In a trade war, it's consumers who may lose
• A battle between the U.S. and the rest of the world over tariffs could mean higher prices for shoppers later this year.
• "American families are caught in the middle," says the National Retail Federation's Matthew Shay.
One estimate puts the effects of this trade conflict at 250,000 in lost jobs and $210 in higher costs for an average family.
Trade War
Trump 1 to 5
ကုန်သွယ်ရေးစစ်ပွဲဆိုတာ နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံထဲတင်သွင်းသော ပြည်ပနိုင်ငံများ၏သွင်းကုန်အပေါ် အခွန်တိုးမြင့်ခြင်း သို့မဟုတ် သွင်းကုန်များကိုကန့်သတ်လိုက်ချိန် ပြိုင်ဘက်နိုင်ငံကအလားတူပုံစံများဖြင့် ပြန်လည်တုံ့ပြန် ချမှတ်တာကို ကုန်သွယ်ရေးစစ်ပွဲလို့ခေါ်ပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးစစ်ပွဲအရှိန်ရလာသည်နှင့်အမျှ နိုင်ငံတကာကုန်သွယ်မှုလည်းလျော့နည်းလာရစမြဲဖြစ်တယ်။
နိုင်ငံတစ်နိုင်ငံက မိမိပြည်တွင်းရှိ စက်မှုလုပ်ငန်းများကို ကာကွယ်ပေးရန်နှင့် အလုပ်အကိုင်များဖန်တီးရန်ကြိုးစားသည့်အခါ ကုန်သွယ်ရေးစစ်ပွဲစတင်လေ့ရှိတယ်။
ဒါဟာ ရေတို အလုပ်ဖြစ်ပေမယ့် ရေရှည်မှာ ကုန်သွယ်ရေးစစ်ပွဲမှာ ပါဝင်သည့်နိုင်ငံများအနေဖြင့် အလုပ်အကိုင်ဖန်တီးပေးရာမှာ ကုန်ကျစရိတ်များပြားခြင်း နဲ့ စီးပွါးဖွံ့ဖြိုးမှုထိုင်းမိုင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွင်းကုန်များအပေါ် အခွန်တိုးမြင့်ကောက်ခံရတာကြောင့် နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်စေပါတယ်။
၂၀၁၈ မတ်လ ၈ မှာ သမ္မတ Trump က သံမဏိသွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း နှင့် အလူမီနီယံသွင်းကုန်အပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ကြေညာခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်တယ်။
အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံးသံမဏိတင်သွင်းသူဖြစ်တာကြောင့် အဆိုပါအခွန်ကောက်ခံမှုဟာ အမေရိကန်ရဲ့ ၁၄၇၀၀၀ သော သံမဏိနှင့်လူမီနီယံစက်မှု လုပ်သားတွေရဲ့ အလုပ်အကိုင်ကိုကာကွယ်နိုင်မယ်လို့ Trump က ယုံကြည်နေပါတယ်။
ဒီရက်ပိုင်း ကုန်သွယ်ရေးစစ်ပွဲကို သုံးသပ်ထားတဲ့ !
ဆရာ M Kawn La ရဲ့ သုံးသပ်မှုတွေကို အတော်လေးသဘောကျမိတယ်။
ဒါကြောင့် အပိုင်း ၁ မှ ၅ အထိ copy ယူပြီးတင်ပေးလိုက်ပါတယ်။
အချိန်ယူဖတ်ပါ၊အချိန်မရှိသေးရင် save ထားပါ၊ အကျိုးရှိမှာပါ။
Jan Khone
Trump ( ၁ )?
နိုင်ငံရေးမှာ ငွေ ကြေးရံပုံငွေ ဟာ အများကြီး အထောက်အကူပြုပါတယ်၊
ဒါကြောင့် ငွေ ရှိတဲ့သူတွေ နိုင်ငံရေးကို ကျွမ်းကျင်ခဲ့ ရင်စွမ်းအားကြီးပိုကြီး တတ်ပါတယ်..
