Popular Posts!

Friday, August 4, 2017

ရန်ကုန်တိုင်းလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့်တွေ့ဆုံခြင်း

ဓာတ်ပုံ − Sandar Min FB

အစိုးရသစ် ထုတ်ပြန်ကြေညာခဲ့သည့် စီးပွားရေးမူဝါဒ ၁၂ ချက်သည် ဇူလိုင်ဒုတိယပတ်တွင် တစ်နှစ်ပြည့်ခဲ့သည်။ မူဝါဒကို မည်မျှအကောင်အထည်ဖော်ပြီးပြီလဲ၊ မည်သည့်စိန်ခေါ်မှုများ တွေ့ရသလဲ၊ တိုင်းပြည်စီးပွားရေးကျဆင်းနေရခြင်း၏ အကြောင်းရင်းသည် မည်သည့်အရာများကြောင့်ဖြစ်မလဲ စသည့်အချက်များအပြင် စီးပွားရေးမူဝါဒ ၁၂ ချက်သည် ပြည်သူများ၏ လက်တွေ့ဘဝ လူမှုစီးပွား အပေါ် မည်မျှသက်ရောက်မှုရှိသလဲဆိုသည်များကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော် မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကို တွေ့ဆုံမေးမြန်းထားပါသည်။ ၎င်းသည် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးကိုယ်စားပြုအမတ်တစ်ဦးဖြစ်ပါသည်။ ရန်ကုန်တိုင်းရှိ မြို့သစ် စီမံကိန်း၊ YBS နှင့် Water Taxi တို့နှင့် ပတ်သက်၍လည်း သူ၏ အမြင်နှင့် အတွေ့အကြုံများကို မေးမြန်းထားပါသည်။

အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ကြေညာခဲ့တာဟာ တစ်နှစ် ပြည့်ခဲ့ပါပြီ။ ဘာတွေလုပ်ဆောင်ခဲ့ပြီးပြီလို့ သုံးသပ်မိလဲ?

အခုတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အားလုံးကို ကန်ထရိုက်Farmingလုပ်မယ်။ နိုင်ငံခြားနဲ့ ဖက်စပ်လည်း လုပ်မယ်။ ဒုတိယလုပ်ငန်း ကတော့ SMEs တွေ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် ချေးငွေတွေထုတ် ပေးနိုင်တဲ့ ဘဏ်တွေဖြစ်လာအောင် လုပ်နေတယ်။ ဒါပေမဲ့ ချေးငွေရဲ့ အတိုးနှုန်းလျှော့ပေးနိုင် အောင်တော့ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ ဒါကတော့ ဗဟိုဘဏ်ရဲ့ Monetary (ငွေကြေး) ပေါ်လစီနဲ့ဆိုင်တယ်။ ဒါပေမဲ့ ချေးငွေတွေ အမြောက်အမြားထုတ် ပေးနိုင်အောင်တော့ ကြိုးစားနေ တယ်။

နောက်တစ်ခုကတော့ အထည်ချုပ်လုပ်ငန်းတွေ အမြောက်အမြားဝင်လာနိုင်အောင် ဖိတ်ခေါ်နေတယ်။ အားလုံးဆုံးဖြတ်ထားတာကတော့ အထည်ချုပ်လုပ်ငန်းကို ဇောင်းပေးပြီး အရင်ဆုံး စလုပ်သွားမယ်။ သူက လုပ်သားအင် အား အများအပြားပေးနိုင်တဲ့ ကဏ္ဍဖြစ်နေတာကိုး။ နောက်တစ်ခုကတော့ နိုင်ငံခြားသား ပိုက်ဆံရှိတဲ့ အရင်းရှင်ကြီးတွေကနေ လက်ဝါးကြီးမအုပ်နိုင်အောင် ကာကွယ်ပေးတာတွေလုပ်မယ်။ ပြည်တွင်း လုပ်ငန်းအသေးလေးတွေ သေမသွားအောင်လို့ပေါ့။ ဒါပေမဲ့ အထည်ချုပ်လုပ်ငန်းတွေမှာတော့ နိုင်ငံခြားသားလုပ်ငန်းရှင်များများ ဖိတ်ခေါ်ပြီး ဖွံ့ဖြိုးအောင်လုပ်မယ်။

အမျိုးသားရင်ကြားစေ့ရေးကို အ ထောက်အကူပြုတဲ့ စီးပွားရေးပုံစံ ဆိုတာကို ဘယ်လိုနားလည်ပါ သလဲ? စီးပွားရေးမှာ ငြိမ်းချမ်းရေး ကကော ဘယ်လောက်အထိ အ ရေးပါတယ်လို့ မြင်ပါသလဲ?

