Popular Posts!

Friday, August 25, 2017

အိန္ဒိယ ပဲအ၀ယ်လျော့ချ ကန့်သတ်မှုကြောင့် ပြည်တွင်း ပဲဈေးကျဆင်းလာပြီး ပဲကုန်သည်တွင် တန်ချိန် သိန်းဂဏန်းပိုက်မိနေကြောင်း!

အိန္ဒိယ ပဲအ၀ယ်ကန့်သတ်မှုကြောင့် ပဲစင်းငုံဈေး တ၀က်လောက်ထိပြုတ်ကျလာ!
Image may contain: 1 person, food

လက်ရှိတွင် ပြည်တွင်း ကုန်စည်ဒိုင်ကြီးများဖြစ်သည့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ပခုက္ကူ ကုန်စည်ဒိုင် ကြီးများတွင် ပဲအရောင်းအ၀ယ် ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ယခုလ ၂၃ရက်နေ့က ကြေညာခဲ့ပြီး မန္တလေး ကုန်စည်ဒိုင်နှင့် မုံရွာ ကုန်စည်ဒိုင်များတွင် အရောင်းအ၀ယ် ရပ်ဆိုင်းကြောင်း မထုတ်ပြန်သော်လည်း အရောင်း အ၀ယ် ရပ်တန့်နေကြောင်း မုံရွာကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးဇော်မိုးက ပြောသည်။

“ ကျွန်တော်တို့ကတော့ မရပ်ဆိုင်းပါဘူး။ တောင်သူတွေက ရောင်းချင်တယ်ဆို ၀ယ်ပေးနေဦးမှာပါ။ ကျွန်တော် တို့က အဓိက တောင်သူတွေအတွက် ဒုက္ခမရောက်စေချင် လို့ပါ။ ဈေးကတော့ အရင်တုန်းက ပိဿာ ၂၀ တစ် အိတ်ကို ၂၈,၀၀၀ လောက်ပေါက်တာ အခု တစ်အိတ်ကို ၁၆,၀၀၀ လောက်ပဲ ရှိတော့တယ်” ဟု ပြောသည်။

အိန္ဒိယ နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံများမှ ပဲစင်းငုံ တန်ချိန် ၂ သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်း တန်ချိန် ၃ သိန်းကိုသာ ၀ယ်ယူရန် ကန့်သတ်လိုက်ခြင်းကြောင့် လက်ရှိတွင် ပြည်တွင်း ပဲအရောင်းအ၀ယ် ရပ်တန့်နေသလို လက်ရှိ ပြည်တွင်းတွင် ပဲစင်းငုံ တန်ချိန် တစ်သိန်းခန့်နှင့် မတ်ပဲ တန်ချိန် သုံးသိန်းခန့် သောင်တင်နေကြောင်း မြန် မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“ ဒီနှစ်က မြန်မာနိုင်ငံမှာ ပဲအထွက်နှုန်း များသလို အိန္ဒိယမှာလည်း ပဲအထွက်နှုန်းကောင်းတော့ သူတို့ ပြည်တွင်းဈေး တက်လာအောင် အခုလို ကန့်သတ်လိုက်တာပါ။ ကျွန်တော်တို့ ဆီက အဓိက အိန္ဒိယဈေးကွက် ကို မီခိုနေရတာက ကမ္ဘာမှာ အိန္ဒိယက ပဲအများဆုံးစားတာ။ တခြားနိုင်ငံတွေက သူ့လောက်မ၀ယ်ဘူး ၀ယ် လည်း နဲနဲပဲ။ ဒီနှစ်တော့ ကျွန်တော်တို့ဆီက ပဲတွေကို ခွဲတမ်းနဲ့ ပြန်ဝယ်ပေးဖို့ တောင်းဆိုရမှာပေါ့ နောက်နှစ်ကျ ရင်တော့ တောင်သူတွေ အနေနဲ့လည်း တစ်ခြားပဲတွေ ပြောင်းစိုက်ကြဖို့ လိုတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ပဲအထွက်နှုန်း လျော့ကျခဲ့သည့်အပြင် ယင်းအချိန်က ဒေါ်လာဈေးများ မြင့်တက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် မတ်ပဲ တစ်တန်လျှင် ၂၅ သိန်းဝန်းကျင်၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ် သိန်း ၂၀ ၀န်းကျင်ထိ ရရှိခဲ့ခြင်းကြောင့် အဆိုပါ ပဲအမျိုးအစားများ ကို တောင်သူများမှ တိုးမြှင့်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အဓိက ၀ယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှု ကန့်သတ်လိုက်ချိန်တွင် ပဲလက်ကျန် အများအပြား ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မတ်ပဲ တစ်တန် ရှစ်သိန်း ၀န်းကျင်၊ ပဲစင်းငုံ တစ်တန်ကို ၅ သိန်း ၀န်းကျင် ဈေးနှုန်းဖြင် ရပ်တန်နေကြောင်း သိရသည်။