အမေရိကန်သမ္မတ Trump ဟာ နဂိုကတည်းက စီးပွားရေး လုပ်ငန်းရှင်ကြီးပါ၊
နိုင်ငံရေးကို သမ္မတ ၃ဆက်ခန့် လေ့လာလိုက်စားလိုက်တဲ့ အခါ ?
လစ်ဘရယ်ဆန်ပြီး နိုင်ငံရေး သိပ်မပြတ်သားခဲ့တဲ့ သမ္မတ အိုဘားမားလက်ထက် စတင်ယိမ်းယိုင်လာတဲ့ အမေရိကန်အတွက် ပြတ်သားတဲ့Trump ကို အမေရိကန် လူဖြူ အများစုကြီးက ရွေးကောက်တင်မြှောက်လိုက်ပါတယ်..
သူတို့အရွေးမှန်တယ်ပြောရမယ်!
Power ပြန်တက်စပြုလာတဲ့ ရုရှားစီးပွားရေးမှာ အလွန်အမင်း ပိုမိုအားသာစပြုလာတဲ့တ ရုတ်တို့ဟာ အိုဘားမားလက်ထက်မှာ ယူကရိန်းရဲ့ ပင်လယ်နက်ထွက်ပေါက် ကရိုင်းမီးယား ကို ရုရှားတို့ သိမ်းတာ ထိုင်ကြည့်ခဲ့ရသလို အာဖရိက နဲ့ အာရှ အတွင်း ပိုင်း တောင် အာရှ တို့ကို တရုတ် လက်ဝါးကြီး အုပ်တာကို မတားဆီးနိုင်ခဲ့ပါဘူး!
ဒါ့အပြင် ပိုဆိုးလာတာက တရုတ်အမေရိကန်ကုန်သွယ်ရေးမှာတရုတ်ဘက်ကကုန်သွယ် ရေးပို ငွေ အလွန်အမင်း တစ်ဖက်သတ်ဖြစ်လာပြီးအမေရိကန်ရဲ့ ငွေတိုက်စာချုပ်အများအပြား တရုတ်တွေ ဝယ်ယူလာတဲ့အပြင် အမေရိကန် ရဲ့ Trade mark ခရိုင်စလာ GM Apple စတဲ့ လုပ်ငန်း ရှယ်ယာတွေ တစစ တရုတ်တို့ လက်ထဲမသိမသာ လက်လွဲ ရောက် ရှိလာရာမှာ စီးပွားရေးသမား Trump ဟာ အန္တရယ်ကို မြွေမြွေချင်း ခြေမြင်ခဲ့ပါ တော့တယ်။
တရုတ်တို့ဟာ ဥရောပ ဘယ်လ်ဂျီယံကစတင်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံ US$ ပေါင်း 900 billion ရင်းနှီးမြုပ်နှံ ထားတဲ့ OBOR ကို အောင်မြင်ဖို့အတွက် သူတို့ရဲ့သမ္မတ ရှိချင့်ဖျင်ကို အာဏာ ဆွဲဆန့်ပြီး ပြင်ဆင်လာတဲ့အခါ ပိုဆိုးတာက တရုတ်တို့ရဲ့အစဉ်အလာရန်ဘက် တွေဖြစ်တဲ့ ရုရှား နဲ့ အိန္ဒိယ တိုကို ပူးပေါင်း လာတဲ့အပြင် ငွေကြေးအဖွဲ့ကြီးတစ်ခု BRICS ကို Brasil Russia India China SouthAfrica တို့နဲ့ US$ 50 billion နဲ့ထူထောင်ပြီး အမေရိကန် စီးပွားရေး အင်ပါယာကို ယှဉ်ပြိုင် လာခဲ့ပါတယ်၊
