Popular Posts!

Sunday, September 24, 2017


Speech by State Counsellor Daw Aung San Suu Kyi on Government's efforts with regard to National Reconciliation and Peace (မြန်မာစာတန်းထိုး)


နေပြည်တော် စက်တင်ဘာ ၁၉

ယမန်နှစ်က ရွေးကောက်တင်မြောက်ပြီးခါစ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တုန်းကကျွန်မတို့အစိုးရအနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ 
နိုင်ငံများအနေနဲ့ ပိုမိုငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ကမ္ဘာ၊ လူသားများအားလုံးအတွက် ပိုမိုကြင်နာ မေတ္တာထားသောနေရာ တစ်နေရာအဖြစ် ဝိုင်းဝန်းတည်ထောင်နေတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့၊ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် ကြိုးပမ်းချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေလိုပါတယ်။
ဒီနှစ်မှာတော့ ကျွန်မအနေနဲ အထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်မြို့ကို သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် ယခုလိုသံတမန်တွေကို ရှင်းလင်းပြောကြားမှုတစ်ရပ် ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ကျွန်မတို့ပြည်သူတွေဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးချယ်တင်မြောက်ခဲ့ချိန်မှာ ကျွန်မတို့ကို တာဝန်သုံးရပ် ယုံယုံကြည်ကြည်နဲ့ အပ်နှင်းခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီ စိန်ခေါ်မှု သုံးရပ်စလုံးဟာ လွယ်ကူတဲ့ တာဝန်တွေမဟုတ်သလို ရိုးရှင်းတဲ့ စိန်ခေါ်မှုတွေလည်းမဟုတ်ပါဘူး။ 
ကျွန်မတို့အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာဟာ ရာစုနှစ် တစ်ဝက်လောက် အာဏာရှင်စနစ်အောက်မှာ ရှိနေတဲ့အခြေအနေကနေ ဒီမိုကရေစီကိုကူးပြောင်းရတာဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်မတို့ ပြုစုပျိုးထောင်နေတဲ့ ဒီမိုကရေစီစနစ်ဟာ ဖွံဖြိုးခါစ ရင့်ကျက်ဖို့ လိုသေးတဲ့ မပြည့်စုံသေးတဲ့ အနေအထားပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဆိုတာ ကျွန်မတို့ နိုင်ငံ လွတ်လပ်ရေးရရှိပြီးတဲ့အချိန် ၁၉၄၈ ခုနှစ် ကစပြီး ပေါ်ပေါက်လာခဲ့တဲ့၊ နှစ်ပေါင်း ၇၀ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးစားနေရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ 
ဖွံဖြိုးတိုးတက်မှုဆိုတာဟာ အခု ပြောကြားခဲ့တဲ့အချက်နှစ်ချက်အပေါ်မူတည်ပြီးမှ ရရှိအောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ တန်ဖိုးတွေကို ပြုစုပျိုးထောင်နိုင်မယ်၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်မယ် ဆိုမှသာ ကျွန်မတို့ပြည်သူအားလုံး တန်းတူညီမျှ ရရှိခံစားနိုင်မယ့်၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ 
အားလုံး သိရှိထားပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ရှုပ်ထွေးနက်နဲလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီ ရှုပ်ထွေးနက်နက်မှုတွေနဲ့အတူဒီစိန်ခေါ်မှုတွေကို ကျွန်မတို့အစိုးရအနေနဲ့ အချိန်တိုတိုအတွင်းမှာ ချက်ချင်း ဖြေရှင်းနိုင်မယ်လို့ ထင်မြင်ယူဆထားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ထားမှုတွေကလည်း ရှိနေပြန်ပါတယ်။
ကျွန်မအနေနဲ့ သတိပြုစေချင်တာက ဒီကနေ့ ကျွန်မတို့အစိုးရရဲ့ သက်တမ်းဟာ ဆယ့်ရှစ်လတောင် မပြည့်တတ်သေးဘူး ဆိုတာကိုပါပဲ။ ဆယ့်ရှစ်လကာလဟာလည်း ဒီလကုန်တော့မှ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အများမျှော်လင့်ထားတဲ့ အရာတွေအားလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့၊ အခက်အခဲတွေအားလုံးကိုကျော်လွှားသွားနိုင်ဖို့ ဆယ့်ရှစ်လဆိုတဲ့ အချိန်ကာလဟာ အလွန် တိုတောင်းတဲ့ကာလဖြစ်ပါတယ်။ ဒီလိုပြောတာဟာ ကျွန်မတို့အနေနဲ့ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အပ်နှင်းထားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး လို့ ဆိုလိုတာ မဟုတ်ပါဘူး။ 
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအသိုက်အဝန်းကို ကျွန်မအနေနဲ့ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေနိုင်ငံတွေ၊ ကျွန်မတို့ရဲ့ ကောင်းကျိုးကိုလိုလားတဲ့နိုင်ငံတွေ၊ ကျွန်မတို့ရဲ့ အခက်အခဲတွေကိုနားလည်နိုင်တဲ့နိုင်ငံတွေ၊ ကျွန်မတို့အပေါ်မှာကရုဏာတရား ထားရှိကြတဲ့ နိုင်ငံတွေကို ဒီကနေ့ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတွေ ကြိုးပမ်း ဆောင်ရွက်ထားတယ်ဆိုတာကို မျှဝေအသိပေး ပြောကြားလိုပါတယ်။ 
ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးတစ်ခုလုံးက အလေးထား အာရုံစိုက်နေကြတယ် ဆိုတာကို ကျွန်မအနေနဲ့ ကောင်းစွာသိရှိ နားလည်ပါတယ်။ ပြီးခဲ့တဲ့ နှစ် အထွေထွေညီလာခံမှာ ကျွန်မ ပြောကြားခဲ့သလိုပါပဲ ကမ္ဘာ့မိသားစုဝင် နိုင်ငံတွေကြားမှာ တာဝန်သိတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဝေဖန်ထောက်ပြမှုတွေကို တုန်လှုပ်နေမှာ မဟုတ်ပါဘူး။ဒါ့အပြင် ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံအတွင်းမှာ ရှိတဲ့ လူ့အသိုက်အဝန်းအားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ရပ် ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီရည်မှန်းချက်ပန်းတိုင် ကို ရောက်ရှိအောင် ဆောင်ရွက်သွားမယ့် ကျွန်မတို့ အစီအစဉ်တွေကို ရှင်းလင်းတင်ပြဖို့ ယမန်နှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ 
စိတ်မချမ်းမြေ့စရာကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျွန်မ မိန့်ခွန်းပြောကြားပြီး ဆယ့်ရှစ်ရက်အကြာ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခုကို မွတ်စလင် လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့နဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွေမှာလည်း နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြရတယ်။ ကျေးရွာတွေ မီးလောင်ခဲ့ရတယ်။ အဲဒီဒေသမှာရှိနေတဲ့လူတွေ ထွက်ပြေး စွန့်ခွါကြရပါတယ်။ မွတ်စလင် အတော် များများဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြရပါတယ်။ 
အဲဒီအချိန်ကစပြီး နိုင်ငံတော်အစိုးရအနေနဲ့ အဲ့ဒီဒေသမှာ ငြိမ်းချမ်း တည်ငြိမ်မှုတွေ ပြန်လည် တည်ဆာက်နိုင်အောင်၊ မွတ်စလင်နဲ့ ရခိုင် အသိုက်အဝန်းနှစ်ခုအကြား သဟဇာတဖြစ်မှု မြှင့်တင် နိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ မဖြစ်ပွားခင် အချိန်ကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီတစ်ရပ်ကို ကျွန်မတို့ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ နှစ်ပရိစ္ဆေဒများစွာ ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူ ပြုနိုင်မယ့် ကော်မရှင်တစ်ရပ်ကို ဦးဆောင်ပေးဖို့ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်နေတဲ့ကြားမှာပဲ ပဋိပက္ခတွေ ထပ်ကျော့ ဖြစ်ပေါ်လာတာကို ကျွန်မတို့ မတားဆီးနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံးပါပဲ၊ ကျွန်မတို့ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး မြှင့်တင်မှုတွေ ဆောင်ရွက် ခဲ့ပါတယ်။ 
လပေါင်းများစွာ အခြေအနေတွေတည်ငြိမ်ပြီး ငြိမ်းချမ်းနေတယ်လို့ ထင်ရပြီးတဲ့နောက် သြဂုတ်လ ၂၅ ရက်နေ့မှာ ရဲစခန်းပေါင်း ၃၀နဲ့ တောင်ဘဇာကျေးရွာမှာ ရှိတဲ့ တပ်ရင်း ဌာနချုပ်ကို လက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့ ARSA နဲ့ အပေါင်းအပါတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င) အရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိနေပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြစ်တင်ဝေဖန်မှုတွေကို လျော့ပါးစေဖို့၊ တာဝန်ဝတ္တရားတွေ ကို ရှောင်လွှဲဖို့ ကြိုးစားတာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်တွေ အားလုံးကို ကျွန်မတို့အနေနဲ့ ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံး ပြန်လည်ငြိမ်းချမ်းဖို့၊ ပြန်လည်တည်ငြိမ်ဖို့၊ တရားဥပဒေပြန်လည်စိုးမိုးဖို့ သန္နိဌာန်ချမှတ်ထားတဲ့ အတိုင်း ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ 
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေဖို့၊ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့၊ စစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ ကျင့်ဝတ်တွေကို တိတိကျကျ လိုက်နာဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ 
လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဉပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေမဲ့ ဆောင်ရွက်ချက်တွေအားလုံးကို တရားဉပဒေအရ တိတိကျကျ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
ဒီပဋိပက္ခကြားထဲမှာ ရောက်ရှိနေပြီး ထိခိုက်ခံစားနေရသူ အားလုံးအတွက် ကျွန်မတို့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ နေအိမ်တွေကို စွန့်ခွါတိမ်းရှောင်နေရသူတွေ အများကြီး ရှိပါတယ်။ မွတ်စလင်နဲ့ ရခိုင်တိုင်းရင်းသားတွေတင်မက သူတို့တွေ ရှိနေတယ် ဆိုတာ ကမ္ဘာကြီးက လုံးဝ မသိရှိကြသေးတဲ့ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးတွေလို လူမျိုးစုငယ်လေးတွေ၊ ဟိန္ဒူဘာသာဝင်တွေ ဟာလည်း နေအိမ်တွေကို စွန့်ခွါ တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ၂၇ ရက်နေ့ကစပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေဖြန့်ဝေပေးခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးအပ်မှု အသေးစိတ်ကို ကျွန်မတို့ သံတမန်တွေ သိရှိအောင် ထုတ်ပြန် အသိပေးသွားမှာ ဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို သြဂုတ်လ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာဘဲ တိုက်ခိုက်မှုတွေ စတင်ပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်သွားဖို့ သန္နိဌာန်ချထားပြီးဖြစ်ပါတယ်၊ အချိန်တိုတိုအတွင်း တိုးတက်ကောင်းမွန်အောင် အမြန်ဆုံး ဆောင်ရွက်နိုင်မယ့် အကြံ ပြုချက်တွေကို ဦးစားပေးအကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကျန်တဲ့ အချိန်ယူဖို့လိုတဲ့အကြံပြုချက်တွေကို နောက်ပိုင်းမှာ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ဖွံဖြိုးရေးအတွက် အကျိုး ဖြစ်ထွန်းစေမယ့် အကြံပြုချက်မှန်သမျှကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
အစိုးရအနေနဲ့ အခြေအနေတွေကို ပုံမှန်အနေအထားပြန်လည်ရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ထိတွေ့တိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှုတွေ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း မွတ်စလင် အများအပြားဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရှိရ ပါတယ်။ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် ထွက်ပြေး နေကြတယ် ဆိုတာကို ကျွန်မတို့ ရှာဖွေရမှာ ဖြစ်ပါတယ်။ထွက်ပြေးသွားသူတွေကို သူတို့ ဘာကြောင့် ထွက်ပြေးကြသလဲ ဆိုတာ မေးကြည့်ချင်သလို နေရပ်ကို မစွန့်ခွာဘဲ ကျန်ရစ်နေတဲ့သူတွေကိုလည်း ဘာဖြစ်လို့ ဆက်နေကြတာလဲ ဆိုတာကို မေးမြန်းချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်အများစုဟာ တစ်ဖက်ကိုထွက်မပြေးဘဲ ကျန်ရှိနေတယ်ဆိုတာကို လူတွေသိပ်မသိကြပါဘူး။ မွတ်စလင်ကျေးရွာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်း ကျော်ဟာ ဘယ်မှ မပြေးဘဲ ရှိနေကြပါသေး တယ်။ဘာဖြစ်လို့ ဒီလိုမျိုး နေရစ်ခဲ့ကြတယ် ဆိုတာကို ကျွန်မတို့ သိချင်ပါတယ်။
ဒီအချက်ဟာ ကျွန်မတို့ ဆက်ပြီး ထည့်သွင်းစဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ တစ်နေရာတည်းကို မကြည့်ဘဲ ဘာပြဿနာမှ မဖြစ်ဘဲ ရှိနေကြတဲ့နေရာတွေကိုလည်း ကြည့်မြင်တတ်ဖို့ လိုပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ ဘာဖြစ်လို့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှား နိုင်ကြရတာလဲ။ ဒါ့ကြောင့် သံတမန်အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းတွေနဲ့ သင့်မြတ်စွာ ပေါင်းစည်း နေထိုင်နိုင်ကြတဲ့ မွတ်စလင်တွေကို ကျွန်မတို့နဲ့အတူ လေ့လာကြည့်ဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။ 

