Popular Posts!

Sunday, January 7, 2018

မြန်မာ့စီးပွားရေးဘဏ်မှ SME အထူးချေးငွေ ထုတ်ချေးမည့်အစီအစဉ်



SME ချေးငွေများ ရန်ကုန် လုပ်ငန်းရှင်များသာ ချေးပေးလိုဟု ဆို



တစ်ဦးလျှင် ကျပ်သိန်း ၅,၀၀၀ အထိရမည့် SME ချေးငွေ များကို နယ်လုပ်ငန်းရှင်များထက် ရန်ကုန်လုပ်ငန်းရှင်များကိုသာ ချေးပေးလိုကြောင်း အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့်က ပြောသည်။


ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က ထုတ်ပေးမည့် ချေးငွေ ကို ဂျပန်က ရန်ကုန်မြို့မှ အပ နယ်မြို့များရှိ SME (အသေး စား၊ အလတ်စား လုပ်ငန်း)ကို ချေးပေးစေလိုသော်လည်း နယ်မြို့များသည် ငွေဆုံးရှုံးမှုများနေ၍ ဘဏ် က ရန်ကုန်စက်မှုဇုန်များရှိ လုပ်ငန်းရှင်များကို ချေးပေးလိုကြောင်း ၎င်းက ပြောသည်။



‘‘ အာမခံပစ္စည်းရှိတဲ့ ခိုင်မာ မှုရော၊ လုပ်ငန်းအခြေကရော ရန်ကုန်ကသာ ကောင်းပါတယ်။ နယ်တွေမှာတော့ (ဆုံးရှုံးမှု) အ များကြီးရင်ဆိုင်တွေ့ခဲ့ရတော့ နယ်တွေထုတ်မချေးချင်ဘူးလို့ ပြောထားပါတယ် ’’ဟု ၎င်းက ပြောသည်။ ၂၀၁၈ ဖေဖော်ဝါရီအတွင်း JICA က ဒုတိယအကြိမ်ချေးငွေများ ထုတ်ချေးမည့် အစီအစဉ်ရှိပြီး ပြီးခဲ့သည့်နှစ်က ကျပ် ၁၄ ဘီလီယံကို SMIDB ဘဏ်မှ တစ်ဆင့်ထုတ်ချေးခဲ့သည်။



ချေးငွေ ယူလိုသူများသည် SMIDB ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ပြီး အိမ်ခြံမြေလုပ်ငန်း၊ ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲ လုပ် ငန်း၊ အရက်ဘီယာ၊ လက်နက်ခဲ ယမ်းလုပ်ငန်းများကို ထုတ်ချေး မည်မဟုတ်ကြောင်း JICA ဘက် က ကြေညာထားသည်။



ထို့အတူ SMIDB ဘဏ်သည်၂၀၁၄ နှင့် ၂၀၁၅ အတွင်း အစိုးရထံမှ ကျပ်ဘီလီယံ ၃၀ ကို SME ချေးငွေအဖြစ် လုပ်ငန်းရှင်များထံသို့ ချေးငွေတစ်ဆင့်ထုတ်ပေးခဲ့သည်။ 
ယင်းတို့အနက် မကွေးတိုင်းသို့ ကျပ် ၁၁ ဘီလီယံချေးခဲ့ရာတွင် ကျပ် ၅ ဘီလီယံထက် မနည်းဆုံးရှုံးသည်ဟု ၎င်းက ဆက်လက်ပြောသည်။ 
ရခိုင်နှင့် ချင်းပြည်နယ်တွင်လည်း ချေးငွေများပြန်လည်မဆပ်နိုင်သည့် အနေအထားရှိနေသည်ဟု ဒေါက်တာ ဇေယျာညွန့်က ပြောသည်။

သို့သော် ရန်ကုန်စက်မှုဇုန် များရှိ SME လုပ်ငန်းများအတွက် ကျပ်သိန်း ၅,၀၀၀ သည် လုံလောက်သည့် ပမာဏမဟုတ်ကြောင်း၊ နယ်မြို့များရှိ အသေးစားလုပ်ငန်း များနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် ချေးငွေပေးသင့်ကြောင်း ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။


ယခုချေးငွေ အတိုးနှုန်းသည် တစ်နှစ်လျှင် ၈ဒသမ၅ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်းသို့ လုပ်ငန်းအာမခံကြေး ၃ ရာခိုင်နှုန်းပေးသွင်းရမည် ဖြစ်သည်။ ချေးငွေသက်တမ်း ငါးနှစ်ဖြစ်ပြီး ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် ၂၀ ရာခိုင်နှုန်းနှင့် နောက်ဆုံးနှစ်တွင် ၄၅ ရာခိုင်နှုန်းပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။



ပြီးခဲ့သည့်ရက်ပိုင်း၌ အစိုးရက မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လယ်ယာကဏ္ဍအတွက် ကျပ်ဘီလီယံ ၂၀၀၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၃၀၀ နှင့် ဆောက် လုပ်ရေးကဏ္ဍအတွက် ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးရန်ရှိ သည်ဟု ကြေညာထားသည်။

Ref:7daydaily


ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးနိုင်မယ့် SMEချေးငွေကို လူ့စွမ်းအားအရင်းအမြစ်အတွက် အထောက်အကူပြုနိုင်မယ့် လုပ်ငန်းတွေကိုသာ ဦးစားပေးထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။




SMEs Development MEB, six private banks to lease K30 billion to SMEs




Myanma Economic Bank, teaming up with six private banks will give K30 billion loans to small and medium enterprises (SMEs), according to Ministry of Industry.
The country’s SMEs can acquire loans from the Myanma Oriental Bank, Ayeyawady Bank, from Co-Operative Bank (CB), commonly known as CB Bank, the Myanmar Citizens Bank, the Kanbawza Bank and the Small and Medium Industrial Development Bank under the Credit
Guarantee Insurance (CGI) system, Daw Aye Aye Win, the head of the industrial inspection and administration department of the Ministry of Industry, said yesterday at a forum on prospects for SMEs held in Yangon.

