Popular Posts!

Friday, November 21, 2014

ကမ္ဘာ့ အကောင်းဆုံး ပထမတန်စား မြန်မာ့ ကျောက်စိမ်း imperial Jadeite jade

မြန်မာ့ ကျောက်စိမ်း Jadeite                                             



   ကျောက်မျက်ရတနာ၏ အရောင် ၀င်ရောက်မှုသဘာဝကို အရည်ဟု ခေါ်ကြသဖြင့် ကျောက်ရည်ကျောက်သား ဟူသော စကားသည် ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလောကတွင် ရေပန်းစားသည့် စကားများဖြစ်လေသည်။ ကျောက်ရည်ကျောက်သား အပေါ် မူတည်၍ ရတနာ၏ တန်ဖိုးကို သတ်မှတ်ကြလေရာ ကျောက်မျက်ပညာ ကျွမ်းကျင်သူသည် ထိုနှစ်မျိုး စလုံးကို ကျွမ်းကျင်ရလေသည်။

ပြင်ပရုပ်လက္ခဏာကို ကြည့်၍ အတွင်းသားကို လေ့လာအကဲခတ်ရ သည့် ပညာသည ကျောက်မျက်ပညာ၏ အရေးကြီးသော ပညာရပ် များဖြစ်လေသည်။ပြင်ပလက္ခဏာသည် အတွင်း သားကို ဖော်ပြနေသည့် တိကျသေချာသော လက္ခဏာဟု ပိုင်းဖြတ်၍ မရသော်လည်း ထိုလက္ခဏာ များသည် အတွင်းသားကို အကဲခတ်ရာတွင် အတွေ့အကြုံ အရ သုံးစွဲနေရသည့် လက္ခဏာများ ဖြစ်လေသည်။

ကျောက်စိမ်းအရိုင်းတုံးတစ်တုံးကို အကဲခတ်သူသည် ကျောက်စိမ်းတုံး၏ ပြင်ပ လက္ခဏာများကိုကြည့်၍ သူ၏ အတွေ့အကြုံ ကြွယ်ဝမှုဖြင့် အကဲခတ်ရ လေသည်။ထိုကျောက်စိမ်းအရိုင်းတုံးသည် မည်သည့် အရပ်ဒေသက ထွက်သလဲ၊ ဘယ်လိုအမျိုးအစားလဲစတာက နေ ချဉ်းကပ်ရသည်။ ဖားကန့်ကလား၊ လုံးခင်းကလား၊ တာမခန်ဘက်ကလား၊ခန္တီးဘက်ကလား စသဖြင့် ထွက်ရှိသည့် အရပ်ဒေသကို ကြည့်ရသည်။ထွက်ရှိရာ ဒေသကိုလိုက်၍ ပြင်ပအခွံကွာခြားသည်။

ပြင်ပလက္ခဏာ ကွဲပြားမှု ရှိ သည်။ ထွက်ရှိရာ အရပ်ဒေသကို လှမ်းထောက်မိပြီဆိုသည်နှင့် မှော်အမျိုး အစားကို ကြည့်ရသည်။မှော်တွေကွဲပြား သလို ကျောက်စိမ်း၏ ပြင်ပလက္ခဏာ၊ အတွင်းသားတွေကလည်း ကွဲပြားသည်။ကျောက်သား၊ ကျောက်ရည်ကလည်း ကွဲပြားသည်။


ကျောက်ခွံကြည်၍ ခွဲခြားပုံ


     ကျောက်စိမ်းသည် သဘာဝတွင်းထွက်ဖြစ်သဖြင့် သဘာဝ တွင်းထွက်များ၏ကိုယ်ပိုင်လက္ခဏာကို ပိုင်ဆိုင်ထားသည်။ ကျောက်သား အနုအရင့်ပေါ် မူတည် ၍ ကျောက်၏အရောင်တောက်ပြောင်မှု (အရည်တက်) ကွာခြားသွားသည်။ကျောက်သားအနုအရင့်ပေါ်မူတည်၍ ကျောက်ရည်ကျောက်သွေး လင်းလက် တောက်ပရွှန်းစိုသွားရခြင်းဖြစ်သည်။ ကျောက်စိမ်း အရိုင်းတုံး တစ်တုံး၏ လက္ခဏာကို
 လေ့လာရာတွင် နှစ်ပေါင်း များစွာ လက်ဆင့်ကမ်းလာသည့် အတွေ့ အကြုံ၊ မိမိကိုယ်ပိုင်အတွေ့အကြုံတို့ဖြင့် ခန့်မှန်းအကဲခတ်ရသည်။ စိတ်ရှည် လက်ရှည်နှင့် စနစ်ကျစွာအကဲဖြတ်ရသည်။

ကျောက်အကဲထက် လူအကဲခတ်ရတာက ပို၍ ခက်ခဲကြောင်း ရှေးလူကြီး သူမများက ၎င်းတို့၏အတွေ့အကြုံကို လက်ဆင့်ကမ်း ခဲ့ကြသည်။ သို့သော် လည်း လူကဲကို ကျောက်ကဲလောက်ပင် ဂရုစိုက်ပြီး အလေးထားကာ အကဲခတ်မှုမရှိကြသည်ကို တွေ့နေရမည်ဖြစ် သည်။ ကျောက်စိမ်းအရိုင်းတုံးတစ်တုံးကို ကျောက်မျက်ရတနာ ကျွမ်းကျင်သူတို့၏ အကြမ်းဖျင်း လေ့လာပုံကိုကြည့်ကြပါမည်။

                 
ကျောက်စိမ်းကာလာသတ်မှတ်ပုံ
ကျောက်စိမ်းထွက်ရှိရာ မှော်ကို သိလိုက်သည်နှင့် အကဲခတ်သူသည် ထိုမှော်ကထွက်သည့် ကျောက်၏ ပြင်ပ လက္ခဏာနှင့် အတွင်းသား၏ သဘာဝ ကို သိလိုက်ပြီဖြစ်သည်။ထိုသဘာဝကို စံအဖြစ် မှတ်ထားပြီး အကဲဖြတ်ချက် တိုင်းကို ထိုသဘာဝတို့ဖြင့် ယှဉ်ထိုးကြည့်ရသည်။
ထိုသဘာဝများသည် သီအိုရီ သဘောဖြစ်သွားသည်။ ထို သဘောတရားများဖြင့် ကျောက်စိမ်းအရိုင်းတုံးကို တစ်ခုချင်းတိုက်ကြည့်ရ သည်။ အပွေး၊ မန်း၊ ယမ်း၊ ချော် စသောလက္ခဏာများသည် ကျောက်စိမ်းအရိုင်း တုံးကို အကဲခတ်ရာတွင် ပြင်ပ လက္ခဏာ အဖြစ်ကြည့်ရသည့် အချက်များဖြစ်နေသည်။
ကျောက်စိမ်းအရိုင်း၏ ပြင်ပ လက္ခဏာတွင် ယင်းအချက်များထဲမှ အနည်းဆုံး နှစ်ချက်ကိုတော့ တွေ့ရလေ့  ရှိသည်။

ယင်းလက္ခဏာများရှိနေသော် လည်း ကျောက်စိမ်းမဟုတ်သည့်၊ ရတနာ တန်းဝင် ကျောက်မဟုတ်သည့် အရိုင်း တုံးတွေကိုလည်း တွေ့နိုင်ပါသည်။အလေးချိန်ကို ဆကြည့်ခြင်းကိုလည်း ကျောက်ရိုင်းအကဲဖြတ်သူများက သုံး လေ့ရှိသည်ကို တွေ့ရသည်။ အပွေးဆိုတာကတော့ သစ်ပင်များ တွင် အပွေးတက်သလိုပင် ကျောက်စိမ်းအရိုင်း၏ အခွံပေါ်တွင် တွေ့ရသည်။

ထိုအပွေးကအတွင်းသား၏ အရည်ဝင် ရောက်မှုကို အကဲခတ်ရသည့် အချက် ဖြစ်သလို ကျောက်စိမ်းအရိုင်း၏ တန်းဝင် လက္ခဏာ လည်း ဖြစ်လေသည်။ကျောက် အရိုင်း၏ သက်တမ်းသို့မဟုတ် ကျောက် သားအနုအရင့်ကို ခန့်မှန်း၍လည်းရလေသည်။ အပွေး၏ဖြစ်တည်မှု အစိပ် အကျဲကိုကြည့်ကာ ကျောက်ရည် ကျောက်သားကိုခန့်မှန်းရသည်။ မန်းကျတော့ အပွေးထက်ပင်ပို၍ စိပ်ပြီး အလွန်သေးငယ်သော အစက်အပြောက်အစုအဝေးကလေးဖြစ်သည်။

ပုရွက်ဆိတ်များ စုပြုံခဲနေသည့် သကြား ရည်ကွက်လိုထင်ရသည်။ ထိုမန်းက ကျောက်စိမ်းအတွင်းသားထဲ အရည်ဝင် ရောက်နေမှုကို ခြေရာချန်ထားသလို ရှိသည်။မန်းတွင် အရောင်ပါသည့် အစက်အပြောက်ကလေးတွေပါသည်။ ကျောက်အကဲခတ်သူတို့မှန်ဘီလူးသုံး၍  ဂရုတစိုက်ကြည့်ရှု အကဲခတ်ရသည့် သဘာဝ လက္ခဏာဖြစ်သည်။ မန်းကိုမှန်ဘီလူးဖြင့် ချဲ့၍လေ့လာခြင်းသည် ကျောက်သားကို မှန်းဆ၍ရသလို အရည်၊ ယမ်း၊ ရှင်းစသည့် ကျောက်တွင်း သား လက္ခဏာကို အကဲခတ်နိုင် သည်။

ယမ်းကတော့ ကျောက်စိမ်း၏ အတွင်း သားထဲကနေ ပေါ်ပေါ်ထင်ထင်ထွက် ပေါ်လာသည့် ပြင်ပ လက္ခဏာဟု ဆိုနိုင်သည့် အရောင်တောက်ပနေ သော ခရစ္စတယ်များဖြစ်သည်။ထိုယမ်း များသည် ကျောက်သားထဲတွင် အချို မှုန့်တောင့်ကလေးတွေ စုခင်းထားသလို နေရာယူထားပြီး ကျောက်၏အရည် (အရောင်)ကူးမှုကို တားဆီးတတ်သည့် သဘာဝလက္ခဏာများဖြစ်သည်။ သို့သော်လည်း ယင်းသဘာဝသည်ပင် လျှင် ကျောက်သား အတွင်းအရည်ကူး ဖြန့်သွားမှုကို အားပေးသည့် လက္ခဏာ ဖြစ်နေတတ်သည်။

ကျောက်ရည် ကျောက်သားကို ထိုယမ်းကပို၍ တောက်ပ လှစိုစေလေသည်။ ချော်ကတော့ ကျောက်စိမ်း ထွက်ရှိ ရာဒေသ၏ မြေနှင့်ကျောက်တို့၏ ဆက် စပ်မှုကို လေ့လာနိုင်သည့်လက္ခဏာ ဖြစ်သည်။
ကျောက်၏ အသက်အနု အရင့်ကိုလည်း အကဲဖြတ်နိုင်သည့် လက္ခဏာဖြစ်သည်။ထိုချော်များကို ကျောက်စိမ်းအရိုင်းတုံး၏ မျက်နှာပြင် ပေါ်တွင် ရေညှိတက်နေသလို တွေ့ရတတ်သည်။

