Popular Posts!

Monday, August 21, 2017

လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမားတွေ ဘာကြောင့် တောင်းဆိုနေလဲ ?

နိုင်ငံခြားလုပ်ငန်းရှင်တွေ စက်ရုံပိတ် ထွက်ပြေးသွားကျတာက ပြည်သူတွေ အထင်ကြီးပြီး မိုးကျရွှေကိုယ်တော်လို တအားမျော်လင့်နေတဲ့ အစိုးရသစ်ကြီးရဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေက တာဝန်ယူမှုတွေမရှိလို့ပါဘဲဗျ... အဖြေကဒာပါဘဲ....

အဲ ! အတုအယောင်ဆောင်တွေနှင့် အချောင်နေရာရလာကျလို့လေ၊ အစစ်အမှန် မဟုတ်ကျလို့ပါဘဲ...
တကယ်ကိုတော်တဲ့ အတွေ့အကြုံရှိတဲ့ လူတော်လူကောင်းကို လိုအပ်ပါတယ်ဆိုတာပြလိုက်တာပါဘဲ....

မကြာခဏဆန္ဒပြတာ ဖြစ်ရတာက အရေးယူမှုတွေမရှိဘူး၊ ဖြည့်စည်းမှု မရှိလို့  မပြည့်စုံလို ထပ်ဖြစ်ရတာပါတဲ့။

ကြားလို့မှ ကောင်းကျသေးလားဗျ....အစိုးရဟောင်းရော အစိုးရသစ်ပါ အလုပ်သမားအရေးနဲ့ပတ်သက်ပြီးအလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့ အတူတူ  ဘယ်ဝန်ကြီး ဌာန တွေမှ  အခုထိတာဝန်ယူမှု မရှိသေးပါလားဗျ?  
သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနလဲ အတူတူပါဘဲတဲ့ဗျ၊ သက်ဆိုင်ရာ ကြီးကြပ်ရမဲ့ ဦးစီးဌာနက တာဝန်ယူမှု ကြီးကြပ်မှု မရှိဘူးတဲ့ဗျ။

အခု လက်ထက်မှာ ၀န်ကြီးဌာနတွေ အကြောင်းကြားတယ်  ညွှန်မှုးချုပ်တွေ တိုင်းဦးစီးမှုးတွေကိုအကြောင်း ကြားတယ် သူတို့က ဘယ်လိုပြောလဲဆိုတော့ သက်ဆိုင်ရာဝန်ကြီးဌာကိုပြောတာ ၀န်ထမ်းအင်အားနည်းတယ် လူဦးရေမလုံလောက်ဘူး? သူတို့နှင့်တင် မလုံလောက်ဘူး..တိုင်းဒေသကြီးကိုပြောပါတဲ့ဗျ....
ဒါပေမဲ့ အရေးတယူဖြေရှင်းခြင်းမရှိဘူးတဲ့ဗျ...

နောက်ပိုဆိုးတာက ! ပထမအစိုးရဟောင်းမှာတောင် ၀န်ကြီးတွေ ညွှန်ကြာရေးမှုးးတွေမှ လာတွေ့သေး
တယ်၊ အခု အစိုးရသစ်က ပိုဆိုးနေတယ်တဲ့ လာတွေ့စုံ ဆွေးနွေးသာတောင် မရှိဘူးဘူးတဲ့... ကောင်းရောဗျ..
လူမသိသူမသိ မိမိအမတ် ဘယ်သူမှန်းတောင် မသိဘဲ မဲပေးလိုက်မိတဲ့ မိမိလက်သန်းမှင်စွန်းရကျိုးတောင် မနပ်လိုက်တာနော်....

နောက် သက်ဆိုင်ရာ လာတွေဆုံတာကလဲ  မှတ်ပုံတင်အလုပ်သမား အဖွဲ့ချုပ် ၄~ ၅ဖွဲ့နှင့်ဘဲ တွေ့ဆုံ
 ဆွေးနွေးတာဘဲရှိတယ်...  

"အလုပ်သမားဝန်ကြီးဌာနတွေ အလုပ်သမားရေးလှုပ်ရှားမှု အရမ်း အားနည်းနေပါတယ်တဲ့ဗျ"

အတည်ချုပ်တွေကို ကျပ် ၁၅၀၀ ကနေ ကျပ် ၃၆၀၀ ကနေ ကျပ် ၅၆၀၀ ထိတောင်းဆိုနေချိန်မှာ  
ကျန်နေ့စားသမားတွေက ၇၀၀၀~ ၈၀၀၀ ရှိနေတယ်၊ အခုတောင်းဆိုနေတာက နေထိုင်မှုစရိတ်ပါတဲ့ဗျ။ 
တက်နေတဲ့ ကုန်ဈေးနှုန်းတွေကိုကာမိအောင်ပါတဲ့ဗျ....

အံ့သြပါရဲ့ဗျ....ခေါင်းရှောင်နေကျတယ်တဲ့ဗျ... အလုပ်သမားတွေ အဆောင်ကလဲ ကျောခြစာနေရာ ဖျာတချပ်ဘဲရှိတယ်တဲ့ .. အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရကျလို့ ဆန္ဒပြကျတာပါတဲ့...

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!