The move is aimed at developing SMEs in Myanmar, she added.
“To get the loans, SMEs should provide enough collateral or strong business, and they can
apply for loans at the banks by September” said Daw Aye Aye Win.

The businesses can get at least K15 million to K500 million with the interest rate of 8.5 per cent, and if they can not provide
collateral, they need to pay another 2.5 percent. The duration of the loan is set for five years.

The CGI system is jointly implemented by Myanma Insurance, Sumitomo Mitsui Banking Corporation and CB Bank.
Small and Medium Industrial Development Bank (SMIDB) announced last month that 300 Small and Medium-sized Enterprises (SMEs) have outstanding repayments for the 2015-16 fiscal year.
K5bn have been issued to 11 SMEs this fiscal year, and K20 billion issued to SMEs in the 2015- 2016 FY by the SMIDB.
At the moment, 90 per cent of Myanmar Businesses are SMEs.
Source: The Global New Light of Myanmar


အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များအား JICA မှ ငွေကျပ်ဘီလီယံ ၃ဝ ချေးမည်




ရန်ကုန် သြဂုတ် ၁၄
ငွေကြေးအရင်းအနှီး အခက်အခဲရှိနေသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ အစိုးရအချင်းချင်း G to G အစီအစဉ်အရ JICA မှSME Two Step Loan အစီအစဉ်ဖြင့် ဂျပန်ယန်းငွေသုံးဘီလီယံ (မြန်မာငွေကျပ် ၃ဝ ဘီလီယံ)ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း လှိုင်တက္ကသိုလ်နယ်မြေ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၌ ကျင်းပသောSME ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများဆီသို့ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။
အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တက်ရောက် အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများ ထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း၊ အရည်အသွေးမီထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်စေလိုကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
''ဂျပန်နိုင်ငံမှODAအထောက် အပံ့ရရှိတဲ့JICA Two-Step Loan မှာ CGI စနစ်ကိုအသုံးပြုပြီး ချေးငွေ ရရှိနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေ ချေးငွေလျှောက်ထားရာမှာ လုပ်ဆောင်ရမယ့် အဆင့်တွေနဲ့ ပြင်ဆင်ထားရမယ့် အချက်တွေကို အသိပေးနိုင်ဖို့ ဒီကနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ် ပါတယ်။ ဒီစနစ်ကို အသုံးပြုပြီး ချေးငွေ ရယူလိုပါက Commercial Loan များထက် အတိုးနှုန်းသက်သာပြီး မြေနှင့် အဆောက်အအုံအပြင် အခြားသော ပစ္စည်းများကို အာမခံထားရှိနိုင်ခြင်းနှင့် အလားအလာကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါက အာမခံပစ္စည်းထက်ပိုမိုသော ချေးငွေများရရှိနိုင်သောကြောင့် လုပ်ငန်း ရှင်များအတွက် ပိုမိုထိရောက်မှုရှိမှာ ဖြစ်ပါတယ်''ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။
အဆိုပါ ချေးငွေများကို ပြည်တွင်း ဘဏ်ခြောက်ခုဖြစ်သည့် APEX ၊ AYA ၊ CB ၊ Myanmar Citizens Bank ၊ KBZ နှင့်SMIDBဘဏ် တို့မှတစ်ဆင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ငွေချေးလိုသူSME လုပ်ငန်း ရှင်များအနေဖြင့် ယခုအချိန်မှစပြီး သက်ဆိုင်ရာဘဏ်များသို့ သွားရောက်ကာ ချေးငွေများလျှောက်ထားရမည် ဖြစ်ကြောင်း၊ မိမိနှစ်သက်သောဘဏ် တစ်ခုတည်း၌သာ လျှောက်ထားရမည် ဖြစ်ကြောင်း၊ စက်တင်ဘာလတွင် ဖောင် ပိတ်မည်ဖြစ်ပြီး အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကာလရှည် ချေးငွေအမြင့်ဆုံး ငါးနှစ်သက်တမ်းဖြစ်ကြောင်း၊ ဘဏ်တစ်ခုလျှင် ငွေကျပ် ငါးဘီလီယံအထိ ခွဲဝေပေးပြီး ငွေကျပ် ဘီလီယံ ၃ဝ ကို ဘဏ်ခြောက်ခုမှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး

အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ JICA SME ချေးငွေ ရယူလိုသော SME လုပ်ငန်းများကို ချေးငွေ ရယူလိုပါက လျှောက်ထားဖို့ ဖိတ်ခေါ်နေပါသည်။ 




စည်းကမ်းနှင့်ကိုက်ညီသော SME လုပ်ငန်းများအနေဖြင့် ချေးငွေ ရယူလိုပါက ဘဏ်နှင့် ဆက်သွယ်ကြစေလိုပါတယ် မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပါသည်