Goepolitics အရ အမေရိကန်ရဲ့ ပိစိဖိတ် အင်အားစု ကိုလွှမ်းမိုးဖို့ အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ စပရက်စလီ ကျွန်းကိစ္စတွေမှာ အတင်း အဓမ္မ အင်အားပြ နေရာယူလာ သလို အိန္ဒိယ သမုဒ္ဒရာ ကို လည်း တရုတ်တို့လက် အပြည့်အဝထိန်းချုပ်နိုင်ရေးအတွက် သီရိလင်္ကာ ဟမ်ဘန်တိုတာရေနက်ဆိပ်ကမ်း ဘင်္ဂလားဒေခ့်ျ စစ်တကောင်းရေနက် ဆိပ်ကမ်းနဲ့ မြန်မာ ကျောက်ဖြူတို့ကို ဖိုခနောက်ဆိုင် ရယူထားသည့်အပြင် မလက္ကာာရေလက်ကြားထိပ် အင်ဒိုနီးရှားရဲ့ ဆာဘန်းကျွန်းကိုလည်း တရုတ်မဟာမိတ် အိန္ဒိယ မှ လက်ဦး ခဲ့ပါတယ်၊
အဲဒါကို အာဖရိက ကင်ညာ နိုင်ရိုဘီ ဆိပ်ကမ်း နဲ့ ချိတ်ဆက်လိုက်တဲ့အခါ စီးပွားရေးအရ အိန္ဒိယ သမုဒ္ဒရာကြီး တစ်ခုလုံးကို စီးမိလာပါတော့တယ်!
စစ်ရေးအရ မထိန်းချုပ်နိုင်ခင် အမေရိကန်က လက်ဦးဖို့ လိုလာတယ်မဟုတ်လား?
ဒီတော့ Trump ဘာလုပ်ခဲ့သလဲ?
ခြေရာကောက်ကြည့်ရအောင်လား?
အဲဒီရဲ့အကျိုးဆက်က ကျွန်တော်တို့မြန်မာကို ဘယ်လို ထိခိုက်ခဲ့သလဲ ?
Trump ( ၂ ) ?
ခေတ်သစ်ကမ္ဘာ မှာ ဦးဆောင်နိုင်ငံဖြစ်ဖို့ဟာ မိမိငွေကြေးစနစ် လွှမ်းမိုးထားဖို့လိုတယ်ဆိုတာ စီးပွားရေးသမား Trump ဟာ ကောင်းကောင်းသိပါတယ် သူ့ကို ရွေးပေးလိုက်တဲ့ အမေရိကန်လူဖြူ ဆင်းရဲသားများအတွက် ကံကောင်းတယ်ပြောရမလားပဲ!!
အမေရိကန်ရဲ့ ငွေကြေးစနစ် Dolor ကို တရုတ်ဟာ တဖြည်းဖြည်း ဖဲ့ချွေနေရာယူလာတာကို ဒီအတိုင်းကြည့်နေရင်? နောင်အနှစ်၂၀ ဆိုရင် အမေရိကန် အင်ပါယာ ကျဆုံးတော့မှာပါ?
အဲဒီအတွက် အရှိန်ယူစတရုတ်ရဲ့ OBOR နဲ့ ငယ်ရွယ်တဲ့ သမ္မတ ရှီတို့ဟာ အဓိက မောင်းနှင်အားပါ!
ငွေကြေးဈေးကွက်ကို အမေရိကန်တို့ထိန်းထားတာဟာ သိပ္ပံ နဲ့ နည်းပညာမြှင့် ထုတ်ကုန် တွေ ရောင်းစားရင်ငွေ + နည်းပညာ အတွဲ အစပ် စံနှုန်းနဲ့ ထိန်းထားခြင်း ဖြစ်ပါတယ်!
တရုတ်ဟာ အမေရိကန်ရဲ့ နည်းပညာတွေ မသိမသာခိုးနေရင်း သူ့ထုတ်ကုန်တွေကို ကမ္ဘာ အနှံ အောက်ဈေးနဲ့ ထုတ်လာတဲ့အခါ?