သေသေချာချာတော့ သဘောမပေါက်ပါဘူး။ ငြိမ်းချမ်း ရေးနဲ့ စီးပွားရေးက အပြန်အလှန်ပဲ။ နှစ်ခုစလုံးက တစ်ပြိုင်နက်တည်း လုပ်ရမယ့်ကိစ္စပဲ။ လူတွေ အားလုံးက နေ့တိုင်း ထမင်းစားနေတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ကိုပဲလုပ်နေလို့ မရဘူး။ ငြိမ်းချမ်းရေးမရရင်လည်း အဲဒီဒေသမှာ စီးပွားရေးလုပ်လို့မရဘူး။

အစ်မကိုယ်တိုင် ပြောခဲ့တာရှိပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ဟာ အာပလာပဲဆိုတာ။ ဘာ ကြောင့် အဲဒီလိုပြောရတာလဲ?

လွှတ်တော် ကော်မတီတွေကနေ စီမံကိန်းတွေနဲ့ပတ်သက်ပြီး သုံးသပ်တင်ပြထားတာတွေရှိတယ်။ ဒါပေမဲ့ လက်ရှိအစိုးရက သူအကောင်အထည်ဖော်မယ့် လုပ်ငန်းကို သန္နိဋ္ဌာန်ချထားပြီးပြီ ဖြစ်တဲ့အတွက် ဒီကော်မတီတွေက တင်ပြတာတွေအားလုံးကို ဘယ် တော့မှ ဂရုတစိုက်ပြုပြင်ဆောင်ရွက်တာမရှိဘူး။

ဥပမာ- Water Taxi ကိစ္စ။ ဝန်ကြီးချုပ်က ဇွန်လလယ်မှာ ဆွဲ မယ်ပြောတယ်။ ကျွန်မတို့က ဆွဲ လို့မရပါဘူး။ ဆိပ်ကမ်းတွေက အဆင်သင့်မဖြစ်ဘူး။ သင်္ဘောတွေ မရောက်သေးတာ။ ရင်းနှီးမြှုပ်နှံမှု ကော်မတီမှာကော တင်ထားတာရှိ လား။ လုံးဝမတင်ထားဘူး။ (ဇူ လိုင် ၂၃ ရက် သတင်းစာတွင်  ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ကို ကုမ္ပဏီဘက်က စောင့်ဆိုင်းနေသည်ဟု သိရသည်။)  Water Taxiက ဆင်းရင် ဘတ်စ်ကားဂိတ်နဲ့ တွဲထားတာလည်း မရှိဘူး။ ဒီလိုမျိုး အဆင်သင့်မဖြစ်သေးခင်လုပ်ရင် အရှုံးပေါ်မှာမို့ မဆွဲသင့်သေးဘူး တင်ပြတယ်။ ဒါပေမဲ့ သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း ဆွဲချင်တဲ့အချိန်မှာဆွဲမယ်ဆိုတာမျိုး ဖြစ်နေတယ်။ လွှတ်တော်က ဘယ်လောက်ဆွေးနွေးဆွေးနွေး သူတို့က အရေးတယူ ဆောင်ရွက်တာမရှိဘူး။ ဘတ်စ်ကားတွေဆိုရင် သုံးလခြားပြီး တစ်နှစ်အချိန်ယူပြီးလုပ်မှာဆိုတာကို နဂိုက မသိရဘူး။ အဲဒါ YBSကိစ္စ လွှတ်တော်မှာ ဆွေးနွေးမှပဲ သိရတယ်။

လွှတ်တော်မှာ ရေးရာကော် မတီတွေဖွဲ့ထားတယ်ဆိုတာက အစိုးရရဲ့ကိစ္စကို ဝင်ရောက်စွက်ဖက်ဖို့ မဟုတ်ဘူး။ အစိုးရကို Check and Balance ထောက်ပြ ပေးဖို့ပဲဖြစ်တယ်။ ဒါပေမဲ့ အစိုးရ ထင်မြင်နေတာက 
လွှတ်တော်က သူတို့ရဲ့ကိစ္စတွေကို လွှတ်တော် ကော်မတီတွေက ဝင်ရောက် နှောင့်ယှက်တယ်လို့ အထင်အမြင် ရှိနေတယ်။ (ဒါက ရန်ကုန်တိုင်းမှာ ဖြစ်နေတာ)


ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ တိုင်းအစိုးရကြားမှာ အချင်းချင်း ချိတ်ဆက်မှုအားနည်းတယ်လို့ ဝေ ဖန်မှုတွေရှိပါတယ်။ ဥပမာ- တိုင်း အစိုးရကလုပ်တာ။ ဗဟိုက မသိ သလိုမျိုးပေါ့။ ဒီအပေါ် တိုင်းဒေသကြီး အမတ်တစ်ဦးအနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ?

မကြာခဏပဲ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်များကို ခေါ် တွေ့တာရှိတယ်။ နောက်ပြီး ဒုသမ္မတတွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေကိုယ်တိုင်လည်း UMF-CCI ကလူတွေနဲ့ တွေ့
ကြတာပဲ။ အဲဒီလိုတွေ့နေတာတောင် ဒီလို ဖြစ်နေတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မပြောကြလို့
 ဖြစ်မှာပေါ့။ ဝန်ကြီးချုပ်က သူအ ကောင်အထည်ဖော်မယ့်ဟာကို သက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီး ကို မပြောလို့နေဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ Issue ကို သိကောင်းသိ မယ်၊ Implementation ကို မသိတာဖြစ်မယ်။ ဘယ်လိုအကောင် အထည်ဖော်မယ်ဆိုတာပေါ့။

အစိုးရအချင်းချင်း ချိတ်ဆက်မှု အားနည်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပမာတစ်ခုလောက်ပေးပါလား?

ဥပမာ- ရန်ကုန်မြို့သစ်စီမံ ကိန်းဆိုရင် ဝန်ကြီးချုပ်က အ ကောင်အထည်ဖော်နေတာ။ အရင်လွှတ်တော်တုန်းက ဆုံးဖြတ် ထားတာ။ ဒါပေမဲ့ ဘယ်လိုအ ကောင်အထည်ဖော်မှာလဲ၊ ဘယ် သူတွေနဲ့လဲ၊ ဘယ်မှာလဲ၊
 ပြည်ပရင်းနှီးမြှုပ်နှံမှုတွေခေါ်မှာလား။ ဒါ တွေကို ပြည်ထောင်စုကို တင်ပြထားခြင်း လုံးဝမရှိဘူး။ ဘာလို့ ဒီလိုပြောလဲဆိုတော့ ဝန်ကြီးချုပ်က ကုမ္ပဏီဖွဲ့ထားတယ်။ အဲဒီမှာ လုပ်ငန်းရှင်တစ်ယောက်ပါတယ်။ ဒီ စီမံကိန်းကို အဲဒီကုမ္ပဏီနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ဖက် စပ်လုပ်မယ်။ ဒါတွေအားလုံးဟာ ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒီမှာလည်း အစိုး ရဘက်မှာ လုပ်ငန်းရှင်ထည့်တာ ကို လွှတ်တော်က လက်မခံနိုင်ပါ ဘူး။ ပြောပေမယ့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဆက်လုပ် တယ်။

ဒါတွေဟာ လွှတ်တော်ကို ဂရုမစိုက်တာပဲ။ ဆက်ထည့်တယ်ဆိုရင်လည်း ဘာကြောင့်ထည့်ရတယ်ဆိုတာ ကျွန်မတို့ကို ရှင်းမပြဘူး။ အဲဒီလိုပဲ ဘယ်လိုပုံစံနဲ့ သွားမယ်၊ ရင်းနှီးမြှုပ်နှံမယ့်ငွေကြေးကို ဘယ်လိုပုံစံနဲ့ ရအောင်လုပ်မယ်ဆိုတာတွေကို ပြည်ထောင်စုအစိုးရ မသိသေးဘူးလို့ ကျွန်မထင်တယ်။ ဒါကြောင့် ချိတ်ဆက်မှုအားနည်းတယ်လို့ ပြောကြတာနေတာဖြစ်တယ်။

ပြည်တယ်/တိုင်း အစိုးရတွေအ ပေါ်မှာ ပြည်ထောင်စုအစိုးရရဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
ချုပ်ကိုင်မှုသိပ်ကြီးနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ တိုင်းဒေသကြီးလွှတ်တော်အမတ် အနေနဲ့ ဘယ်လိုသတိထားမိပါသလဲ?