ကမ္ဘာ့ မတ်ပဲဈေးကွက်အခြေနေ?






မြန်မာ့ မတ်ပဲပို့ကုန်

၁၆-၈-၂၀၁၇

မတ်ပဲ FAQ/RC တစ်တန်- ၈၁၇,၀၀၀
ပဲစင်းငုံနီ RC 2017 တစ်တန်- ၅၀၀,၀၀၀
ပဲတီစိမ်း(ပဲ) (ပခုက္ကူ၊ ရွှေဝါ၊ ပဲခူး၊ ၀ါးခယ်မ) တစ်ပိဿာ - ၁,၇၅၀ မှ ၂,၂၅၀
ထောပတ်(ပဲ) တစ်ပိဿာ - ၁,၉၁၀ မှ ၂,၀၀၀
ကုလားပဲခြမ်း တစ်ပိဿာ - ၂,၆၅၀ မှ ၂,၇၀၀
ကုလားပဲလုံး တစ်ပိဿာ - ၂,၁၅၀ မှ ၂,၁၇

၅.၈.၂၀၁၇ 

(ယနေ့) ဥပုဒ်နေ့ ဖြစ်တဲ့အတွက် ရန်ကုန်ကုန်စည်ဒိုင်ကလွဲပြိး တစ်ခြား နယ်ကုန်စည်ဒိုင်တွေပိတ်ပါတယ်.

မတ်ပဲ FAQ/RC တစ်တန် ၇၉၉,၀၀၀
ပဲစင်းငုံနီ RC တစ်တန် ၄၉၈,၀၀၀
ပဲတီစိမ်း(ပဲ) တစ်ပိဿာ ၁,၇၅၀ မှ ၂,၂၅၀
ထောပတ်(ပဲ) တစ်ပိဿာ ၁,၉၁၀ မှ ၂,၀၀၀
ကုလားပဲခြမ်း တစ်ပိဿာ ၂,၆၅၀
ကုလားပဲလုံး တစ်ပိဿာ ၂,၁၅၀ မှ ၂,၁၇၀
ပဲကြီး တစ်ပိဿာ ၂,၂၆၀ မှ ၂,၈၃၅

အိန္ဒိယကန့်သတ်မှုကြောင့်မန္တလေးကုန်စည်ဒိုင်တွင်ပဲအရောင်းရပ်တန့်!


အိန္ဒိယမှ ပဲအဝယ်ကန့် သတ်လိုက်သဖြင့်  ပြည်တွင်း၌ ပဲဈေးနှုန်းများဆက်တိုက်ကျဆင်း နေသောကြောင့် မန္တလေးကုန်စည်ဒိုင်တွင်အရောင်းအဝယ်ပိတ်ထားခြင်းမျိုးမရှိသော်လည်းဝယ်သူသာရှိပြီးရောင်းသူမရှိဖြစ်နေ သည်။

‘‘ဒီမှာတော့ အရောင်းအဝယ်ပိတ်တာမျိုးမရှိပါဘူး။ ဈေးသိပ် ကျတဲ့အခါ အရောင်းသမားက မ ရောင်းတာ တော့ ရှိပါတယ်။ အ ဝယ်သမားက ဈေးနည်းနည်းချပြီး တော့ ဝယ်ပေမယ့် ရောင်းသူမရှိ တော့ အရောင်းအဝယ်တော့မ ဖြစ်ဘူး။ မနက်ဖြန်၊ သန်ဘက်ခါတော့ ရောင်းကြမယ် ထင်ပါ တယ်’’ ဟု မန္တလေးကုန်စည် ဒိုင် ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။