၁၉၈၀ လောက်က အရှိန်စခဲ့တာ နှစ်၃၀အတွင်း ဂျပန်ကို ကျော်ဖြတ်ရင်း ကမ္ဘာ စီးပွားရေး ၂ ဖြစ်လာပါတော့တယ်..
Trump ဟာ သူ့နိုင်ငံကို Empire State အဖြစ်ဆက်ထိန်းဖို့ဆိုရင်?
တရုတ်ကို သူ့ရဲ့ အင်ဂျင် OBOR အရှိန်မရခင် ထိန်းချုပ်ထားဖို့လိုနေပါတယ်,
ဒီအတွက်သူဟာ တရုတ်ရဲ့ အိမ်နီးချင်း သူ့ရဲ့ ပိစိဖိတ်အရှေ့ဖျား ဂျပန်နဲ့ တောင်ကိုးရီးယားကို ချိတ်ဆက်အားယူထားဖို့ အရင်လိုအပ်ပါတယ်!
ဒါ့အပြင် ကမ္ဘာ မှာ နြူ လက်နက်နဲ့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုးရီးယား ပြသနာပါ ပူးတွဲကိုင်တွယ်ဖို့ရာ ဆုံးဖြတ်ရပါတော့တယ်
တရုတ်ဟာ မြောက်ကိုရီးယားကတဆင့် အမေရိကန်မဟာမိတ် စီးပွားဖက် ဂျပန်နဲ့တောင်ကိုရီးယားကို ဟန့်တားထိန်းချုပ်နေတာကြာပါပြီ, Trump ဟာ ရန်သူ့ရဲ့ ခြေလှမ်းကပဲ တန်ပြန်ဝင်ဖို့ဆုံးဖြတ်ခဲ့တယ်..
Trump ဟာ စစ်ရေး နဲ့ စီးပွားရေး ၂ခုကို အဓိက ရွေးချယ်ခဲ့ရာမှာ သူနည်းပညာအားသာတဲ့ စစ်ရေးကို အရင်ရွေးချယ်ခဲ့တယ်၊
ဒီတော့ စစ်ရေးရွေးချယ်ရာမှာ သူ့လက်နက်တွေနဲ့ ပစ်ခွင်းနိုင်တဲ့ လောလောဆယ်စစ်ဖြစ်နေတဲ့ နေရာကနေ မြောက်ကိုရီးယားကို ဖိအားပေး ခြိမ်းခြောက်ဖို့ စပြင်ပါတယ်.
ပထမ မြောက်ကိုရီးယားရဲ့ နြူ စမ်းသပ်မှု များ ဒုံးပျံစမ်းသပ်မှု များ ရပ်တန့်ဖို့ ဖိအားအရင်ပေးပါတယ်,တပြိုင်နက်ထဲမှာပဲ တရုတ်ကိုလည်း နိုင်ငံရေးအရ ဖြောင်းဖျဖို့ အကူအညီ မပေးဖို့ တောင်းဆိုတယ်၊
ဒီအတွက် ၂၀၁၈ ဖေဖေါ်ဝါရီမှာ မဟာဗျူဟာမြောက် B1 နဲ့ B 52 ဗုံးကျဲ လေယာဉ်တွေ ပိစိဖိတ် ဂူအမ်ကျွန်းကိုပို့တယ်၊
ပြီးတော့ USS Carl Vinson လေယာဉ်တင်သင်္ဘောကြီးကိုလွှတ်တယ်..နောက်ထပ်ပြီး USS Wasp ကို ထပ်လွှတ်ပြီး စစ်ရေးပြင်တယ်, တောင်ကိုးရီးယားမှာ အဲဒါအကြောင်းပြပြီး စစ်အခြေစိုက်စခန်း အခိုင်အမာ တည်ဆောက်တယ်.. တရုတ်နဲ့အနီးစပ်ဆုံး နေရာမှာ အမေရိကန်ရဲ့ နိုင်ငံပြင်ပ အကြီးဆုံးစစ်အခြေစိုက်စခန်းကြီး တောင်ကိုးရီးယားမှာ အကောင်အထည်ဖေါ်နိုင်ခဲ့တယ်.. ကမ္ဘာ ကို ဇွန်လ ၂၉ ရက်မှာ တရားဝင်ကြေညာခဲ့တယ်။
