Popular Posts!

Thursday, February 1, 2018

ကိုယ်ပိုင်စီးပွားရေးလုပ်မယ် ဆိုရင် ၃ ခု စဉ်းစားပါ!

ခုတစ်လောတွေ့ မိတာ လေးတွေထဲမှာ နည်းနည်းလွဲနေတာလေးတွေတွေ့တယ် ဘာလဲဆိုတော့ ၀န်ထမ်းလုပ်နေတဲ့ လူတွေ ကို အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ မြှောက်ပေးတဲ့ ကိစ္စ။ 

ဝန်ထမ်း က မကောင်း ဘူး ကိုယ့် ခွန်ကိုယ့် အားနဲ့ လုပ်နေတဲ့ အလုပ် ကို လူတစ်ဦးတစ်ယောက်ဆီ ကနေ မဖြစ်စလောက် ၀င်ငွေလေးပဲ ရအောင် လုပ်နေမယ့်အစား ကိုယ်ပိုင် စီးပွားရေး ကို ထူထောင်သင့်တယ်။ 
ကိုယ်ပိုင်စီးပွားရေး ကို ထူထောင်လိုက်ရင် မိမိအချိန် ကို မိမိပိုင်သွားတာ ဖြစ်လို့ မိမိလုပ်ချင်တဲ့ အလုပ် ကို စိတ်တိုင်းကျ လုပ်နိုင်မယ်။ မိမိရဲ့စိတ်ကူး စိတ်သန်း တွေ အကုန်လုံး ကို အကောင်အထည်ဖေါ်ခွင့်ရသွား
မယ် အစရှိသဖြင့်ပြောကြပါတယ်။
ပြောကြတဲ့ အချက်တွေ ဟာ အကုန်မှန် ပါတယ်။ ဒါပေမယ့် ဘယ်အချိန်ကျမှ မှန်မှာလဲ ဆိုတော့ ကိုယ့်စီးပွားရေး က အောင်မြင်တဲ့ အခြေအနေရောက်မှ မှန် မှာပါ။ 
စီးပွားရေး အောင်မြင်တယ်ဆိုတာ ကလည်း အမှန်အတိုင်းပြောရရင် မိမိကြိုးစားအားထုတ်မှု ကြောင့် ဆိုပေမယ့် မိမိကိုယ်တိုင် ထိန်းချုပ်လို့မရ တဲ့ ပိုတိတိကျကျပြောရရင် လုပ်ငန်းစတင်တည်ထောင်ချိန်မှာ မိမိအနေနဲ့ ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေ ဟာလဲ အဓိက ကျတဲ့ အခန်း ကဏ္ဍက နေပါဝင်နေပါသေးတယ်။
ဒီတော့ ကိုယ်ပိုင်စီးပွားရေးမလုပ်ရတော့ ဘူးလားဆိုပြီး မေးစရာရှိလာပါတယ်။ ဟုတ်ကဲ့ ကျွန်တော် အကြံတစ်ခုပေးပါ့မယ်။


ကိုယ်ပိုင်စီးပွားရေးလုပ်မယ် ဆိုရင် ၃ ခု စဉ်းစားပါ! 


ပထမဆုံးတစ်ချက် က ကိုဘယ်လောက် ထိ ရင်းနှီးနိုင်လဲ ဆိုတာပါ။ စီးပွားရေးလုပ်တယ် ဆိုတာ ဟာ အင်မတန်မှ ရှားပါးသော ဖြစ်စဉ်များမှ အပ ပြိုင်ဖက်ရှိပြီးသား ပိုတိတိကျကျ ပြောရရင် ပြိုင်ဖက်တွေ ကို အသုံးပြုလက်စ အားပေးလက်စ ဖြစ်နေတဲ့ စားသုံးသူတွေ ကို ကိုယ့်ဆီ ကို ရောက် အောင် ကိုယ့် ထုတ်ကုန်နဲ့ ၀န်ဆောင်မှု တွေ ကို ၀ယ်ယူအောင် အဲဒီဝယ်ယူတာ ကနေတစ်ဆင် ကိုယ် အမြတ်ရ အောင် အဲဒီရတဲ့ အမြတ်က နေ ကိုယ့်လုပ်ငန်း ရေရှည်တည်တန့်အောင်လုပ်ရတာ ဖြစ်ပါတယ်။ ဒီတော့ စပြီးတော့ လုပ်တာနဲ့ အလုပ်တွေ ဖြစ်ပြီး အမြတ်တွေရ မယ်လို့ မျှော်လင့်လို့ မရ ပါဘူး။ 
ကိုယ်လုပ်မယ့် လုပ်ငန်း က သိန်း ၁၀၀ တန်ဆို ရင် ကိုယ့်လက်ထဲမှာ သိန်း၅၀ လောက်အပိုဆောင်းပြီး သိန်း ၁၅၀ လောက်ရှိမှ သာလုပ်ကိုင်သင့်ပါတယ်။ အဲလိုမဟုတ်ဘူးဆိုရင် လုပ်ရင်းတန်းလန်းနဲ့ လုပ်ငန်းခါးကျိုးပြီး အကြွေးတင်တတ်ပါတယ်။ လုပ်ငန်းထဲ ကို အကြွေးတင်တာ ဟာ လုပ်ငန်းသေသွားဖို့ အကြောင်းအရင်းတွေထဲ မှာ အဓိက အချက်ထဲမှာ ပါပါ တယ်။  
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ လက်ရှိအလုပ်ကနေထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ့်ဆီကို ၀င်နေတဲ ပုံမှန်ဝင်ငွေ ဟာပျောက်သွားပြိး လုပ်ငန်း ကကုန်တဲ့စားရိတ် ကို ပေးချေရမှာဖြစ်ပါတယ်။ ၀င်ငွေမ၀င်တာနဲ့ထွက်ငွေ ပိုထွက်တာဟာတစ်ပြိုင်နက်ထဲဖြစ်တော့မှာမို့ လက်ထဲပိုက်ဆံ မရှိသေးရင် ထပ်ပြောရရင် လုံလုံလောက်လောက်မရှိသေးရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်သင့်သေးပါဘူးး။

