နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လုံခြုံစိတ်ချရပြီး၊ အခွင့်အလမ်းများရှိကာစီးပွားရေးအရ ဆွဲဆောင်နိုင်သော ပတ်ဝန်းကျင်အဖြစ် ဖန်တီးပေးနိုင်ရန်အတွက် ဆန္ဒရှိပါသည်။
၂၀၁၂ခုနှစ်တွင် ပြဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမိန့် လျှောက်ထားရာတွင် လွယ်ကူချောမွေ့စေရန် များစွာ ပြောင်းလဲပေးနိုင်ခဲ့ပြီး အခွန်ကင်းလွတ်ခွင့်များ၊ အကျိုးခံစားခွင့်များ၊ အခွင့်အရေးအာမခံချက်နှင့် အကာအကွယ်များကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအား ပေးအပ်ပါသည်။
ထိုနည်းတူပင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အစိုးရပိုင်း၊ ပုဂ္ဂလိကလုပ်ငန်းပိုင်းနှင့် ပညာရှင်ပိုင်းမှ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်များကို ခွင့်ပြုပေးပြီး ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များပေးကာ ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။
ရင်းနှီးမြှုပ်နှံမှု ပုံစံများ
၁၀ဝ% ရင်းနှီးမြှုပ်နှံမှု
|
ဖက်စပ်လုပ်ငန်း
|
ပဋိညာဉ်စာချုပ်ပါ စနစ်တစ်ခုဖြင့် ဆောင်ရွက်ခြင်း
|
အခြားရင်းနှီးမြှုပ်နှံမှု ပုံစံများ
|
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မြန်မာ နိုင်ငံ သား စီးပွား ဘက်မပါ ဘဲ ခွင့်ပြု ထားသည့် စီးပွားရေး ကဏ္ဍဍများ တွင် ရင်းနှီး လုပ်ကို င်နိုင်သည်။ |
ဖက်စပ်လုပ်ငန်းများကို နိုင်ငံခြားသား၊ မြန်မာ နိုင်ငံသားနှင့် အစိုးရ ဌာနအဖွဲ့အစည်းများဖြင့်ဖွဲ့စည်းလုပ်ကိုင်နိုင်သည်။
|
နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများသည် နှစ်ဦး နှစ်ဖက် သဘောတူညီ ထားသော ပဋိညာဉ်စာ ချုပ်ပါ စနစ်တစ်ခုနှင့် ရင်းနှီးလုပ်ကိုင်နိုင်သည်။
|
"ယခုပုံစံများတွင် ဘီအိုတီ (လုပ်ငန်း တည်ဆောက်ခြင်း ၊လုပ်ငန်း လည်ပတ် ဆောင်ရွက်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း) နှင့် ဘီအိုအို (လုပ်ငန်း တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းပိုင်ဆိုင်ခြင်း တို့ပါဝင်သည်။
|
နိုင်ငံတော်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အောက်ပါအာမခံချက်များ ပေးထားပါသည်။
• နိုင်ငံပိုင်အဖြစ် လုံးဝပြောင်းလဲမည် မဟုတ်ခြင်း။
• လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ရပ်ဆိုင်းမှုမပြုခြင်း။
• မူလရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားငွေကြေးအတိုင်း လွှဲပြောင်းပေးအပ်ခွင့်ရှိခြင်း။
အခြားတစ်ဘက်တွင်လည်း ရင်းနှီးမြှုပ်နှံသူက လိုက်နာရမည့် တာဝန်များ သတ်မှတ်ထားပြီး ယင်းတို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ဆဲဥပဒေများအတိုင်း လုပ်ငန်းတည်ထောင် လည်ပတ်ဆောင်ရွက်ခြင်းပြုရန် အချက်တို့ပါဝင်သည်။ ထို့အပြင် မြေအသုံးပြုခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်း၊ ပိုင်ဆိုင်မှုများကို ရောင်းချခြင်း(သို့မဟုတ်)၊ လွှဲပြောင်းအပ်နှံခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု ဖြစ်စဉ်တွင် အကျုံးဝင်သော အခြားကိစ္စရပ်များပါဝင်သည်။ ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးနှင့် တာဝန်တို့ကို ယခုအခန်း၏ နောက်ဆုံးပိုင်းတွင် အသေးစိတ်ဖော်ပြထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် လျှောက်ထားခြင်း
ပထမဦးစွာ ရင်းနှီးမြှုပ်နှံသူက အဆိုပြုချက်ကို စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်။
• ကော်မရှင်က အဆိုပြုချက်ကို စိစစ်ပြီး (၁၅) ရက်အတွင်းလက်ခံမည် (သို့မဟုတ်) ငြင်းပယ်မည် ဖြစ်သည်။
• ကော်မရှင်က လက်ခံလျှင် အဆိုပြုချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ခွင့်ပြုမိန့်ကို ရက်ပေါင်း (၉၀) အတွင်း ငြင်းပယ်မည် သို့မဟုတ် ထုတ်ပေးမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူအား ခွင့်ပြုမိန့်ထုတ်ပေးပြီးသောအခါ လိုအပ်သည့် စာချုပ်စာတမ်းများကို အစိုးရဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အပြီးသတ်ချုပ်ဆိုပြီးသောအခါတွင် လုပ်ငန်းစတင်ဆောင်ရွက်နိုင်သည်။ အချို့ကိစ္စများတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်ရရှိသူတို့အား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအတိုင်း စာချုပ်ပါသဘောတူညီချက်များကို ပြင်ဆင်ခွင့်ပေးနိုင်သည်။