အဲလို တရုတ်အနီးမှာ မြောက်ကိုးရီးယားကို အကြောင်းပြပြီး အရှေ့ပိစိဖိတ် ရေပြင်မှာ စစ်ရေးတည်ဆောက်ပြီးမှ လက်နက်နည်းပညာကို လောလောဆယ်ဖြစ်ပွားနေတဲ့ စစ်မြေပြင် ဆီးရီးယားမှာ ပစ်ခတ်စမ်းသပ် ခြိမ်းခြောက်ခဲ့တယ်၊
ဆီးရိးယားသမ္မတ အာဆတ်ရဲ့ ဓါတုအဆိပ်တိုက်ခိုက်မှု ကို အခြေခံပြီးဓါတုဓါတ်ခွဲခန်းလို့ဆရတဲ့ ဒမတ်စကတ်အနီးက Barzah နဲ့ Him Shinsha ဓါတုစခန်းတွေကို ခရုဇ်ဒုံးပျံ ၁၀၅လုံးနဲ့ ပစ်ခတ်ရင်း ရုရှားရဲ့ S300 ဒုံးပျံကာကွယ်ရေးစနစ်ကို ဖျက်ပြခဲ့သလို မြောက်ကိုးရီးယားနဲ့ တရုတ်ကို အမေရိကန်စစ်လက်နက်နည်းပညာနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်
Trump ရဲ့ ပိရိယယ် အောင်မြင်တယ်ပြောရမယ်..
တရုတ်ကြီးလည်း တောင်တရုတ်ပင်လယ်မှာ ဗိုလ်ကျနေတာငြိမ်သွားသလို တောင်မြောက်ကိုးရီးယားပေါင်းစည်းမှု အမေရိကန် မြောက်ကိုးရီးယား ထိပ်သီးဆွေးနွေးမှုများ ဆက်တိုက်ဖြစ်လာပြီး မြောက်ကိုးရီးယားလည်း နြူလက်နက်စွန့်ဖို့ ကတိပေးလာခဲ့ရပြီမဟုတ်လား?
ဒါဟာ Trump ရဲ့ တရုတ်ရဲ့ စစ်ရေးလက်တံ တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ခြင်း နဲ့ နည်းပညာ အင်အားပြပွဲ တစ်ခုကို ကမ္ဘာ ကို အောင်မြင်စွာ ချပြနိုင်ခဲ့တဲ့ လုပ်ဆောင်ချက်ပါ။
Trump ဟာ ဒါလောက်နဲ့ မရပ်ပါဘူး..
တရုတ်ကို အပြီးသတ် ထိန်းချုပ်ဖို့က စီးပွားရေးပါ လုပ်မှ အောင်မြင်မယ်ဆိုတာ သူသိပါတယ်၊
သူ့ကို ယှဉ်ပြိုင်လာတဲ့ တရုတ်ယွမ်ငွေကြေးကို ကမ္ဘာ သုံးယုံကြည်မှု မရမီ တိုက်ခိုက်ရမယ်ဆိုတာသိပါတယ်၊
ဒါကြောင့် တရုတ်ယွမ်ငွေ ဈေးကွက်ပျက်အောင်ရယ် ဒေါ်လာဈေးမာအောင်ရယ် လုပ်ဖို့ စဉ်းစားခဲ့တယ်၊
အဲဒါရဲ့အဖြေက ကုန်သွယ်ရေးပိုငွေ မတရားဖြစ်နေတဲ့ တရုတ်ကုန်ပစ္စည်းတွေကို $ 34 billionဖိုး ပထမအဆင့် စတင်အခွန်တိုးကောက်ခဲ့တယ်..ဒုတိယအဆင့် $ 200billion
တတိယအဆင့် $300 billion ဖိုး ကောက်ဖို့ပါ စီမံချက်ရေးဆွဲခဲ့တယ်..