 အမှန်တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က မချုပ်ကိုင်ထားပါဘူး။ ကျွန်မတို့ ရန်ကုန်တိုင်းမှာဆိုရင် 
လုပ်လို့ရပါတယ်။ သူကိုယ်တိုင် တိုက်ရိုက်စီမံတာ တွေလည်းရှိတယ်။ ဒါပေမဲ့ ကျန်တဲ့နယ်တွေမှာ ချုပ်ကိုင်မှုမျိုးမရှိ ဘူး။ ဝန်ကြီးချုပ်လုပ်တဲ့သူတွေက ဖန်တီးနိုင်မှုရှိတယ်။ ကိုယ့်နယ်က ဘာကိုအဓိကထားပြီး စီးပွား
ဖြစ်အောင် လုပ်ရမယ့်နယ်လဲဆိုတာ။

စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ လွှတ်တော်ပိုင်းရဲ့ ဝေဖန်ထောက် ပြမှုတွေ ထူးထူးခြားခြားမတွေ့ရဘူးလို့ စီးပွားရေးကျွမ်းကျင်သူ တွေနဲ့ လုပ်ငန်းရှင်တွေက ရှုမြင်ကြပါတယ်။ ဒီအပေါ်မှာ အစ်မ ဘာပြောချင်ပါသလဲ?

အစိုးရသက်တမ်း တစ်နှစ် ပြည့်တဲ့အချိန်မှာ သုံးသပ်ချက်၊ အစီရင်ခံတင်ပြချက်ဆိုပြီး အများကြီးတင်ပြထားပါတယ်။ ဒါတွေ အားလုံးအပေါ်မှာ ဘာမှတုံ့ပြန်မှုမလာဘူး။ ကျွန်မတို့ စီးပွားရေး ကော်မတီတွေက တင်ပြခဲ့တာ အများကြီးရှိပါတယ်။

စီးပွားရေးမူဝါဒလည်း ချထားပြီး ပြီ။ ပြည်သူတွေဘက်ကကြည့်ရင်လည်း စီးပွားရေးက ဘာမှမထူးပါ ဘူးလို့ ပြောကြတယ်။ သူတို့ရဲ့ လူ မှုစီးပွားက ဒုံရင်းက ဒုံရင်းဖြစ်နေ တယ်။ ဆိုတော့ ဒီမူဝါဒတွေက ပြည်သူလူထုအတွက် တကယ့်အ ခြေအနေမှန်နဲ့ နီးစပ်မှုမရှိခဲ့လို့လား။ အစ်မ အမြင်လေးသိချင်ပါတယ်။

စီးပွားရေးမူဝါဒကို ဗဟိုက ချလိုက်ပေမယ့် တိုင်းဒေသကြီး အစိုးရတွေက အကောင်အထည် ဖော်ရတာ။ အစောက တင်ပြခဲ့သလို။ ဥပမာ- ပြည်ပရင်းနှီးမြှုပ် နှံသူတွေကို ဖိတ်ခေါ်တဲ့အခါ ကိုယ့်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ဘယ်လောက်ကောင်းလဲဆိုတာ ကို အရင်ကြည့်တယ်။ ဒါပေမဲ့ လက်တွေ့မှာ ရင်းနှီးမြှုပ်နှံမှု
ဥပဒေ ဘယ်လောက်ပဲကောင်းကောင်း၊ အဲဒီဥပဒေကောင်းလို့ လာမြှုပ်နှံ ပေမယ့် (ဥပမာ- အထည်ချုပ် လုပ်ငန်းနဲ့ စီးပွားရေးဦးမော့အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့) အထည်ချုပ်လုပ်ငန်းက အလုပ်အကိုင်
ရရှိအောင် လုပ်မယ်ဆိုပေမယ့် အထူးသဖြင့် အလုပ်သမားတွေရဲ့အားကို ကိုင်တွယ်ပုံဟာ တော်တော်ကို မှားယွင်းနေ တယ်ဆိုတာ တွေ့ရတယ်။ ပြည် ထောင်စုဝန်ကြီးရဲ့ကိုင်တွယ်ပုံကိုင်တွယ်နည်း တအားအား
နည်းသလို တိုင်းဒေသကြီးအစိုးရ (အလုပ်သမားဦးစီးဌာနတွေ) မှာလည်း ဝန်ထမ်းများရဲ့ အားနည်းချက်  တွေ အများကြီးတွေ့ရတယ်။ ဒါက အခြေခံကျပေမယ့် ဒါက အဓိကကျတယ်လို့ ကျွန်မ မြင်တယ်။

