Popular Posts!

Friday, February 16, 2018

၂၀၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်း၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ခြောက်လအတွင်း အခွန်ပေးဆောင်မည်ဆိုပါက သုံးရာခိုင်နှုန်းနှင့် အဆိုပါပထမခြောက်လအပြီး ဒုတိယခြောက်လတွင် အခွန်ထမ်းဆောင်မည်ဆိုပါက အခွန်နှုန်းငါးရာခိုင်နှုန်း ထမ်းဆောင်ရန်ပြင်ဆင်လျှော့ချလိုက်ကြောင်း)

ဝင်ငွေရလမ်းမပြနိုင်သည့် စည်းကြပ်မှုမှလွတ်ကင်းနေသော ၀င်ငွေအပေါ် ၀င်ငွေခွန်အဖြစ် ယခင်က ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃ဝ အထိကောက်ခံခဲ့ရာမှ၂၀၁၈ စည်းကြပ်နှစ်မှ စတင်ပယ်ဖျက်လိုက်ပြီး ယခင်အခွန်မဆောင်ခဲ့သည့် ၀င်ငွေနှင့် ပိုင်ဆိုင်မှုများအားလုံးအတွက် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ခြောက်လအတွင်း
အခွန်ပေးဆောင်မည်ဆိုပါက သုံးရာခိုင်နှုန်းနှင့် အဆိုပါပထမခြောက်လအပြီး ဒုတိယခြောက်လတွင် အခွန်ထမ်းဆောင်မည်ဆိုပါက အခွန်နှုန်းငါးရာခိုင်နှုန်း ထမ်းဆောင်ရန်ပင်ဆင်လျှော့ချလိုက်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ယခင်က အခွန်ထမ်းဆောင်ထားခြင်းမရှိသည့် ဝင်ငွေများကို စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအဖြစ် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် “ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် ရာခိုင်နှုန်း ၃ဝ ဖြင့် ၀င်ငွေခွန်စည်းကြပ်ရမည်။

သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆာင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့်ဝင်ငွေရှိပါကယင်းငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင်လည်းကောင်း၊ ၀င်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့်ဝင်ငွေ အပေါ်တွင်   လည်းကောင်း၊အာက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ၀င်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့်ဝင်ငွေအားလုံးအပေါ် ၀င်ငွေရလမ်း အတိအကျတင်ပြနိုင်ပါက ၀င်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။
ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမ၀င်ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စရပ်များနှင့်လည်းကောင်း   သက်ဆိုင်ခြင်းမရှိစေရ” ဟု ပုဒ်မ ၂၅ တွင် ဖော်ပြပြဋ္ဌာန်းခဲ့ သည်။ 

ထိုသို့စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများအပေါ် ၀င်ငွေခွန်ကောက်ခံရာတွင် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း ကျပ် ၃၀,၀၀၀,၀၀၁ မှကျပ်သိန်း ၁၀၀၀ အထိ အခွန်ရာခိုင်နှုန်း ၂၀ နှင့် ကျပ် ၁၀၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀,၀၀၀ အထက် အခွန်ရာခိုင်နှုန်း ၃၀ အဖြစ် သတ်မှတ်ကောက်ခံခဲ့    ခြင်းဖြစ်သည်။

ထိုသို့ကောက်ခံခဲ့ရာမှ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ပြည်ပမှဝင်ငွေရလမ်းတစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ၀င်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများ အပါအ၀င်ဖြစ်သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း သို့မ      ဟုတ် ရွှနှင့် အခြားအဖိုးတန်ပစ္စည်းများအပါအ၀င် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ      ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများကို ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊အစုရှယ်ယာထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့်ငွေကြေးများ၊ လက်ဝယ်ရှိ ငွေကြေးတို့နှင့်ပတ်သက်၍ အောက်ပါအခွန်နှုန်းထားများအတိုင်း အခွန်ကျသင့်စေရမည်၊ ၀င်ငွေခွန်ဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်းမပြုရ၊ သို့ရာတွင် တရားမ၀င်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊  ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ” ဟုဖော်ပြခဲ့သည်။