နာက်တစ်ချက် ကိုယ့် ဘယ်လောက်အထိ ငါလုပ်နေတဲ့လုပ်ငန်းအပေါ် သိလဲ ဆိုတာ ပါ။ ကျွန်တော်တို့ လုပ်ငန်း လုပ် တဲ့အခါမှာ စားသုံးသူတွေကို ထုတ်ကုန်နဲ့ ၀န်ဆောင်မှု တွေ ကို ရောင်းချကြပါတယ်။ လုပ်ငန်းစစချင်းမှာတော့ ဒီစားသုံးသူတွေ ဟာ ဘယ်ကလာလဲ ဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့နဲ့ သိတဲ့ လူတွေကျွန်တော်တို့ ကို ချစ်ခင်တဲ့ လူတွေ ကနေတဆင့် ကျွန်တော်တို့ ကို ချစ်ခင်မှုနဲ့ ကျွန်တော်တို့ စီးပွားရေး ကို အားပေးတာဖြစ်ပါတယ်။ 
ဒီလူတွေ ဟာ အမြဲတန်းတော့ ကျွန်တော် တို့ စီးပွားရေး ကို အားမပေးနိုင်ပါဘူး အဲဒီအခါမှာတော့ လုပ်ငန်းရှင် ပေါက်စ လေးတွေဟာ ဈေးကွက်အရှာထွက်ရပါတော့တယ်။ ကြော်ငြာလဲ သေချာ မသုံးနိုင်သေး လုပ်ငန်းနာမည်လဲ အထိုက်အလျောက်မရှိသေးတဲ့ အခါမှာ ကျွန်တော် တို့ ဟာ ကျွန်တော်တို့ ပစ္စည်း နဲ့ဝန်ဆောင်မှုတွေ ကို ရောင်းဖို့ Meet up တွေ ဒါမှမဟုတ် Sales Meeting တွေမှာ Potential Client တွေ နဲ့တွေ့ပြီးကျွန်တော်တို့ လုပ်ငန်းအကြောင်းကို ရှင်းပြကြရတော့မှာပါ။ 
ဒီအချိန်မှာ ကိုယ့်ရဲ့ Potential Client တွေဟာ ကျွန်တော်တို့ လုပ်ငန်း အကြောင်း ကို အစိမ်းသက်သက် ဖြစ်နေတဲ့ သူတွေ ဖြစ်နိုင်သလို ကျွန်တော် တို့ လုပ်ငန်းအကြောင်း ကို ကျွန်တော်တို့ထက်အများကြီး ပို သိနေတဲ့လူတွေလဲဖြစ်နိုင်ပါတယ် ဘယ်သူနဲ့ပဲတွေ့တွေ့ကျွန်တော် တို့ ဟာ ကျွန်တော်တို့ လုပ်ငန်းအကြောင်း ကို သေသေချာချာ ဂဃဏနမရှင်းပြနိုင်ခဲ့ ဘူးဆိုရင် ကျွန်တော်တို့ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေ ကိုရောင်းချဖို့အခက်အခဲအများကြီးရှိလာမှာဖြစ်ပါတယ်။ အဲလိုသေသေချာချာ ရှင်းပြဖို့ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ် ကို သေသေချာချာ ဂဂဏဏ သိမှ ဖြစ်ပါလိမ့်မယ်။