အဲဒီအလုပ်သမားပြဿနာ ကို မဖြေရှင်းနိုင်တဲ့အတွက် ယနေ့ စက်ရုံတွေဟာ တစ်ရုံပြီးတစ်ရုံ ပိတ်နေတာ  တွေ့ရတယ်။ အလုပ်သမားဆန္ဒပြမှုတွေ ဘာကြောင့် ဖြစ်တယ်ဆိုတာကို လိုက်ဖြေရှင်းတဲ့အခါ အများဆုံးတွေ့ရတာက Labour Union (အလုပ်သမား သမဂ္ဂ)တွေ ပေါ်လာတာက စတာပဲ။ ဒီသမဂ္ဂတွေပေါ်လာရမှာ ဖြစ် ပေမယ့် ဒီအဖွဲ့တွေမှာပါတဲ့ အလုပ်သမားတွေရဲ့ခေါင်းထဲကို မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေ ရိုက်သွင်းပေးဖို့လိုတယ်။ ဒါပေမဲ့ Activist (တက်ကြွလှုပ်ရှားသူ) တွေက နောက်က လုပ်နေတယ်။ 
သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့် ပြဿနာအကြီးကြီးဖြစ် နေတယ်။ မနေ့ (ဇွန်လ ၂၈ ရက်) က ဆိုရင် 
ဂျပန်စက်ရုံတစ်ရုံမှာ အဲဒီနောက်က သွေးထိုးလှုံ့ဆော်တဲ့ Activist အမျိုးသမီးကြောင့် အလုပ်သမား ၃၇၀ အလုပ်ပြုတ်သွားတယ်။)

အဲဒီတော့ သူတို့တွေရဲ့ နောက်ကွယ်ကနေ လုပ်ပေးနေတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ နိုင်ငံခြားသားလုပ်ငန်းရှင်များအားလုံးကို အပြုတ်တိုက်ကြဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေကြတာ။ ဒါမျိုးကို ထိရောက်တဲ့အရေးယူဆောင် ရွက်မှုမရှိသရွေ့ အလုပ်သမား ပြဿနာတွေဖြစ်နေမယ်။ အဲဒီအလုပ်သမား ပြဿနတွေရှိနေသရွေ့လည်း ရင်းနှီးမြှုပ်နှံမှု ဘယ် တော့မှ လာမှာမဟုတ်ဘူး။

ပြဿနာဖြေရှင်းတဲ့ ယန္တရားတွေ ရှိတယ်မဟုတ်လား?

ဖြေရှင်းတဲ့ မဂနစ်ဇင်က ရှိပြီးသား။ ဟိုတုန်းက ဝါဏိဇ္ဇပဋိပက္ခ ရှိတယ်။ အခု ညှိဖျန်( ညှိနှိုင်းဖျန် ဖြေရေး  အဖွဲ့) ရှိတယ်၊ ခုံသမာဓိ (ခုံသမာဓိအဖွဲ့) ရှိတယ်၊ ခုံကောင် စီ (ခုံသမာဓိကောင်စီ) ရှိတယ်။ ဒါ ပေမဲ့ အဲဒီခုံသမာဓိတို့၊ ခုံကောင်စီ တို့မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ လူတွေကိုယ်၌ကိုယ်က ဖြစ်လာရတဲ့အကြောင်းရင်းကို သေသေချာချာစုံစမ်းဖြေရှင်းဖို့လိုတယ်။ အဲဒီလိုမဖြေရှင်းဘဲ လာသမျှနိုင်ငံခြားသားလုပ်ငန်းရှင်တွေ အကုန်လုံးကို ကိုယ့်အလုပ်သမားတွေ အလုပ်ပြုတ်ပါပြီဆိုပြီးတော့ ဇွတ်အတင်း အလုပ်ပြန်ခန့်ခိုင်းတာဟာ မှားယွင်းတဲ့အချက်ပဲ။

