Popular Posts!

Thursday, February 1, 2018

ကျပ်ဘီလီယံချီ၍ လိမ်လည်တိမ်းရှောင်နေသည့် ဒေါ်ဂျူးဂျူးက ခြောက်လအတွင်း ငွေပြန်ဆပ်မည်ဟုဆို

ဒီမိန်းမ က ပိုင်လှချည်လား ...

အမှုပေါင်း ၃၀ လောက် အဖွင့်ခံထားရတယ်၊ သူများငွေတွေ ကျပ်ဘီလျံနဲ့ ချီပြီးလဲ ယူထားတယ်
၎ လလောက် ပျောက်သွားပြီးမှ ပြန်ပေါ်လာတယ်၊ သူပျောက်နေစဉ်မှာလဲ ရဲတပ်ဖွဲ့က ခြေရာမခံနိုင်ဘူးတဲ့
ခုပြန်ပေါ်လာတော့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြန်ဖြေရှင်းသွားတာ အတော်သတ္တိကောင်းတယ်ပြောရမယ်
ငွေကြေးအဆင်မပြေသေးလို့ ၆ လပိုင်းကျ ပြန်ပေးမယ်တဲ့၊ ဒါတောင် ကံကောင်းမှ အရင်းပြန်ရကြမှာ သူနဲ့ အလုပ်ဆက်လုပ်ချင်သေးတဲ့သူတွေကိုလည်း စာချုပ်သစ်တွေ ထပ်ချုပ်ပေးသွားဦးမယ်ဆိုပဲ

ကဲ ဒီလိုသေချာတဲ့ စီးပွားရေး နောက်တစ်ကြိမ် လွတ်မသွားရအောင် စာချုပ်သစ်တွေ ပြေးသာ
ချုပ်လိုက်ကြပါ ရွှေမြန်မာတို့ ...

ကျပ်ဘီလီယံချီ၍ လိမ်လည်တိမ်းရှောင်နေသည့် ဒေါ်ဂျူးဂျူးက ခြောက်လအတွင်း ငွေပြန်ဆပ်မည်ဟုဆို