(Japan International Cooperation Agency - JICA ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)


SME JICA နှစ်ဆင့်ချေးငွေ
================
SME JICA ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင် အနေဖြင့် ကိုက်ညီပြည့်စုံရမည့် အချက်အလက် အင်္ဂါရပ်များမှာ
● အနည်းဆုံးသက်တမ်း ၂ နှစ်ရှိပြီးဖြစ်သည့် SME လုပ်ငန်း။
● စက်ရုံအဆောက်အအုံ၊ စက်ပစ္စည်း၊ စက်ယန္တရား ကဲ့သို့ ရွှေ့ပြောင်းမရသော ပုံသေရင်းနှီးမြှုပ်နှံမှု စီမံကိန်းရှိသည့် SME လုပ်ငန်း။
● SMEအနာဂတ်လုပ်ငန်းစီမံကိန်း(Future Business Plan)report ။
● စီမံကိန်းအတွက် ချေးငွေကို အသုံးချရန် ရည်ရွယ်ထားသည့် အသေးစိတ် စာရင်း။
● ပြီးခဲ့သည့် ၂ နှစ် လုပ်ငန်းဘဏ္ဍာရေးစာရင်းများ၊ လုပ်ငန်း ဝင်ငွေခွန်ပြေစာ။
● SME ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အသိအမှတ်ပြုထောက်ခံချက်
သို့မဟုတ် မြို့တော်စည် ပင်သာယာရေးကော်မတီ (YCDC)မှ ထုတ်ပေးသည့် လုပ်ငန်း လိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်။
● အာမခံပစ္စည်းပိုင်ဆိုင်မှု သို့မဟုတ် CGI

Japan International Cooperation Agency (JICA)မှ ချေးငွေ အမျိုးမျိုး ထုတ်ချေးပေးနိုင်ရန် စီမံဆောင်ရွက်ပေးလျက် ရှိရာ၌ တစ်မျိုးမှာ ယခု တင်ပြခဲ့သည့် နှစ်ဆင့် ချေးငွေ two-step loans (TSL) ဖြစ်သည်။

 နှစ်ဆင့်ချေးငွေဟု ခေါ်ဆိုရသည်မှာ ချေးငွေ ရယူသည့် SME လုပ်ငန်းရှင်ထံသို့ ချေးငွေ ထုတ်ပေးသည့် လုပ်ငန်းစဉ်တွင် ငွေရေးကြေးအရေး အဖွဲ့အစည်း အနည်းဆုံးနှစ်ခုနှင့် အထက်ကို ဖြတ်သန်းရသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်း ငွေကြေး အဖွဲ့အစည်းဖြစ်သည့် ဘဏ်၏ လုပ်ငန်းလည်ပတ် လုပ်ကိုင်နိုင်စွမ်း ပိုမိုအားတောင့်တင်းသွားစေသည်။

သို့ဖြစ်ရာ တိုင်းပြည်စီးပွားရေး တစ်ရပ်လုံးအနေဖြင့် ကြည့်လျှင် ငွေကြေး ဘဏ္ဍာရေး အပိုင်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေပေသည်။

JICA သည် နှစ်ဆင့် ချေးငွေ ကို ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တီမော၊ ဗီယက်နမ် နိုင်ငံ တို့တွင် SME များအတွက် ထုတ်ချေးပေးလျက်ရှိသည်။

 မြန်မာနိုင်ငံတွင် JICA နှစ်ဆင့်ချေးငွေများကို SME များထံသို့ ပြည်တွင်း ပုဂ္ဂလိ ကဘဏ် ၆ ခု ဖြစ်သော SMIDB, MAB, AYA, CB, MCB နှင့် KBZ တို့မှ တစ်ဆင့် တစ်နှစ်အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေး   ပေးလျက် ရှိသည်။

JICA စိုက်ပျိုးရေး ချေးငွေ ကို MADB တစ်ဆင့် ထုတ်ချေးခဲ့ရာ နှစ်တိုး ကို ၂၀၁၄ ခုနှစ် မေလအထိ ၈.၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ် မေလအထိ ၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လမှ စ၍ ၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ချေးငွေ များ ထုတ်ချေးပေးခဲ့သည်ဟု သိရသည်။

 ယခု ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၇-၁၈ ခုနှစ်တွင် လယ်ယာသုံး စက်ကိရိယာ များ ၀ယ်ယူရန် နှစ်ဆင့်ချေးငွေ ထုတ်ချေးခြင်းဖြစ်ပြီး နှစ် ၄၀ စီမံကိန်း ဖြစ်သည်ဟု သိရသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုံးအနေဖြင့် ချေးငွေများ ထုတ်ချေးခဲ့သည်ဟု သိရသည်။ လယ်ယာ ကဏ္ဍတွင် MADB တစ်ခုတည်းဖြင့် လုံလောက်မှု မရှိသဖြင့် ပုဂ္ဂလိက ကဏ္ဍမှ ဘဏ်များမှ အခွင့်အလမ်းကောင်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ပုံစံ-၇ ဖြင့် ငွေချေးခြင်း ရှိသော်လည်း အကန့်အသတ်ဖြင့်သာ လုပ်ကိုင်နိုင်ကြသည်ဟု သိရသည်။