ထိုလက္ခဏာက ကျောက် စိမ်းအရိုင်း၏ သဘာဝထဲတွင် ဖွဲ့တည်ရှိ နေပုံကိုမှန်းဆကြည့်နိုင်သည့် သဘာဝ လက္ခဏာဟုလည်း ဆိုနိုင်သည်။ ယင်းအခြေခံလက္ခဏာများကို ပြင်ပ ကနေ ကြည့်ရှုအကဲခတ်ရာတွင် မှန် ဘီလူးဖြင့် ဂရုတစိုက်ကြည့်ရှုကာ ဖတ်ကြ ရသည်။ ကျောက်အရိုင်း၏အခွံကပါး လျှင်တော့ မီးထိုး၍ကြည့်နိုင်သည်။

ကျောက်အရိုင်းကို တန်ဖိုးဖြတ်ရာတွင် ထိုသဘာဝလက္ခဏာများကို ကြည့်၍အကဲဖြတ်ကြသည်။ အပွေး၊ မန်းတွေကို ဖောက်၍လည်း အတွင်းသားကို ချောင်း ကြည့်ရသည်။ ပြချက်က ကျောက်စိမ်း အရိုင်း၏အတွင်းသားကို အနည်းငယ် လှစ်ဟပြလိုက်ခြင်း ဖြစ်သည်။ပြချက်ဖောက်၊ ပွတ်၊ တိုက်၍ ပြရသည် မှာ စွန့်စားရသော အလုပ်ဖြစ်သည်။ထိုပြချက်ကလေးကို မီးထိုး၊ မှန်ထိုး၊ နေထိုးကာ ကြည့်ကြ၊ အကဲဖြတ်ကြ သည်။ထိုသို့ပြရာတွင်လည်း ဖောက် ချက်၊ ပြချက်ကို စိတ်ဝင်စားအောင် ပြရသည်။

ကျောက်အရိုင်းတုံးတစ်တုံး၏ အောင်၊ ရှုံးကို ပြသည့်လက္ခဏာတွေကို အခြေခံ၍ ဖောက်ချက်၊ ပြချက်ကို ဖော် ထုတ်ရသည်။ ပြချက်၊ ဖောက်ချက်ကို ဖော်ထုတ်ရသည့် ပညာသည် စိန်ခေါ်မှုများစွာရှိလေသည်။ ဖောက်ချက်၊ ပြချက်က အောင်သွား လျှင် အရိုင်းတုံး၏တန်ဖိုးမြင့်တက်သွားပြီး နုတ်သည့်လက္ခဏာပြလျှင်တော့ တန်ဖိုးက ထိုးကျသွားသည်။ကျောက်၏ အပွေး၊ မန်း အသွားအလာကိုကြည့်ကာ အတွေ့အကြုံ လေ့လာမှုဖြင့် စွန့်စားရ ခြင်းဖြစ်သည်။ ပြင်ပလက္ခဏာများသည် ဖြစ်နိုင်ခြေကိုသာ တွက်ဆ၍ရသည်။ သေချာပေါက်ဖြစ်လာမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

သို့ဖြစ်၍လည်း ကျောက်ကဲကို စိတ် ရှည်လက်ရှည်ဖြင့် လေ့လာသုံးသပ်ဆင် ခြင်ရလေသည်။ပြချက်ဖော်ထုတ်ရာ တွင်ထိုစိတ်ရှည်မှုက မှန်းဆချက်ကို ကျေးဇူးပြုသည်။ ကျောက်ရိုင်းတစ်တုံး ကိုတသသနှင့် ကြည့်ကာ စိတ်ကူးယဉ် နေတတ်သည့် ကျောက်သမားတွေကို တွေ့ကြရပေမည်။ သူတို့၏ အတွေ့ အကြုံအလေ့အလာက သူတို့ကို ထောက် ပံ့ပေးသည်။ ကျောက်သမားတွေက ကိုယ်တိုင်စီမံခန့်ခွဲကာ လုပ်ကိုင်ခဲ့သည့် ကျောက်တွေကိုမှတ်မိနေတတ်သည်။

အထူးသဖြင့် အောင်သည့်ကျောက်နှင့် ပြုတ်သည့်ကျောက်တွေကို မှတ်မိနေ တတ်သည်။ထိုမှတ်မိနေသည့် ကျောက်တွေကို နောက်လုပ်မည့်ကျောက်နှင့် နှိုင်းယှဉ် အကဲဖြတ်ကြသည်။ ကျောက်ထဲက အရည်သည် တစ်ဆင့်ချင်းမှ မြင်ရသည် ဖြစ်ရာ မှန်းဆချက်၊လုပ်ချက်တိုင်းသည် စိန်ခေါ်မှုများ ဖြစ်လေသည်။
မှန်းဆချက်များ ပြုလုပ်နေချိန်တွင် ကျောက်သမား သည် လောဘနှင့်ပူပန်မှုကို လျှော့ချနိုင် ဖို့လိုပေသည်။ လောဘကအပြုဘက်၊ အအောင် ဘက်ကို ပိုမြင်စေပြီ၊ ပူပန်မှုက တွေဝေမှုကိုဖြစ်စေကာ အပျက်ဘက်၊ အရှုံးဘက် ကို တွန်းအားပေးတတ်သည်။ ယခုခန့်မှန်းတွက်ဆသည့် ကျောက်သည် ယခင်က အောင်ဖူးသည့် ကျောက်၏လက္ခဏာနှင့်တူနေလျှင်၊ အလွန်နီးစပ် နေလျှင် အပြုဘက်၊ အအောင်ဘက်ကို
ပိုတွက်မိတတ်သည်။

ပျက်ဖူးသည့် ကျောက်နှင့် လက္ခဏာတူနေလျှင် အလွန်နီးစပ်နေလျှင် အပျက်ဘက်ကိုပိုတွက်မိတတ်သည်။ ကျောက်စိမ်းသည် လက္ခဏာချွတ် စွပ်တူနေလျှင်လည်းတစ်တုံးနှင့်တစ်တုံး ဆန့်ကျင်ဘက်အဖြစ် နေတတ်သည်ကို သတိလွတ်သွားတတ်လေသည်။သို့ဖြစ် ၍ အကဲဖြတ်သူ၏ အတွေ့အကြုံနှင့် အတွေးအခေါ်က အရေးကြီးလေသည်။စိတ်ပိုင်းဖြတ်မှုက အဓိကကျသည်။စိတ်ကို ကွပ်ကဲနိုင်ဖို့လိုသည်။ ကျောက် သမားတွေက များများကြည့်၊ နည်းနည်း ၀ယ်ဟုသတိပေးတတ်ကြသည်။ ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင်လာဘ် ရဟုလည်း ဆိုတတ်သည်။


ကျောက်စိမ်း၏ ပြင်ပလက္ခဏာနှင့် အတွင်းသဘော ဆက်စပ်မှုသည်သဘာဝဖြစ်စဉ်ပေါ်မူတည်၍ လေ့လာ ဆုံးဖြတ်ရခြင်းဖြစ်လေရာ ဘက်ပေါင်းစုံ၊အတွေ့အကြုံပေါင်းစုံတို့ဖြင့် အကဲခတ် ကြသည်။ အရည်ဝင်ရောက်ကိန်းအောင်း မှုတွင်အကြိုအထောက်တွေရှိသည်။ ကျောက်စိမ်းသမားများ ဘ၀င်ခိုက်သည့် ကြိုးတွေရှိသည်။ထိုကြိုးက ကျောက်ရည် ၀င်ရောက်မှု လမ်းကြောင်းနှင့် အတွင်း ထဲ ဖြန့်ကားထွက်မှုကိုအားပေးသည်။ ကြိုးလှလျှင် လှသလို ကျောက်အရိုင်း၏ ဈေးကလည်း မြောက်သည်။ယခုဖော်ပြလိုက်သည့် အကြောင်း အရာများမှာ ကျောက်ရိုင်းတုံးကို အကဲ ခတ်သည့်အခြေခံကလေးမျှသာ ရှိသေး သည်။ တကယ်အကဲခတ်ရသော အခါအကဲဖြတ်ချက်တွေများစွာကျန်နေသည်။

ကျောက်စိမ်းအရိုင်းတုံးကို အကဲ ခတ်ရာတွင် အဆင့်ပေါင်းများစွာ၊ သီအိုရီ ပေါင်းများစွာ၊အတွေ့အကြုံပေါင်းများစွာကို အခြေတည်၍ လေ့လာသုံးသပ် အကဲဖြတ်ကြရသည်ကိုသဘောမျှ လောက် ဖော်ပြခြင်းသာဖြစ်သည်။သဘာဝတွင်းထွက် ကျောက်မျက် ရတနာတစ်ခုမှာပင်လျှင် သဘာဝ၏ တုံ့ပြန်မှုအနုအရင့်၊သက်တမ်း၊ အရည်ဖွဲ့ တည်မှုပေါ်မူတည်၍ ကျောက်အရိုင်း တုံးတစ်တုံးမှာပင်လျှင်တစ်နေရာနှင့် တစ်နေရာ မတူဘဲရှိရာ နေရာတစ်နေရာ တည်းတွင် အတူတကွရှိနေသည့် ကျောက်အရိုင်းတုံးတို့ ပို၍ကွဲပြားနေ မည်ကို ခန့်မှန်းကြည့်နိုင်ပါမည်။

ထိုကျောက်ကဲထက် လူကဲကပို၍ ခက် သည်ဟူသော စကားအတိုင်း သက်ရှိ အသိရှိသောလူများကို အကဲဖြတ်ရန် အချက်အလက် များစွာ၊ မှန်းဆချက်များ စွာရှိနေလေရာ ကျောက်မာယာထက် လူမာယာကပိုသည်ဟု ဆိုခြင်းဖြစ်သည်။သို့သော်လည်း လူတွေကို အကဲခတ်ရာ တွင် ကျောက်တုံးတစ်တုံးကို အကဲခတ် သလေက် ထောင့်စုံအကဲမခတ်မိသဖြင့် ဒုက္ခ ရောက်ကြရသည့် ကျောက်သမား တွေများစွာရှိလေသည်။