အလုပ်သမားတွေ အလုပ် ပြန်ခန့်တာက ပြဿနာမဟုတ်ဘူး။ ဒီသွေးထိုးပေးထားတဲ့ တက်ကြွလှုပ်ရှားမ  တွေ သွေးခွဲပေးထားတဲ့ အလုပ်သမားခေါင်းဆောင် တွေက တည်ငြိမ်နေတဲ့ လုပ်ငန်း ခွင်ကို မတည်မငြိမ်
ဖြစ်အောင် လုပ်တယ်။ (ဂျပန်စက်ရုံကိစ္စတုန်း ကဆိုရင် ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာကနေ ဘာလုပ်လိုက်၊ ဘာလုပ်လိုက်ဆိုပြီး ခိုင်းနေတာတွေ အကုန်မှတ်တမ်းရလိုက်တယ်။ ဒီနေ့ (ဇွန်လ ၂၉ ရက်)ရဲစခန်းမှာ အမှု ဖွင့်ထားတယ်။)

သူတို့က အလုပ်ရှင်၊ အလုပ်သမားအားလုံးသည် မိတ်ဖက်အဖွဲ့အစည်းလို့ မမြင်ဘဲနဲ့ သူတို့ရဲ့ ရန်ဘက်အဖွဲ့အစည်း၊ စီးပွားပြိုင်ဘက်ဆိုတဲ့ ပုံစံမျိုးမြင်နေကြပြီး အလုပ်ရှင်ကို အပြုတ်တိုက်ရေးဆိုတဲ့ အမြင်ကို  
ခေါင်းထဲရိုက်ထည့်ပေးလိုက်တာ မှားယွင်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ ခြားသားလုပ်ငန်းရှင်တွေကို ခေါ် နေတဲ့အချိန်မှာ ဒီဘက်က နိုင်ငံ ခြားသားလုပ်ငန်းရှင်ကို အပြုတ်တိုက်ရေးလုပ်နေကြတာ။ ဒါဟာ  
ရင်းနှီးမြှုပ်နှံသူတွေကို နောက်တွန့် စေမယ့်ကိစ္စပဲ။

မကြာသေးခင်ကပဲ IMF က အစီရင် ခံစာထုတ်တယ်။ မြန်မာနိုင်ငံရဲ့ ဂျီဒီပီကျရခြင်းအကြောင်းရင်းကို
 ထောက်ပြထားတာရှိတယ်။ ထူး ခြားတာကတော့ ရန်ကုန်တိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ် ဆိုင်းလိုက်တဲ့ကိစ္စပါလာတယ်။ ဒီ လိုရပ်ဆိုင်းလိုက်တဲ့ကိစ္စမှာ လွှတ် တော်ရဲ့ သဘောထားတွေကောပါ သလား?

အစိုးရအနေနဲ့ ဆောက်လုပ် ရေးလုပ်ငန်း ၁၁ လုံးကို စပြီးစစ်ကတည်းက ကျွန်မတို့ တင်ပြခဲ့တာရှိပါတယ်အဲဒီလို ရပ်ပြီးစစ်ဖို့လည်း ညွှန်ကြားထားတာမရှိပါဘူး။ တချို့ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ စည်းမျဉ်း
စည်းကမ်း နဲ့မညီဘူးဆိုတာတော့ အရင်အစိုး ရလက်ထက်ကတည်းက တွေ့ရှိခဲ့တာရှိတယ်။ ကိုယ့်အစိုးရလက်ထက်မှာတော့ စည်းမျဉ်းစည်းကမ်းနဲ့ညီအောင် ပြန်စိစစ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တာရှိတယ်။ ဒါကို အကြီးကြီးလုပ်ပြီး အားလုံးကို ပြန် စစ်မယ်ဆိုတာ။ ပြန်စစ်ရင် အကျိုးက ဘာရှိလဲ၊ အပြစ်က ဘာရှိလဲ၊ 
စစ်ဆေးဖို့အတွက် ကိုယ့်မှာ အဖွဲ့အင်အား ဘယ်လောက်ရှိလဲ၊ ဘယ်လောက်အချိန်ယူမလဲ စသဖြင့် ကိုယ့်ဘက်မှာ အဆင်သင့်မရှိဘူး။ အဆင်သင့်မရှိဘဲ စစ်မယ်၊ အားလုံးရပ်ဆိုပြီး လုပ်လိုက်တာ။ မူဝါဒက ဘာရှိသလဲ၊ ဘာမှအဆင်သင့် မဖြစ်သေးဘဲ လုပ်လိုက်တာ။