ကျွန်မတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်မတို့ကို အသိပေးပါ။ ကျွန်မတို့အနေနဲ့ အဲဒီဒေသတွေကို သွားရောက်နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပြီး အဲဒီလူတွေကို ကိုယ်တိုင် မျက်မြင် တွေ့ဆုံပြီး အနီးအနားပတ်ဝန်းကျင်မှာ ဖရိုဖရဲ ကစဉ့်ကလျား ထွက်ပြေနေကြ ချိန်မှာ သူတို့တွေက ဘာကြောင့် တည်တည်ငြိမ်ငြိမ်နေထိုင်နိုင်သလဲဆိုတာကို မေးမြန်းကြည့်ကြ စေလိုပါတယ်။ 
ကျွန်မတို့ဟာ ပြည်သူတွေရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ လျော့ပါး သက်သာအောင် ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကိုလည်း ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီကြိုးပမ်းမှုတွေထဲကမှ အနည်းငယ်ကိုထုတ်နှုတ်ပြီး ပြောရမယ် ဆိုရင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်လူမှုစီးပွားရေး ဖွံဖြိုး တိုးတက်ရေး(၂၀၁၇-၂၀၂၁) စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ ပုဂ္ဂလိက-အစိုးရ မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကတစ်ဆင့် ဒေသခံပြည်သူအတွက် ရာနဲ့ချီတဲ့ အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။ အလုပ်အကိုင်အသစ်တွေ၊ စီးပွားရေးလုပ်ငန်းသစ်တွေ ဖန်တီးပေးနိုင်မယ့် အထူးစီးပွားရေးဇုန် တစ်ခု ဖန်တီးဖော်ဆောင်ဖို့ ဖြစ်နိုင်ခြေဆန်းစစ်မှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခြေခံအဆောက်အုံဖွံဖြိုး တိုးတက်ရေးဘက်မှာ ဆိုရင်လည်း လျှပ်စစ်မီး ရရှိစေဖို့ တိုးချဲ့ဆောင်ရွက်ပြီးဖြစ်ပြီး ဖြစ်ပါတယ်။ ယခင်ကလှေနဲ့ပဲ သွားရောက်နိုင်တဲ့ ဝေးလံခေါင်ဖျား ဒေသတွေဆီ ကူးလူးဆက်သွယ်သွားရောက်နိုင်မယ့် အမြန်လမ်းမကြီး အပါအဝင် လမ်းအသစ်တွေ၊ တံတားအသစ်တွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေ အားလုံးအတွက် ဘယ်လိုဖိနှိပ်ခွဲခြားမှုမှ မရှိစေဘဲပညာသင်ယူခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက် ကုသခွင့်တွေ ရရှိနေပြီဖြစ်ပါတယ်။ ကျေးလက်ဒေသ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားလာရ ခက်ခဲတဲ့နေရာတွေကိုလည်း ရွေ့လျားဆေးခန်း (mobile clinic) တွေ တည်ထောင်ပေးထားပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းပေါင်း ၃၀၀ ကို အဆင့်မြှင့်တင်ပေးခဲ့ပြီး အသက်မွေးဝမ်းကျောင်း သင်တန်း၊ နည်းပညာသင်တန်းတို့ကိုလည်း စတင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ မွတ်စလင်ကျောင်းသား တွေကို မည်သည့်ခွဲခြားဖိနှိပ်မှုမျှမရှိဘဲ အဆင့်မြင့် ပညာသင်ကြားခွင့် ရရှိနေပြီဖြစ်ပါတယ်။
မကြာသေးမီက တိုက်ခိုက်မှုဖြစ်ပွားမှု မတိုင်ခင် သြဂုတ်လ ၂၅ ရက်က အဆိုပါဒေသရှိ အဖွဲ့အစည်း အားလုံးထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း ပဋိပက္ခရာဖြစ်ပွားရာနေရာ ၉၅ ရာခိုင်နှုန်းအထိရောက်ရှိပြီးဖြစ်ပါတယ်။ ဒေသမှာ နေထိုင်နေသူ အားလုံးကို စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်လျက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ယနေ့ဆောင်ရွက်လျက်ရှိပါတယ်။
ဒီဒေသမှာရှိတဲ့ ပြည်သူများအားလုံးကို စောင့်ရှောက်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများကို ထပ်မံ ဆောင်ရွက်လျက်ရှိပါတယ်။ နေရပ်ဒေသ စွန့်ခွာသူများနှင့် စပ်လျဉ်းပြီး အိမ်များ ဆောက်လုပ်ခြင်း အပါအဝင် အခြားလိုအပ်တဲ့ အကူအညီများ ပေးအပ်ခဲ့ပြီးနောက် စခန်း ၃ ခု ကို ပိတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီဒေသတွေမှာ ဆောင်ရွက်စရာတွေ အများကြီး ရှိနေတယ်ဆိုတာကို သိပါတယ်၊ အဲ့ဒါတွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံသားစိစစ်မှုလုပ်ငန်းအတွက် လုပ်ငန်းစီမံချက် ချမှတ်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်ဟာ အသိုက်အဝန်းအားလုံးက ပူးပေါင်းဆောင်ရွက်မှု လိုအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အချို့ မွတ်စလင် အသိုက်အဝန်းရဲ့ အကြီးအကဲတွေက ဒီလုပ်ငန်းစဉ်မှာ မပါဝင်ဖို့ တိုက်တွန်း ပြောကြားတာတွေ ရှိပါတယ်။ ဒါ့ကြောင့် မိတ်ဆွေများအနေနဲ့ သူတို့ကို ဒီလုပ်ငန်းစဉ်မှာ ပါဝင်လာအောင် တိုက်တွန်း ပြောကြားစေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်လာခြင်းဖြင့် သူတို့မှာ ဆုံးရှုံးစရာ ဘာမှ မရှိလို့ပါပဲ။ ဘာသာပေါင်းစုံအဖွဲ့တွေမှ တစ်ဆင့် လူ့အသိုက်အဝန်းတွေအကြား သဟဇာတရှိရှိ နေထိုင်နိုင်ဖို့အတွက် ဆောင်ရွက်မှုများလည်း ပြုလုပ်နေပါတယ်။ ကျောင်းတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ပြည်သူ့ရေးရာနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတဖြစ်မှုတို့ကို ပိုမို နားလည်စေမယ့် သင်ရိုးညွှန်းတမ်းတွေကိုလည်း စတင် သင်ကြားပေးနေပြီ ဖြစ်ပါတယ်။ 
အလားတူပဲ FM Radio လိုင်း တစ်ခုထားပြီး ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသား စိစစ်ရေးဆိုင်ရာ အချက်အလက်တွေ ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာ၊ ရခိုင်နဲ့ ဘင်္ဂါလီဘာသာစကားတွေနဲ့ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်များရဲ့ အရည်အချင်းနဲ့ အရည်အသွေး မြှင့်တင်ရေးအတွက် သင်တန်းတွေကို EU, UN တို့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပြည်တွင်း/ပြည်ပ မီဒီယာများဟာ အဲ့ဒီဒေသတွေမှာ သွားရောက် သတင်းယူမှုများ ပြုလုပ်နေကြပါတယ်။ အရင်က သွားခွင့်မရှိတဲ့နေရာတွေကိုပါ သွားခိုင်းနေပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းမှာလည်း မီဒီယာအဖွဲ့တွေကို အဲဒီဒေသတွေကို သွားလာခွင့်ပြုထားပါတယ်။
တစ်ဖက်မှာလည်း အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိတွေ့မှုများ ဆက်လက် ပြုလုပ်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနှစ် ဇန်နဝါရီလနဲ့ ဇူလိုင်လတို့မှာ စေလွှတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအနေနဲ့ မိမိတို့ဆီကို လာရောက်လည်ပတ်ဖို့ ရှိသော်လည်း သူ့ဘက်မှာ အခြားကိစ္စတွေ ပေါ်ပေါက်လာတဲ့အတွက် ခရီးစဉ်ကို ခေတ္တရွှေ့ဆိုင်းထားပါတယ်။ သူ့အနေနဲ့ အချိန်မရွေး လာရောက်နိုင်အောင် မိမိတို့က စီစဉ်ထားပါတယ်။ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အနေနဲ့ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ 
မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ တိုက်တွန်းပြောကြားထားတာ ရှိပါတယ်။ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ အမှန်တစ်ကယ် နေထိုင်ခဲ့ကြောင်း စိစစ်မှုလုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ကျွန်မတို့ ပြင်ဆင်ထားပါတယ်။ နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက် တွေကို မူတည်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တစ်ခု ထူထောင်ထားပြီး ဖြစ်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိပါတယ်။ အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာမှာ ဖြစ်ပါတယ်။ 
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြောကြားထားတဲ့အတိုင်း ကျွန်မတို့အနေနဲ့ အဆိုပါ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်လို့ ဆန်းစစ်အတည်ပြုနိုင်တဲ့သူတွေ အားလုံးကို ပြန်လည်လက်ခံဖို့ အသင့်ရှိပါတယ်။ လုံခြုံရေး နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့တွေ လက်ခံရရှိနိုင်ရေးအတွက်လည်း အာမခံပါတယ်။
မိတ်ဆွေတွေအနေနဲ့ ကျေးရွာတွေမှာရှိတဲ့ အိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု နဲ့ ဒုက္ခသည်များ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေ ဖြစ်နေတယ်ဆိုတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မပြောခဲ့သလို စက်တင်ဘာ ၅ ရက်နေ့ကတည်းက တိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှုတွေ မရှိတော့ပါဘူး၊ ကျွန်မတို့အနေနဲ့လည်း တကယ်တမ်း ပြဿနာ အရင်းအမြစ်ကို သိချင်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ စွပ်စွဲမှုတွေ နဲ့ တန်ပြန်စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါတွေအားလုံးကို နားထောင်ဖို့လိုပါတယ်။ အရေးယူမှုတွေ မပြုလုပ်ခင် အဲဒီ စွပ်စွဲမှုတွေမှာ ခိုင်မာတဲ့အကြောင်းအရာတွေရှိဖို့ လိုပါတယ်။ အရေးယူမှုတွေ ပြုလုပ်တဲ့အခါ ဘာသာ၊ လူမျိုး၊ ရာထူးစတာတွေကို ငဲ့ညာမှာမဟုတ်ဘဲ ဒီမြေရဲ့ ဥပဒေကိုဆန့်ကျင်သူများ၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူသွားမှာ ဖြစ်ပါတယ်။ 
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ သက်ညှာမှုမရှိခဲ့ပါဘူး၊ ကျွန်မတို့အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်ရေးအတွက် ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။ အသိုက်အဝန်း တစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံ နယ်နိမိတ်အတွင်းမှာနေထိုင်တဲ့ လူများအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ်မှာရှိတဲ့ ပြဿနာတွေကို အာရုံစိုက်ဖြေရှင်းနေသလို ကျွန်မတို့အတွက် နိုင်ငံရဲ့ အနောက်ပိုင်းမှာ ရှိတဲ့ ပြဿနာလိုဘဲ အရေးကြီးတဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။ 
ကျွန်မတို့အနေနဲ့ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ အဲဒီငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ပြီး သာတူညီမျှ တပြေးညီ အကျိုး ဖြစ်ထွန်း စေမယ့် ဖွံ့ဖြိုးရေးကို အကျိုးပြုရမှာဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ ပါဝင် ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်လိုပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ကျွန်မတို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ 
ပြီးခဲ့တဲ့နှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဆက်လက်ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် အခက်အခဲတချို့လဲ ရှိနေပါတယ်။ ကျွန်မအနေနဲ့ မအံ့သြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တွေ့နေကြ အချက်တွေပဲ ဖြစ်ပါတယ်။ တခါတရံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ရပ်တန့်နေတာ၊ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာ ၊ တခါတရံမှာ အားလုံးတစစီပြိုကွဲ ပျက်စီးသွားတာမျိုးတွေ တွေ့ရမှာဖြစ်ပါတယ်။ 