နာက် ဆုံးတစ်ချက်က တော့ ငါ စီမံအုပ်ချုပ်မှု အပိုင်း ကို ဘယ်လောက် ထိ သိထားပြီးလဲ နောက်ကိုယ့် Management Style က Business တစ်ခု အရွေ့ကို ဘယ်လောက်ဖန်တီးလို့ရသလဲ။ 
အရေးအကြီးဆုံး က ဘယ်လောက် Size ရှိတဲ့ Business ကို စီမံအုပ်ချုပ်ဘူးတာ လဲ ဆိုတာပါ။ ပြောရရင် ကိုယ်ပိုင်စီးပွားရေး လုပ်တယ်ဆိုတာ တစ်ကယ်တော့ လူတွေကို Manage လုပ်ပြီး စီးပွားရေး အမြတ်အစွန်းရအောင်လုပ်တာဖြစ်ပါတယ်။ 
ဒါကြောင့် စီးပွားရေး လုပ်မယ် ဆိုရင် စီမံခန့်ခွဲမှု အတွေ့အကြုံရှိဖို့လိုပါတယ်။ တပိုင်တနိုင်ပဲ စမှာမို့ လို့ စီမံခန့်ခွဲမှု လုပ်ဖို့မလိုဘူးလို့ မတွေးပါနဲ့။ 
 လုပ်ငန်းတစ်ခု က တစ်ပိုင်တစ်နိုင် နဲ့ရပ်နေမှာ မဟုတ်သလို တစ်ပိုင်တစ်နိုင်နဲ့ရပ်နေတယ် ဆိုရင်လဲအဲဒီလုပ်ငန်းက ဆက်မလုပ်သင့်တော့ ပါဘူး။ 
စကားစပ်မိလို့ပြောရရင် စီးပွားရေးတစ်ခု ဟာ Idea က နေစပါတယ်။ Idea ကနေ Concept ရပါတယ်။ Concept ကနေ Opportunity ပြောင်းဖို့ အတွက်ဆို စီမံခန့်ခွဲမှုကောင်းဖို့လိုပါတယ်။ 

ဒါကြောင့် စီးပွားရေးမလုပ်ခင် မှာ ကိုယ်ဟာ ဘယ်လောက် စီမံခန့်ခွဲတတ်သလဲ ဆိုတာ အရေးကြီးပါတယ်၊ ဒီမှာ ပြောစရာရှိတာ က ခုပြောနေတဲ့ စီမံခန့်ခွဲမှု ဆိုတာ သင်တန်းတွေတက် Certificate တွေ ယူ ထားတဲ့စီမံခန့်ခွဲမှု ဆိုတာထက် အရှင်းဆုံးပြောရရင် ငါဘယ်လောက် ခိုင်းတတ်လဲ ဆိုတာ က အရေးကြီးပါတယ်။ 

လုပ်ငန်းစစ ချင်းမှာ သင်တန်း က စာတွေ အသုံးချ ဖို့ ဆိုတဲ့ အဆင့်မရောက် ခင် အဆင်တပြေ နဲ့ Survive ဖြစ်ဖို့က ခိုင်းတတ်ဖို့လိုပါတယ်။ သိထားသင့်တဲ့ တစ်ချက်က SME တွေမှာ ၀န်ထမ်းကောင်းဟာ အသက်ပါပဲ။ နောက် ကျွန်တော် သိမှီသလောက် SME တွေ က ၀န်ထမ်း ကောင်း တွေဟာလုပ်ငန်း ပိုင်ရှင်တွေ ကို ချစ်လို့ခင်လို့ ဆိုတဲ့ Personal ရင်းနှီးမှုနဲ့လုပ်ငန်း ထဲမှာ ဆက်နေနေကျတာဖြစ်ပါတယ်။ 
ဒါကြောင့် ဆက်မေးရမှာ က ကိုယ်ပိုင်လုပ်ငန်း လုပ်ပြီဆိုရင် ငါဘယ်လောက် ခိုင်းတတ်ပြီလဲ။ ကိုယ့်အလုပ်မှာ ကိုယ့် အောက်မှာရှိတဲ့ ၀န်ထမ်း ၃ ၄ ယောက် ကိုမှ အဆင်တပြေ မခိုင်းနိုင်သေးဘူးဆိုရင် ကိုယ်ပိုင်လုပ်ငန်း လဲ လုပ်မနေပါနဲ့ သွေးတက်တာရယ် နှလုံးရောဂါရယ်နဲ့ အိပ်ရာထဲ ကထနိုင်မှာမဟုတ်ဘူး။

နောက်ဆုံးအကြံပေးချင်တာ က ကိုယ်ပိုင်စီးပွားရေး ဟာ ဘ၀တစ်ခု ရဲ့လွတ်မြောက်ရာမဟုတ်သလို ငွေကြေးအတွက် လွတ်မြောက်ရာလဲမဟုတ်ပါဘူး။ မိမိလက်ရှိအလုပ်အကိုင် ကိုအဆင်မပြေရင် တစ်ခြားအလုပ်တစ်ခုကို ပြောင်းလို့ရသလို မတူညီတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ကိုပြောင်းလို့ရပါတယ်။  
စီးပွားရေးလောက ဟာ အပြင်ပန်း မြင်ရတာထက် ပိုမိုခက်ခဲတာမို့ လက်ရှိအလုပ်က လွတ်မြောက်ရာသက်သက် ဆိုရင် တော့မ လာစေချင်ပါဘူး။


ချစ်ခင်စွာ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!