Popular Posts!

Monday, August 7, 2017

ယူရေနီယမ် (Uranium)

ဒါကတော့ ယူရေနီယမ် (Uranium) လို့ခေါ်တဲ့ တွင်းထွက် သတ္တု ဖြစ်ပါတယ်။

မန်မာနိုင်ငံမှာဆိုရင်တော့ ရွှေဘို မိုးကုတ် သပိတ်ကျင်းတဝိုက်မှာထွက်ရှိပါတယ်။
သူကလည်းအရမ်းအဖိုးတန်ပါတယ်..

Image may contain: outdoor and nature

ယူရေနီယမ် သတ္တု ကို ဘယ်တွေမှာအသုံးပြုသလဲဆိုရင် နျူကလီးယားဓာတ်ပေါင်းဖိုလောင်စာနှင့်နျူကလီးယားရေငုပ်သဘောင်္ပါဝါ..နျူကလီးယားစစ်လက်နက်နှင့်စစ်တပ်သုံးကရိယာတွေမှာအများဆုံးအသုံးပြုပါတယ်။


ရတနာပုံ ဆောင်းပါးတစ်ခုမှာ ဖတ်ဖူးတာကတော့ ယူရေနီယံဟာအဖျက်စွမ်းအား အလွန်ကြီးမားပါတယ်။
၁၉၄၅၊ သြဂုတ်လ (၆) ရက်။ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ပေါ်ကို အရှည် ၁၀-ပေရှိတဲ့ ဗုံးတစ်လုံး ကြဲချခဲ့ပါတယ်။ ဗုံးပေါက်ကွဲပြီး တစ်မိနစ်အတွင်းမှာ တစ်မိုင်ပတ်လည်မှာရှိတဲ့ သက်ရှိ၊သက်မဲ့ အရာတွေအားလုံး ပြာကျခဲ့ပါတယ်။ ဗုံးပေါက်ကွဲအားကြောင်း ဖြစ်ပေါ်လာတဲ့ မီးတောက်မီးလျံတွေကလည်း နောက်ထပ်မိုင်ပေါင်းများစွာကို မုန်တိုင်းလို တိုက်ခတ်ဝါးမြိုခဲ့တဲ့အတွက် လူပေါင်းထောင်ပေါင်းသောင်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ဒါဟာ စစ်ပွဲမှာ အက်တမ်ဗုံးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပါပဲ။ အက်တမ်ဗုံးကို ဒီလောက်အဖျက်စွမ်းအား ကြီးမားစေတာကတော့ ယူရေနီယံသတ္တုပါပဲ။ ယူရေနီယံဟာ ရေဒီယိုသတ္တိကြွတဲ့ သတ္တုတစ်မျိုးပါ။ နျူကလိယပ် တစ်လုံးထဲမှာ နျူထရွန်အရေအတွက်ကွာခြားမှုပြ အိုင်ဆိုတုပ် ယူရေနီယံ-၂၃၅ ရှိတဲ့အတွက် နျူကလီးယား ဓါတ်ပေါင်းမယ့်ဒဏ်ကို ခံနိုင်မယ့် တစ်မျိုးတည်းသော သတ္တုဖြစ်ပါတယ်။

ယူရေနီယံကို သဘောပေါက်နားလည်ဖို့  ရေဒီယိုသတ္တိကြွမှုကို အရင်နားလည်ဖို့ လိုပါတယ်။ ရေဒီယိုသတ္တိကြွတယ် ဆိုတာ နျူကလိယညးတွေ မတည်ငြိမ်တာကိုပြောတာပါ။ အဲဒီသတ္တုဟာ နျူကလိယား တည်ငြိမ်သွားတဲ့ အခြေအနေ တစ်ခုကို ရောက်တဲ့အထိ ဆက်တိုက်ယိုယွင်းပျက်စီးလာတာပါ။