လက်ရှိတွင် ပြည်တွင်းဈေး ကွက်၌ အိန္ဒိယသို့ အဓိကတင်ပို့ နေသော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီ စိမ်းသုံးမျိုးစလုံး ဈေးကျဆင်းနေ ပြီး ပဲစင်းငုံဈေး အနိမ့်ဆုံးဖြစ်နေ သည်။

သြဂုတ် ၂၂ ရက်တွင် ပဲစင်းငုံ သုံးတင်းတစ်အိတ်လျှင် ၄၇,၀၀၀ ကျပ်ရှိရာမှ ၂၃ ရက်တွင် ကျပ် ၄၂,၀၀၀ အထိကျဆင်းလာ ၍ ရောင်းသူမရှိဖြစ်နေ ကြောင်း ၎င်းကပြောသည်။

‘‘ဈေးကတော့ ပဲတီစိမ်း လည်း ကျတယ်၊ မတ်ပဲလည်း ကျ တယ်၊ ပဲစင်းငုံက ဈေးနိမ့်လွန်း အားကြီးတော့ မရောင်းကြတာ ပေါ့။ မတ်ပဲကတော့ ဈေးကျပေမယ့် ရောင်းတဲ့လူတချို့တော့ ရှိပါ တယ်။ မတ်ပဲကတော့ ပဲစင်းငုံထက်စာရင် စားသုံးမှု များသေး တာပေါ့’’ ဟု ဦးချွန်က ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံအ လယ်ပိုင်း၏ အကြီးဆုံးပဲကုန်စည် ဒိုင်ဖြစ်သည့် ပခုက္ကူတွင် ပဲစင်းငုံ နှင့် မတ်ပဲအရောင်းအဝယ်ပြုလုပ် ခြင်းကို သြဂုတ် ၂၃ ရက်က စတင် ကာ ယာယီရပ်စဲခဲ့သည်။

‘‘ကုန်သည်တွေ၊ တောင်သူ တွေ မထိခိုက်စေဖို့အတွက် ယာယီရပ်စဲတာက အမှန်ကန်ဆုံးလို့ ယူဆပါတယ်။ ဈေးကွက်ကမောက် ကမဖြစ်နေတာကို ရေတိုအနေနဲ့ ဖြေရှင်းဖို့အတွက်ဆိုရင် ယာယီ ရပ်စဲတာက အကောင်းဆုံးဖြစ်ပါ တယ်’’ ဟု ပခုက္ကူမြို့နယ် ကုန် သည်ပွဲစားများအသင်း အလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဇင်မင်းထွန်း က ပြောသည်။

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်ဂယက်ကြောင့် ဖြစ်ပေါ်နေသည့် ပဲဈေးကွက်အ ခြေအနေနှင့်ပတ်သက်၍ သြဂုတ် ၂၃ ရက် နံနက်က ပခုက္ကူကုန် စည်ဒိုင်တွင် အစည်းအဝေး ပြု လုပ်ပြီး ပဲစင်းငုံရောင်းဝယ်ခြင်း အတွက် ဈေးကွက်ယာယီရပ်ဆိုင်းထားရန် ကုန်သည်နှင့်တောင်သူများအနေဖြင့် လက်ဝယ်ရှိသည့် ပဲများကို ယာယီထိန်းထားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကပြောကြားသည်။

ပခုက္ကူကုန်စည်ဒိုင်သည် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပြီးလျှင် ဒုတိယအကြီးဆုံးပဲကုန် စည်ဒိုင်ဖြစ်သည်။ကုန်သည်များ လက်ထဲတွင် ပဲလက်ကျန်များ ကျန်ရှိနေဆဲဖြစ်ပြီး ရေရှည်ထိခိုက်မှု မရှိစေရန်အစိုးရနှင့် ကုန်သည်အသင်းများ ပူးပေါင်းကာ အဖြေရှာရန် လိုအပ်သည်ဟု ပခုက္ကူဒေသခံ ပဲကုန်သည်အချို့က ပြောသည်။