ကျွန်မတို့အနေနဲ့တော့ အားလုံးကိုကျော်လွှားနိုင်ပြီး ရှေ့ကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးဟာ စစ်ကိုမုန်းတီးနေပြီး ငြိမ်းချမ်းမှုကို လိုချင်ကြပါတယ်၊ ကျွန်မတို့ ပဋိပက္ခတွေ မလိုလားဘူး။ သဟဇာတရှိရှိနေထိုင်သွားဖို့ကို လိုလားလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး လိုလားတဲ့ မျှော်မှန်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ သဟဇာတရှိရှိနေထိုင်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဆိုတာဟာ ကြီးကျယ်ခမ်းနားတဲ့ အာဂျင်ဒါ မဟုတ်ပေမယ့် လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။
ကျွန်မတို့နိုင်ငံရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ရှေ့ဆက်ဆောင်ရွက်ရာမှာ ကျွန်မတို့ရဲ့ မိတ်ဆွေများအနေနဲ့ ကျွန်မတို့ကို နားလည်သဘောပေါက်ပြီး ကျွန်မတို့နဲ့ လက်တွဲဆောင်ရွက်ပါလို့ ပြောကြားလိုပါတယ်။ ကျွန်မတို့အတွက် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုများနဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတရှိမှုကို ရရှိနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရာမှာ ပါဝင်ဘို့ တိုက်တွန်းလိုပါတယ်။ 
တစ်နိုင်ငံလုံးအတွက် စဉ်းစားစေချင်ပါတယ်၊ နေရာဒေသတစ်ခုတည်းကို ကွက်ပြီး စဉ်းစားတာမျိုး မဖြစ်စေချင်ပါဘူး၊ တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်မှသာ တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။ 
ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တင်စားလိုပါတယ်၊ နာမကျန်းဖြစ်တဲ့ နေရာတစ်ခုတည်းကို ကုစားဖို့အတွက် အထွေထွေကျန်းမာရေးအခြေအနေတွေကို လစ်လျူရှုထားလို့မရပါဘူး။
ကျန်းမာရေးကို တင်စားရတာကတော့ ကျန်းမာရေးကဏ္ဍဟာ ကျွန်မတို့ အစိုးရတာဝန်ယူပြီးတဲ့ အချိန်ကစပြီး ယနေ့အထိ အထူးအောင်မြင်မှုရရှိနေတဲ့ကဏ္ဍဖြစ်လို့ပါပဲ၊ လူထုကျန်းမာရေးကို အာရုံစိုက် ဆောင်ရွက်နေရင်းနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်တယ် ဆိုတာကို သိလာရပါတယ်။ 
ဥပမာအားဖြင့် တစ်နှစ်အတွင်းမှာ အိတ်ခ်ျအိုင်ဗွီကြောင့် သေဆုံးနှုန်းကို တစ်ဝက်လျော့ချနိုင်ခဲ့ပါတယ်၊ အဲဒီလိုလျော့ချနိုင်တာဟာ အိတ်ခ်ျအိုင်ဗွီ ရောဂါတစ်ခုတည်းကို အာရုံစိုက် ကုစားလို့အဟုတ်ဘဲ လူထုကျန်းမာရေးတစ်ခုလုံးကို ရှေ့ရှုဆောင်ရွက်ခဲ့လို့ဖြစ်ပါတယ်။ 
အဲဒီ ဥပမာလိုပါပဲ၊ ကျွန်မတို့ နိုင်ငံကို တစ်နိုင်ငံလုံးအနေအထားကို ခြုံငုံစဉ်းစားစေလိုပါတယ်၊ ကျွန်မတို့ နိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ဟာ နုနယ်ပြီး ထိလွယ်ခိုက်လွယ်တဲ့အနေအထားဖြစ်ပါတယ်။ အဲ့ဒီအပြင် အခက်အခဲများစွာကိုလည်း ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက် ဂရုစိုက်ဆောင်ရွက်သလိုဘဲ ပြဿနာ တစ်ချို့သာမက အဲဒီအခြေအနေတွေအားလုံးကိုကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ပိုပြီးတော့ ဆန်းသစ်တဲ့၊ ပိုမိုရဲရင့်တဲ့ နည်းလမ်းသစ်တွေ၊ အဖြေတွေကို ရှာဖွေရာမှာ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ကြားလိုပါတယ်။ ပြဿနာတွေကို မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်သေးရင် အဲဒီပြဿနာတွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကျွန်မတို့ ပြည်သူတွေရဲ့ခံစားနေရတာတွေ ပိုပြီးကြာရှည်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ပြည်သူတွေခံစားရတာတွေကို အမြန်ဆုံး ကျော်လွန်သွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ 
ကျွန်မတို့အနေနဲ့ နိုင်ငံအတွင်း၊ နိုင်ငံရဲ့ နယ်နိမိတ်အတွင်းနေထိုင်သူတွေအားလုံး လုံခြုံအေးချမ်း သာယာဝပြောစွာ နေနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ဟာ ကြီးမားတဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်၊ ဒါပေမယ့် အောင်မြင်အောင်ဆောင်ရွက်ရမှာမဖြစ်နိုင်တဲ့ မျှော်မှန်းချက်တော့ဟုတ်ပါဘူး။
ကျွန်မတို့အားလုံးလက်တွဲဆောင်ရွက်ရမှာဖြစ်ပြီးတော့ အစိုးရအပါအဝင် ဒီနိုင်ငံအတွင်းမှာ ရှိတဲ့ လူတစ်ဦးချင်းစီမှာ ဒီတာဝန်ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ကျွန်မတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုမှာ ပါဝင်ကူညီဖို့ ဖိတ်ကြားလိုပါတယ်။ ပြဿနာတွေရှိတဲ့ကြားထဲက အဲဒီပြဿနာတွေကို ဖြေရှင်းပြီး ကျန်းမာတဲ့၊ သန်မာတဲ့၊ ရှေ့အနာဂတ်ကို မျှော်မှန်းချက်များနဲ့အညီ လုံခြုံတဲ့ အနာဂတ်ဆီကို လျောက်လှမ်းနိုင်မယ့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်သွားတဲ့နေရာမှာ ပါဝင်ဖို့ ဖိတ်ကြား လိုပါတယ်။ 
ကျွန်မအနေနဲ့ သံတမန်အသိုင်းအဝန်းနဲ့ အခုလို တွေ့ဆုံတဲ့အခါမှာ ကိစ္စတစ်ခုလောက်သာ မီးမောင်းထိုးပြရတာကို အားမရပါဘူး။ ဒါ့ကြောင့် ကျွန်မတိုက်တွန်းလိုတာက ကျွန်မတို့ကို မိတ်ဆွေတို့ရဲ့အမြင်ကိုပြောပါ၊ ဆွေးနွေးပါ ၊ ကျွန်မတို့နဲ့အတူ ပြဿနာဖြစ်နေတဲ့ထဲက နေရာကို လုံခြုံစိတ်ချရတဲ့ နေရာကို လိုက်ကြည့်ပါ။ ကိုယ်တိုင် ဘာတွေဖြစ်နေတယ် ဆိုတာကို ကိုယ်တိုင်လေ့လာပါ။ ပြီးတော့ ဒီပြဿနာများကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ 
အဲဒီနေရာမှာ တိုက်တွန်းလိုတာက ဒီလို ပြဿနာရှိနေတဲ့ ဒေသမှာ တောင် အချို့လူတွေဟာ တစ်ဦးနဲ့ တဉီး ရန်လို မှုမရှိဘဲ သဟဇာတ နေနိုင်ကြတယ်။ ဘာကြောင့် အဲ့ဒီလို နေနိုင်သလဲ ဆိုတာကို သုံးသပ်ပါ၊ အဲဒီလိုလော့လာ သုံးသပ်မှုကနေ ကျွန်မတို့လိုချင်တဲ့ အဖြေကို ရရှိလာပါလိမ့်မယ်။ 
အဲဒီလိုလုပ်တာဟာ မကောင်းတဲ့အခြေအနေကို ဖယ်ရှားလိုက်တာ တစ်ခုတည်းမဟုတ်ဘဲ အပြုသဘော ဆောင်တဲ့အနေအထားတွေကို မြှင့်တင်ပေးရာမှာဖြစ်ပါတယ်။ အပျက်သဘောကို ဖယ်ရှားပြီး အပြုသဘောကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ကျွန်မတို့အနေနဲ့ မိတ်ဆွေတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားလိုပါတယ်။ 
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးအနေနဲ့ လူသားချင်းစာနာမှု အထောက်အပံ့ပေးမှု အစီအစဉ်ကို ခေါင်းဆောင်ပြီး ဆောင်ရွက်နေပါတယ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေနဲ့ ပူးပေါင်းပါဝင်နေတဲ့အတွက် ဝမ်းသာပါတယ်။ အခြားပါဝင်လိုသူတွေ ကိုလည်း ကြိုဆိုပါတယ်။
ငွေအား၊ လူအလား၊ ပစ္စည်းအား နဲ့ ပါဝင်လှုဒါန်းမှုတွေ အများကြီးရရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ အဲဒီ လှုဒါန်းမှုကူညီမှုများအားလုံးကို ရခိုင်ပြည်နယ်မှာ ရှိတဲ့ အသိုက်အဝန်းအားလုံးအတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး အသုံးချသွားနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 
ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးယုံကြည်မှုတွေကြောင့် အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံ မဖြစ်စေလိုပါဘူး၊ ကျွန်မတို့အနေနဲ့ မတူကွဲပြားမှုများကို အခြေပြုတဲ့ အခွင့်အရေးများကို ခံစားခွင့် ၊ ဘဝကို မိမိယုံကြည်မှုနံ လျောက်လှမ်းခွင့် ရှိပါတယ်၊ ဒါပေမယ့် ကျွန်မတို့ဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ နိုင်ငံတစ်နိုင်ငံထဲမှ နေထိုင်ကြလို့ဖြစ်ပါတယ်။ 
ကျွန်မတို့ဟာ နိုင်ငံတစ်နိုင်ငံနဲ့ သက်ဆိုင်ရင် ဒီကမ္ဘာနဲ့လည်းသက်ဆိုင်ပါတယ်။ အဲဒီအချက်ကြောင့်ဘဲ ကျွန်မတို့ဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို နိုင်ငံများ စုဝေးရာအဖြစ် ယုံကြည်လက်ခံပြီး ငြိမ်းချမ်းမှု နဲ့ သဟဇာတရှိမှုကို မြှင့်တင်နိုင်အောင် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ခံစားခဲ့ရမှုမျိုးတွေ ထပ်မံ မဖြစ်ပေါ်လာအောင်အတွက် ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂကို တည်ထောင်မှုဟာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့အတွက် တည်ထောင် ခဲ့တာဖြစ်ပါတယ်။ 
ဒါ့ကြောင့် ကျွန်မတို့ ဒီနေ့တွေ့ဆုံမှုဟာ ထိရောက်တဲ့ ခိုင်မာတဲ့ လှုပ်ရှားမှုတစ်ရပ်ရဲ့ အစလို့ ကျွန်မ ယူဆပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ပဋိပက္ခတွေအားလုံး အဆုံးသတ်နိုင်ဖို့အတွက် လို့မြင်ပါတယ်။ 
ကျွန်မတို့ နိုင်ငံရဲ့ အသိုက်အဝန်းများအကြား၊ ပြည်သူများအကြား၊ ရှေ့ကိုဘယ်လို ဆက်လျောက်မလဲ ဆိုတဲ့အပေါ် အမြင်အယူအဆ မတူညီမှုများအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့လို့ မျှော်လင့်ပါတယ်။
အမြင်အယူအဆ မတူညီမှုများအကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခကတော့ အမြင်ကျယ်ကျယ်နဲ့ အချင်းချင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားနိုင်ပါတယ်။ မေတ္တာထားရှိခြင်းနဲ့ ရဲရင့်မှုဟာ အခြားသူတို့ရဲ့ စိတ်ထားကို မြင်တွေ့နိုင်သလို ယင်းကို အခြေခံ၍ အခြားသူများကလည်း မိမိတို့ရဲ့ စိတ်ထားကို သိရှိနိုင်ပါတယ်။ 
စကားလုံးတွေ၊ ခံစားချက်တွေ၊ လက်နက်တွေနဲ့ အချင်းချင်း တိုက်ခိုက်နေခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ အကူအညီလဲပြုမှာမဟုတ်ပါဘူး၊ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုဟာ ကမ္ဘာပေါ်မှာ ပြဿနာများရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုများကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားနိုင်မှသာ စစ်ပွဲတွေ၊ ပဋိပက္ခတွေကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်၊ ကျွန်မတို့ နိုင်ငံကရော ကမ္ဘာပေါ်ကရော ဖြစ်ပါတယ်။ 
အားလုံးသိကြတဲ့အတိုင်း လတ်တလောအခြေအနေမှာ စွပ်စွဲမှုတွေနဲ့ တန်ပြန် စွပ်စွဲမှုတွေ ဖြစ်နေပါတယ်၊ ကျွန်မအနေနဲ့ ဘယ်ဘက်ကိုမှ လိုက်မှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မယုံကြည်တာက တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ သဟဇာတရှိမှုကို မြှင့်တင်ပေးဖို့အတွက် ဖြစ်လို့ ပါပဲ။
မိတ်ဆွေတို့အနေနဲ့ နားလည်နိုင်မယ်၊ ကျွန်မတို့နဲ့ လက်တွဲဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မပြောခဲ့သလို ယခုအခမ်းအနားဟာ သံတမန်အသိုင်းအဝိုင်းကို ကျွန်မတို့ ဘာတွေ ကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာကို သိရှိအောင်ပြောကြားဖို့အတွက် ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ်တမ်း ကျတော့ သံတမန်တွေကို ရှင်းလင်းပြောကြားမှုထက် ပိုပါတယ်။
မြန်မာနိုင်ငံအပေါ် စေတနာထားတဲ့သူတွေကို ရင်းရင်းနှီးနှီး ဖိတ်ခေါ်တာဖြစ်ပါတယ်။ ကျွန်မတို့ ရည်ရွယ်ချက်တွေအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံတည်းအတွက်သာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ အလားတူ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်မယ်ဆိုတာကို အားလုံးက သဘောတူလက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