၁၈၉၇ မှာ ပြင်သစ်ရူပဗေဒပညာရှင် ဟင်နရီ ဘက်ကွီရယ် က ယူရေနီယမ်ဆားပွင့်အချို့ ကို ဓါတ်ပုံပလိပ်ပြားပေါ်တင်ပြီး အလင်းနဲ့ ယူရေနီယမ်ဆားပွင့်တွေ ဘယ်လိုဓါတ်ပြုသလဲဆိုတာကို လေ့ခဲ့တဲ့အခါ ပလိပ်ပြားဟာ မှိုင်းထလာတာကိုတွေ့ ရတဲ့အတွက် ယူရေနီယမ် ဆားပွင့်တွေကနေ တစ်ခုခုကိုထုတ်လွှတ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒီတွေ့ ရှိမှုနဲ့ ပဲ ဘက်ကွီရယ်ဟာ ၁၉၀၃ ခုနှစ် ရူပဗေဒဒဆိုင်ရာ နိုဘယ်ဆုကို မယ်ရီကျူရီနဲ့  ပီယယ်ရီကျူရီ တို့ နဲ့ တွဲဖက်ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ယူရေနီယမ်အကြောင်းကို အတိအကျမှတ်တမ်းတင်ခဲ့ရာမှာ ဒြပ်စင်အမှတ် ၉၂၊ ဒြပ်စင်သင်္ကေတ U ဒြပ်စင်အလေးချိန် ၂၃၈ ဒသမ ၀၂၈၉၁၊ ကျစ်လျစ်မှု တစ်ကျူးပစ်စင်တီမီတာလျင် ၁၈ ဒသမ ၉၅ ဂရမ်၊ အခန်းတွင်း အပူချိန်တွင် အခဲ၊ အရည်ပျော်မှတ် ၂၀၇၅ ဒီဂရီဖာရင်ဟိုက်၊ ရေဆူမှတ် ၇၄၆၈ ဖာရင်ဟိုက်၊ အိုင်ဆိုတုပ်အရေ အတွက် ၁၆၃၊ အတွေ့ အရအများဆုံး အိုင်ဆိုတုပ် U-234, U-235, U- 238 တို့  ဖြစ်ပါတယ်။

စကြာဝဋ္ဌာကြီးထဲမှာ ယူရေနီယမ်သတ္တုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆ ဒသမ ၆ ဘီလီယံတုန်းက အလွန်တောက်ပတဲ့ ကြယ်ကြီးတစ်လုံးကနေ စတင်ခဲ့တာလို့  ကမ္ဘာ့နျူကလီးယားအသင်း က ဖော်ပြထားပါတယ်။ ယူရေနီယမ်ကို ကမ္ဘာ တ၀န်းမှာ တွေ့ ရှိရပြီး သဘာဝကျောက်စိုင်ကျောက်ခဲတွေနဲ့  ရောနှောနေလေ့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အတွေ့ ရ အများဆုံး ကျောက်သားနဲ့ သတ္တုစာရင်းမှာ အမှတ်စဉ် ၄၈ ဖြစ်ပြီး ငွေထက်အဆပေါင်း ၄၀ ပိုပြီးတော့ ဖောဖောသီသီ တွေ့ ရလေ့ရှိပါတယ်။

ယူရေနီယံနဲ့  ရေဒီယိုသတ္တိကြွမှုနဲ့ က ဒွန်တွဲနေလေ့ရှိပါတယ်။ ရေဒီယိုသတ္တိကြွရင် ဖော်ပြခဲ့တဲ့အတိုင်း မရပ်မနား ယိုယွင်းပျက်စီးပါတယ်။ ဒါပေမယ့် ယူရေနီယံရဲ့  ယိုယွင်းပျက်စီးမှုနှုန်းက နှေးလွန်းလေတော့ U-238 အမျိုးအစား ဟာဆိုရင် သက်တမ်း နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံတောင် ရှိနေပါပြီ။ U-235 က သက်တမ်း နှစ်ပေါင်း သန်း ၇၀၀ အနည်းဆုံးရှိနေပြီးတော့ သက်တမ်းအတိုဆုံးဖြစ်တဲ့ U-234 တောင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၄၅,၅၀၀ ရှိပြီ ဖြစ်ပါတယ်။ နှိုင်းပြရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရေဒီယိုသတ္တိအကြွဆုံသတ္တုက ပိုလိုနီယမ်ပါ။ သက်တမ်း ၁၃၈ ရက်ပဲ ရှိပါတယ်။