အထူးသဖြင့်တော့ အစိုးရတွေက လုပ်ငန်းတစ်ခုကို စတော့မယ်ဆို ရင် ကြိုတင်ပြင်ဆင်ထားတဲ့ အစီ အစဉ်ဘာမှမရှိဘဲ ဝုန်းဆိုပြီး လုပ်လိုက်တာ ဆိုတော့... 
နံပါတ် (၁)က အစီအစဉ် ဘာမှမရှိဘူး။ 
နံပါတ် (၂)က အဲဒီအစီအစဉ်ကို အကောင်အ ထည်ဖော်  ပေးမယ့် လူအင်အားအဖွဲ့အစည်း ဘာမှမရှိဘူး။ နံပါတ် (၃) က အဲဒီလူအင်အားအဖွဲ့အစည်းက ဘယ်လိုမူဝါဒအပေါ် အ ခြေခံပြီး စစ်ပါဆိုတဲ့ မူဝါဒချမထားဘူး။ 

အဲဒီအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ အများ  ကြီးနစ်နာတယ်ဆိုတာကို တစ်နှစ်ပြည့်အစီရင်ခံစာမှာလည်း တင်ပြခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ အသွင်ကူးပြောင်းရေးကာလပေါ့။ စီးပွားရေး၊ နိုင်ငံရေးတည်ငြိမ်တဲ့ကာလမှာ 
အသွင်ကူးပြောင်းရတယ်ဆိုရင် (ဥပမာ- အမေရိကန်လို) ပြဿနာမရှိခဲ့ဘူး။ ကျွန်မတို့ အစိုးရအနေနဲ့ မှားယွင်းတဲ့ မူဝါဒ တွေနဲ့ စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ အသွင်ကူးပြောင်းရတာ ဖြစ်ပါတယ်။ ဆိုတော့ မူဝါဒ တွေ မှန်ကန်အောင်၊ အခြေခံအဆောက်အအုံတွေ ပြည့်စုံအောင် ပြန်လုပ် နေရတဲ့ အခြေအနေပဲရှိတယ်။ ဒါဟာ ကျွန်မတို့အစိုးရလက်ထက် မှာ ဖောင်ဒေးရှင်းပြန်ချတယ်လို့ ခေါ်တယ်။ ဒီလိုအခြေအနေမှာ မလွဲမသွေစီးပွားရေးက ကျမှာပဲ။

တချို့လုပ်ငန်းရှင်တွေ၊ ပညာရှင် တွေကတော့ အစိုးရအဖွဲ့မှာ စီး ပွားရေးနဲ့ပတ်သက်ပြီး လူမှန်နေ ရာမှန်မဖြစ်ဘူး။ ဒီလူတွေကို Change ပစ်မှကိုဖြစ်မယ်လို့ ရှုမြင် တာတွေရှိတယ်။ အစ်မကော ဘာ တွေကြားမိပါလဲ?

အများဆုံးကတော့ Change ချင်တာ။ စီမံဘဏ္ဍာဝန်ကြီးတို့၊ စီးပွားကူးသန်းဝန်ကြီးတို့ အဲဒီလိုမျိုးတွေပေါ့။ ကျွန်မတို့အနေနဲ့ သီအိုရီတွေချည်းပဲ တတ်လို့မရ ဘူး။ (စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသူအနေနဲ့ အခုတက်နေ တယ်) ကျွန်မတို့နဲ့ ဆရာတွေကို ငှက်ပျောသီးသွားရောင်းခိုင်းလိုက်ပါ။ မဖြစ်နိုင်ပါဘူး။ သီအိုရီနဲ့ လက်တွေ့နဲ့ မတူဘူးဆိုတာကို ပြောချင် တာပါ။ အဲဒီတော့ စီးပွားရေးအ မြင်ရှိရမယ်၊ နိုင်ငံရေးအမြင်ရှိရ မယ်။ သီအိုရီပဲတတ်ပြီး စီးပွားရေး ကိုယ်တိုင်မလုပ်ဖူးတဲ့သူက လက် တွေ့ရဲ့ အခက်အခဲတွေကို နားမလည်ဘူး။ ကျွန်မတို့ ခန့်ထားတဲ့ သူတွေအားလုံးက သီအိုရီပိုင်းမှာ ကျွမ်းကျင်တဲ့၊ တတ်ကျွမ်းတဲ့ ဒေါက်တာတွေ ဖြစ်ကောင်းဖြစ် မယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်း ရှင်ကြီးတွေလားဆိုတော့ မဟုတ် ပြန်ဘူး။ ဆိုတော့ လက်တွေ့အ ကောင်အထည်ဖော်တဲ့နေရာမှာ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ဆိုတာမသိ တော့ဘူးဖြစ်နေတယ်။ Political Economy (နိုင်ငံရေးဘောဂဗေဒ) ဆိုင်ရာ အမြင်တွေရှိဖို့လိုတယ်လို့ ပြောချင်တယ်။