ကျောက်ထဲက အရည်ကို မမြင်ရ သကဲ့သို့ လူတစ်ယောက်၏ အတွင်း သဘောကလည်း မြင်ရသည်မဟုတ်ပေ။ မမြင်ရသည့် ကျောက်အရည်သည် သူ့ပကတိအရှိအတိုင်း မပြောင်းမလဲရှိနေသော်လည်း လူ၏အတွင်းသဘော ကတော့ ပြောင်းလဲလျက် ရှိလေသည်။ထိုပြောင်းလဲနေသည့် လူ၏အတွင်း သဘောကို အကဲခတ်၊ ပိုင်းဖြတ်ရသည် မှာလည်း ပို၍ခက်ခဲသည်ကို ဆင်ခြင်နိုင် ရန်လိုပါသည်။ ကျောက်ထဲက အရည်ကိုသိရှိနိုင်ရန် ပြင်ပလက္ခဏာကို ကြည့်ခြင်း၊ တစ်ဆင့်ချင်း လှစ်ဟကြည့်ခြင်း၊ အသေးစိတ် ဖြတ် တောက် ကြည့်ခြင်းဖြင့် သိရသည်။
လူတစ်ယောက်၏ အတွင်းသဘောက ပြောင်းလဲနေသဖြင့် ပြင်ပလက္ခဏာ၊ တစ်ဆင့်ချင်း လေ့လာမှု၊ အသေးစိတ် စောင့်ကြည့် လေ့လာမှုတို့ဖြင့် ယတိပြတ် ဆုံးဖြတ်၍ မရပေ။နီးစပ်ရုံသာတတ်နိုင် သည်။ ထိုသဘောကို နားလည် လက်ခံ ထားလျှင် လူတွေနှင့် ပေါင်းသင်းဆက်ဆံ ရသည့်အခါ ပို၍ အဆင်ပြေပေမည်။ ကျောက်သမားသည် ကျောက်ထဲကအရည်ကိုတွေ့လျှင် ထိုအရည်ကို ပါးနပ် သပ်ရပ်စွာ လှီးဖြတ်ထုတ်ပြီး အရည်လုံ သွားပြီး တောက်ပလင်းလက်ကာ ရတနာ ဖြစ်အောင် တစ်ဆင့်ချင်း သွေးယူရသည်။

အရည်အားကောင်းသည့်နေရာကို ဖြတ်တောက်လှီးဖဲ့ သွေးပစ်လိုက်မိပါ က ရတနာ၏ အလှနှင့် တန်ဖိုးတို့သည် လွှစာသွေး ကျောက်စာ မိသွားတတ်သည်။တန်ဖိုးတွေကို ဖဲ့လှီး၊ သွေးပစ် လိုက်သလို ဖြစ်သွားတတ်သည်။ လူတစ်ယောက်ကိုအကဲခတ်ရာတွင်လည်း သူ၏ တန်ဖိုးနှင့် အနှစ်သာရကို ဖမ်းဆုပ်မိဖို့လိုသည်။ လက်လွတ်သွားပါက သူ့တန်ဖိုးကို ဖဲ့ထုတ်ပစ်သလိုဖြစ်သွားကာ တန်ဖိုးလျော့သွားရသည်။
ထိုတန် ဖိုးလျှော့သွားသည့် လူကို တန်ဖိုးအစစ် အမှန်အတိုင်း အကဲမဖြတ်မိလျှင် သူနှင့် ပေါင်းသင်းဆက်ဆံရာတွင် အနုတ် လက္ခဏာဖြစ်သွားရပေမည်။ကျောက်သမားသည် ကျောက်ထဲက အရည်စစ်ကို ရရှိနိုင်ရန် ထိုအရည်ဝန်း ကျင်၊အရည်ထဲတွင် ရှိနေသည့် အပြစ် အနာအဆာ တွေကို ဖယ်ထုတ်ရသည်။ ရှင်းလင်းရသည်။

အရည်စစ်ထဲတွင် ဆံ၊ ယမ်း၊ ရှင်း အအက်အနာရှိနေလျှင် စင်ကြယ်သော ကျောက်ကောင်းတစ်ပွင့် ရရှိရန် မှန်ကန်စွာ ဆုံးဖြတ်ပြီး ရဲရင့်စွာ ဖြတ်တောက်ထုတ်ပစ်ရသည်။
 ကျောက်ထဲက အရည်စစ်ကို ရတနာ တန်းဝင်ဖြစ်အောင် အရည်အသွေးကို ရွေးယူပြီး အပြစ်အနာကို ဖယ်ထုတ်ရ သလို လူတစ်ယောက်၏ ပကတိတန်ဖိုး ကိုလည်း ထို့အတူ ရွေးချယ်ဖော်ထုတ် ခြင်းဖြင့် ရရှိနိုင်လေသည်။
သို့သော် ရတနာတန်းဝင်ပြီးသော ကျောက်မှာ မူလအခြေမပျက်ဘဲ ရှိနေသော်လည်း လူ၏ပကတိတန်ဖိုးကတော့ အချိန်နှင့်အမျှ ပြောင်းလဲနေတတ်သဖြင့် ကျောက်ထဲက အရည်ထက်လူထဲက အရည်ကပို၍ အကဲခတ်ရ ခက်သဖြင့် လေ့လာအကဲတ်ြမှုသည်လည်းအချိန်နှင့်တစ်ပြေးညီရှိနေဖို့ လိုအပ်သည်ဟု ဆိုရမည် ဖြစ်လေသည်။


ဖားကန့်ကျောက်စိမ်းတွင်းပြမြေပုံ


မြန်မာကျောက်စိမ်း

  
Ref:mogaungexpress.blog



JADE



Color
Color is jadeite’s most important value factor. Because consumers traditionally associate jadeite with the color green, it surprises some people to learn that it comes in other colors as well—lavender, red, orange, yellow, brown, white, black, and gray. All of these colors can be attractive. But jadeite’s most desirable color is, in fact, a very specific shade of green.

Jadeite Jade in a Variety of Colors
Jadeite jade comes in a variety of colors. Green is the most valuable. - Courtesy Mason-Kay Fine Jade Jewelry




The Chinese have revered jadeite’s fine green color since its discovery in Burma. Top-quality jadeite is rare. Vivid, sleek, and translucent, magnificent jadeite commands some of the highest prices among gems in today’s international market. Jadeite is more commercially valuable than nephrite.

Define Jade

Jade refers collectively to two different minerals......

Jadeite and Nephrite.

Most Jade of gem value is Jadeite Burmese Jade. 

Most valuable is the Imperial Jade, an emeraldgreen transparent jadeite from Burma.

In Academic TermsJadeite and Nephrite have different physical and chemical characteristics:

Nephrite
Jadeite
Chemical compositionCa2(Mg, Fe)5Si6O22(OH)NaAISi2O6
Mineral compositionAmphibole GroupPyroxene Group
Crystalline structurefibrousmicro-granular
Hardness6-6.56.5-7
Specific gravity2.9-3.1about 3.33
Refractive index1.621.65-1.66
Polished surfacesSmooth with a waxy sheenHard and lustrous
ColorEvenly distributed; translucent
white, dark green, black
Spotty or clustered distribution; white, grey, green


ကျောက်စိမ်းအရိုင်းတုံး၏ သဘာ


အခွံပေါ်တွင်တွေ့ ရသောအင်္ဂါရပ်များ

၁။ မန်း။ ။ အခွံပေါ်တွင်တွန့် လိမ်ကောက်ကွေးစွာထင်နေသော အစင်းကြောင်းများဖြစ်သည်။ အခွံပေါ်တွင်
ခုံးထနေသည်လည်းရှိသည်။ မန်းရှိသောနေရာကို တိုက်ကြည်လျှင်အောက်တွင် အစိမ်းရည်
ပေါ်လာမည်။
မန်း ၂မျိုးရှိသည်။

(က) အရည်မန်း။ ။ အခွံပေါ်ရှိမန်းနေရာကိုတိုက်လိုက်သောအခါ မန်းအောက်တွင်အစိမ်းရည်
ပေါ်လာပါက အရည်မန်းဟုခေါ်သည်။

(ခ) အသားမန်း။ ။ အခွံပေါ်ရှိ မန်းနေရာကိုတိုက်လိုက်သောအခါ မန်းအောက်တွင်အစိမ်းရည်မပေါ်ပဲ အသားပေါ်လာပါက အသားမန်း ဟုခေါ်သည်။

၂။ အရည်ပွေး။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင် အစိမ်းရောင်ရှိသော အကွက်များသည်ပွေးကွက်များကဲသို့ဖြစ်ပေါ်
နေလျှင် အရည်ပွေး ဟုခေါ်သည်။

၃။ အရည်ပွင့်။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင် အစိမ်းရောင်ရှိသော ပန်းပွင့်ပုံစံ အပွင့်ကလေးများဖြစ်ပေါ်နေလျှင်
အရည်ပွင့် ဟုခေါ်သည်။

၎။ ကြိုးပတ်။ ။ အရည်မန်းသည် ၄င်း အရည်ပွေးသည် ၄င်း အရည်ပွင့်သည်၎င်း တစ်ခုနှင့်တစ်ခုထိစပ်နေပြီး
ကျောက်စိမ်းတုံးတစ်ခုလုံးကို ပတ်နေလျှင် ကြိုးပတ်ဟုခေါ်သည်။ ကြိုးပတ်ရှိလျှင် အရည်အောင်ရန်

သေချာသလောက်ဖြစ်သည်။ ကြိုးတစ်ပင် ၊ နှစ်ပင် ၊ သုံးပင် စသည်ဖြင့်ရှိသည်။ ကြိုးတစ်ပင်ထက် နှစ်ပင်၊ နှစ်ပင်ထက်သုံးပင် ကပို အရည်အောင်နိုင်သည်။ အရည်များသောကျောက်တွင် ကြိုးသည်
အုန်းဆံကြိုးတင်ထားသကဲ့သို့ အမြှောင်းလိုက်ထနေသည်။

၅။ ကြိုးငုပ်။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင်ဖြစ်ပေါ်နေသော ကြိုးသည်တစ်တုံးလုံးကို မပတ်ဘဲ တစ်နေရာတွင်
ပြတ်တောက်နေပါက ကြိုးငုပ် သည်ဟုခေါ်သည်။

၆။ တည်စေ့။ ။ အခွံပေါ်တွင် ကပ်နေသောအစိမ်းရောင် သကြားပွင့်ကလေးကဲ့သို့ အစိမ်းရောင် Crystal လေးကို
ခေါ်သည်။

၇။ ကောက်ရော့။ ။ ကျောက်စိမ်းတုံး၏ တစ်ဘက်မှာ အရည်ပြချက်ရှိပြီး အခြားတစ်ဘက်မှာ အရည်ပြချက်မရှိသော
ကျောက်ကို ကောက်ရော့ဟုခေါ်သည်။ သို့ မဟုတ် ကျောက်စိမ်းတုံး၏ ထိပ်ပိုင်းကလေးမှာပဲ အရည်
ပြချက်ရှိပြီး ကျန်တစ်တုံးလုံး မည်သည့်နေရာတွင်မှ အရည်ပြချက်မရှိပါက ကောက်ရော့ဟုခေါ်သည်။

၈။ ကျားကိုက်။ ။ အရည်မန်း ၊ အရည်ပွေး ၊ အရည်ပွင့် စသည်တို့ သည် တစ်ခုနှင့် တစ်ခုထိစပ်ပြီး တစ်ဘက်မှအပ
ကျန်သုံးဘက်လုံးတွင် ပတ်နေပါက ကျားကိုက်ဟုခေါ်သည်။

၉။ တံစို့ ထိုး။ ။ အရည်မန်း ၊ အရည်ပွေး တို့ သည်ကျောက်၏ တစ်ဘက်တစ်ချက်စီတွင်သာ ဖြစ်ပေါ်နေပါက
တံစို့ ထိုး ဟုခေါ်သည်။