MIC ခွင့်ပြုမိန့်ကို မည်သို့လျှောက်ထားရမည်ဆိုသည်ကို လျှောက်ထားရာတွင်ပြည့်မီရမည့် သတ်မှတ်ချက်များနှင့် လျှောက်ထားသည့် လုပ်ငန်းစဉ်အသေးစိတ် သတင်းအချက်အလက်များကို အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။
[MIC ခွင့်ပြုမိန့် လျှောက်ထားခြင်း]
ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးနှင့် တာဝန်များ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ (၁၇) နှင့် (၁၈) (အခန်း ၈) အရ ရင်းနှီးမြှုပ်နှံသူများသည် အောက်ပါအတိုင်းအခွင့်အရေးများ ရှိကြသည်။
• မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အခြေပစ္စည်း (Assets) များကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့ကို တည်ဆဲဥပဒေနှင့်အညီပြုလုပ်ခွင့်ရှိခြင်း၊
• ကုမ္ပဏီ၏ အစုရှယ်ယာအားလုံး သို့မဟုတ် အချို့ကို ရောင်းချခြင်း၊
• မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်နှင့် မူလအဆိုပြုချက်ပါ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ခြင်း သို့မဟုတ် နိုင်ငံခြား မတည်ငွေရင်းကို တိုးမြှင့်ခြင်း၊
• တည်ဆဲဥပဒေအရ ခွင့်ပြုပေးထားသော ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပြန်လည်စိစစ်သုံးသပ်၍ပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြလျှောက်ထားခြင်း၊
• တည်ဆဲဥပဒေအရ နစ်နာချက်များနှင့်စပ်လျဉ်း၍ အရေးယူပေးရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြတောင်းဆိုခြင်း၊
• နည်းပညာသစ်များကို အသုံးပြုရန်၊ ထုတ်ကုန်အရည်အသွေးတိုးတက်ရန်၊ ထုတ်ကုန်စွမ်းအားမြှင့်တင်ရန်၊သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရန်အတွက် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းတိုးချဲ့လျှင် အကျိုးခံစားခွင့်များ ထပ်မံရရှိရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြလျှောက်ထားခြင်း၊
• ဖွံ့ဖြိုးမှုနည်းပါးပြီး ဝေးလံခေါင်သီသောဒေသများတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစေသော ရင်းနှီးမြှုပ်နှံမှုအားအထူးအခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိစေခြင်း၊
ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
• ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာခြင်း
• ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများအတိုင်း ကုမ္ပဏီဖွဲ့စည်းပြီး လုပ်ငန်းလုပ်ကိုင် ဆက်သွယ်ဆောင်ရွက်ခြင်း၊
• နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြဌာန်းချက်၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွန်ကြားချက်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထုတ်ပေးထားသော ခွင့်ပြုမိန့်တို့ပါ စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်ခြင်း၊
• ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရှိသော မြေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းဆိုင်ရာ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အသုံးပြုခြင်း၊
• ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော မြေနှင့် အဆောက်အအုံကို လုပ်ငန်း သက်တမ်းကာလအတွင်း ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် အခြားပုဂ္ဂိုလ်တစ်ဦးဦးအား တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာလွှဲပြောင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်း တို့ကို ကော်မရှင်၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခြင်း
• မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ သဘာဝ မြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့်အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ခြင်း၊
• မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြုသည့်လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ မူလစာချုပ်တွင်မပါဝင်သော သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းကို ဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်း၊ ရတနာသိုက်ကိုဖြစ်စေ တွေ့ရှိလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ချက်ချင်းအကြောင်းကြားခြင်း၊ ကော်မရှင်က ခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ ဆက်လက်လုပ်ကိုင်ခွင့် မရရှိလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုးခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ဆောင်ရွက်ခြင်း၊
• ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့် အညီ ပတ်ဝန်းကျင် ညစ်ညမ်း ပျက်စီးမှုမဖြစ်စေရန် ဆောင်ရွက်ခြင်း၊
• နိုင်ငံခြားကုမ္ပဏီဖြစ်ပါက မိမိ၏ အစုရှယ်ယာအားလုံး သို့မဟုတ် အချို့ကို နိုင်ငံခြားသားတစ်ဦးဦး သို့မဟုတ် နိုင်ငံသားတစ်ဦးဦးသို့ အပြီးအပိုင်လွှဲပြောင်းရောင်းချလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ကြိုတင်ခွင့်ပြုမိန့်ရယူ၍ ခွင့်ပြုမိန့်ကို ပြန်လည်အပ်နှံပြီးမှသာ တည်ဆဲဥပဒေများနှင့်အညီ အစုရှယ်ယာလွှဲပြောင်းခြင်းကို မှတ်ပုံတင်ခြင်း
• စီးပွားရေးနှင့် ပတ်သက်သော နည်းပညာမြင့်များအား ရင်းနှီးမြှု့ပ်နှံသူမှ သက်ဆိုင်ရာ လုပ်ငန်းများ၊ ဌာနများ (သို့) အဖွဲ့အစည်း များသို့ လွှဲပြောင်းရာတွင် ချုပ်ဆိုထားသော စာချုပ်အရ စနစ်တကျလွှဲပြောင်းခြင်း။DICA ဆိုတာဘာလဲ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) သည် မြန်မာကုမ္ပဏီအက်ဥပဒေအရ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ၏ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအား ကိုင်တွယ်ဆောင်ရွက် ရသောဌာန ဖြစ်ပါ သည်။ (DICA) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အတွင်းရေးမှူးရုံးအဖြစ် တာဝန်ယူဆောင်ရွက်ရသော ဌာနလည်း ဖြစ်ပါသည်။
ရုံးဖွင့်ချိန်
တနင်္လာနေ့ မှ သောကြာနေ့ ထိ
နံနက် ၉:၃၀ မှ ညနေ ၄:၃၀ ထိ
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
Investment Policy- ရင်းနှီးမြှုပ်နှံမှု မူဝါဒ by Than Han on Scribd
Myanmar Investment Guide 2014 (English language)
Since
we produced the first edition of this Myanmar Investment Guide in 2012
and the second edition of this Myanmar Investment Guide in 2014, foreign
investment in Myanmar has increased dramatically. Myanmar itself has
undergone a period of rapid economic growth and of political change;
that evolution continues at an astonishing pace. The country is now
squarely in the investment map for South East Asia and presents
investors with a wealth of opportunities across a range of sectors and
industries.
In
our experience, the country is moving from a phase of abundant, but
largely untapped, potential to a phase of multiple market entrants and a
more pragmatic, considered analysis of the investment climate. There
are opportunities and challenges in equal measure, and further positive
developments are expected following the success of the first democratic
general election in 25 years.
In response to questions and feedback from our global client base I
am delighted to introduce this third edition of our guide to investing
in Myanmar. The firm continuers to advise clients on major transactions,
capital projects, dispute resolution, business establishment,
compliance, investigations and public international law issues in, or
relating to, Myanmar.
Most importantly, we continue to assist our clients in navigating the
practical day-to-day challenges that many have faced or will face when
considering a new investment opportunity or developing a business in the
country.
As with our previous editions, this guide aims to provide an overview
of the prevailing legal and regulatory regime. We hope that you will
find this third edition informative and focus as much on the
practicalities of doing business in Myanmar as on the complexities of
the legal sector.
myanmarinvestmentguide_2014 by Than Han on Scribd
No comments:
Post a Comment