Credit Guarantee Insurance (CGI) စနစ် စတင်အသုံးပြုလာခြင်း


SME လုပ်ငန်းရှင်များ ချေးငွေရရှိရန်မှာ မရွှေ့မပြောင်းနိုင်သော မြေနှင့်မြေပေါ် ရှိ အဆောက်အအုံကို အာမခံပစ္စည်းအဖြစ် တင်ပြကြရသဖြင့် အဆိုပါအခက်အခဲ များအား ဖြေလျှော့ပေးနိုင်ရန် အပေါင်ပစ္စည်းကို ဦးစားမပေးဘဲ JBusiness Planကို  အဓိကထားသော ချေးငွေစနစ်ကျင့်သုံးနိုင်ရန်အတွက် စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊   အသေးစားနှင့်  အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်း၊ ဂျပန်နိုင်ငံSumitomo Mitsui Banking Corporation (SMBC) ၊
CB Bankတို့နှင့်ပူးပေါင်းပြီး Credit Guarantee Insurance (CGI)  စနစ် ဖြင့် ချေးငွေရရှိနိုင်ရေးကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

SME လုပ်ငန်းရှင်များအနေဖြင့်   မိမိရဲ့   မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းတို့ကို အာမခံအဖြစ်ထားရှိ၍CGI စနစ်ဖြင့် ချေးငွေရယူ ရန်လည်းကောင်း၊ အာမခံပစ္စည်းပြည့်မီအောင် မပေးနိုင်သည့် လုပ်ငန်းများအနေဖြင့် လိုအပ်သည့် ချေးငွေပမာဏကိုCGI စနစ်ဖြင့်   ဖြည့်စွက်ချေးငွေရယူရန်လည်း ကောင်း၊ အပေါင်ပစ္စည်းမဲ့Future Business Plan ဖြင့် ချေးငွေရရှိနိုင်ရန်အတွက် လည်းကောင်းCGI စနစ်ကို အသုံးပြုနိုင်ပါသည်။

CGI  စနစ်ဖြင့်  ချေးငွေလျှောက်ထားရာတွင်  လိုအပ်သော  စာရွက်စာတမ်း များမှာ-
• သက်တမ်း(၂)နှစ်ရှိပြီးသည့် စီးပွားရေးလုပ်ငန်း
•  ပြီးခဲ့သည့်(၂)နှစ်စာ၏    လုပ်ငန်းဘဏ္ဍာရေးရှင်းတမ်းနှင့်   လာမည့် ဘဏ္ဍာရေး(၁)နှစ်စာ ခန့်မှန်းခြေအရှုံးအမြတ်စာရင်း
• SMEလုပ်ငန်းရှင်၏ အနာဂတ်လုပ်ငန်းစီမံကိန်း(Future Business
Plan)
•SMEလုပ်ငန်း၏လစဉ် ဘဏ်စာရင်း(Monthly Bank Statement)
•SMEဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ထုတ်ပေးသည့ှ်နြ  အသိအမှတ်ပြု ထောက်ခံချက်
• လုပ်ငန်းလိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်
• အာမခံပစ္စည်းပါလျှင် အာမခံပစ္စည်းပိုင်ဆိုင်မှုစာရွက်စာတမ်းများ
CB Bank မှCGI စနစ်ဖြင့် ချေးငွေထုတ်ပေးခြင်းဆိုင်ရာ အချက်အလက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
-  အပေါင်ပစ္စည်းပါရှိလျှင်
• အတိုးနှုန်း - ၁၃%(၁နှစ်ဘဏ်တိုးနှုန်း) +
 ၂%(၁နှစ်စာပရီမီယံကြေး)
• ချေးငွေပမာဏ - အာမခံအပေါင်ပစ္စည်းတန်ဖိုးပေါ် မူတည်ပါသည်
• ချေးငွေသက်တမ်း - (၁)နှစ်
- အပေါင်ပစ္စည်းမပါရှိလျှင်
• အတိုးနှုန်း - ၁၃%(၁နှစ်ဘဏ်တိုးနှုန်း) +
 ၃%(၁နှစ်စာပရီမီယံကြေး)
• ချေးငွေပမာဏ - သိန်း(၂ဝဝ)(အများဆုံး)
• ချေးငွေသက်တမ်း - (၁)နှစ်

JICA၏ နှစ်ဆင့်ခံချေးငွေ (Two Step Loan)ဖြင့်SME များအားပံ့ပိုးခြင်း


မြန်မာနိုင်ငံရဲ့ SMEs လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် လာစေလိုခြင်းနှင့် SMEs လုပ်ငန်းများရဲ့ ငွေကြေးလည်ပတ်မှုအားကောင်းလာ စေရန် ရည်ရွယ်လျက် ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရသို့ ဂျပန်ယန်းသန်း ၅ဝဝဝ ကိုODA Loan အဖြစ် ပံ့ပိုးပေးလျက်ရှိရာ၊ 
အဆိုပါချေးငွေကို မြန်မာ့စီးပွား ရေးဘဏ်(MEB)မှ အောက်ပါရွေးချယ်ထားသော ပုဂ္ဂလိကဘဏ် (Participating Financial Institution) (၆)ခုက တစ်ဆင့်နှစ်ဆင့်ခံချေးငွေ(Two Step Loan)  ကိုSME  လုပ်ငန်းများသို့ တိုးမြှင့်ပံ့ပိုးပေးခြင်းဖြစ်ပါသည်-

• အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDB)
• မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizen Bank)
• မြန်မာ့ရှေ့ဆောင်ဘဏ် (Myanmar Apex Bank)
• သမဝါယမဘဏ်(CB Bank)
• က္ဘောဇဘဏ် (KBZ Bank)
• ဧရာဝတီဘဏ် (AYA Bank)

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ပထမအကြိမ်Two Step Loan ချေးငွေ ထုတ်ချေးပေးရာမှာ ဂျပန်ယန်း သန်း ၄၅၄ နှင့်ညီမျှသော မြန်မာငွေကျပ်သန်း ၄၈၄ဝ ကိုSMIDBမှ တစ်ဆင့် လုပ်ငန်းရှင် ၁၁ ဦးသို့   ထုတ်ချေးပေးခဲ့ပြီးဖြစ်ပါသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဒုတိယအကြိမ်    ဂျပန်ယန်း  သန်း ၃ဝဝဝ နှင့် ညီမျှသော  မြန်မာငွေ$သန်း ၃၆၇၅ဝ ကို ရွေးချယ်ထားသော ဘဏ်(၆)ခုသို့ အညီ အမျှခွဲဝေပေးပြီး၊ ယင်းဘဏ်များမှ (၂၈.၁ဝ.၂ဝ၁၆)ရက်နေ့အထိSMEsလုပ်ငန်း ရှင် ၁ဝ၂ ဦးသို့ $ကျပ် ဘီလီယံ(၂ဝ.၉၉၅) ထုတ်ချေးပြီးဖြစ်ပါသည်။

Two Step Loan ဖြင့်SME များသို့ ငွေချေးရာ၌ စက်ပစ္စည်းဝယ်ယူခြင်း၊ စက်ရုံတည်ဆောက်ခြင်း၊ စက်ပစ္စည်းအရည်အသွေးတိုးမြှင့်ခြင်းနှင့် စားသောက်ဆိုင် တိုးချဲ့ဖွင့်လှစ်ခြင်းအစရှိသော Capital Investment တွင် အသုံးပြုရန်ဖြစ်ပြီး၊ ချေးငွေ၏ ၂ဝ% ကိုWorking Capital အတွက်သာ အသုံးပြုရပါမည်။

-TSL ချေးငွေထုတ်ပေးခြင်း
• ဘဏ်တိုးနှုန်း - ၈.၅%(ဘဏ်တိုးနှုန်း)
 (မရွှေ့မပြောင်းနိုင်သောအပေါင်ပစ္စည်းဖြင့်)
• အများဆုံးချေးငွေပမာဏ - ကျပ်$သိန်း(၅ဝဝဝ)
• သက်တမ်းကာလ - (၅)နှစ် (အများဆုံး)
-TSL ချေးငွေကို CGI စနစ်ဖြင့် ချေးငွေထုတ်ပေးခြင်း
• အပေါင်ပစ္စည်းပါရှိလျှင် ဘဏ်တိုးနှုန်း - ၈.၅%(၁နှစ်ဘဏ်တိုးနှုန်း)
 + ၂%(၁နှစ်စာပရီမီယံကြေး)
• အပေါင်ပစ္စည်းမပါရှိလျှင် ဘဏ်တိုးနှုန်း - ၈.၅%(၁နှစ်ဘဏ်တိုးနှုန်း)
 + ၃%(၁နှစ်စာပရီမီယံကြေး)
• ချေးငွေပမာဏ - ကျပ်သိန်း(၂ဝဝ)(အများဆုံး)

သို့ဖြစ်ပါ၍   မရွှေ့မပြောင်းနိုင်သော  မြေနှင့်  မြေပေါ်ရှိ   အဆောက်အအုံကို  အာမခံပစ္စည်းအဖြစ် မတင်ပြနိုင်ကြတဲ့SMEs လုပ်ငန်းရှင်များသည်CB Bank မှ CGIစနစ်ဖြင့် ငွေချေးယူနိုင်ပြီး၊  ကုန်ထုတ်လုပ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်  လိုသောSMEsလုပ်ငန်းရှင်များကတော့JICA ရဲ့ ဒုတိယအကြိမ်Two Step
Loan ချေးငွေရယူနိုင်တဲ့ အခွင့်အလမ်းများရှိနေပြီဖြစ်ကြောင်း ပညာမျှဝေလိုက် ပါသည်






နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME)များ ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျသောအခန်းတွင်ရှိသဖြင့် SME များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင်များလိုအပ်သော ငွေကြေးအရင်းအနှီးကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်မှ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ချေးငွေများ စိစစ် ထုတ်ချေးသွားမည် ဖြစ်ပါသည်။



သို့ပါ၍ မိမိတို့နှင့် အနီးဆုံး မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် စုံစမ်း လျှောက်ထားနိုင်ပါကြောင်းနှင့် ထုတ်  ပေးမည့်အစီအစဉ်များကို သိရှိနိုင်ပါရန် သတင်းကောင်းပါး ဖော်ပြအပ်ပါသည်။



စက်မှုဝန်ကြီးဌာန



၁။ အသေးစားနှင့်အလတ်စားလုပ်ငန်းဆိုသည်မှာ - ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်း စသည့်စီးပွားရေး လုပ်ငန်း များတွင် အကြီးစားလုပ်ငန်းများ မဟုတ်သော စီးပွားရေးလုပ်ငန်းများ အားလုံးကို ဆိုလိုပါသည်။ အကြီးစားလုပ်ငန်းများမှာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သား၊ ဈေးကွက်စီမံခန့်ခွဲမှု စသည့်နယ်ပယ် အသီးသီးတွင်စွမ်းရည်ရှိခြင်း၊ လုပ်ငန်းကိုစနစ်တကျလည်ပတ်နိုင်လျက် လုပ်ငန်းတိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်ခြင်း စသည့်အချက် အလက် များနှင့် ယေဘုယျအားဖြင့် ပြည့်စုံကြပါသည်။