၁၀။ ကပ်ရည်။ ။ အခွံပေါ်တွင်သာ ကပ်နေသော အရည်ဖြစ်သည်။ အတွင်းသို့ မ၀င်ပါ။ များသောအားဖြင့် ကပ်ရည်
သည်ပြင်ကျယ်ပြီးထုမရှိတတ်ပါ။



ကျောက်စိမ်း အခွံအကြောင်းသိကောင်စရာ


အဓိကအားဖြင့် ရေခွံ နှင့် ကုန်းခွံ ၂ မျိုးရှိသည်။

ရေခွံ။ ။ ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ ရေချောင်းများအတွင်းမှ ထွက်ရှိသည်။ များသောအားဖြင့် အသားကောင်းတတ်သည်။ အရွယ်အစားအမျိုးမျိုး ရှိတတ်သည်။ ပြောင်ချောနေသည်။

ကုန်းခွံ။ ။ ကုန်းခွံတွင် မြေမှန် နှင့် ကုဋေကျောက် ၂ မျိုးကွဲသည်။

ကုဋေကျောက်။ ။ အခွံမည်းဖြစ်သည်။ ချော်ကပ်နေတတ်သည်။ မော်ဝမ်းလေး ၊ မော်ဝမ်းကြီး ၊ မော်မောင်ကုန်း တို့ 
မှအဓိကထွက်သည်။

မြေမှန်။ ။ ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ ကုန်းမြေမှတူးဖော်ရရှိသည်။ အခွံအမျိုးမျိုး ရှိသည်။ နေရာအ
အမျိုးမျိုးမှထွက်သည်။

အခွံများမှာ -

၁။ သံချေးခွံ။ ။ သံထည်ပစ္စည်းများကို သံချေးတက်နေသော ပုံစံ ရှိသည်။ ကျောက်မျိုးရင့်တတ်သည်။ အခွံ ၂ထပ်
ဖြစ်တတ်သည်။

၂။ ၀ါးဖတ်ခွံ။ ။ ၀ါးဖတ်အရောင်အဆင်းနှင့်တူသည်။ မျိုးကောင်းတတ်သည်။

၃။ သစ်တော်ခွံ။ ။ သစ်တော်သီးအခွံလို အရောင်မျိုးရှိသည်။ မျိုးကောင်းတတ်သည်။

၎။ အာလူးခွံ။ ။ အာလူးသီးအခွံလို အရောင်မျိုးရှိသည်။ မျိုးကောင်းတတ်သည်။

၅။ အင်္ဂတေခွံ။ ။ အင်္ဂတေပြား အရောင်မျိုးဖြစ်သည်။ အသားပျက်တတ်သည်။ မျိုးမကောင်းတတ်ပါ။

၆။ ဖွဲနုခွံ။ ။ စပါးခွံ ဖွဲအရောင်မျိုးဖြစ်သည်။ အခွံနုသည်။

၇။ ဖွဲလတ်ခွံ။ ။ စပါးခွံ ဖွဲအရောင်မျိုးဖြစ်သည်။ အခွံ မနု မကြမ်း အလယ်အလတ်ရှိသည်။

၈။ ဖွဲကြမ်းခွံ။ ။ စပါးခွံ ဖွဲအရောင်မျိုးဖြစ်သည်။ အခွံ ကြမ်းသည်။

ဖွဲနု ၊ ဖွဲလတ် ၊ ဖွဲကြမ်းခွံ အားလုံးသည် မျိုးရင့်လျှင် အရည်ကောင်း အသားကောင်း ရတတ်သည်။ မျိုးနုလျှင်
အသားမရတတ်ပါ။

၈။ မုံထုခွံ။ ။ သနပ်ခါးအရောင်ဖြစ်သည်။ မျိုးကောင်းတတ်သည်။

၉။ မုံထုခွံကြွေ။ ။ လက်နဲကိုင်လိုက်လျှင် အခွံအစအန ကလေးများကြွေပါလာလျှင် မုံထုခွံကြွေဟုခေါ်သည်။
မျိုးကောင်းတတ်သည်။

၁၀။ ဖယောင်းခွံ။ ။ ဖယောင်းရည်သုတ်ထားသကဲသို့  ပြောင်ချောချောဖြစ်နေသည်။

၁၁။ ခွံကြမ်း။ ။ ကိုင်ကြည်လျှင်အလွန်ကြမ်းတမ်းသည့် သဘာဝရှိသည်။

၁၂။ ခွံနု။ ။ ကိုင်ကြည်လျှင် ညက်ညောသောသဘာဝရှိသည်။

၁၃။ ခွံပွ။ ။ မုန့် ကြွပ်ကဲ့သို့ ပွရွှနေတတ်သည်။

၁၄။ ခွံကြွေ။ ။ ကိုင်လိုက်လျှင်လက်ထဲတွင် အခွံအစအနလေးများကြွေကျတတ်သည်။

၁၅။ ခွံထူ။ ။ အခွံမှာကိုင်ကြည်လိုက်လျှင် သိသိသာသာထူ နေတတ်သည်။ အရည်အသားကောင်း မကောင်း
နှင်မသက်ဆိုင်ပါ။

၁၆။ ခွံပါး။ ။ အခွံမှာကိုင်ကြည်လိုက်လျှင် သိသိသာသာပါး နေတတ်သည်။ အရည်အသားကောင်း မကောင်း
နှင်မသက်ဆိုင်ပါ။

၁၇။ ခွံကျစ်။ ။ အခွံမှာ ကျစ်လစ်သိပ်သည်းနေတတ်သည်။ အသားပျက်တတ်သည်။

၁၈။ ခွံကျပ်။ ။ အခွံကျပ်မှာ အခွံကျစ်နှင့်အနည်းငယ်ကွာခြားသည်။ အခွံပွသောလည်းကျပ်နေတတ်သည်။

၁၉။ ခွံပျက်။ ။ တစ်နေရာမှာအခွံတစ်မျိုး ၊ အခြားတစ်နေရာမှာ အခွံတစ်မျိုးဖြစ်နေတတ်သည်။ အသားပျက်တတ်
သည်။



 အဓိကအသုံးဝင်သော မန်း


၁။ မန်းဖြူ။ ။ ဗျိုင်းချေးမန်း ဟုလည်းခေါ်သည်။ အရည်ကောင်း အသားကောင်းကိုပေးသည်။ ကျောက်မျိုး
ရင့်သည်။

၂။ မန်းနီ။ ။ ကွမ်းသွေးမန်း ဟုလည်းခေါ်သည်။ ကျောက်မျိုးရင့်သည်။ အရည်ပြာတတ်သည်။

၃။ ခြစားမန်း။ ။ ခြအိမ်ပုံစံမျိုးဖြစ်သည်။ ကျောက်မျိုးရင့်သည်။ အရည်ကောင်း ၊ အသားကောင်းကိုပေးသည်။

၎။ ကြက်ဆိတ်မန်း။ ။ အပေါက်ငယ်ကလေးများပါသည်။ ကျောက်မျိုးရင့်သည်။ အရည်အသား ကောင်းတတ်သည်။

၅။ မန်းမှန်ပေါက်။ ။ သန်းခေါင်းအရွယ် အပေါက်များပါသည်။ အရည် ၊ အသားကောင်းတတ်သည်။

၆။ အ၀ါမန်း။ ။ အရည်ရှိကြောင်းပြသည့် လက္ခဏာဖြစ်သည်။ အရည်ကောင်း အသားကောင်းကိုပေးသည်။

မန်းသည်အရည်ရှိကြောင်း ပြသည်လက္ခဏာဖြစ်သည်။ အချို့ မန်းသည် အခွံပေါ်တွင်ခပ်ပါးပါး ပက်ကျိလမ်းကြောင်းကဲသို့ ရှိတတ်သည်။ အချို့ မန်းကို ထူထူ တွေ့ ရတတ်သည်။ အချို့ မန်းကို အခွံပေါ်တွင် အုန်းဆံကြိုးတင်းထားသကဲသို့ တွေ့ ရတတ်သည်။
မည်သို့ ပင်ဖြစ်စေ မန်းရှိလျှင် မန်းအောက်တွင်အရည်ရှိတတ်သည်။


ယမ်းအကြောင်းသိကောင်းစရာ 

ဟင်းချိုမှုန့် ကဲသို့ လက်လက်လက်လက် နှင့်မြင်ရသောအရာကို ယမ်းဟုခေါ်သည်။
ယမ်းချောလျှင် အသားချောသည်။
ယမ်းကြမ်းလျှင် အသားကြမ်းသည်။
ယမ်းစိပ်လျှင် ကျောက်သားတင်းသည်။
ယမ်းကျဲလျှင် ကျောက်သားပျော့သည်။

အဓိက ယမ်း ၃မျိုး ရှိသည်

၁။ ယမ်းလုံး
၂။ ယမ်းရှည်
၃။ ယမ်းပြား

၁။ ယမ်းလုံး
သကြားပွင့် ဆားပွင့် ကပ်နေသကဲ့သို့ ဖြစ်သည်။ အရည်ကိုအားပေးသည်။

၂။ ယမ်းရှည်
အပ်ချောင်းကဲ့သို့  ဟင်းချိုမှုန့် ရှည်ရှည်ကဲ့သို့  စွဲကပ်နေသည်။ အသားကိုအားပေးသည်။

၃။ ယမ်းပြား
လကြေးပြား အပိုင်းအစကလေးများကပ်နေသကဲ့သို့ ဖြစ်သည်။ အရည၊် အသားကို ဖျက်တတ်သည်။

ယမ်းပြားတွင် ၃မျိုးရှိသည်။

၁။ယင်ထောင်ယမ်း
၂။မာယားယမ်း
၃။ခွေးရိုးထိုးယမ်း

၁။ ယင်ထောင်ယမ်း။ ။ ယင်ကောင်တောင်ပံကပ်နေသကဲ့သို့ ဖြစ်သည်။ အရည်အသားပျက်စေသည်။ ဈေးပေးမများသင့်ပါ

၂။ မာယားယမ်း။ ။ ယင်ထောင်ယမ်းထက်ကြီးသည်။ အရည် ၊ အသား ဖျက်အားကောင်းသည်။ ရှောင်ရမည်။


၃။ ခွေးရိုးထိုး။ ။ မာယားယမ်းထက်ကြီးသည်။ အရည်၊ အသား ဖျက်အားအကောင်းဆုံးဖြစ်သည်။ ရှောင်ရမည်။

ယမ်းသဘာဝ

အခွံပေါ်မှာ မြင်ရသော ယမ်းပုံစံအတိုင်း အတွင်းမှာလည်း ရှိတတ်သည်။ ယမ်းကိုပိုင်နိုင်ကျွမ်းကျင်လျှင် လုံးစွတ်ကျောက်ကို မခွဲမဖြတ်ပဲ ပြင်ပမှကြည့်ရုံနှင့် နတ်မျက်စိကဲ့သို့  အတွင်းမှကျောက်သားကောင်းမကောင်းကို
ဖောက်ထွင်းသိမြင်နိုင်သည်။


