ဖြိုးမှုလုပ်ဆောင်နေမှုတွေကို တအား နှောင့်နှေးနေစေမှာပဲ။
အောက်ခြေကလာတဲ့ လိုအပ်ချက်ထောက်ပြမှုတွေက ပိုထိရောက်တယ်”
မိုင်ချယ်ရီဇာဟောင် - တွဲဖက်အတွင်းရေးမှူး ၂၊ ချင်းတိုးတက်ရေးပါတီ
“လက်ရှိဖြစ်နေတာက
တောင်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် ရွာတရွာကနေ ပြောင်းရွှေ့လာရင်
လုပ်စားစရာ တောင်ယာမရှိဘူး။ ရွာပဲပြောင်းခိုင်းတယ် လုပ်စားစရာ မရှိတော့
ဆန်ပြုတ်ပဲ သောက်နေရတာ အများကြီးပဲ”
ဦးကျော်သက်ဝင်း - စီမံကိန်းဒါရိုက်တာ၊ အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်
“ချင်းပြည်နယ်အနေနဲ့က
ရာသီသီးနှံတွေနဲ့ အလုပ်မဖြစ်ဘူး။ နှစ်ရှည်သီးနှံမျိုးနဲ့ပဲ အဆင်ပြေမယ်။
အိန္ဒိယနယ်စပ်နဲ့ နီးတဲ့အတွက် စိုက်ပျိုးမွေးမြူရေးလုပ်မယ်ဆိုရင်
တအားအောင်မြင်နိုင်ပါတယ်”
ဒေါက်တာ အေလျန်ဇနန် - YMCA(ကလေးမြို့)
“အသေးစားချေးငွေ(microfiance)
ချပေးတာတွေသည် ပါရာစီတမောနဲ့တိုက်သလိုနဲ့တူနေတယ်။ ရောဂါအရင်းအမြစ်ကို
မရှာဖွေဘဲ တခုခုဖြစ်တာနဲ့ ပါရာစီတမောပဲ တိုက်သလိုဖြစ်နေတယ်”
မိုင်ချယ်ရီဇာဟောင် - တွဲဖက်အတွင်းရေးမှူး ၂၊ ချင်းတိုးတက်ရေးပါတီ
“မိဘများအနေနဲ့
စီးပွားရေးကို စိတ်ချလက်ချလုပ်ပါ. ကလေးတွေရဲ့ ပညာရေးကို နိုင်ငံတော်က
တာဝန်ယူပါတယ်ခင်များ ဆိုတာမျိုးဖြစ်စေချင်တယ်။ အခုက မိဘတွေက
စားဖို့သောက်ဖို့လည်းရှာရ ကလေးတွေ ပညာရေးစရိတ်လည်း ပူပန်ရဖြစ်နေတယ်”
ဦးမျိုးမင်းအောင် - မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်(ကလေး)
No comments:
Post a Comment