ကျပ်ငွေဘီလီယံနှင့်ချီ ၍ လိမ်လည်တိမ်းရှောင်သည်ဟု သတင်းထွက်ပေါ်နေသည့် Jude Jude Family နှင့် သင့်မြတ်ကုမ္ပ ဏီပိုင်ရှင် ဒေါ်သက်သက်မြိုင်က လုပ်ငန်းကိုပြန်လည်ဦးစီးကာ ဆုံး ရှုံးသွားသော ငွေများကို ခြောက် လအတွင်း ပြန်လည်ပေးဆပ်မည် ဟုပြောသည်။
ဇန်န၀ါရီ ၃၀ ရက်က ရန် ကုန်မြို့ရှိ Holiday စားသောက်ဆိုင်၌ ရှယ်ယာရှင်များ၊ သတင်းထောက်များအား ဖိတ်ခေါ်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်ကာ ယခုကဲ့သို့ ပြောကြားခဲ့သည်။
အစုရှယ်ယာရှင် တစ်ထောင်ကျော် ထည့်ဝင်ထားသည့် ကျပ်သန်းရှစ်သောင်းခန့်ကို ရှယ်ယာရှင်များအား ပြန်မပေးဘဲ ဒေါ်သက်သက်မြိုင် (ခေါ်) ဂျူးဂျူးက လိမ်လည်တိမ်းရှောင်ခြင်းဖြစ်ကြောင်း ရှယ်ယာထည့်ဝင်ထားသူများက ပြောထားသည်။
ယင်းကဲ့သို့ ရှယ်ယာငွေ ထည့်ဝင်ပြီး အမြတ်ငွေနှင့် ထည့် ၀င်ငွေများ ပြန်မရဘဲ ဆုံးရှုံးနစ်နာခဲ့သည့် ရှယ်ယာရှင်များအား လာမည့် ဇွန်လက စတင်ကာ ငွေကြေး ပြန်လည်ထုတ်ပေးမည်ဟု ဒေါ်သက်သက်မြိုင်ကပြောသည်။
ရှယ်ယာထည့်ဝင်ခဲ့သည့် ငွေပမာဏ၏ ရာခိုင်နှုန်းတစ်ခုကို သာ ပြန်ပေးမည်ဖြစ်ပြီး ရာခိုင်နှုန်းမည်မျှပြန်ပေးမည်၊ မည်သည့်ပုံစံဖြင့် ပြန်ပေးမည်ကို လက်ရှိအချိန်အထိ အတိအကျ မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။
‘‘ငွေကြေးပြန်ပေးမယ့် အစီ အစဉ်ကို အကြံပေးတွေနဲ့ သေ ချာတိုင်ပင်ရဦးမှာ။ အဲဒီကျရင် ကာယကံရှင်တွေလည်းပါတော့ သူတို့နဲ့ညှိရမှာ’’ဟု ၎င်းက ပြော သည်။
ရှယ်ယာငွေများ ပြန်လည်မယူဘဲ ၎င်းနှင့် ဆက်လက်လက်တွဲ လုပ်ကိုင်လိုသူများကို ပြန်လည် စိစစ်ကာ စာချုပ်သစ်များ ချုပ်ဆို မည်ဟု ပြောသည်။ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို မပြောနိုင်သေးဘဲ အစုရှယ်ယာစနစ်ဖြင့် ဆက်လက်လုပ်ကိုင်မည်လား၊ အများပိုင်ကုမ္ပဏီ အနေဖြင့် လုပ်ကိုင်မည်လား မသိရှိသေးဟု ပြောသည်။
လာမည့် ဖေဖော်ဝါရီ ၆ ရက်က စတင်၍ ရန်ကုန်မြို့ ဗဟန်း ဦးချစ်မောင်လမ်းရှိ ဒေါ်သက်သက်မြိုင်၏ ရုံးခန်းတွင် လုပ်ငန်းစပ်တူလုပ်ခဲ့သူများ၏ စာချုပ်မိတ္တူများကို လက်ခံမည်ဖြစ်ပြီး ၎င်းနှင့်ဆက်လက် လက်တွဲလိုသူများနှင့် စာချုပ်ချုပ်ဆိုမည်ဟုဆို သည်။
ဒေါ်သက်သက်မြိုင်ကို ယုံ ကြည်သည့်အတွက် ရှယ်ယာ ထည့်ဝင်ခဲ့ပြီး ဆက်လက်၍ လုပ်ငန်းအတူဆောင်ရွက်မည်ဟု ရှယ်ယာရှင် မခင်မမကပြောသည်။
ယင်းကဲ့သို့ လုပ်ငန်းဆက် လက်လုပ်ကိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ‘‘လုံးဝမဖြစ်နိုင်ပါ ဘူး။ သူ ငွေရှင်တွေကို အတွေ့မ ခံဘဲ လုပ်ငန်းစလုပ်မယ်ဆိုရင် အားလုံး သူ့လုပ်ငန်းဆီကို ငွေရှင် အများစုလာကြပါလိမ့်မယ်။ တရားမစွဲသူတွေအားလုံးရဲ့ရလဒ်ကြောင့် သူ့လုပ်ငန်းတွေ ထိခိုက်မှာပါ’’ဟု ကျပ်သိန်း ၂၀၀ ခန့် ဆုံးရှုံးနေသူ မရှောင်ဟွေ့ကဆိုသည်။
အဆိုပါ ရှယ်ယာကြေးများ ပြန်လည်ပေးဆပ်မည့်ကိစ္စ၊ လုပ် ငန်းဆက်လက်လုပ်ကိုင်မည့်ကိစ္စတို့နှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာတွင်လည်း ကြေညာ မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ငွေကြေးအဆင်မပြေသဖြင့် ရှယ်ယာရှင်များအား ငွေမပေးခဲ့ ခြင်းသာဖြစ်ပြီး ထွက်ပြေးတိမ်း ရှောင်နေခြင်း မဟုတ်ကြောင်း ဒေါ်သက်သက်မြိုင်က ငြင်းဆိုကာ ၎င်းကို တရားစွဲဆိုထားသည့်အမှုကိုလည်း ရင်ဆိုင်မည်ဟုပြောသည်။
ကျပ်သိန်းပေါင်းများစွာ လိမ်လည် တိမ်းရှောင်သည်ဟု သတင်းထွက်ပေါ်နေသည့် Jude Jude Family နှင့် သင့်မြတ်ကုမ္ပ ဏီပိုင်ရှင် ဒေါ်သက်သက်မြိုင်ကို ဗဟန်းရဲစခန်းတွင် ၂၆ မှု၊ ရန်ကင်းရဲစခန်းတွင်တစ်မှု၊ သင်္ဃန်းကျွန်းရဲစခန်းတွင်နှစ်မှု၊ သာကေတရဲစခန်းတွင်တစ်မှု စသည်ဖြင့် အမှု ပေါင်း ၃၀ ခန့်ဖြင့် တရားစွဲဆိုထား သည်။
၎င်း၏အကျိုးစီးပွား ပျက် ပြားစေရန် အွန်လိုင်းပေါ်တွင် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်ခဲ့ကြ ကြောင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေ ရန် စွပ်စွဲထားသည့်ကိစ္စများကို တည်ဆဲဥပဒေအရ ပြန်လည်ဖြေ ရှင်းမည်ဖြစ်ကြောင်း ဒေါ်သက်သက်မြိုင်ကဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မရှောင်ဟွေ့က ‘‘ကနဦးကတည်း က တိုက်ခိုက်လို့ လုပ်ငန်းပြိုကွဲရတာ လုံးဝမဟုတ်ပါဘူး။ ရှယ်ယာရှင်အများစု အတိုက်အခံပြောတဲ့ သူတွေကိုတောင် ပြန်တိုက်ပေးပါ တယ်။ သူ့ကို ယုံကြည်မှုလွန်ကဲပြီးတော့ပေါ့။ ခုပြိုကွဲတယ်ဆို တာ သူက ငွေရှင်တွေကို စာချုပ်ပါ စည်းကမ်းကာလ အကန့်အ သတ် ကတိက၀တ်ကို ချိုးဖောက်ပြီး ငွေမလွှဲခြင်း၊ ငွေရှင်တွေကို အတွေ့မခံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တွေပါ’’ဟု ဆို သည်။



