Popular Posts!

Tuesday, April 10, 2018

စင်ကာပူထက်နှစ်ဆကျယ်ဝန်းမည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် တိုင်းအစိုးရက ကျပ် ၁၀ ဘီလီယံ မတည်ရင်းနှီးမည်




No automatic alt text available.


စင်ကာပူနိုင်ငံအရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျပ် ၁၀ ဘီလျံ မတည်ရင်းနှီးမည်ဖြစ်ပြီး ယင်း စီမံ ကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်း ဖန်တီးဖော် ဆောင် ပေးမည်ဖြစ်ကြောင်း မတ်လ ၃၁ရက်က ရန်ကုန်မြို့ Lotte Hotel တွင် ပြုလုပ်သော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကု မ္ပဏီ လိမိတက် (NYDC) ကို ဖွဲ့စည်းထူ ထောင်ခြင်း အ ထိမ်းအမှတ် အခမ်းအနားမှသိရသည်။

ရန်ကုန်မြစ်တဖက်ကမ်းရှိ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် NYDC ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာနှုန်း ပြည့် ပိုင်ဆိုင်ကြောင်းနှင့် ကုမ္ပဏီကို ဒါရိုက်တာဘုတ်အဖွဲ့က စီမံခန့်ခွဲမည်ဖြစ်ပြီး ၎င်းသည် ကော်ပိုရေးရှင်း၏ အမြင့်ဆုံးအာ ဏာပိုင်အဖွဲ့ဖြစ်ကြောင်း သိရ သည်။

“ရန်ကုန်မြို့ဟာ ရန်ကုန်မြစ်ရဲ့ တဖက်ကမ်းမှာပဲ တည်ရှိပြီး ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းတကြောလုံးဟာ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေပါတယ်။ဒီအခြေအနေတွေကို ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟောင်းဟာ ရှေးဟောင်းအမွေအနှစ်တွေနဲ့ နေချင်စဖွယ် စီးပွားရေးမြို့အဖြစ် ဒီဘက်အခြမ်းမှာ တည်ရှိနေပြီး တဘက်ကတော့ တကယ့်ကို smart city တခုလို ဖွံ့ဖြိုးတိုးတက်နိုင်မဲ့ နယ်မြေတခု ဖြစ်ချင်ပါတယ်။ ဒီနယ်မြေမှာ စက် မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ပေးနိုင်တဲ့အခြေအနေ ရချင်ပါတယ်။ ဒီအ တွက် ဒီကုမ္ပဏီရဲ့ ရည်မှန်းချက်ထဲမှာ အဓိက အလုပ်သမား ၂ သန်းလောက် အလုပ်အကိုင်ပေး နိုင်ဖို့ မျှော်မှန်းပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်မြို့သစ်သည် ဒေသခံစီးပွားရေးလုပ်ငန်းများကို ထောက်ကူပေးခြင်းနှင့် နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများ ကို လည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဤစီမံကိန်းမှ ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ့၍ စိတ်ချရသော အခြေခံ အဆောက်အဦးနှင့် လူတန်းစားအားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာများလည်း ပါဝင်ကြောင်း ၄င်းကပြောသည်။

စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ် ၁၀ ဘီလီယံ မတည်ရင်းနှီးမည်ဖြစ်ပြီး တိုင်းအစိုးရ၏ တည် ဆောက်ရေးဘတ်ဂျက်မှ ထုတ်နုတ်သုံးစွဲသွားမည်ဖြစ်ကြောင်း NYDC၏ ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ် ရေး ၀န်ကြီးဒေါ်နီလာကျော်က သတင်းမီဒီယာသို့ပြောသည်။ “ ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဘတ်ဂျက်က တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှပ်နှံဖို့ ခွင့်ပြုခဲ့တဲ့ ဘတ်ဂျက်ရှိပါတယ်။ အဲဒီကနေပြီးတော့ ဒါကို ထုတ်နှုတ်သုံးစွဲတာဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မည့် ဧရိယာမှာ ဧက ၂၀၀၀၀ဖြစ်ပြီး မြို့သစ်တည်ဆောက်ရေး လုပ်ငန်းပထမ အဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံလုပ်ငန်းအတွက် ပျမ်းမျှ အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဟု မျှော်မှန်းထားပြီး ယင်းလုပ်ငန်းများတွင် ရွာမြို့နယ် ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြစ်အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန် ရည်ရွယ်ထားပြီး စီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့သစ်အား စွမ်းရည်ရှိခြင်း၊ ဂုဏ်သိက္ခရှိခြင်း၊ တာဝန်ခံမှုရှိခြင်း အစရှိသည့် စံနမူနာအချက်များကို ဖော်ဆောင်နိုင်ရန်နှင့် လုံခြုံပြီး သတင်းဆက်သွယ်ရေးနည်းပညာထွန်းကား၍ သန့်ရှင်းသော မြို့တစ်မြို့ ဖြစ်လာစေရန် မျှော်မှန်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့သစ်တည်ဆောက်ရာတွင် Public Private Partnership ပုံစံကို အသုံးပြုသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။သို့သော်လည်း အဆိုပါ စီမံကိန်းစတင်အကောင်အထည်ဖော်မည့် အသေးစိတ်အစီအစဉ်များကို ဆက်လက်သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း NYDC၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေ(ခေါ်)Serge Pun ကပြောသည်။

လင်းလင်းအောင်

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!