၂။ အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာမူ မိသားစု ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များမှ စတင်တည်ထောင်လာကြသဖြင့် အထက်ဖော်ပြပါ အကြီးစားလုပ်ငန်းများ၌ရှိသော Capacity များ အားလုံးမရှိကြပါ။ သို့ဖြစ်၍ နိုင်ငံတိုင်းတွင် အသေးစားနှင့်အလတ်စား လုပ်ငန်း များကို စံနှုန်းများဖြင့်အဓိပ္ပါယ်ဖွင့်ဆို၍ တိကျစွာသတ်မှတ်လျက် အသေးစားနှင့်အလတ်စား လုပ်ငန်းများ၏ အားနည်းချက်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လည်းကောင်း၊ ဖွဲ့စည်းထားသော အေဂျင်စီများမှလည်းကောင်း၊ Resources Institution များမှလည်းကောင်း၊ ဖြည့်ဆည်းပေးလျက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ မြှင့်တင် ရေးကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။

၃။ အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ မြို့ပြများ၊ ကျေးရွာများ၊ ရပ်ကွက်များ၊ လယ်ယာလုပ်ငန်းခွင်များ စသည့် တစ်နိုင်ငံလုံး ၏ နေရာအနှံအပြားတွင် တည်ရှိပါသည်။ သို့ရာတွင် သတ်မှတ်ထားသော ဝန်ကြီးဌာနအောက်တွင်လည်းကောင်း၊ မြို့ပြအဖွဲ့အစည်း များဖြစ်သော သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေး တို့၏ အောက်တွင်လည်းကောင်း၊ အထက်အောက်အဖွဲ့အစည်း ပုံစံအနေဖြင့် ဖွဲ့စည်းသတ်မှတ် ခြင်းမရှိပါ။

၎။ စာပိုဒ် (၁) နှင့် (၂) တွင် ဖော်ပြထားသကဲ့သို့ မိသားစု စီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှ အခြေခံ၍ဖြစ်ပေါ် လာသော စီးပွားရေးလုပ်ငန်းများ၌ အားနည်းချက်များရှိနေပြီး၊ ပြည်တွင်းပြည်ပဈေးကွက်ဝင် စီးပွားရေးလုပ်ငန်းအဖြစ် ယှဉ်ပြိုင် ရပ်တည်ရန် လိုအပ်ချက်များစွာ ရှိနေပါသည်။ 

၅။ မြန်မာနိုင်ငံတွင် အခြေခံအကျဆုံး၊ အရိုးရှင်းဆုံးကိန်းဂဏန်း အချက်အလက်များ ကို ရရှိအောင် တာဝန်ယူဆောင်ရွက်သည့်အဖွဲ့အစည်း၊ ဌာနများလွန်စွာနည်းပါးခြင်း၊ ကိန်းဂဏန်းအချက်အလက်များ မရရှိခြင်းများကြောင့် လွန်စွာရိုးရှင်းသောသတင်းအချက်အလက် အပေါ် အခြေခံသည့် Graph ပုံများ၊ နှိုင်းယှဉ်မှုပြမြေပုံများ၊ Conclusion များကို အခြားနိုင်ငံ များကဲ့သို့ မည်သည့်ကဏ္ဍတွင်မှ မဖော်ပြနိုင်ဘဲ မြန်မာနိုင်ငံ၌ ဘေးတွင်ကွက်လပ်များသာ ဖော်ပြနေခြင်းမှာ နိုင်ငံ အနေဖြင့် သတင်းအချက်များရရှိရန် လွန်စွာအားနည်းနေခြင်းကို ထင်ရှားစွာဖော်ပြနေပါသည်။

၆။ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာ၊ သက်ဆိုင်ရာ တာဝန်ပေးထားသည့် ဌာနများမှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ရှိနေသည့် အရေအတွက်၊ လူနေမှုဝန်းကျင်၌ လုပ်ကိုင်ခွင့်ပြုနိုင်သော လုပ်ငန်း ဟုတ်/မဟုတ်၊ ပတ်ဝန်း ကျင်ကို ဘေးဥပါဒ်အန္တရာယ်ဖြစ်စေသော လုပ်ငန်းဖြစ်/မဖြစ်တို့ကို သက်ဆိုင်ရာ တာဝန်အလိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး၊ ယင်းရရှိသောသတင်းအချက်အလက်များအပေါ် အခြေခံပြီး စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ အားပေးမြှင့်တင်ခြင်းများကို ကူညီပံ့ပိုး ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါသည်။