ခုမ့် အကြောင်းသိကောင်စရာ


ကျောက်စိမ်းတုံး အခွံအောက်တွင်ခုမ့်ရှိသည်။ တနည်းအားဖြင့်အခွံနှင့် အသားကြားတွင်ရှိသည်။ အခွံနှင့်အနှစ်ကြား
တွင်ရှိသော ကြက်ဥပြုတ်အကာ ကဲ့သို့ ဖြစ်သည်။ ခုမ့် အရောင်ကို ကြည့်ပြီး ကျောက်စိမ်းအရည်ကို ခန့် မှန်းနိုင်သည်။
များသောအားဖြင့် ခုမ့်ပါသော ကျောက်များသည် အရည်ကျောက်ဖြစ်တတ်ပြီး ခုမ့်မပါသောကျောက်များသည် အသားကျောက်ြ်ဖစ်တတ်သည်။သို့ သော် ခုမ့်ပါသောကျောက်တိုင်းသည် အရည်ကျောက်မဟုတ်ပါ။ ခုမ့်မပါလျှင် မျိုးနုတတ်သည်။ သို့ သော်ကျောက်တိုင်းမဟုတ်ပါ။

ခုမ့် ကိုနားလည်လျှင် အရည်ကိုအနီးစပ်ဆုံး ခန့် မှန်းနိုင်သည်။

ခုမ့်ဖြူ။ ။ ပဲရည်သန့် သန့် ဖြစ်တတ်သည်။ အမျိုးကောင်း အရည်ကောင်း ရတတ်သည်။

ခုမ့်ဝါ။ ။ အမျိုးကောင်းသောခုမ့်ဖြစ်သည်။ အရည်ကောင်းရတတ်သည်။ ပဲဆွေးလု အရည်မျိုးကိုပေးသည်။

ခုမ့်နီ(ပျားရည်ခုမ့်)။ ။ ခုမ့်ညိုလျှင် အရည်ပြာတတ်သည်။ လန့် ရည်ဝင်သည်ဟုလည်းဆိုသည်။

ခုမ်းမည်း။ ။ ခုမ်းမည်းလျှင် အရည်ကျွမ်းတတ်သည်။

ခုမ်းပါး။ ။ ခုမ်းပါလျှင် အရည်ကောင်းတတ်သည်။ ရေကျောက်တွင် ခုမ့် ပါသည်။

ခွံဘိ။ ။ မည်သည့်ခုမ့်မဆို ခုမ့်ထူလျှင် ခွံဘိ ဟုခေါ်သည်။ ခုမ့် တက်သည်ဟုလည်းခေါ်သည်။




ကျောက်စိမ်းအရိုင်းတုံးအမျိုးအစား ၃မျိုးအားအရည်အသွေးစစ်ဆေးခြင်း


ကျောက်စိမ်းအမျိုးအစားခွဲခြားခြင်း

ကျောက်စိမ်းအမျိုးအစားခွဲခြားရာတွင် ကျောက်စိမ်း၏ဖွဲသားအမျိုးအစား ၊ အရောင်အသွေးပါဝင်မှု ၊ အလင်းပေါက်
အားနှင့် အရောင်အသွေးတို့ ပြန့် နှံ့ တည်ရှိနေသည် ပုံစံကိုအခြေခံပြီး အမျိုးအစားကြီး (၃)မျိုး ခွဲခြားထားသည်။

၁။ အရည်ကျောက်
ပထမတန်းစားဖန်သား ၊မှန်သား ၊အသားကြည်ကျောက်သား (သို့ ) အပြာရိပ်သန်းသော ဒုတိယတန်းစား
ကျောက်သား (သို့ ) အပြာရိပ်မပါသော တတိယတန်းစားကျောက်သား နှင့် ၀တ်ဆံဖြူပါသော ဖြူကြည် စတုတ္ထတန်းစား
ကျောက်သား တစ်မျိုးမျိုးတွင် ပိပိခဲခဲရှိသော အစိမ်းသန့် သန့် အစိမ်ရောင်(သို့ ) အ၀ါရောင်သန်းသော အစိမ်းရောင် (သို့ )
အပြာရောင်သန်းသောအစိမ်းရောင် တစ်မျိုးမျိုးပါဝင် နေသောကျောက်ကို အရည်ကျောက်ဟုသတ်မှတ်ပါသည်။
ကျောက်သားအမျိုးအစား (၄)မျိုးနှင့် အခြေခံကျောက်စိမ်းအရောင်တွင်ရောနှောပါဝင်နေသော

(က) အမျိုးအစား
(ခ) အချိုးအစား
(ဂ) အရောင်အနု အရင့်

ပေါ်တွင်အခြေခံပြီး အရည်ကျောက်ကို (၇)မျိုးထပ်မံ ခွဲခြားနိုင်ပါသည်။

၁။ လန့် လုဆွေး။ ။ ဖန်သားမှန်သား ကဲ့သို့ သောကျောက်သားအကြည်တွင် စိမ်းဝါပြာ (စိမ်းပြာအ၀ါရွှင်) (ပိုးမည်း
တောင်ပံစိမ်းရည် ၊ ဒေါင်းမြီးစိမ်းရည်) အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းဝါပြာ
(လန့် လုဆွေး) အရည်ကျောက်ဟုခေါ်သည်။

၂။ လန့် လုကြီး။ ။ အပြာရိပ်သန်းသောကျောက်သားအကြည်တွင် စိမ်းဝါပြာအ၀ါနု (စိမ်းပြာအ၀ါနည်း) အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းပြာဝါနု (လန့် လုကြီး) အရည်ကျောက် ဟုခေါ်သည်။

၃။ လန့် လု။ ။ အပြာကဲသောကျောက်သားအကြည်တွင် စိမ်းပြာရင့်ဝါ (စိမ်းဝါနည်း အပြာကဲ)
အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းပြာဝါနု (လန့် လု) အရည်ကျောက်ဟုခေါ်သည်။

၎။ ဆွေးလုကြီး။ ။ အပြာရိပ်မပါသောကျောက်သားအကြည်တွင် စိမ်းပြာရင်ရောင် (စိမ်းဝါရွှင်) အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းဝါရင့် (ဆွေးလုကြီး) အရည်ကျောက်ဟုခေါ်သည်။

၅။ ဆွေးလု။ ။ အပြာရိပ်မပါသောကျောက်သားအကြည်တွင် စိမ်းဝါရောင် (စိမ်းဝါ) အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းဝါ (ဆွေးလု) အရည်ကျောက်ဟုခေါ်သည်။

၆။ ပဲဆွေးလုကြီး။ ။ ၀တ်ဆံဖြူပါပြီး ၀ါသောကျောက်သားတွင် စိမ်းဝါရင့်ရောင် (စိမ်းဝါရွှင်) အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို ပဲစိမ်းဝါရွှင် (ပဲဆွေးလုကြီး) အရည်ကျောက်ဟုခေါ်သည်။

၇။ ပဲဆွေးလု။ ။ ၀တ်ဆံဖြူပါသောကျောက်သားတွင် စိမ်းဝါရောင် (စိမ်းဝါ) အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို ပဲစိမ်းဝါ (ပဲဆွေးလု) အရည်ကျောက်ဟုခေါ်သည်

ကျောက်စိမ်းတွင်ပါသော အပြစ်အနာများအကြောင်း


၁။ ရှင်းမည်း။ ။ အခွံပေါ်မှာ အမည်းစက်များရှိသည်။ အခွံပေါ်မှာရှိသည့်အမည်းစက်များအတိုင်း ကျောက်သား
အတွင်းမှာလည်းတည်ရှိသည်။ ဖျက်အားကောင်းသည်။

၂။ ရှင်းစိမ်း။ ။ ချကြည့်လျင်မည်းနေပြီး နေရောင်တွင် ကာဖျင်ဖြင့်ကြည့်လျှင် စိမ်းနေသည်။ သိပ်မဆိုးသေးပါ။

၃။ ကပ်ရှင်း။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင်သာ ရှိသည်။ သိပ်မဆိုးရိမ်ရပါ။

၎။ စိုက်ရှင်း။ ။ အခွံပေါ်မှရှင်းမည်းသည် ကျောက်သားအတွင်းထဲအထိ စိုက်ဝင်နေသည်။ ဖျက်အားကောင်းသည်။

၅။ အက်ကြောင်း။ ။ အခွံပေါ်တွင် ရှိသကဲ့သို့ ကျောက်သားအတွင်း သို့ လဲဝင်သည်။ အရည်အသားကိုဖျက်တတ်သည်။

၆။ မြင်းမြီးရိုက်။ ။ ကမ္ဘာမြေပုံကဲသို့ ကျောက်စိမ်းတုံးတစ်တုံးလုံး အနာများရှုပ်ရှက်ခက်နေသည်။ ရှောင်ရမည်။

၇။ ရှိုနာ။ ။ သဘာဝအတိုင်း အက်ကွဲနေသော အနာကြီးဖြစ်သည်။ သိပ်မစိုးရိမ်ရပါ။

၈။ ဖားဖျက်စံ။ ။ ဖားမျက်စံကဲ့သို့ အလည်မှာအမည်းစက်ဖြစ်ပေါ်နေသည်။ အရည်အသားကောင်းသော်လည်းသွေး
လျှင်အရောင်မတက်ပါ။

၉။ ရို့ နာ။ ။ ဖြတ်သားတွင် အပ်ချည်မျှင် အပိုင်းအစကဲသို့  အက်ရာအနာသေးသေးလေးများဖြစ်ပေါ်နေသည်။
အရည် အသားကောင်းသော်လည်း သွေးလျှင်အရောင်မတက်ပါ။

၁၀။ ယင်ထောင်။ ။ လချေးပြားကပ်ထားသကဲသို့  အခွံပေါ်တွင် ယမ်းပြားအငယ်ကလေးများကပ်နေသည်။ အရည်
အသားကိုဖျက်တတ်သည်။

၁၁။ မာယား။ ။ ယင်ထောင်ယမ်းထက်ကြီးသည်။ ပိုဆိုးသည်။

၁၂။ ခွေးရိုးထိုး။ ။ မာယားယမ်းထက်ပိုကြီးသည်။ပိုဆိုးသည်။

၁၃။ ဆန်ပြုတ် ။ ။ ကျောက်စိမ်းဖြတ်သားထဲတွင် ဆန်ပြုတ်ဖတ်၊ ဆန်နှစ်ဖတ် များကဲသို့ အဖြူပွင့်များဖြစ်နေ
ဆန်နှစ် သည်။ အရည်အသားကိုဖျက်တတ်သည်။

၁၄။ဖြုတ်ချေး။ ။ အခွံနှင့်အသားတွင့် အမဲစက်များထင်ရှားစွာဖြစပေါ်နေသည်။ အဖျက်ဖြစ်သည်။

၁၅။ ၀က်မြှင်။ ။ ၀က်ကိုယ်ပေါ်မှ အမွှေးအမြှင်များကဲသို့ ဒဏ်ရာအနာများဖြစ်သည်။ အဖျက်ဖြစ်သည်။

၁၆။ မှည့်။ ။ အသားထဲတွင်မှည့်ကဲ့သို့ အမည်းစက်များဖြစ်ပေါ်နေသည်။ အရည်နေရာတွင်ရှိလျှင်အရည်မပွင့်ပါ။