အားလုံးကို ကျေးဇူးတင်ပါတယ်။


Zawgyi Version...

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရမှဆောင်ရွက်လျက် ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ သံတမန်များအား အသိပေးပြောကြားချက်



နေပြည်တော် စက်တင်ဘာ ၁၉

ယမန်နှစ်က ရွေးကောက်တင်မြောက်ပြီးခါစ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တုန်းကကျွန်မတို့အစိုးရအနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ 
နိုင်ငံများအနေနဲ့ ပိုမိုငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ကမ္ဘာ၊ လူသားများအားလုံးအတွက် ပိုမိုကြင်နာ မေတ္တာထားသောနေရာ တစ်နေရာအဖြစ် ဝိုင်းဝန်းတည်ထောင်နေတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့၊ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် ကြိုးပမ်းချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေလိုပါတယ်။
ဒီနှစ်မှာတော့ ကျွန်မအနေနဲ အထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်မြို့ကို သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် ယခုလိုသံတမန်တွေကို ရှင်းလင်းပြောကြားမှုတစ်ရပ် ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ကျွန်မတို့ပြည်သူတွေဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးချယ်တင်မြောက်ခဲ့ချိန်မှာ ကျွန်မတို့ကို တာဝန်သုံးရပ် ယုံယုံကြည်ကြည်နဲ့ အပ်နှင်းခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီ စိန်ခေါ်မှု သုံးရပ်စလုံးဟာ လွယ်ကူတဲ့ တာဝန်တွေမဟုတ်သလို ရိုးရှင်းတဲ့ စိန်ခေါ်မှုတွေလည်းမဟုတ်ပါဘူး။ 
ကျွန်မတို့အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာဟာ ရာစုနှစ် တစ်ဝက်လောက် အာဏာရှင်စနစ်အောက်မှာ ရှိနေတဲ့အခြေအနေကနေ ဒီမိုကရေစီကိုကူးပြောင်းရတာဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်မတို့ ပြုစုပျိုးထောင်နေတဲ့ ဒီမိုကရေစီစနစ်ဟာ ဖွံဖြိုးခါစ ရင့်ကျက်ဖို့ လိုသေးတဲ့ မပြည့်စုံသေးတဲ့ အနေအထားပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဆိုတာ ကျွန်မတို့ နိုင်ငံ လွတ်လပ်ရေးရရှိပြီးတဲ့အချိန် ၁၉၄၈ ခုနှစ် ကစပြီး ပေါ်ပေါက်လာခဲ့တဲ့၊ နှစ်ပေါင်း ၇၀ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးစားနေရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ 
ဖွံဖြိုးတိုးတက်မှုဆိုတာဟာ အခု ပြောကြားခဲ့တဲ့အချက်နှစ်ချက်အပေါ်မူတည်ပြီးမှ ရရှိအောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ တန်ဖိုးတွေကို ပြုစုပျိုးထောင်နိုင်မယ်၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်မယ် ဆိုမှသာ ကျွန်မတို့ပြည်သူအားလုံး တန်းတူညီမျှ ရရှိခံစားနိုင်မယ့်၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ 
အားလုံး သိရှိထားပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ရှုပ်ထွေးနက်နဲလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီ ရှုပ်ထွေးနက်နက်မှုတွေနဲ့အတူဒီစိန်ခေါ်မှုတွေကို ကျွန်မတို့အစိုးရအနေနဲ့ အချိန်တိုတိုအတွင်းမှာ ချက်ချင်း ဖြေရှင်းနိုင်မယ်လို့ ထင်မြင်ယူဆထားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ထားမှုတွေကလည်း ရှိနေပြန်ပါတယ်။
ကျွန်မအနေနဲ့ သတိပြုစေချင်တာက ဒီကနေ့ ကျွန်မတို့အစိုးရရဲ့ သက်တမ်းဟာ ဆယ့်ရှစ်လတောင် မပြည့်တတ်သေးဘူး ဆိုတာကိုပါပဲ။ ဆယ့်ရှစ်လကာလဟာလည်း ဒီလကုန်တော့မှ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အများမျှော်လင့်ထားတဲ့ အရာတွေအားလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့၊ အခက်အခဲတွေအားလုံးကိုကျော်လွှားသွားနိုင်ဖို့ ဆယ့်ရှစ်လဆိုတဲ့ အချိန်ကာလဟာ အလွန် တိုတောင်းတဲ့ကာလဖြစ်ပါတယ်။ ဒီလိုပြောတာဟာ ကျွန်မတို့အနေနဲ့ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အပ်နှင်းထားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး လို့ ဆိုလိုတာ မဟုတ်ပါဘူး။ 
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအသိုက်အဝန်းကို ကျွန်မအနေနဲ့ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေနိုင်ငံတွေ၊ ကျွန်မတို့ရဲ့ ကောင်းကျိုးကိုလိုလားတဲ့နိုင်ငံတွေ၊ ကျွန်မတို့ရဲ့ အခက်အခဲတွေကိုနားလည်နိုင်တဲ့နိုင်ငံတွေ၊ ကျွန်မတို့အပေါ်မှာကရုဏာတရား ထားရှိကြတဲ့ နိုင်ငံတွေကို ဒီကနေ့ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတွေ ကြိုးပမ်း ဆောင်ရွက်ထားတယ်ဆိုတာကို မျှဝေအသိပေး ပြောကြားလိုပါတယ်။ 
ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးတစ်ခုလုံးက အလေးထား အာရုံစိုက်နေကြတယ် ဆိုတာကို ကျွန်မအနေနဲ့ ကောင်းစွာသိရှိ နားလည်ပါတယ်။ ပြီးခဲ့တဲ့ နှစ် အထွေထွေညီလာခံမှာ ကျွန်မ ပြောကြားခဲ့သလိုပါပဲ ကမ္ဘာ့မိသားစုဝင် နိုင်ငံတွေကြားမှာ တာဝန်သိတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဝေဖန်ထောက်ပြမှုတွေကို တုန်လှုပ်နေမှာ မဟုတ်ပါဘူး။ဒါ့အပြင် ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံအတွင်းမှာ ရှိတဲ့ လူ့အသိုက်အဝန်းအားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ရပ် ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီရည်မှန်းချက်ပန်းတိုင် ကို ရောက်ရှိအောင် ဆောင်ရွက်သွားမယ့် ကျွန်မတို့ အစီအစဉ်တွေကို ရှင်းလင်းတင်ပြဖို့ ယမန်နှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ 
စိတ်မချမ်းမြေ့စရာကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျွန်မ မိန့်ခွန်းပြောကြားပြီး ဆယ့်ရှစ်ရက်အကြာ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခုကို မွတ်စလင် လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့နဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွေမှာလည်း နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြရတယ်။ ကျေးရွာတွေ မီးလောင်ခဲ့ရတယ်။ အဲဒီဒေသမှာရှိနေတဲ့လူတွေ ထွက်ပြေး စွန့်ခွါကြရပါတယ်။ မွတ်စလင် အတော် များများဟာ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြရပါတယ်။ 
အဲဒီအချိန်ကစပြီး နိုင်ငံတော်အစိုးရအနေနဲ့ အဲ့ဒီဒေသမှာ ငြိမ်းချမ်း တည်ငြိမ်မှုတွေ ပြန်လည် တည်ဆာက်နိုင်အောင်၊ မွတ်စလင်နဲ့ ရခိုင် အသိုက်အဝန်းနှစ်ခုအကြား သဟဇာတဖြစ်မှု မြှင့်တင် နိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ မဖြစ်ပွားခင် အချိန်ကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီတစ်ရပ်ကို ကျွန်မတို့ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ နှစ်ပရိစ္ဆေဒများစွာ ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူ ပြုနိုင်မယ့် ကော်မရှင်တစ်ရပ်ကို ဦးဆောင်ပေးဖို့ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်နေတဲ့ကြားမှာပဲ ပဋိပက္ခတွေ ထပ်ကျော့ ဖြစ်ပေါ်လာတာကို ကျွန်မတို့ မတားဆီးနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံးပါပဲ၊ ကျွန်မတို့ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး မြှင့်တင်မှုတွေ ဆောင်ရွက် ခဲ့ပါတယ်။ 
လပေါင်းများစွာ အခြေအနေတွေတည်ငြိမ်ပြီး ငြိမ်းချမ်းနေတယ်လို့ ထင်ရပြီးတဲ့နောက် သြဂုတ်လ ၂၅ ရက်နေ့မှာ ရဲစခန်းပေါင်း ၃၀နဲ့ တောင်ဘဇာကျေးရွာမှာ ရှိတဲ့ တပ်ရင်း ဌာနချုပ်ကို လက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့ ARSA နဲ့ အပေါင်းအပါတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င) အရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိနေပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြစ်တင်ဝေဖန်မှုတွေကို လျော့ပါးစေဖို့၊ တာဝန်ဝတ္တရားတွေ ကို ရှောင်လွှဲဖို့ ကြိုးစားတာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်တွေ အားလုံးကို ကျွန်မတို့အနေနဲ့ ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံး ပြန်လည်ငြိမ်းချမ်းဖို့၊ ပြန်လည်တည်ငြိမ်ဖို့၊ တရားဥပဒေပြန်လည်စိုးမိုးဖို့ သန္နိဌာန်ချမှတ်ထားတဲ့ အတိုင်း ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ 
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေဖို့၊ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့၊ စစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ ကျင့်ဝတ်တွေကို တိတိကျကျ လိုက်နာဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ 
လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဉပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေမဲ့ ဆောင်ရွက်ချက်တွေအားလုံးကို တရားဉပဒေအရ တိတိကျကျ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
ဒီပဋိပက္ခကြားထဲမှာ ရောက်ရှိနေပြီး ထိခိုက်ခံစားနေရသူ အားလုံးအတွက် ကျွန်မတို့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ နေအိမ်တွေကို စွန့်ခွါတိမ်းရှောင်နေရသူတွေ အများကြီး ရှိပါတယ်။ မွတ်စလင်နဲ့ ရခိုင်တိုင်းရင်းသားတွေတင်မက သူတို့တွေ ရှိနေတယ် ဆိုတာ ကမ္ဘာကြီးက လုံးဝ မသိရှိကြသေးတဲ့ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးတွေလို လူမျိုးစုငယ်လေးတွေ၊ ဟိန္ဒူဘာသာဝင်တွေ ဟာလည်း နေအိမ်တွေကို စွန့်ခွါ တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ၂၇ ရက်နေ့ကစပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေဖြန့်ဝေပေးခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးအပ်မှု အသေးစိတ်ကို ကျွန်မတို့ သံတမန်တွေ သိရှိအောင် ထုတ်ပြန် အသိပေးသွားမှာ ဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို သြဂုတ်လ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာဘဲ တိုက်ခိုက်မှုတွေ စတင်ပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်သွားဖို့ သန္နိဌာန်ချထားပြီးဖြစ်ပါတယ်၊ အချိန်တိုတိုအတွင်း တိုးတက်ကောင်းမွန်အောင် အမြန်ဆုံး ဆောင်ရွက်နိုင်မယ့် အကြံ ပြုချက်တွေကို ဦးစားပေးအကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကျန်တဲ့ အချိန်ယူဖို့လိုတဲ့အကြံပြုချက်တွေကို နောက်ပိုင်းမှာ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ဖွံဖြိုးရေးအတွက် အကျိုး ဖြစ်ထွန်းစေမယ့် အကြံပြုချက်မှန်သမျှကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
အစိုးရအနေနဲ့ အခြေအနေတွေကို ပုံမှန်အနေအထားပြန်လည်ရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ထိတွေ့တိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှုတွေ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း မွတ်စလင် အများအပြားဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂ္လားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရှိရ ပါတယ်။ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် ထွက်ပြေး နေကြတယ် ဆိုတာကို ကျွန်မတို့ ရှာဖွေရမှာ ဖြစ်ပါတယ်။ထွက်ပြေးသွားသူတွေကို သူတို့ ဘာကြောင့် ထွက်ပြေးကြသလဲ ဆိုတာ မေးကြည့်ချင်သလို နေရပ်ကို မစွန့်ခွာဘဲ ကျန်ရစ်နေတဲ့သူတွေကိုလည်း ဘာဖြစ်လို့ ဆက်နေကြတာလဲ ဆိုတာကို မေးမြန်းချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်အများစုဟာ တစ်ဖက်ကိုထွက်မပြေးဘဲ ကျန်ရှိနေတယ်ဆိုတာကို လူတွေသိပ်မသိကြပါဘူး။ မွတ်စလင်ကျေးရွာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်း ကျော်ဟာ ဘယ်မှ မပြေးဘဲ ရှိနေကြပါသေး တယ်။ဘာဖြစ်လို့ ဒီလိုမျိုး နေရစ်ခဲ့ကြတယ် ဆိုတာကို ကျွန်မတို့ သိချင်ပါတယ်။
ဒီအချက်ဟာ ကျွန်မတို့ ဆက်ပြီး ထည့်သွင်းစဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ တစ်နေရာတည်းကို မကြည့်ဘဲ ဘာပြဿနာမှ မဖြစ်ဘဲ ရှိနေကြတဲ့နေရာတွေကိုလည်း ကြည့်မြင်တတ်ဖို့ လိုပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ ဘာဖြစ်လို့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှား နိုင်ကြရတာလဲ။ ဒါ့ကြောင့် သံတမန်အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းတွေနဲ့ သင့်မြတ်စွာ ပေါင်းစည်း နေထိုင်နိုင်ကြတဲ့ မွတ်စလင်တွေကို ကျွန်မတို့နဲ့အတူ လေ့လာကြည့်ဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။ 