၇။ မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ဝင်ခြင်းတို့မှာလည်း တည်ရှိနေသော သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများမှ ဆောင်ရွက် နေခြင်းဖြစ်ပါသည်။ အချို့သော လုပ်ငန်းများမှာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေ ခြင်း၊ သဘာဝဘေးအန္တရာယ်ကို ထိပါးစေခြင်း၊ ပြည်တွင်းသယံဇာတ သဘာဝဓါတ်သတ္တု ထုတ်ဖော်ခြင်းများကြောင့် လုပ်ငန်းခွင့်ပြုရေးနှင့်ပတ်သက်၍ ထိန်းချုပ်ကန့်သတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် လုပ်ငန်းလိုင်စင် လျှောက်ထားရပြီး၊ သတ်မှတ်ထားသော နှုန်းထားများအတိုင်း လိုင်စင်ကြေးပေးနေရခြင်း ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်းနှင့် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် လုပ်ငန်းများကို နောက်ဆက်တွဲ (က) ဖြင့် ပူးတွဲတင်ပြပါသည်။

၈။ ယခုအခါ အသေးစားနှင့်အလတ်စားလုပ်ငန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း)ကို အပြန်အလှန်ညှိနှိုင်း တိုင်ပင်လျက် အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ ယင်းဥပဒေ (မူကြမ်း) တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုလည်း အာဆီယံနိုင်ငံများ နည်းတူ ရေးဆွဲသတ်မှတ်ထားပြီး တစ်နေရာ တည်းတွင် မှတ်ပုံတင်နိုင်ရေးကိုလည်း နည်းဥပဒေများနှင့် လုပ်ထုံလုပ်နည်းများတွင် တိတိ ကျကျသတ်မှတ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။

၉။ ခေတ်မီစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး စသည့်အခြေခံမူ (၁၈) ချက် ပါဝင်သည့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှပ်နှံမှုဥပဒေကို ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၈) အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ၄င်းအပြင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမို လုပ်သာကိုင်သာရှိစေရေး၊ နိုင်ငံသားများအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုဝင်ရောက်လုပ်ကိုင်နိုင်ရေး၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ စနစ်တကျ တိုးတက်နိုင်စေ ရေးတို့အတွက် ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် မတည်ငွေရင်း ပမာဏနှင့် ကနဦး ထည့်ဝင်ငွေပမာဏ ကန့်သတ်ထားရှိခြင်းကို ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်ပယ်ဖျက်ပြီးဖြစ်ပါသည်။

 နောက်ဆက်တွဲ (က)

၁။ ၁၉၉ဝ ခုနှစ် ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေအရ အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်းများကို စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း။

၂။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို သမဝါယမဝန်ကြီးဌာနတွင် အိမ်တွင်းစက်မှု လက်မှု လုပ်ငန်းဥပဒေအရ မှတ်ပုံတင်ခြင်း။

၃။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၌ လိုင်စင်လျှောက် ထားခြင်း
၎။ သစ်ထုတ်လုပ်ရေးနှင့် သစ်ခွဲစက်များ တည်ထောင်ခြင်းကို သစ်တောရေးရာဝန်ကြီး ဌာန၌ လိုင်စင်လျှောက်ထားခြင်း။

၅။ ဓါတ်သတ္တုတူးဖော်ခြင်းနှင့် ရှာဖွေခြင်းလုပ်ငန်းကို သတ္တုတွင်းဝန်ကြီးဌာန၌ လိုင်စင် လျှောက်ထားခြင်း။

၆။ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၌ လိုင်စင်လျှောက်ထား ခြင်း။

၇။ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံသားများ ရင်းနှီးမြှပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်တွင် သက်ဆိုင်ရာလုပ်ငန်းများအလိုက် မှတ်ပုံတင်ခြင်း။



မင်္ဂလာပါရှင်! 

အသေးစားအလတ်စားလုပ်ငန်းရှင်များအတွက် Easy Microfinance မှ တစ်ဦးချင်းသီးသန့်ချေးငွေများထုတ်ချေးလျက်ရှိပါသည်။
Easy Microfinance မှချေးငွေလျှောက်ထားခြင်း
ချေးငွေပမာဏ -ကျပ်၁,၀၀၀,၀၀၀ မှ ကျပ်၁၀,၀၀၀,၀၀၀ အထိ
ချေးငွေကာလ -(၆)လ မှ (၂၄)လအထိ
ချေးငွေပြန်လည်ပေးသွင်းမှု -လစဉ်
ဝန်ဆောင်ခ -အတည်ပြုထားသောချေးငွေ၏ ၂ ရာခိုင်နှုန်း
အတိုးနှုန်း -တစ်လချင်းဆီရှိ လက်ကျန်ချေးငွေပမာဏ၏(၂.၅)ရာခိုင်နှုန်း
ချေးငွေရည်ရွယ်ချက် - ကုန်ပစ္စည်း (သို့)အသေးစားလုပ်ငန်းသုံးစက်ကိရိယာများအတွက်ရင်းနှီးမြှုပ်နှံရန်
Easy Microfinance မှချေးငွေလျှောက်ထားလိုပါက လိုက်နာရမည့်အချက်များမှာ-
 မှတ်ပုံတင်ရှိရမည်။
 သန်းခေါင်စာရင်းရှိရမည်။
 အသက်(၁၈)နှစ်မှအသက်(၆၅)နှစ်အတွင်းရှိမြန်မာနိုင်ငံသားဖြစ်ရပါမည်။
 ချေးငွေပြန်လည်ပေးသွင်းရန်လုံလောက်သောပုံမှန်ဝင်ငွေဖြင့် လည်ပတ်နေသည့်စီးပွားရေးလုပ်ငန်းပိုင်ရှင်ဖြစ်ရမည်။
 လျှောက်ထားသူတွင် ချေးငွေအတွက်အာမခံနိုင်သည့်လုံလောက်သာဝင်ငွေရှိသည့် အာမခံသူရှိရမည်။
 လုပ်ငန်းသက်တမ်းအနေဖြင့်လက်ရှိနေရာတွင် အနည်းဆုံးတစ်နှစ်သက်တမ်းရှိရမည်။
အပေါင်ပစ္စည်းပေးရန်မလိုပါ။
 လုပ်ငန်းတည်နေရာသည်သင်္ဃန်းကျွန်းမြို့နယ်၊သာကေတမြို့နယ်၊တောင်ဒဂုံမြို့နယ်၊တောင်ဥက္ကလာမြို့နယ်၊တာမွေမြို့နယ်၊ဒေါပုံမြို့နယ် တို့တွင်တည်ရှိသော လုပ်ငန်းဖြစ်ရမည်။