၁၇။ အသွေးအရောင်။ ။ ဖြတ်သားနှင့်သွေးပြီး ကျောက်ပွင့်ကိုအမှတ်မထင်ကြည့်ပါက တစ်ပြင်လုံးစိမ်းနေ သည်ထင်ရ
မညီခြင်း သော်လည်း အသေအချာကြည့်ပါက အသွေးအရောင်မညီပဲ တစ်နေရာ တွင်အရာင်ဖျော့ခြင်း
ရင့်ခြင်း ကွက်ခြင်းများ ရှိတတ်သည်။ သတိထား ဈေးပေးမများရ။

၁၈။ အသားကြောင်း။ ။ ကျောက်သားထဲတွင် အသားကြောင်းထိုးပါက အရည်ကိုပျက်စီးစေတတ်သဖြင့် ကျောက်
ထိုးခြင်း တန်းဖိုးကိုကျ စေပါသည်။ သတိထားပါ။

၁၉။ ကျောက်သား။ ။ ကမ္ဘာမြေကြီးအတွင်း တွင် မတူညီသောဖိအားကြောင့် ကျောက်သားထဲတွင် တစ်နေရာနှင့်
မညီခြင်း တစ်နေရာ အသားမတူညီပါ။ ထို့ ကြောင့်အရောင်တင်လျှင် တစ်ဘက်မှာအရာင် ကြည်လင်ပြီး
တစ်ဘက်မှာအရောင်ထိုင်းတတ်ပါသည်။

၂၀။ ကျောက်သွေးပုံ။ ။ ကျောက်စိမ်းပွင့်ကိုသွေးရာတွင် ပုံစံကျ ၊ အချိုးကျသွေးမှသာ ၄င်းကျောက်စိမ်းပွင့်သည် အရည်
ညံ့ဖျင်းခြင်း ရွှမ်းစိုလှပပြီး တန်ဖိုးတက်လာမည်ဖြစ်သည်။ ကျောက်သွေးပုံညံ့ဖျင်းလျှင် အရည်မလှပဲ တန်ဖိုး
ကျတတ်သည်။

၂၁။ အရောင်။ ။ အချောထည်ပြုလုပ်ရာတွင် အရောင်တင်လျှင်အဆင့်ဆင့်ရှိသည်။ ဥပမာ မှတ်ဝိုင်းနံ ပတ် - (၁၀၀) ၊
ညံဖျင်းခြင်း (၃၀၀) ၊ (၅၀၀) ၊ (၁၀၀၀) ၊ (၂၀၀၀) ၊ (၅၀၀၀) စသည်ဖြင့် အဆင့်ဆင့်အရောင်တင်ရပါသည်။
နောက်ဆုံးအဆင့်တွင် ၀ါးဖတ်ဖြင့် အရောင်တင်ရပါသည်။ ထိုကဲသို့  စနစ်တကျ အရောင်မတင်လျှင်
အကောင်းဆုံးအရောက်ကိုမရပါ။




၃။ အသားကျောက်


မည်သည့်အသားခံမျိုးတွင်မဆို ခရမ်းရောင် ၊ ပန်းရောင် ၊ ဗေဒါရောင်နှင့် အစိမ်းရိပ် အစိမ်းရောင် သိသာစွာမကျန်
တော့ပဲ အခြားအရောင်များဖြစ်သော ခဲရောင် ၊ ရွှေဝါရောင် ၊ အပြာရိပ် ၊ မီးခိုးရောင် ၊ အနက်ရောင် ၊ အနီရောင် ၊ အညိုရောင်
အ၀ါရောင် ၊ ရေညှိရောင် စသည့် အရောင်အမျိုးမျိုး စွဲဝင်နေသည့်ကျောက်စိမ်းကို အသားကျောက်ဟုခေါ်သည်။
အသားကျောက် ကျောက်စိမ်းကို ကျောက်စိမ်းအမျိုးအစား (၈)မျိုးကိုအခြေခံပြီ အရောင်များရောနှောပျံ့နှံ့  တည်ရှိနေသည့် အဆင်းပုံစံကိုအသေးစိတ်ပြီ မျိုးကွဲ (၂၇)မျိုး ခွဲခြားထားပါသည်။

၁။ ခဲဘော်ဒီ။ ။ ယမ်းမှုန်ညက်ကာဖွဲ့ သားကောင်ပြီး အလင်းပေါက်သောအသားခံတွင် ခဲရောင် (သို့ )ရွှေဝါရောင်
သန်းနေပါက ခဲဘော်ဒီ (ဖန်သားမှန်သား) အသားကျောက်ဟုခေါ်သည်။

၂။ ရေခဲသား။ ။ ယမ်းမှုန်ညက်ကာဖွဲသားကောင်ပြီး အလင်းပေါက်သောအသားခံတွင် ရေခဲဖြူရောင် (သို့ ) အပြာ
ဘော်ဒီ ရောင်သန်းသည့် အရောင်ရှိနေပါက ရေခဲသားဘော်ဒီ (ဖန်သားမှန်သား) အသားကျောက်ဟု
ခေါ်သည်။

၃။ ကန်စွန်ပန်း။ ။ ယမ်းမှုန်ညက်ကာ အပြာရိပ်သန်းသောအလင်းပေါက် (သို့ ) အလင်းပေါက်လုနီးပါရှိသောအသား
ခံတွင် မီးခိုးရိပ်သန်းသည့် အစိမ်း အစင်း အစက်တို့ သည့် ကန်စွန်ပန်းပုံစံ ပျံနှံ့နေပါက ကန်စွန်ပန်း
(ပြာကြည်) အသားကျောက်ဟုခေါ်သည်။

၎။ လန့် ပန်း။ ။ ယမ်းမှုန်ညက်ကာ ဖွဲ့ သားသင့်သည့် အလင်းမှုန်သောကျောက်သားအသားခံတွင် မီးခိုးရောင်အစင်း
အစက် နှင့် ပန်းစက် ပုံစံ ပျံ့ နှံ့ နေပါက လန့် ပန်း (ပြာကြည်) အသားကျောက်ဟုခေါ်သည်။

၅။ ပြာကြည်။ ။ ယမ်းမှုန်ညက်ကာဖွဲ့ သားကောင်ပြီး အလင်းပေါက်လုနီးပါးကျောက်သာ အသားခံတွင် အပြာနုရောင်
စွဲဝင်နေသည့်ကျောက်စိမ်းကို ပြာကြည် (ပြာကြည်ရောင်) အသားကျောက်ဟုခေါ်သည်။

၆။ အသားဆန်း။ ။ ယမ်းမှုန်ညက်ကာဖွဲ့ သားကောင်ပြီး အလင်းပေါက်လုနီးပါးကျောက်သာ အသားခံတွင် ဖန်သားအ
ဘော်ဒီ အရောင် (သို့ ) အဖြူရောင်ရှိသည့်ကျောက်ကို အသားဆန်းဘော်ဒီ (ဖြူကြည်) အသားကျောက်ဟု
ခေါ်သည်။

၇။ ဖယောင်းသား။ ။ ယမ်းမှုန်ညက်ကာ ဖွဲသားကောင်းသောလည်း အလင်းမှုန်ပြီး နို့ ကဲသို့ အဖြူရောင်စွဲဝင်နေသည့်
ကျောက်စိမ်းကို ဖယောင်းသား (ဖြူကြည်) အသားကျောက်ဟုခေါ်သည်။

၈။ တိမ်ခိုးသား။ ။ ယမ်းမှုန်ညက်ကာ ဖွဲသားကောင်းသောလည်း အလင်းမှုန်နေသည် အသားခံတွင် တိမ်းခိုရောင် (သို့ )
မီးခိုရောင်စွဲဝင်နေပါက တိမ်းခိုးသား (အသားမှိုင်း) အသားကျောက်ဟုခေါ်သည်။

၉။ ၀က်ဆီသား။ ။ ယမ်းမှုန်ညက်ကာ ဖွဲသားကောင်းသောလည်း အလင်းမှုန်ပြီး အသားခံတွင် ၀ါညိုရောင်စွဲကပ်နေပါက
ဝက်ဆီသား (အသားမှိုင်) အသားကျောက်ဟုခေါ်သည်။

၁၀။ မောက်စိမ်းသား။ ။ ယမ်းမှုန် အလတ်ထိရှိ၍ ဖွဲ့ သားသင့်သောအလင်းမှုန်ကျောက်စိမ်းသားတွင် မီးခိုးရင်ရောင်စွဲဝင်နေ
ပါက မောက်စိမ်းသား (အသားမှိုင်း) အသားကျောက်ဟုခေါ်သည်။

၁၁။ မောက်သား။ ။ ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့ သားအသင့်အတင့်မှ အညံ့ထိရှိပြီး အလင်းမှုန်မှအလင်းပိတ်အသား
ခံတွင်မီးခိုးရောင်စွဲဝင်နေပါက မောက်သား (အသားမှိုင်း) အသားကျောက်ဟုခေါ်သည်။

၁၂။ ကြံသကာသား။ ။ ယမ်းမှုန်မှ ယမ်းလတ်ထိရှိ၍ ဖွဲ့ သားညံ့သောအလင်းပိတ်အသားခံတွင် အညိုရောင်စွဲဝင်နေပါက
ကြံသကာသား (အသားမှိုင်း) အသားကျောက်ဟုခေါ်သည်။

၁၃။ လန့် ရိုး။ ။ ယမ်းလတ်ဖြစ်၍ဖွဲ့ သားသင့်သော အလင်းမှုန်အသားခံတွင် အပြာရိပ်စွဲဝင်နေပါက လန့် ရိုး
(အသားရိုး) အသားကျောက်ဟုခေါ်သည်။

၁၄။ အသားဖြူရိုး။ ။ ယမ်းလတ်ဖြစ်၍ ဖွဲ့ သားသင့်ပြီး အလင်းမှုန်မှ အလင်းပိတ်သောအသားခံတွင် အဖြူရောင်ဝင်နေပါ
က အသားဖြူရိုး (အသားရိုး) အသားကျောက်ဟုခေါ်သည်။

၁၅။ ဆံပြုတ်သား။ ။ ယမ်းကြမ်း၍ ဖွဲ့ သားသင့်မှ ညံ့သောအလင်းပိတ်အသားခံတွင်အဖြူညစ်ရောင်စွဲဝင်နေပါက
ဆံပြုတ်သား (အသားရိုး) အသားကျောက်ဟုခေါ်သည်။

၁၆။ ပိန်းဥသား။ ။ ယမ်းမှုန်မှ ယမ်းလတ်ထိ ဖွဲသားသင့်ပြီး အလင်းမှုန်သောအသားခံတွင် အဖြူရောင်စွဲဝင်နေပါက
ပိန်းဥသား (အသားရိုး) အသားကျောက်ဟုခေါ်သည်။

၁၇။ ပဲစိမ်းသား။ ။ ယမ်းလတ်မှ ကြမ်း၍ ဖွဲ့ သားသင့်ပြီးအလင်းမှုန်သော ၀တ်ဆံပါအသားခံတွင် အစိမ်းရိပ်စွဲဝင်နေပါက
ပဲစိမ်းသား (ပဲသား) အသားကျောက်ဟုခေါ်သည်။