အဆိုပါ ပြင်ဆင်ဖော်ပြမှုအရ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ရာ   ခိုင်နှုန်း ၃၀ အထိ ကောက်ခံခဲ့မှုများကို ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ စတင်အကျိုးသက်ရောက်မည့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ပထမခြောက်လအတွင်း သတ်မှတ်ထားသောပုံစံများဖြင့်     တင်ပြလာသော ကိစ္စရပ်များအတွက်အခွန်သုံးရာခိုင်နှုန်းနှင့် ဒုတိယခြောက်လကာလအတွင်း သတ်မှတ်ထားသောပုံစံများဖြင့် တင်ပြလာသောကိစ္စရပ်များအတွက် အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် အခွန်နှုန်းရာခိုင်နှုန်း ၃၀ မှ ငါးရာခိုင်နှုန်းအထိ လျှော့ချသည့်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်ပေးထားသည့်အချိန်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်အထိသာဖြစ်ပြီး နောင်တွင် ၀င်ငွေခွန်ဥပဒေ၌ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေကိုပယ်ဖျက်ကာ ၀င်ငွေခွန်ဥပဒေသစ်အတိုင်းသာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး နောင်တွင် အခွန်တိမ်းရှောင်မှုများအတွက် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းနှင့်စည်းကြပ်မှုမှ လွတ်ကင်း  နေ သောဝင်ငွေများကို ၀င်ငွေခွန်ဥပဒေအရအရေးမယူဘဲ အခွန်ပြန်လည်ပေးဆောင်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး မှ ပြောကြားကြောင်း သိရသည်။

ထိုအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ပေးထားတဲ့အချိန်က တစ်နှစ်တာကာလ (၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ) ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် တရားမ၀င်တဲ့နည်းလမ်းနဲ့ ရရှိတဲ့ငွေကြေးတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ၀င်ငွေနဲ့   ငွေကြေးတွေအပေါ်မှာသာ ဤဥပဒေနဲ့ အခွင့်အလမ်းတစ်ခုအဖြစ် ဖော်ဆောင်ပေးခြင်းဖြစ်သည်။
ဤသို့ဆောင်ရွက်ပြီးပါက ၀င်ငွေခွန်ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေဆိုတဲ့ ခေါင်းစဉ်ကို ၀င်ငွေခွန်ဥပဒေအသစ်ပြဋ္ဌာန်းချိန်မှာ ပယ်ဖျက်ပေးသွားမှာဖြစ်သည်။

နာင်တွင် ၀င်ငွေခွန်ဥပဒေအသစ်အတိုင်းသာ အခွန်ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ ဤအခွင့်အရေးဟာ အခွန်ပေးဆောင်ရမှာဖြစ်သော်လည်း စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေတွေကို ပြန်လည်ပေးဆောင်နိုင်ဖို့ နောက်ဆုံးရရှိတဲ့ အခွင့်အရေးလို့ဆိုနိုင်သည်။ 
နောင်တွင်  စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေ ဟူသောအသုံးအနှုန်း ရှိတော့မှာမဟုတ်ဘဲ အခွန်     တိမ်းရှောင်မှုတွေအတွက် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်သည် ဟု သိရသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း " ပါ။ အများပြည်များ သိရှိ အကြံပြုနိုင်ဘို့လို့ ဆိုပါတယ်။  ၂၀၁၈ ဧပြီ ၁ ရက်နေ့မှာ စတင်အသက်ဝင်ဘို့ ဖြစ်ပါတယ်။

လေ့လာကြည့်တဲ့အခါမှာ Tax Amnesty တစ်နှစ်တဲ့ပေးတဲ့ သဘောမျိုးလည်းတွေ့ရပါတယ်။

Ref:Eleven Media Group

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!