“ အစ်မ နာမည်ကို ဖြူအောင်လုပ်ရမယ်၊ နာမည်တစ်လုံး ပြန်ရအောင်လုပ်ရမယ်၊အစ်မနဲ့ အလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ ငွေတွေ မဆုံးရှုံးဘူးဆိုတာသိတယ်၊ ပြီးရင် နောက်တစ်ဆင့် သူတို့ ငွေတွေ အမှန်တကယ်ပြန်လည်ရရှိလာတာကိုသိမယ်ဆိုရင် . . .”

အစုရှယ်ယာရှင်တွေဆီက ငွေကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော် လိမ်လည်ထွက်ပြေးသွားတယ်ဆိုပြီး အမှုဖွင့်ခံထားရတဲ့ ဂျူးဂျူးလုပ်ငန်းမှ ဒေါ်သက်သက်မြိုင်က သူမအနေနဲ့နာမည်ဖျက်ခံရတယ်၊ အလကားနေရင်း တရားခံလို့ စွပ်စွဲခံရတယ်လို့လဲ ပြောလာပါတယ်။

ရိုက်ကူး-ဒါးဇ၊ တင်ဆက်-ချမ်းငြိမ်း https://www.facebook.com/AKonThiNEWS/videos/593522604331629/



No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!