Popular Posts!

Wednesday, December 28, 2016

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် CHDB ဘဏ်က နိုင်ငံတော်မှချေးငွေယူရန် တင်ပြထာ

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က စီစဉ်ဆောက်လုပ်သည့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူမည့်သူများကို အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေထုတ်ချေးရန်အတွက် နိုင်ငံတော်မှ ကျပ်ငွေ ဘီလီယံ ၃၀ ချေးငွေချပေးရန် တင်ပြထားကြောင်း CHDB ဘဏ်က ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB ) ဘဏ်က ထိုသို့နိုင်ငံတော်ကို တင်ပြရာတွင် အတိုးနှုန်း  ၈ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် ၉ ရာခိုင်နှုန်းဖြင့် ချေးပေးရန်နှင့် ချေးငွေသက်တမ်းကို ကာလရှည်ထားရှိပေးရန် တင်ပြ ထားကြောင်း CHDB ဘဏ်၏ ဘဏ္ဍဍာရေးလုပ်ငန်းဌာန အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောသည်။

“ရည်ရွယ်ချက်က အတိုးနှုန်းသက်သာသွားပြီဆိုရင် လစဉ်ပေးသွင်းရာမှာ သက်သာသွားမယ်။ အတိုးနှုန်းများရင် အရစ်ကျပေးသွင်းရတာ များမယ်။ နှစ်ကြာလာတာနဲ့အမျှ အတိုးနှုန်းတွေက အခန်းရဲ့တန်ဖိုးထက် များလာတာတွေ ရှိတယ်။ အတိုးနှုန်းသက်သာရင် လစဉ်အရစ်ကျမှာလည်း တော်တော်သက်သာသွားမယ်” ဟု ゞင်းက ဆိုသည်။

CHDB ဘဏ်က လက်ရှိအချိန်၌ ထုတ်ချေးပေးနေသည့် အတိုးနှုန်းမှာ ဗဟိုဘဏ်က သတ်မှတ်ထားသည့် ချေးငွေအတိုးနှုန်း ၁၂ ရာခိုင်နှုန်း၊ ဘဏ်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်း ပေးဆောင်ခြင်းဖြစ်ကြောင်း ゞင်းက ဆက်ပြောသည်။

“လက်ရှိ အတိုးနှုန်း ၁၂ ရာခိုင်နှုန်းအောက်ကျအောင် နိုင်ငံတော်ကို တင်ပြထားတယ်။ နိုင်ငံတော်ကလည်း ပေးဖို့ စီစဉ်နေတယ်။ ဆွေးနွေးတဲ့အဆင့် နောက်ဆုံးရောက်နေပြီ။ ဇန်နဝါရီလလောက်မှာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု ဒေါ်မြင့်မြင့်မူက ပြောသည်။

လက်ရှိချေးငွေသက်တမ်းသည် ၁၀ နှစ် ချေးငွေ သက်တမ်းဖြစ်ပြီး နိုင်ငံတော်က ထုတ်ချေးပေးမည့် အတိုးနှုန်းသက်သာသော အစီအစဉ်ဖြင့် ရရှိလာမည့် ချေးငွေသက်တမ်းကို ၁၅ နှစ် သက်တမ်း သတ်မှတ်ပေးသွားမည်ဟု ゞင်းက ဆိုသည်။

“လောလာဆယ် အခန်း ၂,ဝ၀ဝ ကို ဇန်နဝါရီလဆန်းပိုင်းမှာ ရောင်းချပေးဖို့ စီစဉ်နေတယ်။ ဒီအခန်းတွေကိုတော့ ဘဏ်အစီအစဉ်အတိုင်း အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ ချေးပေးမယ်။ ဘဏ်ဝန်ဆောင်ခ ၁ ကျပ် ယူမယ်။ အစိုးရချေးငွေရလို့ အတိုးနှုန်း ပြောင်းလဲသွားရင် ပြန်လည်စိစစ်ပြီး လုပ်ပေးပါမယ်” ဟု ဒေါ်မြင့်မြင့်မူက ပြောသည်။

လက်ရှိအချိန်၌ တန်ဖိုးနည်း အိမ်ရာခန်းများ ဝယ်ယူနိုင်ရန်အတွက် အိမ်ရာစုဆောင်းငွေစာရင်း စာအုပ် Housing Saving Account ဖွင့်လှစ်ထားသူ ဦးရေ ၁၁,ဝ၀ဝ ကျော် ရှိပြီး ကနဦး ပေးသွင်းရမည့် ပမာဏ ၃၀ ရာခိုင်နှုန်း ပေးသွင်းထားပြီးသူ ဦးရေ ၂,ဝ၀ဝ ကျော် ရှိကြောင်း CHDB ဘဏ်မှ သိရသည်။

Ref;မစေိုးစံ  irrawaddy

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!