ပခုက္ကူကုန်စည်ဒိုင်တွင်ယခုနှစ် ပဲစင်းငုံဈေးနှုန်းသည် သုံးနှစ်အ တွင်း အနိမ့်ဆုံးဖြစ်နေပြီး ၊ ၂၀၁၅ နှင့် ၂၀၁၆ တို့၌ ပဲစင်းငုံ တစ်တင်းလျှင် အမြင့်ဆုံးဈေး ကျပ်ငါးသောင်းခန့်နှင့် အနိမ့်ဆုံးဈေး ကျပ်နှစ် သောင်းခွဲခန့် ဈေးရှိသော်လည်း၊ ယခုနှစ်တွင် အမြင့်ဆုံးဈေးကျပ် နှစ်သောင်းငါးထောင့်သုံးရာနှင့် အနိမ့်ဆုံးဈေး ကျပ်တစ်သောင်းခွဲခန့် သာ ဈေး ရှိသည်ဟု ပခုက္ကူကုန်စည်ဒိုင်မှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ အပါအဝင် ပြည်ပမှ ပဲတန်ချိန် သုံးသိန်း သာတင်သွင်း ခွင့်ပေးမည် ဖြစ် ကြောင်း သြဂုတ် ၂၁ ရက်တွင် အိန္ဒိယအစိုးရက ထုတ်ပြန်သဖြင့် ပြည်တွင်း၌ ပဲ ဈေးနှုန်း ကျဆင်းခြင်း  ဖြစ်သည်။

ထို့အပြင် ပြည်တွင်း၌ ပဲဈေး နှုန်း ဆက်တိုက် ကျဆင်းလာ သဖြင့် သြဂုတ် ၂၂ ရက်ကစ၍ ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန် စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်ခြင်း ယာယီရပ်ဆိုင်းထား ကြောင်း အဆိုပါကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌဦးအုန်းဆိုင်က ပြောကြား သည်။



သေပြီ...

အိန္ဒိယက ပဲမ၀ယ်တော့ဘဲ ပြည်တွင်း ပဲကုန်သည်တွေ လက်ထဲမှာ ပဲတန်ချိန်သိန်းချီပိုက်မိနေတဲ့အကြောင်း!

မန္တလေး ကုန်စည်ဒိုင် က ပြောကြားချက်...










တောင်သူတွေကို ပဲမျိုးစေ့အသစ်တွေ ချပေးဖို့လို!


အိန္ဒိယရဲ့ ဈေးနှိမ်မခံရအောင် အစိုးရနဲ့ကုန်သည် လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဈေးကွက်ဝင် ပဲမျိုးစေ့သစ်တွေကို တောင်သူတွေဆီ ဖြန့်ဝေပေးဖို့လိုပြီ။

ပဲလောက လိမ်လည်မှုအကြောင်း 

 အွန်လိုင်း မှာ သတင်းထွက်နေတဲ့ ပဲဈေးကွက် လိမ်လည်မှုအကြောင်း မန္တလေးတိုင်း ပဲနှမ်းအသင်း ဥက္ကဌ ပြောကြားချက်...

ပဲဈေးကွက် ဂယက်  

မြန်မာပြည် အထက်ပိုင်း အဓိက ပဲဈေးကွက် တစ်ခုဖြစ်တဲ့ မုံရွာမြို့ရဲ့ ဒီကနေ့ အနေအထားကို မုံရွာ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးဇော်မိုး နဲ့ တိုက်ရိုက်မေးမြန်းချက် ။