ကျွန်မတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်မတို့ကို အသိပေးပါ။ ကျွန်မတို့အနေနဲ့ အဲဒီဒေသတွေကို သွားရောက်နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပြီး အဲဒီလူတွေကို ကိုယ်တိုင် မျက်မြင် တွေ့ဆုံပြီး အနီးအနားပတ်ဝန်းကျင်မှာ ဖရိုဖရဲ ကစဉ့်ကလျား ထွက်ပြေနေကြ ချိန်မှာ သူတို့တွေက ဘာကြောင့် တည်တည်ငြိမ်ငြိမ်နေထိုင်နိုင်သလဲဆိုတာကို မေးမြန်းကြည့်ကြ စေလိုပါတယ်။ 
ကျွန်မတို့ဟာ ပြည်သူတွေရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ လျော့ပါး သက်သာအောင် ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကိုလည်း ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီကြိုးပမ်းမှုတွေထဲကမှ အနည်းငယ်ကိုထုတ်နှုတ်ပြီး ပြောရမယ် ဆိုရင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်လူမှုစီးပွားရေး ဖွံဖြိုး တိုးတက်ရေး(၂၀၁၇-၂၀၂၁) စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ ပုဂ္ဂလိက-အစိုးရ မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကတစ်ဆင့် ဒေသခံပြည်သူအတွက် ရာနဲ့ချီတဲ့ အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။ အလုပ်အကိုင်အသစ်တွေ၊ စီးပွားရေးလုပ်ငန်းသစ်တွေ ဖန်တီးပေးနိုင်မယ့် အထူးစီးပွားရေးဇုန် တစ်ခု ဖန်တီးဖော်ဆောင်ဖို့ ဖြစ်နိုင်ခြေဆန်းစစ်မှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခြေခံအဆောက်အုံဖွံဖြိုး တိုးတက်ရေးဘက်မှာ ဆိုရင်လည်း လျှပ်စစ်မီး ရရှိစေဖို့ တိုးချဲ့ဆောင်ရွက်ပြီးဖြစ်ပြီး ဖြစ်ပါတယ်။ ယခင်ကလှေနဲ့ပဲ သွားရောက်နိုင်တဲ့ ဝေးလံခေါင်ဖျား ဒေသတွေဆီ ကူးလူးဆက်သွယ်သွားရောက်နိုင်မယ့် အမြန်လမ်းမကြီး အပါအဝင် လမ်းအသစ်တွေ၊ တံတားအသစ်တွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေ အားလုံးအတွက် ဘယ်လိုဖိနှိပ်ခွဲခြားမှုမှ မရှိစေဘဲပညာသင်ယူခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက် ကုသခွင့်တွေ ရရှိနေပြီဖြစ်ပါတယ်။ ကျေးလက်ဒေသ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားလာရ ခက်ခဲတဲ့နေရာတွေကိုလည်း ရွေ့လျားဆေးခန်း (mobile clinic) တွေ တည်ထောင်ပေးထားပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းပေါင်း ၃၀ဝ ကို အဆင့်မြှင့်တင်ပေးခဲ့ပြီး အသက်မွေးဝမ်းကျောင်း သင်တန်း၊ နည်းပညာသင်တန်းတို့ကိုလည်း စတင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ မွတ်စလင်ကျောင်းသား တွေကို မည်သည့်ခွဲခြားဖိနှိပ်မှုမျှမရှိဘဲ အဆင့်မြင့် ပညာသင်ကြားခွင့် ရရှိနေပြီဖြစ်ပါတယ်။
မကြာသေးမီက တိုက်ခိုက်မှုဖြစ်ပွားမှု မတိုင်ခင် သြဂုတ်လ ၂၅ ရက်က အဆိုပါဒေသရှိ အဖွဲ့အစည်း အားလုံးထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း ပဋိပက္ခရာဖြစ်ပွားရာနေရာ ၉၅ ရာခိုင်နှုန်းအထိရောက်ရှိပြီးဖြစ်ပါတယ်။ ဒေသမှာ နေထိုင်နေသူ အားလုံးကို စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်လျက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ယနေ့ဆောင်ရွက်လျက်ရှိပါတယ်။
ဒီဒေသမှာရှိတဲ့ ပြည်သူများအားလုံးကို စောင့်ရှောက်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများကို ထပ်မံ ဆောင်ရွက်လျက်ရှိပါတယ်။ နေရပ်ဒေသ စွန့်ခွာသူများနှင့် စပ်လျဉ်းပြီး အိမ်များ ဆောက်လုပ်ခြင်း အပါအဝင် အခြားလိုအပ်တဲ့ အကူအညီများ ပေးအပ်ခဲ့ပြီးနောက် စခန်း ၃ ခု ကို ပိတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီဒေသတွေမှာ ဆောင်ရွက်စရာတွေ အများကြီး ရှိနေတယ်ဆိုတာကို သိပါတယ်၊ အဲ့ဒါတွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံသားစိစစ်မှုလုပ်ငန်းအတွက် လုပ်ငန်းစီမံချက် ချမှတ်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်ဟာ အသိုက်အဝန်းအားလုံးက ပူးပေါင်းဆောင်ရွက်မှု လိုအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အချို့ မွတ်စလင် အသိုက်အဝန်းရဲ့ အကြီးအကဲတွေက ဒီလုပ်ငန်းစဉ်မှာ မပါဝင်ဖို့ တိုက်တွန်း ပြောကြားတာတွေ ရှိပါတယ်။ ဒါ့ကြောင့် မိတ်ဆွေများအနေနဲ့ သူတို့ကို ဒီလုပ်ငန်းစဉ်မှာ ပါဝင်လာအောင် တိုက်တွန်း ပြောကြားစေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်လာခြင်းဖြင့် သူတို့မှာ ဆုံးရှုံးစရာ ဘာမှ မရှိလို့ပါပဲ။ ဘာသာပေါင်းစုံအဖွဲ့တွေမှ တစ်ဆင့် လူ့အသိုက်အဝန်းတွေအကြား သဟဇာတရှိရှိ နေထိုင်နိုင်ဖို့အတွက် ဆောင်ရွက်မှုများလည်း ပြုလုပ်နေပါတယ်။ ကျောင်းတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ပြည်သူ့ရေးရာနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတဖြစ်မှုတို့ကို ပိုမို နားလည်စေမယ့် သင်ရိုးညွှန်းတမ်းတွေကိုလည်း စတင် သင်ကြားပေးနေပြီ ဖြစ်ပါတယ်။ 
အလားတူပဲ FM Radio လိုင်း တစ်ခုထားပြီး ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသား စိစစ်ရေးဆိုင်ရာ အချက်အလက်တွေ ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာ၊ ရခိုင်နဲ့ ဘင်္ဂ࿿ါလီဘာသာစကားတွေနဲ့ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်များရဲ့ အရည်အချင်းနဲ့ အရည်အသွေး မြှင့်တင်ရေးအတွက် သင်တန်းတွေကို EU, UN တို့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပြည်တွင်း/ပြည်ပ မီဒီယာများဟာ အဲ့ဒီဒေသတွေမှာ သွားရောက် သတင်းယူမှုများ ပြုလုပ်နေကြပါတယ်။ အရင်က သွားခွင့်မရှိတဲ့နေရာတွေကိုပါ သွားခိုင်းနေပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းမှာလည်း မီဒီယာအဖွဲ့တွေကို အဲဒီဒေသတွေကို သွားလာခွင့်ပြုထားပါတယ်။
တစ်ဖက်မှာလည်း အစိုးရအနေနဲ့ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံနဲ့ ထိတွေ့မှုများ ဆက်လက် ပြုလုပ်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ကို ဘင်္ဂ္လားဒေ့ရှ်နိုင်ငံကို ဒီနှစ် ဇန်နဝါရီလနဲ့ ဇူလိုင်လတို့မှာ စေလွှတ်ခဲ့ပါတယ်။ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ ဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအနေနဲ့ မိမိတို့ဆီကို လာရောက်လည်ပတ်ဖို့ ရှိသော်လည်း သူ့ဘက်မှာ အခြားကိစ္စတွေ ပေါ်ပေါက်လာတဲ့အတွက် ခရီးစဉ်ကို ခေတ္တရွှေ့ဆိုင်းထားပါတယ်။ သူ့အနေနဲ့ အချိန်မရွေး လာရောက်နိုင်အောင် မိမိတို့က စီစဉ်ထားပါတယ်။ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အနေနဲ့ နယ်စပ်ဒေသ လုံခြံုရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ 
မြန်မာဘက်ကနေ ဘင်္ဂ္လားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ တိုက်တွန်းပြောကြားထားတာ ရှိပါတယ်။ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ အမှန်တစ်ကယ် နေထိုင်ခဲ့ကြောင်း စိစစ်မှုလုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ကျွန်မတို့ ပြင်ဆင်ထားပါတယ်။ နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက် တွေကို မူတည်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တစ်ခု ထူထောင်ထားပြီး ဖြစ်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိပါတယ်။ အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာမှာ ဖြစ်ပါတယ်။ 
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြောကြားထားတဲ့အတိုင်း ကျွန်မတို့အနေနဲ့ အဆိုပါ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်လို့ ဆန်းစစ်အတည်ပြုနိုင်တဲ့သူတွေ အားလုံးကို ပြန်လည်လက်ခံဖို့ အသင့်ရှိပါတယ်။ လုံခြံုရေး နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့တွေ လက်ခံရရှိနိုင်ရေးအတွက်လည်း အာမခံပါတယ်။
မိတ်ဆွေတွေအနေနဲ့ ကျေးရွာတွေမှာရှိတဲ့ အိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု နဲ့ ဒုက္ခသည်များ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေ ဖြစ်နေတယ်ဆိုတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မပြောခဲ့သလို စက်တင်ဘာ ၅ ရက်နေ့ကတည်းက တိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှုတွေ မရှိတော့ပါဘူး၊ ကျွန်မတို့အနေနဲ့လည်း တကယ်တမ်း ပြဿနာ အရင်းအမြစ်ကို သိချင်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ စွပ်စွဲမှုတွေ နဲ့ တန်ပြန်စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါတွေအားလုံးကို နားထောင်ဖို့လိုပါတယ်။ အရေးယူမှုတွေ မပြုလုပ်ခင် အဲဒီ စွပ်စွဲမှုတွေမှာ ခိုင်မာတဲ့အကြောင်းအရာတွေရှိဖို့ လိုပါတယ်။ အရေးယူမှုတွေ ပြုလုပ်တဲ့အခါ ဘာသာ၊ လူမျိုး၊ ရာထူးစတာတွေကို ငဲ့ညာမှာမဟုတ်ဘဲ ဒီမြေရဲ့ ဥပဒေကိုဆန့်ကျင်သူများ၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူသွားမှာ ဖြစ်ပါတယ်။ 
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ သက်ညှာမှုမရှိခဲ့ပါဘူး၊ ကျွန်မတို့အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်ရေးအတွက် ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။ အသိုက်အဝန်း တစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံ နယ်နိမိတ်အတွင်းမှာနေထိုင်တဲ့ လူများအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ်မှာရှိတဲ့ ပြဿနာတွေကို အာရုံစိုက်ဖြေရှင်းနေသလို ကျွန်မတို့အတွက် နိုင်ငံရဲ့ အနောက်ပိုင်းမှာ ရှိတဲ့ ပြဿနာလိုဘဲ အရေးကြီးတဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။ 
ကျွန်မတို့အနေနဲ့ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ အဲဒီငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ပြီး သာတူညီမျှ တပြေးညီ အကျိုး ဖြစ်ထွန်း စေမယ့် ဖွံ့ဖြိုးရေးကို အကျိုးပြုရမှာဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ ပါဝင် ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်လိုပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ကျွန်မတို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ 
ပြီးခဲ့တဲ့နှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဆက်လက်ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် အခက်အခဲတချို့လဲ ရှိနေပါတယ်။ ကျွန်မအနေနဲ့ မအံ့သြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တွေ့နေကြ အချက်တွေပဲ ဖြစ်ပါတယ်။ တခါတရံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ရပ်တန့်နေတာ၊ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာ ၊ တခါတရံမှာ အားလုံးတစစီပြိုကွဲ ပျက်စီးသွားတာမျိုးတွေ တွေ့ရမှာဖြစ်ပါတယ်။ 