၁၈။ ပဲသားရိုး။ ။ ယမ်းကြမ်း၍ ဖွဲ့ သားသင့်သော အလင်းမှုန်မှအလင်းပိတ်သော ၀တ်ဆံပါအသားခံတွင် အဖြူရောင်
စွဲဝင်နေပါက ပဲသားရိုး (ပဲသား) အသားကျောက်ဟုခေါ်သည်။

၁၉။ ပဲသားလန့် ။ ။ ယမ်းကြမ်း၍ ဖွဲ့ သားသင့်မှ ညံသော အလင်းပိတ်ဝတ်ဆံပါအသားခံတွင် အပြာရိပ်သန်းသောအဖြူ
ရောင်စွဲဝင်နေပါက ပဲသားလန့်  (ပဲသား) အသားကျောက်ဟုခေါ်သည်။

၂၀။ ပဲခွမ့်။ ။ ယမ်းကြမ်း၍ ဖွဲ့ သားသင့်မှ ညံသော အလင်းပိတ်ဝတ်ဆံပါအသားခံတွင် အစိမ်းရိပ်သန်းသည့်
နီညိုရောင်စွဲဝင်နေပါက ပဲခွမ့် (ပဲသား) အသားကျောက်ဟုခေါ်သည်။

၂၁။ လန့် ဂျိတ်။ ။ ယမ်းမှုန်ညက်၍ ဖွဲ့ သားကောင်းသော အလင်းပေါက်လုနီးပါး (သို့ ) အလင်းမှုန်အသားခံတွင် ရေ
ညှိရောင် (သို့ ) အနက်ရောင်စွဲဝင်နေပါက လန့် ဂျိတ် (အသားနက်) အသားကျောက်ဟုခေါ်သည်။

၂၂။ ငချိတ်။ ။ ယမ်းလတ်မှ ယမ်းကြမ်း၍ အလင်းမှုန် မှအလင်းပိတ်အသားခံတွင် အနက်ရောင်စွဲဝင်နေပါက ငချိတ်
(အသားနက်) အသားကျောက်ဟုခေါ်သည်။

၂၃။ ကျီးကန်းသား။ ။ ယမ်းလတ်မှ ယမ်းကြမ်း၍ ဖွဲ့ သားညံ့သောအလင်းပိတ်အသားခံတွင် အနက်ရောင် (သို့ ) မီးခိုး
ရောင်စွဲဝင်နေပါက ကျီးကန်းသား (အသားနက်) အသားကျောက်ဟုခေါ်သည်။

၂၄။ ခုံ့ ဝါနီ။ ။ ယမ်းလတ်ဖြစ်၍ ဖွဲ့ သားသင့်သောအလင်းမှုန် အသားခံတွင် ပျားရည်အရောင် (နီဝါရောင်) စွဲဝင်နေ
ပါက ခုံ့ နီဝါ (အသားနီဝါ) အသားကျောက်ဟုခေါ်သည်။

၂၅။ ခုံ့ နီညို။ ။ ယမ်းလတ်မှ ယမ်းကြမ်း၍ ဖွဲ့ သားသင့်မှ ဖွဲ့ သားညံ့သော အလင်းမှုန် မှ အလင်းပိတ်အသားခံတွင်
နီညိုရောင်စွဲဝင်နေပါက ခုံ့ နီညို (အသားနီဝါ) အသားကျောက်ဟုခေါ်သည်။

၂၆။ ခုံ့ ညို။ ။ ယမ်းလတ်မှ ယမ်းကြမ်း၍ ဖွဲ့ သားသင့်မှ ဖွဲ့ သားညံ့သော အလင်းမှုန် မှ အလင်းပိတ်အသားခံတွင်
အညိုရောင်စွဲဝင်နေပါက ခုံ့ ညို (အသားနီဝါ) အသားကျောက်ဟုခေါ်သည်။

၂၇။ ခွမ့်သား။ ။ ယမ်းလတ်မှ ယမ်းကြမ်း၍ ဖွဲ့ သားသင့်မှ ဖွဲ့ သားညံ့သော အလင်းမှုန် မှ အလင်းပိတ်အသားခံတွင်
ညိုဝါရောင်စွဲဝင်နေပါက ခွမ့်သား (အသားနီဝါ) အသားကျောက်ဟုခေါ်သည်။


ထပ်ကျောက်


ကျောက်စ နှစ်ခု (သို့ ) သုံးခုကို ထပ်ပြီးလုပ်ထားသောကျောက်ကို ထပ်ကျောက်ဟုခေါ်သည်။

ထပ်ကျောက်အစစ်။ ။ ကျောက်သားအစစ်နှစ်စ (သို့ ) သုံးစနှင့် ပေါင်းစပ်ပြုလုပ်ထားသည်။
ထပ်ကျောက်အတု။ ။ ကျောက်သားအစစ်နှင့် ဖန် (သို့ ) သလင်းကျောက်ပေါင်းစပ်ပြုလုပ်ထားသည်။

ရည်ရွယ်ချက်။ ။ အရွယ်အစားပိုမိုကြီးမားသောကျောက်ကိုရရှိပြီး ဈေးပိုမိုရရှိရန်ဖြစ်သည်။

ထပ်ကျောက်ပြုလုပ်ပုံပြုလုပ်နည်း

ဈေးကွက်တွင် သုံးထပ်ကျောက်ကိုအများဆုံးတွေ့ ရသညါ။ ပြုလုပ်ပုံမှာ ရှေးဦးစွာပထမအစကို (၀.၅) မီလီမီတာအထူ
ရှိပြီး အဖြူရောင်ကျောက်စိမ်းခွံအိမ်ကလေးကို ခုံးခွက်ပုံရအောင်သွေးယူရသည်။ ထို့ နောက်၎င်းသွေးထားသည့်ခွက်အိမ်
ကလေးထဲသို့ အံကျဝင်နိုင်သည့်ခုံးသောမျက်နာပြင်ရအောင် ဒုတိယအစကိုသွေးယူရသည်။ တဖန် (၀.၅) မီလီမီတာ အထူ

ရှိသော အောက်ခံတတိယအပိုင်းအစကို သွေးရသည်။အလယ်မှအစကို အစိမ်းရောင်ဆိုးထားသည်။
၎င်းအလွာသုံးခုကိုကော်ဖြင့်စေစပ့်သေချာစွာကပ်ထားသည်။ သုံးထပ်ကျောက်လက်စွပ်ကွင်းရာတွင် ထပ်ထား
သောကျောက်၏ အထိုင်ပိုင်းကို လက်စွပ်အိမ်အတွင်ပိုင်တွင်မြုပ်နှံပြီး သွင်းထားတတ်သည်။

အရည်တိုးအောင်ပြုလုပ်နည်း

အရောင်ဖျော့ပြီး အသားကောင်းကြည်လင်နေသော ကျောက်စိမ်းကိုအရည်တိုးအောင်ပြုပြင်တတ်သည်။ ပြုပြင်ပုံမှာ
ကျောက်စိမ်းအထိုင်၏ မျက်နာပြင်အောက်တွင် အစိမ်းရောင်ချပ်ပါးလေးတစ်ခုခံပြီး ၄င်းကျောက်ကို လက်စွပ်အိမ်ထဲတွင်ထည့်
သွင်းထားသည်။ လက်စွပ်အိမ်၏ အောက်တည့်တည့်တွင် အပ်ဖျားခန့် ရှိအပေါက်ကလေးတစ်ခုဖောက်ထားသည်။ ယင်းအ
ပေါက်ကလေးမှ အလင်းရောင်ဝင်လာပြီး အစိမ်းရောင်အောက်ခံပြာကိုဖြတ်ကာမူလအရောင်ဖျော့သောကျောက်စိမ်းကိ
အစိမ်းရည်တိုးသွားစေသည်။


ကျောက်စိမ်းဆေးဆိုးကျောက်အကြောင်း


ဆေးဆိုးကျောက်ပြုလုပ်နည်း

၁။ အသားကောင်း ကြည်လင်ပြီး အပြစ်အနာကင်းသောကျောက်ကို ပထမဦးဆုံး ရွှေးချယ်ရသည်။
၂။ ရွှေးချယ်ထားသောကျောက်စိမ်းကို သံဇကာပေါ်တွင်တင်ကာ ၄င်းသံဇကာကို မီးသွေးမီးဖိုပေါ်တင်ပြီး အပူပေးရသည်။
၃။ အပူပေးပြီးနောက် အချိန်အတော်ကြာအောင် အအေးခံရသည်။
၎။ ၄င်းကျောက်အေးသွားသောအခါ အသင့်ဖေါ်စပ်ထားသော ဆိုးဆေးရည်တွင် ၄၈ နာရီခန့် ကြာအောင်စိမ်ထားရသည်။
၅။ ဆိုးဆေးရည်ထဲမှ ဆယ်ယူပြီးနောက်အရက်ပျံနှင့်ဆေးကာ အ၀တ်သန့်သန့်နှင့်သုတ်ပြီး ခြောက်သွေ့ စေရသည်။
၆။ ကျောက်ခြောက်သွားသောအခါ ပွက်ပွက်ဆူနေသောဖယောင်ရည်ထဲတွင်ခဏကြာမျှနှစ်စိမ်ပြီး ဆယ်ယူကာနူးညံသော
အ၀တ်စဖြင့် ပွတ်တိုက်သန့် စင်ရသည်။

ဆိုးဆေးစပ်နည်း

အ၀တ်အထည်များ ၊ ချည်ထည်ချည်မျှင်များ ဆိုးသောဆိုးဆေးကဲ့သို့ အက်ဆစ်ကိုအခြေပြုသော ဆိုးဆေးကိုအသုံး
ပြုရသည်။ အသုံးပြုသောအရောင်မှာ - အ၀ါ နှင့် အပြာဖြစ်သည်။

အ၀ါ = ဗြိတိသျှဆိုးဆေး company ကထူတ်လုပ်သော No.62 (Metallic Yellow)
အပြာ = နေဗီတံဆိပ် ပထမတန်းစား ဆိုးဆေး