လူမှန်နေရာမှန်ဖြစ်စေချင် ရင် Political Economy အမြင် မရှိဘူးဆိုရင် တချို့ကိစ္စတွေက ရေရှည်မှာ
စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိဘူးဆိုပေမယ့် နိုင်ငံရေးအရ လုပ်ကိုလုပ်ရမယ့်ကိစ္စတွေရှိတယ်။
ဒါမျိုးအမြင်တွေမရှိတဲ့အခါ ကျတော့ ပြဿနာက ဖြစ်လာတာ။ အစောက ပြောခဲ့သလို စီးပွားရေးကို နားမလည်ဘဲ စက်မှုဇုန်တွေ သွားစစ်ခိုင်းတဲ့အခါကျတော့ အလုပ်ရှင်၊ အလုပ်သမား တွေရဲ့ခံစားချက်၊ စက်မှုဇုန်တွေမှာ ဖြစ်နေတဲ့ ပြဿနာမျိုး သူမသိ နိုင်တော့ဘူး။ အမြင်ကိုပဲ ရလိမ့်မယ်။ အမြင်ကိုပဲ အခြေခံပြီး ဆုံးဖြတ်တဲ့အခါကျတော့ မှားယွင်းကုန်တာပေါ့။

ရန်ကုန်တိုင်းနဲ့ဆိုင်တာလေး မေးချင်ပါတယ်။ ရန်ကုန်မြို့နေပြည်သူတွေအတွက် တိုင်းအစိုးရကို ဦးစားပေးလုပ်ကိုင်စေချင်တာ ဘာများရှိပါသလဲ?

လူတွေအားလုံးရဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးဖို့လိုတာ။ လူတွေက အလုပ်ရှိမှ စီးပွားရေးပြေလည်မှာ။ လူတွေရဲ့ Mind-Set ကို ပြောင်းပေးဖို့လိုတယ်။ စက်မှုဇုန်တွေမှာ အလုပ် အကိုင်တွေရှိနေ  ပေမယ့် ဝင်ရောက်မလုပ်ကိုင်တာတွေလည်း တွေ့ရတယ်။ ဒီနေရာမှာ သူတို့အလုပ်လုပ်ဖို့အတွက် သွား ရေး လာ ရေးအဆင်မပြေတာတွေရှိတယ်။ လူတွေမှာ အဓိကရင်ဆိုင်နေရတာက နေစရာပဲ။ စက်ရုံ၊ အလုပ် ရုံတွေမှာ အလုပ်အကိုင်ဖန်တီး သလိုမျိုး အလုပ်သမားတွေနဲ့အတူပါလာမယ့် မိသားစုတွေအတွက် နေဖို့ထိုင်ဖို့အတွက်ပါ တစ်ခါ တည်း ဖြေရှင်းပေးဖို့ လိုအပ်တယ်။ ဒါဆိုရင် ကိစ္စတစ်ခုတော့ ရှင်း သွားမယ်။ ကျူးကျော်ကိစ္စလည်း အထိုက်အလျောက်ပြေလည်သွား လိမ့်မယ်။

နောက်တစ်ခုက အလုပ် သမားပြဿနာရဲ့ အရင်းခံကိလည်း သေချာစိစစ်ဖြေရှင်းပေးဖို့ လိုတယ်။ နောက် အနိမ့်ဆုံးလုပ်ခ လစာကိစ္စကိုလည်း ဘယ်လောက် သတ်မှတ်ပေးမလဲ။ ဒါတွေအားလုံးက တစ်ပြိုင်တည်းလုပ်မှ ရလိမ့်မယ်။

အခုလိုဖြေပေးတာ ကျေးဇူးတင်ပါ တယ်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!