ကျွန်မတို့အနေနဲ့တော့ အားလုံးကိုကျော်လွှားနိုင်ပြီး ရှေ့ကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးဟာ စစ်ကိုမုန်းတီးနေပြီး ငြိမ်းချမ်းမှုကို လိုချင်ကြပါတယ်၊ ကျွန်မတို့ ပဋိပက္ခတွေ မလိုလားဘူး။ သဟဇာတရှိရှိနေထိုင်သွားဖို့ကို လိုလားလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး လိုလားတဲ့ မျှော်မှန်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ သဟဇာတရှိရှိနေထိုင်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဆိုတာဟာ ကြီးကျယ်ခမ်းနားတဲ့ အာဂျင်ဒါ မဟုတ်ပေမယ့် လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။
ကျွန်မတို့နိုင်ငံရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ရှေ့ဆက်ဆောင်ရွက်ရာမှာ ကျွန်မတို့ရဲ့ မိတ်ဆွေများအနေနဲ့ ကျွန်မတို့ကို နားလည်သဘောပေါက်ပြီး ကျွန်မတို့နဲ့ လက်တွဲဆောင်ရွက်ပါလို့ ပြောကြားလိုပါတယ်။ ကျွန်မတို့အတွက် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုများနဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတရှိမှုကို ရရှိနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရာမှာ ပါဝင်ဘို့ တိုက်တွန်းလိုပါတယ်။ 
တစ်နိုင်ငံလုံးအတွက် စဉ်းစားစေချင်ပါတယ်၊ နေရာဒေသတစ်ခုတည်းကို ကွက်ပြီး စဉ်းစားတာမျိုး မဖြစ်စေချင်ပါဘူး၊ တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်မှသာ တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။ 
ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တင်စားလိုပါတယ်၊ နာမကျန်းဖြစ်တဲ့ နေရာတစ်ခုတည်းကို ကုစားဖို့အတွက် အထွေထွေကျန်းမာရေးအခြေအနေတွေကို လစ်လျူရှုထားလို့မရပါဘူး။
ကျန်းမာရေးကို တင်စားရတာကတော့ ကျန်းမာရေးကဏ္ဍဍဟာ ကျွန်မတို့ အစိုးရတာဝန်ယူပြီးတဲ့ အချိန်ကစပြီး ယနေ့အထိ အထူးအောင်မြင်မှုရရှိနေတဲ့ကဏ္ဍဍဖြစ်လို့ပါပဲ၊ လူထုကျန်းမာရေးကို အာရုံစိုက် ဆောင်ရွက်နေရင်းနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်တယ် ဆိုတာကို သိလာရပါတယ်။ 
ဥပမာအားဖြင့် တစ်နှစ်အတွင်းမှာ အိတ်ချ်အိုင်ဗွီကြောင့် သေဆုံးနှုန်းကို တစ်ဝက်လျော့ချနိုင်ခဲ့ပါတယ်၊ အဲဒီလိုလျော့ချနိုင်တာဟာ အိတ်ချ်အိုင်ဗွီ ရောဂါတစ်ခုတည်းကို အာရုံစိုက် ကုစားလို့အဟုတ်ဘဲ လူထုကျန်းမာရေးတစ်ခုလုံးကို ရှေ့ရှုဆောင်ရွက်ခဲ့လို့ဖြစ်ပါတယ်။ 
အဲဒီ ဥပမာလိုပါပဲ၊ ကျွန်မတို့ နိုင်ငံကို တစ်နိုင်ငံလုံးအနေအထားကို ခြုံငုံစဉ်းစားစေလိုပါတယ်၊ ကျွန်မတို့ နိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ဟာ နုနယ်ပြီး ထိလွယ်ခိုက်လွယ်တဲ့အနေအထားဖြစ်ပါတယ်။ အဲ့ဒီအပြင် အခက်အခဲများစွာကိုလည်း ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက် ဂရုစိုက်ဆောင်ရွက်သလိုဘဲ ပြဿနာ တစ်ချို့သာမက အဲဒီအခြေအနေတွေအားလုံးကိုကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ပိုပြီးတော့ ဆန်းသစ်တဲ့၊ ပိုမိုရဲရင့်တဲ့ နည်းလမ်းသစ်တွေ၊ အဖြေတွေကို ရှာဖွေရာမှာ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ကြားလိုပါတယ်။ ပြဿနာတွေကို မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်သေးရင် အဲဒီပြဿနာတွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကျွန်မတို့ ပြည်သူတွေရဲ့ခံစားနေရတာတွေ ပိုပြီးကြာရှည်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ပြည်သူတွေခံစားရတာတွေကို အမြန်ဆုံး ကျော်လွန်သွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ 
ကျွန်မတို့အနေနဲ့ နိုင်ငံအတွင်း၊ နိုင်ငံရဲ့ နယ်နိမိတ်အတွင်းနေထိုင်သူတွေအားလုံး လုံခြုံအေးချမ်း သာယာဝပြောစွာ နေနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ဟာ ကြီးမားတဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်၊ ဒါပေမယ့် အောင်မြင်အောင်ဆောင်ရွက်ရမှာမဖြစ်နိုင်တဲ့ မျှော်မှန်းချက်တော့ဟုတ်ပါဘူး။
ကျွန်မတို့အားလုံးလက်တွဲဆောင်ရွက်ရမှာဖြစ်ပြီးတော့ အစိုးရအပါအဝင် ဒီနိုင်ငံအတွင်းမှာ ရှိတဲ့ လူတစ်ဦးချင်းစီမှာ ဒီတာဝန်ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ကျွန်မတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုမှာ ပါဝင်ကူညီဖို့ ဖိတ်ကြားလိုပါတယ်။ ပြဿနာတွေရှိတဲ့ကြားထဲက အဲဒီပြဿနာတွေကို ဖြေရှင်းပြီး ကျန်းမာတဲ့၊ သန်မာတဲ့၊ ရှေ့အနာဂတ်ကို မျှော်မှန်းချက်များနဲ့အညီ လုံခြုံတဲ့ အနာဂတ်ဆီကို လျောက်လှမ်းနိုင်မယ့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်သွားတဲ့နေရာမှာ ပါဝင်ဖို့ ဖိတ်ကြား လိုပါတယ်။ 
ကျွန်မအနေနဲ့ သံတမန်အသိုင်းအဝန်းနဲ့ အခုလို တွေ့ဆုံတဲ့အခါမှာ ကိစ္စတစ်ခုလောက်သာ မီးမောင်းထိုးပြရတာကို အားမရပါဘူး။ ဒါ့ကြောင့် ကျွန်မတိုက်တွန်းလိုတာက ကျွန်မတို့ကို မိတ်ဆွေတို့ရဲ့အမြင်ကိုပြောပါ၊ ဆွေးနွေးပါ ၊ ကျွန်မတို့နဲ့အတူ ပြဿနာဖြစ်နေတဲ့ထဲက နေရာကို လုံခြုံစိတ်ချရတဲ့ နေရာကို လိုက်ကြည့်ပါ။ ကိုယ်တိုင် ဘာတွေဖြစ်နေတယ် ဆိုတာကို ကိုယ်တိုင်လေ့လာပါ။ ပြီးတော့ ဒီပြဿနာများကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ 
အဲဒီနေရာမှာ တိုက်တွန်းလိုတာက ဒီလို ပြဿနာရှိနေတဲ့ ဒေသမှာ တောင် အချို့လူတွေဟာ တစ်ဦးနဲ့ တဉီး ရန်လို မှုမရှိဘဲ သဟဇာတ နေနိုင်ကြတယ်။ ဘာကြောင့် အဲ့ဒီလို နေနိုင်သလဲ ဆိုတာကို သုံးသပ်ပါ၊ အဲဒီလိုလော့လာ သုံးသပ်မှုကနေ ကျွန်မတို့လိုချင်တဲ့ အဖြေကို ရရှိလာပါလိမ့်မယ်။ 
အဲဒီလိုလုပ်တာဟာ မကောင်းတဲ့အခြေအနေကို ဖယ်ရှားလိုက်တာ တစ်ခုတည်းမဟုတ်ဘဲ အပြုသဘော ဆောင်တဲ့အနေအထားတွေကို မြှင့်တင်ပေးရာမှာဖြစ်ပါတယ်။ အပျက်သဘောကို ဖယ်ရှားပြီး အပြုသဘောကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ကျွန်မတို့အနေနဲ့ မိတ်ဆွေတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားလိုပါတယ်။ 
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးအနေနဲ့ လူသားချင်းစာနာမှု အထောက်အပံ့ပေးမှု အစီအစဉ်ကို ခေါင်းဆောင်ပြီး ဆောင်ရွက်နေပါတယ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေနဲ့ ပူးပေါင်းပါဝင်နေတဲ့အတွက် ဝမ်းသာပါတယ်။ အခြားပါဝင်လိုသူတွေ ကိုလည်း ကြိုဆိုပါတယ်။
ငွေအား၊ လူအလား၊ ပစ္စည်းအား နဲ့ ပါဝင်လှုဒါန်းမှုတွေ အများကြီးရရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ အဲဒီ လှုဒါန်းမှုကူညီမှုများအားလုံးကို ရခိုင်ပြည်နယ်မှာ ရှိတဲ့ အသိုက်အဝန်းအားလုံးအတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး အသုံးချသွားနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 
ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးယုံကြည်မှုတွေကြောင့် အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံ မဖြစ်စေလိုပါဘူး၊ ကျွန်မတို့အနေနဲ့ မတူကွဲပြားမှုများကို အခြေပြုတဲ့ အခွင့်အရေးများကို ခံစားခွင့် ၊ ဘဝကို မိမိယုံကြည်မှုနံ လျောက်လှမ်းခွင့် ရှိပါတယ်၊ ဒါပေမယ့် ကျွန်မတို့ဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ နိုင်ငံတစ်နိုင်ငံထဲမှ နေထိုင်ကြလို့ဖြစ်ပါတယ်။ 
ကျွန်မတို့ဟာ နိုင်ငံတစ်နိုင်ငံနဲ့ သက်ဆိုင်ရင် ဒီကမ္ဘာနဲ့လည်းသက်ဆိုင်ပါတယ်။ အဲဒီအချက်ကြောင့်ဘဲ ကျွန်မတို့ဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဍကို နိုင်ငံများ စုဝေးရာအဖြစ် ယုံကြည်လက်ခံပြီး ငြိမ်းချမ်းမှု နဲ့ သဟဇာတရှိမှုကို မြှင့်တင်နိုင်အောင် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ခံစားခဲ့ရမှုမျိုးတွေ ထပ်မံ မဖြစ်ပေါ်လာအောင်အတွက် ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂကို တည်ထောင်မှုဟာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့အတွက် တည်ထောင် ခဲ့တာဖြစ်ပါတယ်။ 
ဒါ့ကြောင့် ကျွန်မတို့ ဒီနေ့တွေ့ဆုံမှုဟာ ထိရောက်တဲ့ ခိုင်မာတဲ့ လှုပ်ရှားမှုတစ်ရပ်ရဲ့ အစလို့ ကျွန်မ ယူဆပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ပဋိပက္ခတွေအားလုံး အဆုံးသတ်နိုင်ဖို့အတွက် လို့မြင်ပါတယ်။ 
ကျွန်မတို့ နိုင်ငံရဲ့ အသိုက်အဝန်းများအကြား၊ ပြည်သူများအကြား၊ ရှေ့ကိုဘယ်လို ဆက်လျောက်မလဲ ဆိုတဲ့အပေါ် အမြင်အယူအဆ မတူညီမှုများအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့လို့ မျှော်လင့်ပါတယ်။
အမြင်အယူအဆ မတူညီမှုများအကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခကတော့ အမြင်ကျယ်ကျယ်နဲ့ အချင်းချင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားနိုင်ပါတယ်။ မေတ္တာထားရှိခြင်းနဲ့ ရဲရင့်မှုဟာ အခြားသူတို့ရဲ့ စိတ်ထားကို မြင်တွေ့နိုင်သလို ယင်းကို အခြေခံ၍ အခြားသူများကလည်း မိမိတို့ရဲ့ စိတ်ထားကို သိရှိနိုင်ပါတယ်။ 
စကားလုံးတွေ၊ ခံစားချက်တွေ၊ လက်နက်တွေနဲ့ အချင်းချင်း တိုက်ခိုက်နေခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ အကူအညီလဲပြုမှာမဟုတ်ပါဘူး၊ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုဟာ ကမ္ဘာပေါ်မှာ ပြဿနာများရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုများကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားနိုင်မှသာ စစ်ပွဲတွေ၊ ပဋိပက္ခတွေကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်၊ ကျွန်မတို့ နိုင်ငံကရော ကမ္ဘာပေါ်ကရော ဖြစ်ပါတယ်။ 
အားလုံးသိကြတဲ့အတိုင်း လတ်တလောအခြေအနေမှာ စွပ်စွဲမှုတွေနဲ့ တန်ပြန် စွပ်စွဲမှုတွေ ဖြစ်နေပါတယ်၊ ကျွန်မအနေနဲ့ ဘယ်ဘက်ကိုမှ လိုက်မှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မယုံကြည်တာက တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ သဟဇာတရှိမှုကို မြှင့်တင်ပေးဖို့အတွက် ဖြစ်လို့ ပါပဲ။
မိတ်ဆွေတို့အနေနဲ့ နားလည်နိုင်မယ်၊ ကျွန်မတို့နဲ့ လက်တွဲဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မပြောခဲ့သလို ယခုအခမ်းအနားဟာ သံတမန်အသိုင်းအဝိုင်းကို ကျွန်မတို့ ဘာတွေ ကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာကို သိရှိအောင်ပြောကြားဖို့အတွက် ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ်တမ်း ကျတော့ သံတမန်တွေကို ရှင်းလင်းပြောကြားမှုထက် ပိုပါတယ်။
မြန်မာနိုင်ငံအပေါ် စေတနာထားတဲ့သူတွေကို ရင်းရင်းနှီးနှီး ဖိတ်ခေါ်တာဖြစ်ပါတယ်။ ကျွန်မတို့ ရည်ရွယ်ချက်တွေအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံတည်းအတွက်သာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ အလားတူ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်မယ်ဆိုတာကို အားလုံးက သဘောတူလက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