စပ်ပုံစပ်နည်း

အပြား အ၀ါ = ၁း ၃
ထို့ နောက် မိမိစိတ်ကြိုက်အရာင်ကို ထပ်မံပြီး ညှိယူရသည်။

ဆေးဆိုးကျောက်စိမ်းကို စစ်ဆေးနည်း

၁။ ချယ်ဆီးအရောင်စစ်ကိရိယာ (Chealsea Filter) ဖြင့်ကြည့်လျှင် အနီရောင် (သို့ ) ပန်းရောင်ပြောင်းသွားသည်။ ကျောက်
စိမ်းအစစ်ဆိုလျှင်အရောင်မပြောင်းပါ။
၂။ လက်ကိုင်မှန်ဘီးလူး (Hand Lens) ဖြင့်စစ်ဆေးလျှင် ကျောက်၏ အက်ကြောင်များထဲတွင် ဆိုးဆေးအစအနကလေးများ
တွေ့ ရသည်။
၃။ ဆီပူပူထဲတွက်နှစ်ပြီးကြော်လိုက်လျှင် ဆေးဆိုးထားသော အစိမ်းရောင်သည် ကျွတ်သွားလေသည်။
၎။ ဘော်စားငရဲမီး (Nitric Acid) အပြင်းစားဖြင့်တို့ကြည့်ပါက ဆေးဆိုးထားသော အစိမ်းရောင်သည် ကျွတ်သွားသည်။
၅။ စပက်ထရိုကုတ် (Spectro Scope) ခေါ်ရောင်စဉ်ကြည့်ကရိယာဖြင့်စစ်ဆေးလျှင် အနီရောင်ဒေသတွင် မကြည်လင်မပြတ်
သားသော ခပ်ဝါးဝါး စုပ်ယူရောင်စဉ်ကြီးကိုတွေ့ ရသည်။
၆။ ဆေးဆိုးထားသောကျောက်စိမ်းသည် သဘာဝ ကျောက်စိမ်းအစစ်၏ အရည်နှင့် နိုင်ယှဉ်လျှင် နဲနဲပိုပြီး ၀ါတတ်သည် သို့ 
ပြာတတ်သည်။
၇။ မတန်တစဈေးနှင့် လျှော့ရောင်းတတ်သည်။
၈။ အက်စစ်စိမ်ပြီးပြုလုပ်ထားသော ဆေးဆိုးကျောက်ဖြစ်ပါက အသေအချာနမ်းကြည့်လျှင် အစ်ဆစ်အချဉ်နံ့ ရတတ်သည်။
၉။ ဆေးဆိုးကျောက်သည် အချိန်ကြာလျှင်အရာင်လွင့်သွားတတ်သည်။







 Ref:မြန်မာ့ကျောက်စိမ်း
In China, where jade has been treasured the most, there was only nephrite before the 18th century. The highly treasured pieces from that time are creamy white in color and uniformly translucent.
Since the mid-18th century, jadeite has been imported from Burma (now Myanmar), and has become the most popular form of jade in China.  Besides in Burma,  jadeite is also found in Japan, part of the former Soviet Union, Central America, and California. The actual color and the texture of the jadeite piece derives from the metallic element(s) it contains and the way the piece was formed geologically.
Green jadeite, known as fei tsui in Chinese, seems to be used almost exclusively in jewelry-setting, and is the most popular type of jadeite.

Myanmar imperial Jadeite


Our introduction to Jade and how it is sculpted at the Jade Factory in Beijing. Beijing, China

Learning about the different types of Jade while at the Jade Factory in Beijing. Beijing, China

Learning how to inspect jade at the Jade Factory in Beijing. Beijing, China


မြန်မာ့ကျေက်စိမ်းနှင့် တရုတ်ကျောက်စိမ်း ဘယ်လိုခွဲခြားမလဲ?


မြန်မာ့ကျောက်စိမ်းတွေက  Jadeite က တရုတ်ကျောက်စိမ်း  Nephrite တွေထက် အများကြီးကို အသား၊အရောင် အရည်အသွေးပါကွာခြားပြီး ကမ္ဘာအကောင်းဆုံးပထမတန်းစားကျောက်စိမ်းလေးတွေပါ...
ဒါပေမဲ့ ပြည်တွင်းပန်းပုပန်းတိမ်တွေ ခေတ်ပျက်အနှစ် ၅၀လောက် ကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေခဲ့တာလား! အမိရွှေတွေကဘဲ မိမိကိုမာန်မာနတက်ပြီး အိပ်မောကျနေတာလား   ! မစူးစမ်းမလေ့လာ၊ မလိုက်စားကျတာလားတော့မသိဘူး အတော်ကိုနောက်ကျကျန်နေခဲ့ရပါပြီ၊ တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံတကာခေတ်မှီနည်း စနစ်လေးတွေမှာလဲ ကမ္ဘာမှာ အကောင်းဆုံးမိုးကုတ် ပတ္တမြားဆိုရင်လဲ သွေးနည်း၊ မီဖုတ်ပြုပြင်တဲ့နည်း လေးတွေမှာ ယိုးဒယားကို ဘယ်လိုမှာမမှီသလို နှင့် ကျောက်စိမ်းပန်းပုထုတာက တရုတ်ကအများကြီးကို အနုစိတ်ပြီးလက်ရာအရမ်းကို ကောင်းလွန်းတော့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး....
နောက်ပြီး ကျောက်စိမ်းကို အရမ်းကိုတန်ဖိုးထားကျတဲ့ ရိုးရာဓလေ့စရိုက်တွေကလဲ တရုတ်ကို ဘယ်လိုနည်းနှင့်မှယှဉ်ပြိုင်နိုင်စွမ်းမရှိတာကလဲ အမိနိုင်ငံရဲ့ အားနည်းချက်တွေပါဘဲ...

အမိနိုင်ငံရွှေပြည်သူတွေ သူတို့ကိုသူတို့ရွှေနိုင်ငံ ရွှေဗမာလို့ခေါ်နေပေမဲ့လဲ!
ကုန်ကြမ်းရှိပြီး ကုန်ချောမထုတ်နိုင်တာက မိမိကိုယ် အသုံးမကျတာကို ပြသနေသလိုပါဘဲ!

တွင်းထွက်ဘယံဇာသ ပေါများပြီး အတိပ်သမိုင်းတွေကြောင့် ကံကောင်းလွန်းပြီး မိမိကိုယ် သွေးနထင်ရောက်နေတတ်သော ရွှေဗမာရဲ့မာန်မာနတွေကြောင့်လဲ တိုင်းပြည်တခုလုံးလဲနှစ်ပေါင်း ၅၀ကျော် ခေတ်နောက်ကျကျန်တဲ့ အနေအတွေးအခေါ် ရိုးရာဓလေ့အပြုအမှုတွေကြောင့်၊ စွန့်စားရဲတဲ့ သတ္တိလေး တွေမရှိမှု၊ တွေးခေါ်စဉ်းစားဆင်ခြင်အသိဥာဏ်မရှိမှုနှင့် အချင်းချင်းသင်းဖွဲ့စည်းလုံး ညီညွှတ်မှု လုံးဝမရှိမှု တွေကြောင့်လဲ နိုင်ငံတကာကိုဝင်တိုးနိုင်ဖို့ အသိနည်းပညာလေးတွေ အတော်ကို ပြုပြင်ထိန်းကျောင်းသင်ပေးရမှာ နှစ်ပေါင်းဆယ်ရာစု လောက်ကို ကြာအထိ အချိန်ယူရအုံးမှာပါ.....

အတော်ကို ရင်နာစရာကောင်းလွန်းပါတယ်... သဘာဝကျောက်မျက် ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းထောင် ချီပြီးမှ သူသဘာဝအတိုင်းဖြစ်ရတာပါ၊ ပြုပြင်လုပ်ယူလို့ရတဲ့အရမဟုတ်ပါဘူး၊ ဒါကြောင့်လဲ ရှားပါးလို့လဲ တန်ဖိုးရှိ အဖိုးတန်တာပါ၊ ဒါပေမဲ့ အမျော်အမြင်မရှိတဲ့ တာဝန်ရှိလူကြီးတွေကြောင့်နှင့် စည်းကမ်းမရှိ ထုတ်ချင်သလို တူးဖော်ထုတ်လုပ်နေရင်တော့ ရှိတာတွေကုန်ခမ်းပြီး တချိန်မဟုတ်တချိန် ဒုက္ခရောက်ပြီး နောင်တရလိမ့်ပါမယ်လို့ သတိပေးလိုက်ပါရစေ.... အခုတောင် မိုးကုတ်မြို့ကြီးခြောက်ကပ်
ပြီး လူစည်စည်ကားကားမရှိတော့တာ လက်တွေ့အဖြစ်ပျက်လေးပါ....မယုံရင်သွားကြည့်လိုက်ပါအုံး!


















Mandalay's jade market is believed to be the largest on earth. Here, every morning, thousands of people gather to cut, polish and trade the precious stones. Jade is found all over the world, but the gems from Myanmar are widely considered to be the best quality. Despite decades of international sanctions, the jade trade to Asian countries, especially China, is still a multi-billion dollar industry.v


အခုလဲ Jadeitejade မှာ ရှိတွေတာ ..... အမိမြေက ရွှေတွေသွားသေလိုက်ဖို့ကောင်းတော့တယ်ဗျ...
နိုင်ငံတကာမှာ imperial Jadeite Jade  ကျောက်စိမ်းတွေ ရောင်းနေတဲ့ ဈေးနှုန်းတွေကိုကြည့်လိုက်စမ်း ပါအုံးဗျ... အမေရိကန်ဒေါ်လာ သန်းဂဏန်းတွေချည်းဗျ...
ဒါကိုကြည့်လိုက်ရင် နိုင်ငံခေါင်းဆောင် လူကြီးတွေ အတော်ကို တလွဲဦးနှောက်နှင့် အမြင်မကျယ် ခဲ့လို့၊အသုံးမကျလို့ နှင့် နှစ်ပေါင်း ၅၀နီးပါး မိမိနိုင်ငံ သဘာဝဘယံဇတ ပေါကြွယ်ဝတယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိတ်ဘဲ တံခါးပိတ်ဝါဒကျင့်သုံးခဲ့တာ အခုကြည့်စမ်းပါအုံးဗျ.... နိုင်ငံတကာမှာ သိသူကျော်စား မသိသူကျော်လွား အမြတ်ထုတ်သွားနေကျတာ.....
ပတ္တာမြားဆိုလဲ အိမ်နီးချင်း ယိုးဒယားမှာဘဲ ဈေးကွက်ရှိတယ်....


 Superb Jadeite Jade Bangle

2014-05-30_0731
Christie’s Hong Kong Magnificent Jewels sales on May 27, 2014.
Price Sold: US$5,239,920 or HK$40,440,000

The semi-cylindrical jadeite bangle of brilliant emerald green colour and high translucency, inner diameter approximately 53.7 mm, width approximately 13.8 mm, thickness approximately 8.2 mm.

Accompanied by report no. KJ85156 dated 11 April 2014 from Hong Kong Jade & Stone Laboratory stating that the bangle is natural jadeite and no polymer is detected.
jade bangle

Jadeite Jade Necklace Sold For US$27.4 Million

jadite-necklace dz

The Hutton-Mdivani necklace, which once belonged to Barbara Hutton, was sold for HK214.04 million or approximately US$27.4 million at the Sotheby’s auction on April 7, 2014, setting the world auction record for any jadeite jewellery.
A Cartier jadeite bead, ruby and diamond necklace once owned by Woolworth heiress Barbara Hutton (1912 – 1979) was sold for more than $27.4 million at Sotheby’s Hong Kong Magnificent Jewels and Jadeite Auction, held on Monday, 7 April 2014. The sale set the world auction records for a jadeite jewel and for a Cartier jewel, the auction house said. It sold for more than double its estimate of $12.8 million.
The item, which Sotheby’s described as “highly translucent bright emerald green color” and the “greatest jadeite bead necklace of historical importance”, was purchased by The Cartier Collection after what was reported to be 18 minutes of bidding.
The necklace piece consists of 27 graduated jadeite beads with by a clasp set with caliber-cut rubies and baguette diamonds, mounted on platinum and 18k yellow gold. The jadeite beads have an approximately 19.20 to 15.40mm in diameter.
Acknowledgement : www.sothebys.comwww.forbes.com, Photography by Ernest Yiu.
Ref:jadeitejade














Ref;မြန်မာ့ကျောက်စိမ်း







No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!