သင်သည် Easy Microfinance မှ တစ်ဦးချင်းလုပ်ငန်းသုံးချေးငွေအားစိတ်ဝင်စားပါက Easy Microfinance၏ သင်္ယန်းကျွန်းရုံးမှ Credit Officer မမေလပြည့်ဂျွန်( ဖုန်းနံပါတ် 09420662340 )ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။










CB ဘဏ်မှ ဆောင်ရွက်လျက်ရှိသော SME CGI ရယူလိုသူ လုပ်ငန်းရှင်တစ်ဦးအတွက်


လုပ်ကိုင်ရမည့် လုပ်ထုံးလုပ်နည်း အဆင့် ၆ ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဆင့်(၁) Customer မှ SME ဖွံ့ဖြိုးတိုး တက်ရေးဌာနသို့ SME အသိအမှတ်ပြု ထောက်ခံချက် ရရှိရန် လျှောက်ထားခြင်း။

အဆင့်(၂) SME ဖွံ့ဖြိုးတိုးတက်ရေးဌာန Customer သို့ SME အသိအမှတ်ပြု ထောက်ခံချက် လက်မှတ် ထုတ်ပေးခြင်း။

အဆင့်(၃) Customer မှ CB ဘဏ် သို့ SME CGI ချေးငွေ လျှောက်ထားခြင်း။

အဆင့်(၄) CB ဘဏ်မှ မြန်မာ့အာမခံလုပ်ငန်းသို့ ချေးငွေ အာမခံ(CGI) ထုတ်ပေးခြင်း။

အဆင့်(၅)မြန်မာ့အာမခံလုပ်ငန်းမှ CB ဘဏ်သို့ ချေးငွေ အာမခံ (CGI) ထုတ်ပေးခြင်း။

အဆင့်(၆) CB ဘဏ်မှ Coustomer သို့ SME ချေးငွေ ထုတ်ပေးခြင်း။



SME CGI ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင် လုပ်ငန်း သက်တမ်း အနည်းဆုံး ၂ နှစ် ရှိရမည်ဖြစ်ပြီး ဘဏ်တွင် တင်ပြရမည့် စာရွက်စာတမ်း များမှာ

● လုပ်ငန်း လိုင်စင်၊ လုပ်ငန်း မှတ်ပုံတင်

● ပြီးခဲ့သည့် (၂)နှစ်စာ၏ လုပ်ငန်း ဘဏ္ဍာ ရေးရှင်းတမ်းနှင့် ရှေ့လာမည့် ဘဏ္ဍာရေး (၁)နှစ်စာ ခန့်မှန်းခြေအရှုံးအမြတ်စာရင်း

● SME Customer ၏ အနာဂတ်လုပ်ငန်း စီမံကိန်း(Future Business Plan)

● လုပ်ငန်းရှင်မှ ချေးငွေရရှိပြီးပါက ဝယ်ယူမည့်စက်ပစ္စည်း စာရင်း (Quotation) နှင့် အဆောက်အဦဆောက်လုပ် တိုးချဲ့မည်ဆိုပါက(Estimate plan)

● ပြီးခဲ့သည့် (၂) နှစ်စာ လုပ်ငန်း ဝင်ငွေခွန် ပြေစာ

● SME လုပ်ငန်း၏ လစဉ် ဘဏ်စာရင်း (Monthly Bank Statement)

● SME Development Center မှ ထုတ် ပေးသည့် SME အသိအမှတ်ပြုထောက်ခံချက်

● လုပ်ငန်း ဓာတ်ပုံ(ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ တွင်း)

http://www.cbbank.com.mm/checking/business_banking/business_loans_sme.aspx


Yoma Bank is committed to supporting SME development in Myanmar. We believe that small business is the backbone of Myanmar’s economy providing better services and products as we emerge from decades of isolation. We also believe the SME are viable, commercial enterprises that deserve the respect and high level of service that a larger, corporate, client may demand. Our goal is to support the development of SME into larger, sustainable businesses that can expand nationally and across the ASEAN region.
Servicing SME requires significant investment in technology and outreach that will allow Yoma Bank to target these businesses in a sustainable manner.  Our challenge is to deliver competitive, quality products to our SME customers as well as manage risk for the Bank. Currently Yoma Bank is identifying and investing in these technologies with the goal of expanding its SME offering in the years to come. In the meantime Yoma Bank is actively targeting SME in its loan portfolio - over 70% of our loans have been made to SME with an average loan size of 175,000,000 kyat or USD175,000. We are particularly pleased that many of these loans have been made outside of the more developed commercial centres of Yangon and Mandalay supporting broad based growth across Myanmar.

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!