Popular Posts!

Monday, August 7, 2017

ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း (Jade and the Generals)

ယနေ့ Park Royal ဟိုတယ်မှာ ပြသခွင့်မရခဲ့တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း 
( Jade and the Generals) ရဲ့ Trailer Video Files

Global Witness က ရိုက်ကူးထားတဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade and the Generals ရုပ်ရှင်မှတ်တမ်းကို ရန်ကုန်မြို့က Park Royal ဟိုတယ်မှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် ပြသခွင့်မရခဲ့ပါဘူး။


အဲဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ရိုးရိုးဇာတ်ကားမဟုတ်ဘဲ သက်ဆိုင်ရာတွေနဲ့ ပတ်သက်နေတာ ကြောင့် တိုင်းအစိုးရရဲ့ခွင့်ပြုချက်ယူပြီးမှသာ ပြသခွင့်ပေးဖို့အတွက် ဝန်ထမ်းတွေကို ဟိုတယ်ရဲ့ တာဝန်ရှိသူတွေကမှာကြားထားတယ်လို့သိရပါတယ်။

အခုလိုပြသခွင့်မပြုတာဟာ မြန်မာလူမျိုးတွေအနေနဲ့ အရင်တုန်းကအကြောက်တရားတွေ ရှိနေသေးတယ်လို့ ယူဆကြောင်း Global Witness အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Paul Donowitz သတင်းစာရှင်းလင်းပွဲမှာ
 ပြောခဲ့ပါတယ်။

မှတ်တမ်း ရုပ်ရှင်ဟာ ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းတွင်းလုပ်ကွက်တွေရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်တွေပိုင်ထားတဲ့ စီးပွားရေး ဦးပိုင် လီမိတက်က လွှမ်းမိုးထားကြောင်းနဲ့ ထွက်ရှိတဲ့သယံဇာတ တွေကို
 တိုင်းပြည်က မခံစားရဘူးဆိုပြီး အဓိက ဖေါ်ပြထားပါတယ်။

ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်တာတွေ အများဆုံးဖြစ်ပြီး အဲ့ဒီ့ဒေသက ဒေသခံတွေအနေနဲ့ လမ်းသွားရင်း ကျောက်စိမ်း ကောက်ရခဲ့မယ်ဆိုရင်တောင် တရားစွဲဆို အဖမ်းခံရနိုင်တဲ့အတွက် ဖားကန့်နယ်ဟာ ဒေသခံပြည်သူ တွေအတွက် ကျိန်စာသင့်နေတဲ့ နယ်မြေ တစ်ခုလို ဖြစ်နေတဲ့အကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောထားပါတယ်။

Videos : Global Witness (Youtube)
Ref:ကျောက်စိမ်းအကြောင်း ပြောကြရအောင်  FB မှ ကူးယူဖော်ပြထာူတာပါ..

ကျောက်စိမ်း နှင့် ဗိုလ်ချုပ်များ | Global Witness
Jade and the Generals | Global Witness    
ကျောက်စိမ်းလုပ်ငန်းနဲ့ အစိုးရသစ်အတွက် စိန်ခေါ်မှု မြန်မာနိုင်ငံမှာ ကျောက်စိမ်းတွေကို လက်တဆုပ်စာလူတစုက အပိုင်စီးပြီး ရောင်းစားနေတာကို ဟန့်တားနိုင်ဖို့နဲ့ အဲဒီငွေတွေ ပြည်သူ့ဘဏ္ဍာထဲ ပြန်ရောက်လာအောင် ဆောင်ရွက်ရမဲ့ကိစ္စတွေဟာ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်လိမ့်မယ်လို့ Global Witness
အဖွဲ့ကဆိုပါတယ်။ ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းထားပါတယ်။

Originally published at - http://burmese.voanews.com/media/vide...

Myanmar’s Secret Jade Trade by Global Witness ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက ရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ
ရှိနိုင်ပြီး၊
ဒီလုပ်ငန်းတွေကို နောက်ကွယ်ကနေ ချုပ်ကိုင်ထားသူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ ၀န်ကြီး ဦးအုန်းမြင့်ပိုင် ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါ
တယ်။
Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါတဲ့ အချက်တချို့ကို RFA သတင်းထောက် ကိုသီဟထွန်းက
 ကောက်နှုတ် တင်ပြထားပါတယ်။
Myanmar (also known as Burma) will be going to the polls in just over two weeks, the first elections since a nominally civilian government was introduced four years ago, ending nearly 50 years of military rule. 
But a new report from transparency campaigners Global Witness has found that the country's lucrative jade industry - worth a staggering $31bn (£20bn) last year alone - is still largely in the hands of the former military junta.
That is almost half of the country's entire income. But as Jonah Fisher reports, very little of that money makes it into state coffers.
 Subscribe to BBC News HERE http://bit.ly/1rbfUog
101 East - Myanmar's Jade Curse

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!