၂၀၁၄ခုနှစ်က သတင်းဟောင်းလေးပါ...နှိုင်းယှဉ်လို့ရအောင်တင်ပေးလိုက်ပါတယ်။

ပဲဈေးကွက်တွင် ကြိုပွိုင့် ရောင်းဝယ်မှု ပြန်များလာ

ပဲဈေးနှုန်းများ ရက်ပိုင်းအတွင်း မြင့်တက်လာပြီး  အရောင်းအ၀ယ် ပြန်ကောင်းနေရာ တရားဝင် ရောင်းဝယ် ခွင့်မပြုသော ကြိုပွိုင့်စနစ်ဖြင့် ရောင်းဝယ်မှုများလာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်မှ သတင်းရရှိသည်။
‘‘၀ယ်လိုအားတွေ ကောင်းတော့ ကြိုပွိုင့်စနစ်နဲ့ အရောင်းအ၀ယ် လုပ်ကြတာတွေလည်း များတယ်။ 
အရင်ရက်တွေက သုံးရက်ဆိုင်းလောက်နဲ့ အရောင်းအ၀ယ် လုပ်နေရာကနေ အခု တစ်ပတ်ဆိုင်းနီးပါး 
လောက်ထိ လုပ်ကြတာတွေ ရှိကြတယ်’’ ဟု ပဲကုန်သည် တစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပဲဈေး နှုန်းများမှာ မတ်ပဲ RC  တစ် တန်လျှင် ၇၃၄,၀၀၀ ကျပ်မှ ဇွန် လ ၂၆ ရက်တွင် တစ်တန်လျှင် ၇၆၀,၀၀၀ ကျပ် ဈေးပေါက်ပြီး တစ်တန်လျှင် ၂၆,၀၀၀ ကျပ် မြင့်တက်လာခဲ့
သည်။
ထို့အတူ မတ်ပဲ SQRC  တစ်တန်လျှင် ၈၅၀,၀၀၀ ကျပ် ရှိနေရာမှ တစ်တန်လျှင် ၈၈၀,၀၀၀ ကျပ်သို့ မြင့်
တက်လာခဲ့သည့်အတွက် ကျပ်သုံးသောင်း ဈေးတက်ခဲ့သည်။

ပဲစင်းငုံ  တစ်တန် ၅၉၁,၀၀၀ ကျပ် ရှိနေခဲ့ရာမှ ၆၁၈,၀၀၀ ကျပ်ထိ ရောက်ရှိလာသဖြင့် တစ်တန်လျှင် ၂၇,၀၀၀ ကျပ် ဈေးတက်လာခဲ့သည်။

‘‘ဈေးတွေက တက်တာများတော့ ၀ယ်လိုအားတွေကလည်း များနေတယ်။ ရုတ်တရက် မြင့်တာဆိုတော့ ဒီဈေးတန်းမှာတော့ အကြာကြီး ငြိမ်မနေနိုင်ဘူး။ ပြန်တော့ ကျလိမ့်မယ်။ ဒီရက်ပိုင်းမှာ ကုန်သည်တွေက   ဈေးကစား ချင်တာကြောင့်လည်း ၀ယ်လိုအား များတာပါတယ်’’ ဟု ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်မှုမှာလည်း ယခင်ရက်များထက် နှစ်ဆကျော်ထိ မြင့်တက်ကာ ရောင်းဝယ်မှု များနေခဲ့ကြောင်း ကုန်သည်များ က ဆိုသည်။

ပြီးခဲ့သည့် ရက်များတွင် ပဲ ဈေးကွက် အရောင်းအ၀ယ်မှာ တစ်ရက်လျှင် ကွန်တိန်နာ ပုံး ၄၀ နီးပါးသာ 
အရောင်းအ၀ယ် ဖြစ်ခဲ့သော်လည်း ယခုဇွန်လ ၂၅ ရက်တွင် ကွန်တိန်နာ ၈၀ နီးပါးအထိ အရောင်းအ၀ယ်
 ဖြစ်နေသည်။

ဝယ်လိုအား များချိန်တွင် အရောင်းအ၀ယ် ပြုလုပ်သည့် ပမာဏလည်း မြင့်တက်နေသည့်အတွက် လကုန်ရှင်းစနစ်ဖြင့် ကြိုပွိုင့် ရောင်းဝယ်မှု များနေခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြိုပွိုင့်ဖြင့် ရောင်းဝယ်ခြင်းကို တရားဝင် ခွင့်ပြုမထားပေ။ ယခုနှစ်ပိုင်းအတွင်း ကြိုပွိုင့်ရောင်းဝယ်ကြရာမှ ငွေကြေး ပြဿနာများစွာ ပေါ်ပေါက်ခဲ့သည်။

Ref:http://www.7daydaily.com/story/14279

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!