အားလုံးကို ကျေးဇူးတင်ပါတယ်။


Ref:https://www.facebook.com/state.counsellor/



AUNG SAN SUU KYI SAYS MYANMAR DOES NOT FEAR SCRUTINY OVER ROHINGYA CRISIS!

Image may contain: 1 person

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်များ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြခြင်းကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ ရင်ဆိုင်နေရချိန်တွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအစိုးရကို ကာကွယ်ပြောကြားလိုက်သည်။
မွတ်စလင် ကျေးရွာ တဝက်ကျော် အရာမယွင်း ရှိနေသေးကြောင်း ယနေ့မနက်က နိုင်ငံတကာ သံတမန်များ ရှေ့မှောက်တွင် ပြောကြားသော မိန့်ခွန်း၌ သူက ပြောသည်။
ရခိုင်ပြည်နယ် အရေးသည် သူ ရင်ဆိုင်နေရသော ပြဿနာများ အနက်တခုမျှသာ ဖြစ်သည် ဟုဆိုသည်။
“ကျမတို့ နိုင်ငံဟာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရတဲ့ နုငယ်သေးပြီး ထိခိုက်လွယ်တဲ့ နိုင်ငံပါ။ ဒါတွေ အားလုံးကို ဖြေရှင်းရမယ်။ တချို့သော ပြဿနာတွေကိုပဲ အာရုံစိုက်နေလို့ မရဘူး” ဟု သူက ပြောသည်။
မြန်မာလုံခြုံရေး တပ်များကို မွတ်စလင် စစ်သွေးကြွများက ဩဂုတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်ပြီးနောက် ၄၁၇၀၀၀ ကျော် ကျေးရွာများမှ ထွက်ပြေးရသည်။
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသူများက လုံခြုံရေးတပ်များနှင့် ဗုဒ္ဓဘာသာဝင် လူအုပ်က သူတို့ကို တိုက်ခိုက်သည် ဟု ယင်းဒေသတွင် ရောက်နေသည့် မီဒီယာများကို ပြော ဆိုသည်။
သို့သော် ကျေးရွာ ထက်ဝက်ကျော်မှာ ထွက်ပြေးခြင်း မရှိသောကြောင့် ထွက်ပြေးသူများ မည်သည့်အကြောင်းရင်းကြောင့် ထွက်ပြေးကြရသည်နှင့် ထွက်မပြေးသူမြား မည်သည်ကြောင့် ထွက်မပြေးရကြောင်း ရှာဖွေသိရှိရန် အစိုးရနှင့် အတူ သွားရောက် လေ့လာရန်လည်း ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို ဖိတ်ခေါ်သည်။
“ကျမတို့လည်း စိုးရိမ်နေတယ်။ ပြဿနာ အစစ်အမှန်ဟာ ဘာလဲ ဆိုတာ ကျမတို့ ရှာဖွေချင်တယ်။ စွပ်စွဲတာတွေ၊ အပြန်အလှန် ထိုးချတာတွေ ဖြစ်နေတယ်။ ဒါတွေအားလုံးကို ကျမတို့ နားထောင်ရတယ်။ အရေးယူ ဆောင်ရွက်တာ မလုပ်မီ ဒီစွပ်စွဲချက်တွေဟာ ခိုင်မာတဲ့ အထောက်အထားကို အခြေခံလား ဆိုတာ စိစစ်ရတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝန်း၏ ဆန်းစစ် စိစစ်မှုကို မကြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုံး ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ပထမဆုံးအကြိမ် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြောကြားသောသူ၏ မိန့်ခွန်းတွင် ပြောသည်။
“တခြားသူတွေကို အပြစ်ပုံချဖို့၊ တာဝန်ကို ပစ်ပယ်ဖို့ ဆိုတာ မြန်မာအစိုးရရဲ့ ရည်မှန်းချက် မဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံး၊ ဥပဒေနဲ့ မညီတဲ့ အကြမ်းဖက်မှု အားလုံးကို ကျမတို့ ရှုတ်ချတယ်” ဟု သူက ပြောသည်။
“ကျမတို့ဟာ တနိုင်ငံလုံးမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ပြန်လည် ရရှိအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု သူက ပြောသည်။
လွန်ခဲ့သောလက အကြမ်းဖက်မှုကြောင့် ထွက်ပြေးကြသော မွတ်စလင်များကို ပြန်လည် စစ်ဆေးပြီး ပြန်ခွင့်ရှိသူများကို ကူညီရန် မြန်မာနိုင်ငံက အချိန်မရွေး အသင့်ရှိသည် ဟု သူက ပြောသည်။
“အချိန်မရွေး စိစစ်ပေးဖို့ ပြင်ဆင်ထားတယ်” ဟု ဘင်္ဂလားဒေ့ရှ်သို့ မကြုံစဖူး အထူးများပြားစွာ ထွက်ပြေးသူများကို ရည်ရွယ် ပြောကြားသော်လည်း ဒုက္ခသည် အားလုံး ပြန်လာရေးကို အာမခံချက် မပေးပေ။ လူ ၄၁၇၀၀၀ခန့် ဘင်္ဂလားဒေ့ရှ်သိုထွက်ပြေးသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသော်လည်း စာရင်းအတိအကျ ကောက်ယူနိုင်ခြင်း မရှိသေးပေ။
မီးရှို့ခြင်း၊ သိမ်းကျုံးသတ်ဖြတ်ခြင်း စသဖြင့် နိုင်ငံတကာက စွပ်စွဲခံနေရသော တပ်မတော်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် သာမန်ပြည်သူတို့၏ အသက်အိုးအိမ်များ မထိခိုက်အောင် လုပ်ဆောင်ရန် ညွှန်ကြားထားသည် ဟု သူက ပြောသည်။
မိန့်ခွန်း၌ ARSA အကြမ်းဖက်အဖွဲ့ကို ရည်ညွှန်းရန် ရိုဟင်ဂျာအမည်ကို တကြိမ်သာ သုံးစွဲသည်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်သူ မည်သူ့ကို မဆို ဥပဒေနှင့် ရင်ဆိုင်ရမည် ဟုလည်း သူက ပြောသည်။
လွန်ခဲ့သော သီတင်းပတ် ၃ ပတ်နီးပါး အတွင်း နိုင်ငံတကာ သတင်းဌာနများ၌ ရခိုင်ပြည်နယ် အကျပ်အတည်းသည် ခေါင်းစဉ်သတင်းများ အဖြစ် လွှမ်းမိုးထားပြီး နောက် ယခုမိန့်ခွန်းမှာ အားလုံး စောင့်မျှော်နေသော မိန့်ခွန်းဖြစ်သည်။
မိန့်ခွန်း၏ အဓိကအချက်များမှာ –
“မြန်မာနိုင်ငံဟာ ရှုပ်ထွေးသော နိုင်ငံတခု ဖြစ်တယ်။ အစိုးရက စိန်ခေါ်မှုများ အားလုံးကို တတ်နိုင်သမျှ ချိန်တိုအတွင်း ကျော်လွှားနိုင်မယ် လို့ အားလုံးက မျှော်လင့်နေကြတယ်”
“ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ ပြည်တွင်းစစ် နှစ် ၇၀ နီးပါးကြာမှ ကျမတို့ရခဲ့တဲ့ အရာပါ”
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျမတို့ ရှုတ်ချတယ်။ ကျမတို့ဟာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်”
“မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆန်းစစ်စိစစ်မှုကို မကြောက်ဘူး။ ရခိုင်ပြည်နယ်မှာ ရေရှည် အတွက် အဖြေ ရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်”
“ရခိုင်ပြည်နယ်က အုပ်စုအားလုံး ခံစားနေရတာတွေ အတွက် ကျမတို့ အရမ်းစိုးရိမ်နေတယ်။ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတာကို ကြားရလို့ ပူပန်မိတယ်”
“ဒီလို အစုလိုက်အပြုံလိုက် ဘာကြောင့် ပြေးရတာလဲ ကျမတို့ သိချင်တယ်။ ထွက်ပြေးသွားသူတွေနဲ့ ကျမတို့ စကားပြောချင်တယ်”

“ငြိမ်းချမ်းတည်ငြိမ်မှု ရဖို့၊ ရခိုင်ပြည်နယ် အသိုင်းအဝန်းတွေ သဟဇာတ ဖြစ်ဖို့ အစိုးရက အစွမ်းကုန် လုပ်ဆောင်နေတယ်”
“မွတ်စလင်ရွာသားတွေ အများကြီးရှိသေးတယ်။ အားလုံး ထွက်ပြေးတာ မဟုတ်ဘူး။ နိုင်ငံတကာ အသိုင်းအဝန်း အဲဒီကို သွားဖို့ ဖိတ်ကြားလိုက် ပါတယ်”
“စွပ်စွဲချပ်တွေ အပြန်အလှန် ထိုးချတာတွေ ရှိနေတယ်။ အားလုံးကို နားထောင်ရမယ်။ လူမျိုးဘာသာ မရွေး အပြစ်ရှိသူကို အရေးယူရမယ်”
“ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဖို့ ဗဟိုကော်မတီ တရပ်ကို ကျမတို့ ဖွဲ့စည်းထားပါတယ်”
“ရခိုင်ပြည်နယ်မှာ ကာလကြာမြင့်စွာ ဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာတဲ့ ကော်မရှင်ကို ဦးဆောင်ဖို့ ဒေါက်တာ ကိုဖီအာနန်ကို ကျမတို့ ဖိတ်ကြားခဲ့ပါတယ်”
“မနှစ်က တနှစ်လုံး ကျမတို့ရဲ့ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးထူထောင်ဖို့ အစီအစဉ်တွေ ဆောင်ရွက်ခဲ့တယ်။”
“နိုင်ငံတကာ အနေနဲ့ ကျမတို့နိုင်ငံကို ပြဿနာဖြစ်တဲ့ နေရာတခုပဲ ကွက်မစဉ်းစားဘဲ တနိုင်ငံလုံး အနေနဲ့ စဉ်းစား သုံးသပ် စေချင်တယ်”
“မြန်မာနိုင်ငံဟာ ပြန်လာချင်သူတွေ အတွက် ဒုက္ခသည် စိစစ်ရေး လုပ်ငန်းစဉ် စတင်ဖို့ ပြင်ဆင်ထားတယ်”
ဒေါ်အောင်ဆန်းစုကြည်၏ ယခု မိန့်ခွန်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်း ပြောရန် တရက်အလိုတွင် ဖြစ်သောကြောင့် နိုင်ငံတကာ ဖိအားများ မြန်မာနိုင်ငံအပေါ် လျော့ပါးသွားစေရေး ရည်ရွယ်ပုံရသည်။
မိန့်ခွန်းမှာ မြင့်တက်လာနေသော စိတ်လှုပ်ရှားမှုများအား ကျေနပ်နှစ်သိမ့်စရာ တစိတ်တပိုင်းဖြစ်ဖွယ်ရှိသော်လည်း မိန့်ခွန်းပါ အစီအစဉ်များကို နောက်ဆက်တွဲ အကောင်အထည်ဖော်ရေး အသေးစိတ်ဆောင်ရွက်ရန်မှာမူ နှစ်ဘက် လူမျိုးစု အသိုင်းအဝိုင်းကြား အပြန်အလှန် မယုံကြည်မှု မြင့်မားနေပြီး လုံခြုံရေးအရ စိုးရိမ်ဖွယ် ရှိနေသေးသော အခြေအနေတွင် လုံးဝ မလွယ်ကူသေးပေ။


Zaw Gyi Version..

