Popular Posts!

Tuesday, February 20, 2018

မြန်မာနိုင်ငံမှာလည်း ဒီလို Suspended(ဆိုင်းငံ့) ဆိုတာလေး ရှိရင် အရမ်းကောင်းမယ်ဗျာ

၃ မိနစ်ပဲ အချိန်ပေး ဖတ်ကြည့်ပါနော်..

 မြန်မာနိုင်ငံမှာလည်း ဒီလို Suspended(ဆိုင်းငံ့) ဆိုတာလေး ရှိရင် အရမ်းကောင်းမယ်ဗျာ

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိတဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်…
စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်…
မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..
ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်…
ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့… သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်…
စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်… နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..
နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် … ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်… ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ…
ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???
အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်…
အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်…
မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့…
ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်…
ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့….
ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..
လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ…
ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..
တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ…
ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..
ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်…
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေလမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်…
ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ…
ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့… အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်…
Credit: labour hittai
——————————–
“ အချိန်ပေးပြီးဖတ်ကြည့်စေချင်ပါတယ် ”
ကျွန်တော်တိုု့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုုင်တစ်ခုုထဲ ကိုုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိတဲ့စားပွဲမှာထိုုင်ဖိုု့လျှောက်သွားလိုုက်တယ်…
စားပွဲမှာနေရာယူဖိုု့ပြင်ဆင်နေတုုန်းပဲ ဆိုုင်ထဲကိုု ရုုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်…
မှာပုုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တိုု့သောက်ဖိုု့ သုံုးခွက်ကိုုတော့ suspended(ဆိုုင်းငံ့)ထားပေးပါ..
ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတိုု့ ကော်ဖီငါးခွက်ဖိုုးရှင်းတယ်…
ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..
ကျွန်တော့် သူငယ်ချင်း ကိုုမေးမိတယ်..အဲ့ဒီ Suspended(ဆိုုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုုပ် တာလဲဆိုုတော့… သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လိုု့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကိုု သောက်နေလိုုက်တယ်…
စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုုတာ ကိုု စဉ်းစားနေမိတယ်… နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..
နောက်တစ်ခါ ရှေ့နေသုံုးယောက်ရောက်လာတယ် … ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတိုု့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုုင်းငံ့) လိုု့ပြောပြီး ပိုုက်ဆံရှင်းတယ်… ကျွန်တော် တော်တော်လေးကိုုစိတ်ဝင်စားမိနေပြီ…
ဒီ suspended (ဆိုုင်းင့ံ)ကော်ဖီဆိုုတာဘာလဲ???
အတွေးတွေများရင် ဆိုုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လေ ျှာက် သွားတဲ့လူတွေကိုု ကြည့်နေမိတယ်…
အဲ့ဒီအချိန်မှာပဲ အဝတ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံုစံလူတစ်ယောက် ဆိုုင်ထဲဝင်လာတယ်…
မဝံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့…
ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်…
ဆိုုင်ရှင်က ပြံုးပြပြီး ကော်ဖီတစ်ခွက်ပေးလိုုက်တယ်…
ဆိုုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုုဂ္ဂိုလ်ကော်ဖီ ထိုုင်သောက်နေလေရဲ့….
ကျွန်တော် အားလုံုးကိုုရှင်းသွားပါပြီ..
လူတွေက သူတိုု့ စား သောက်ဖိုု့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကိုု Suspended (ဆိုုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ…
ဒီရိုုးရာဓလေ့ဟာ အီတလီနိုုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုုတော့ နိုင်ငံတော်တော်များများကိုုပြန့် နှံ့လိုု့ နေပါပြီ..
တစ်ချို့နေရာတွေမှာဆိုုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ…
ကျွန်တော်ဒီစာလေးကိုုဖတ်မိတဲ့အချိန်တုုန်းက မျက်ရည်တောင်လည်မိတယ်.. သူတိုု့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကိုု ကျွန်တော့်စိတ်ကိုု လှုပ်ခတ်စေလိုု့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုုက်ပါတယ်..
ကျွန်တော်တိုု့ဗုုဒ္ဒဘာသာ မြန်မာနိုုင်ငံမှာလဲ ဒီလိုု ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလိုု့ကျွန်တော်တွေးမိတယ်…
ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုုတွေ ညီငယ်ညီမငယ် အဖေအိုုအမေအိုုကြီးတွေလမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုုင်တစ်ဆိုုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုုတ်လောက်ရှိ မလားဆိုုပြီး တောင်းခံ ရတာ ပိုုပြီးသိက္ခာရှိမယ်ထင်တယ်…
ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုုက်ဆံ၃၀၀-၄၀၀ လောက်ပိုုနေလိုု့ ထမင်းတစ်ထုုတ်နဲ့ အရွက်ကြော်သိုု့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုုတွေကိုု ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုုက်ကြရအောင်ဗျာ…
ထမင်းဆိုုင်၊လက်ဖက်ရည်ဆိုုင်ပိုုင်ရှင်တွေ တစ်ခြား မုုန့်နဲ့စားသောက် စရာပိုုင်ရှင်တွေ ကလည်း ဒီကုုသိုုလ်ရတဲ့ ဓလေ့… အလေ့အထလေး မြန်မာနိုုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုုင်ကြပါစေလိုု့ ကျွန်တော် တောင်းဆိုုပါတယ်…
Credit: labour hittai
Ref:https://onlineywar.com/?p=3727

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!