ဒါတွေကြောင့်လည်း ယူရေနီယံဟာ နျူကလီးယား ဆင့်ကဲဖြစ်စဉ်ကို ခံနိုင်တာဖြစ်ပါတယ်။ U-235 ရဲ့
 နျူကလိယ တစ်ခုနှာ နျူထရွန် ၁၄၃ လုံး ရှိပါတယ်။ လွတ်နေတဲ့ နျူထရွန်တစ်လုံးက အက်တမ်နဲ့ ဝင်တိုက်မိရင် နျူကလိယကို နှစ်ခြမ်းကွဲစေပြီး နျူရွန်အရေအတွက် ပိုလာစေပါတယ်။ အဲဒီနျူရွန်တွေက နီးစပ်ရာ
အက်တမ်များကို ထပ်ပြီး ၀င်တိုက်ပါတယ်။ အဲဒီမှာ နျူရွန်အရေအတွက်တွေ ပိုများလာပါတယ်။
ဒီဆင့်ကဲဖြစ်စဉ်တွေကနေ အပူကိုထုတ်လွှတ် ပါတယ်။ နျူကလီးယားဓါတ်ပေါင်းဖိုတစ်ခုမှာ ဒီအပူကို
 ရေဆူအောင်ကျိုဖို့  အသုံးပြုပါတယ်။ ရေဆူရင်ထွက်လာတဲ့ ရေငွေ့ ကိုအသုံးပြုပြီး ရေနွေးငွေ့ စွမ်းအင်နဲ့  လျှပ်စစ်ဓါတ်အားထုတ်လုပ်ပါတယ်။

ဟီရိုရှီးမားကို ပြာကျသွားစေခဲ့တဲ့ အက်တမ်ဗုံးမျိုးဟာဆိုရင် နျူရွန်ကအက်တမ်ကိုထိပြီး ပေါက်ကွဲ၊
 ပေါက်ကွဲတော့ အပူထွက်၊ အပူထွက်တော့ နျူရွန်တွေက အက်တမ်ကိုထပ်ထိ၊ ထပ်ထိတော့ နျူရွန်အသစ်တွေထပ်ဖြစ်နဲ့  အလွန် ကြီးမားတဲ့စွမ်းအင်ကြီးတစ်ခု တမုဟုတ်ခြင်းဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုအသွင်ကို ဆောင်သွားတာဖြစ်ပါတယ်။ ဟီရိုး ရှီးမားကို ဖျက်စီးခဲ့တဲ့ အက်တမ်ဗုံးဟာ ပေါက်ကွဲမှုပမာဏ ၁၅ ကီလို
တန် ရှိခဲ့ပါတယ်။

ဒီလောက်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးဖြစ်လာအောင်လို့  ယူရေနီယံ ၂ ဒသမ ၂ ပေါင် ကိုပဲ အသုံးပြုခဲ့တာ
 ဖြစ်ပါတယ်။ 

ယူရေနီယမ်ရဲ့ အက်တမ်၊နျူရွန်တို့ ဆင့်ကဲပေါက်ကွဲပြန့် ပွားမှုအား ပိုကောင်းလာဖို့  နျူကလီးယားနည်းပညာရှင် တွေက ယူရေနီယံကို သန့် စင်ကြပါတယ်။ သဘာဝအတိုင်းရရှိတဲ့ ယူရေနီယံဟာ အိုင်ဆိုတုပ်
ဝ ဒသမ ၇ U-235 ပဲ ရှိပါတယ်။ U-235 ရဲ့ စွမ်းပကားကို ပိုကောင်းလာအောင်လို့  ယူရေနီယံကိုဂက်စ်ပေး  ပြီး အိုင်ဆိုတုပ်တွေကို ခွဲထုတ် ပါတယ်။ အသန့် စင်ဆုံး ယူရေနီယမ်မှာ U-235 အိုင်ဆိုတုပ် ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။


နျူကလီးယားဗုံးတွေရဲ့ အဖျက်စွမ်းအားကြီးမားပုံ၊ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် မပြန့် ပွားရေးကို ထိပ်တန်း ဦးစားပေး ဆောင်ရွက်နေရပုံတို့ ကို တစေ့တစောင်း နားလည်သဘောပေါက်စေဖို့  ယူရေနီယမ်အကြောင်းကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!