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်များ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြခြင်းကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ ရင်ဆိုင်နေရချိန်တွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအစိုးရကို ကာကွယ်ပြောကြားလိုက်သည်။
မွတ်စလင် ကျေးရွာ တဝက်ကျော် အရာမယွင်း ရှိနေသေးကြောင်း ယနေ့မနက်က နိုင်ငံတကာ သံတမန်များ ရှေ့မှောက်တွင် ပြောကြားသော မိန့်ခွန်း၌ သူက ပြောသည်။
ရခိုင်ပြည်နယ် အရေးသည် သူ ရင်ဆိုင်နေရသော ပြဿနာများ အနက်တခုမျှသာ ဖြစ်သည် ဟုဆိုသည်။
“ကျမတို့ နိုင်ငံဟာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရတဲ့ နုငယ်သေးပြီး ထိခိုက်လွယ်တဲ့ နိုင်ငံပါ။ ဒါတွေ အားလုံးကို ဖြေရှင်းရမယ်။ တချို့သော ပြဿနာတွေကိုပဲ အာရုံစိုက်နေလို့ မရဘူး” ဟု သူက ပြောသည်။
မြန်မာလုံခြုံရေး တပ်များကို မွတ်စလင် စစ်သွေးကြွများက ဩဂုတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်ပြီးနောက် ၄၁၇၀ဝဝ ကျော် ကျေးရွာများမှ ထွက်ပြေးရသည်။
ဘင်္ဂ္လားဒေ့ရှ်သို့ ထွက်ပြေးကြသူများက လုံခြုံရေးတပ်များနှင့် ဗုဒ္ဓဘာသာဝင် လူအုပ်က သူတို့ကို တိုက်ခိုက်သည် ဟု ယင်းဒေသတွင် ရောက်နေသည့် မီဒီယာများကို ပြော ဆိုသည်။
သို့သော် ကျေးရွာ ထက်ဝက်ကျော်မှာ ထွက်ပြေးခြင်း မရှိသောကြောင့် ထွက်ပြေးသူများ မည်သည့်အကြောင်းရင်းကြောင့် ထွက်ပြေးကြရသည်နှင့် ထွက်မပြေးသူမြား မည်သည်ကြောင့် ထွက်မပြေးရကြောင်း ရှာဖွေသိရှိရန် အစိုးရနှင့် အတူ သွားရောက် လေ့လာရန်လည်း ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို ဖိတ်ခေါ်သည်။
“ကျမတို့လည်း စိုးရိမ်နေတယ်။ ပြဿနာ အစစ်အမှန်ဟာ ဘာလဲ ဆိုတာ ကျမတို့ ရှာဖွေချင်တယ်။ စွပ်စွဲတာတွေ၊ အပြန်အလှန် ထိုးချတာတွေ ဖြစ်နေတယ်။ ဒါတွေအားလုံးကို ကျမတို့ နားထောင်ရတယ်။ အရေးယူ ဆောင်ရွက်တာ မလုပ်မီ ဒီစွပ်စွဲချက်တွေဟာ ခိုင်မာတဲ့ အထောက်အထားကို အခြေခံလား ဆိုတာ စိစစ်ရတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝန်း၏ ဆန်းစစ် စိစစ်မှုကို မကြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုံး ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ပထမဆုံးအကြိမ် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြောကြားသောသူ၏ မိန့်ခွန်းတွင် ပြောသည်။
“တခြားသူတွေကို အပြစ်ပုံချဖို့၊ တာဝန်ကို ပစ်ပယ်ဖို့ ဆိုတာ မြန်မာအစိုးရရဲ့ ရည်မှန်းချက် မဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံး၊ ဥပဒေနဲ့ မညီတဲ့ အကြမ်းဖက်မှု အားလုံးကို ကျမတို့ ရှုတ်ချတယ်” ဟု သူက ပြောသည်။
“ကျမတို့ဟာ တနိုင်ငံလုံးမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ပြန်လည် ရရှိအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု သူက ပြောသည်။
လွန်ခဲ့သောလက အကြမ်းဖက်မှုကြောင့် ထွက်ပြေးကြသော မွတ်စလင်များကို ပြန်လည် စစ်ဆေးပြီး ပြန်ခွင့်ရှိသူများကို ကူညီရန် မြန်မာနိုင်ငံက အချိန်မရွေး အသင့်ရှိသည် ဟု သူက ပြောသည်။
“အချိန်မရွေး စိစစ်ပေးဖို့ ပြင်ဆင်ထားတယ်” ဟု ဘင်္ဂ္လားဒေ့ရှ်သို့ မကြုံစဖူး အထူးများပြားစွာ ထွက်ပြေးသူများကို ရည်ရွယ် ပြောကြားသော်လည်း ဒုက္ခသည် အားလုံး ပြန်လာရေးကို အာမခံချက် မပေးပေ။ လူ ၄၁၇၀ဝဝခန့် ဘင်္ဂ္လားဒေ့ရှ်သိုထွက်ပြေးသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသော်လည်း စာရင်းအတိအကျ ကောက်ယူနိုင်ခြင်း မရှိသေးပေ။
မီးရှို့ခြင်း၊ သိမ်းကျုံးသတ်ဖြတ်ခြင်း စသဖြင့် နိုင်ငံတကာက စွပ်စွဲခံနေရသော တပ်မတော်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် သာမန်ပြည်သူတို့၏ အသက်အိုးအိမ်များ မထိခိုက်အောင် လုပ်ဆောင်ရန် ညွှန်ကြားထားသည် ဟု သူက ပြောသည်။
မိန့်ခွန်း၌ ARSA အကြမ်းဖက်အဖွဲ့ကို ရည်ညွှန်းရန် ရိုဟင်ဂျာအမည်ကို တကြိမ်သာ သုံးစွဲသည်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်သူ မည်သူ့ကို မဆို ဥပဒေနှင့် ရင်ဆိုင်ရမည် ဟုလည်း သူက ပြောသည်။
လွန်ခဲ့သော သီတင်းပတ် ၃ ပတ်နီးပါး အတွင်း နိုင်ငံတကာ သတင်းဌာနများ၌ ရခိုင်ပြည်နယ် အကျပ်အတည်းသည် ခေါင်းစဉ်သတင်းများ အဖြစ် လွှမ်းမိုးထားပြီး နောက် ယခုမိန့်ခွန်းမှာ အားလုံး စောင့်မျှော်နေသော မိန့်ခွန်းဖြစ်သည်။
မိန့်ခွန်း၏ အဓိကအချက်များမှာ –
“မြန်မာနိုင်ငံဟာ ရှုပ်ထွေးသော နိုင်ငံတခု ဖြစ်တယ်။ အစိုးရက စိန်ခေါ်မှုများ အားလုံးကို တတ်နိုင်သမျှ ချိန်တိုအတွင်း ကျော်လွှားနိုင်မယ် လို့ အားလုံးက မျှော်လင့်နေကြတယ်”
“ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ ပြည်တွင်းစစ် နှစ် ၇၀ နီးပါးကြာမှ ကျမတို့ရခဲ့တဲ့ အရာပါ”
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျမတို့ ရှုတ်ချတယ်။ ကျမတို့ဟာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်”
“မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆန်းစစ်စိစစ်မှုကို မကြောက်ဘူး။ ရခိုင်ပြည်နယ်မှာ ရေရှည် အတွက် အဖြေ ရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်”
“ရခိုင်ပြည်နယ်က အုပ်စုအားလုံး ခံစားနေရတာတွေ အတွက် ကျမတို့ အရမ်းစိုးရိမ်နေတယ်။ မွတ်စလင်တွေ ဘင်္ဂ္လားဒေ့ရှ်ကို ထွက်ပြေးရတာကို ကြားရလို့ ပူပန်မိတယ်”
“ဒီလို အစုလိုက်အပြုံလိုက် ဘာကြောင့် ပြေးရတာလဲ ကျမတို့ သိချင်တယ်။ ထွက်ပြေးသွားသူတွေနဲ့ ကျမတို့ စကားပြောချင်တယ်”

“ငြိမ်းချမ်းတည်ငြိမ်မှု ရဖို့၊ ရခိုင်ပြည်နယ် အသိုင်းအဝန်းတွေ သဟဇာတ ဖြစ်ဖို့ အစိုးရက အစွမ်းကုန် လုပ်ဆောင်နေတယ်”
“မွတ်စလင်ရွာသားတွေ အများကြီးရှိသေးတယ်။ အားလုံး ထွက်ပြေးတာ မဟုတ်ဘူး။ နိုင်ငံတကာ အသိုင်းအဝန်း အဲဒီကို သွားဖို့ ဖိတ်ကြားလိုက် ပါတယ်”
“စွပ်စွဲချပ်တွေ အပြန်အလှန် ထိုးချတာတွေ ရှိနေတယ်။ အားလုံးကို နားထောင်ရမယ်။ လူမျိုးဘာသာ မရွေး အပြစ်ရှိသူကို အရေးယူရမယ်”
“ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဖို့ ဗဟိုကော်မတီ တရပ်ကို ကျမတို့ ဖွဲ့စည်းထားပါတယ်”
“ရခိုင်ပြည်နယ်မှာ ကာလကြာမြင့်စွာ ဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာတဲ့ ကော်မရှင်ကို ဦးဆောင်ဖို့ ဒေါက်တာ ကိုဖီအာနန်ကို ကျမတို့ ဖိတ်ကြားခဲ့ပါတယ်”
“မနှစ်က တနှစ်လုံး ကျမတို့ရဲ့ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးထူထောင်ဖို့ အစီအစဉ်တွေ ဆောင်ရွက်ခဲ့တယ်။”
“နိုင်ငံတကာ အနေနဲ့ ကျမတို့နိုင်ငံကို ပြဿနာဖြစ်တဲ့ နေရာတခုပဲ ကွက်မစဉ်းစားဘဲ တနိုင်ငံလုံး အနေနဲ့ စဉ်းစား သုံးသပ် စေချင်တယ်”
“မြန်မာနိုင်ငံဟာ ပြန်လာချင်သူတွေ အတွက် ဒုက္ခသည် စိစစ်ရေး လုပ်ငန်းစဉ် စတင်ဖို့ ပြင်ဆင်ထားတယ်”
ဒေါ်အောင်ဆန်းစုကြည်၏ ယခု မိန့်ခွန်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်း ပြောရန် တရက်အလိုတွင် ဖြစ်သောကြောင့် နိုင်ငံတကာ ဖိအားများ မြန်မာနိုင်ငံအပေါ် လျော့ပါးသွားစေရေး ရည်ရွယ်ပုံရသည်။
မိန့်ခွန်းမှာ မြင့်တက်လာနေသော စိတ်လှုပ်ရှားမှုများအား ကျေနပ်နှစ်သိမ့်စရာ တစိတ်တပိုင်းဖြစ်ဖွယ်ရှိသော်လည်း မိန့်ခွန်းပါ အစီအစဉ်များကို နောက်ဆက်တွဲ အကောင်အထည်ဖော်ရေး အသေးစိတ်ဆောင်ရွက်ရန်မှာမူ နှစ်ဘက် လူမျိုးစု အသိုင်းအဝိုင်းကြား အပြန်အလှန် မယုံကြည်မှု မြင့်မားနေပြီး လုံခြုံရေးအရ စိုးရိမ်ဖွယ် ရှိနေသေးသော အခြေအနေတွင် လုံးဝ မလွယ်ကူသေးပေ။


Want to English & Myanmar version here......http://savemyanmar.blogspot.sg/2017/09/aung-san-suu-kyi-says-myanmar-does-not.html

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!