ဒီအရင် သံနဲ့အလျူမီနီယံ တင်သွင်းမှု တွေကို ဖေဖေါ်ဝါရီလကတည်းက အခွန်တိုးကောက်ပြီး အကဲ စမ်းကြည့်ထားပါတယ်.. အဲဒါက ကမ္ဘာ့အကြီးဆုံး တရုတ်ရဲ့ Solor Panel ထုတ်လုပ်မှုကို ထိခိုက်စေခဲ့တယ်.. အဲဒီရဲ့အဆက် $ 34billion ဖိုး ခရီးသည်ကားများ လေယာဉ်အစိတ်အပိုင်းများ ကွန်ပြူတာ ဆက်စပ်ပစ္စည်းများ ကို အဓိက ထားကောက်ခံခဲ့ပါတယ်..
ဒါတွေဟာ သံနဲ့အလျူမိနီယံ လုပ်ငန်းအဆက်အစပ်ကို အရှိန်မြင့် တင် ဖျက်စီးတာပဲ ဖြစ်တယ်.. တရုတ်ရဲ့ ကမ္ဘာ့ အကြီးဆုံးဈေးကွက်ပစ္စည်းများကို အခြေယိုင်စေခဲ့တယ်..
အဲဒီလုပ်ရပ်ဟာ?
လုပ်အားခသက်သာတဲ့ တရုတ် ကုန်ပစ္စည်းများ ဈေးကြီးပြီး ရောင်းမရအောင် နဲ့ တရုတ်ယွမ်ငွေ ဖေါင်းပွမှု ဖြစ်ပြီး တရုတ်ဘီလျံနာတွေရဲ့ငွေတွေကို အငွေ့ပျံစေတာဖြစ်တယ်..
ကမ္ဘာ အရပ်ရပ်က တရုတ် stock share တွေ ထိုးဆင်းကျစေပြီး အရှိန်ရစ OBOR ကို ရပ်တန့်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်..
နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ အရှည်ကို မျှော်ကြည့်ပုံယှဉ်ပြိုင်တဲ့ နည်းဗျူဟာ ရွေးချယ်ပုံ ရန်သူရဲ့အားနည်းချက် အားသာချက်များ တွက်ဆပုံများဟာ လက်ရှိ မြန်မာနိုင်ငံရေးသမားများ လေ့လာသင့်လှပါတယ်..
ကချင်နိုင်ငံရေး လောကမှ သူများလည်း ကချင်ပြည်နယ်ဘောင်ထဲက ကျော်ထွက်ပြီး နိုင်ငံတကာ ဆက်စပ်သုံးသပ်မှု များ ပြင်ဆင်ထားသင့်လှပါတယ်..
အခု ဆိုTrump ရဲ့ trade war ကြောင့်ပဲ မြန်မာနိုင်ငံထဲမှာ စတင်ရိုက်ခတ်နေပြီဖြစ်တယ်..ကချင်ပြည်နယ်သားများလည်း မလွတ်ကင်းပါ,
ဘယ်လို ချိတ်ဆက်သလဲ?ဘယ်လိုပြင်ဆင်သင့်သလဲ? ဘယ်လို ဆောင်ရွက်သင့်သလဲ ?
ဆက်လက် ဆွေးနွေးတင်ပြပါမယ်!
Trump ( ၃ ) ?
အခု အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hilary Clinton က ၂၀၁၆ တုန်းကတည်းက Trump အာဏာရခဲ့ရင် ?
trade war လုပ်လိမ့်မယ်လို့ ကြိုတင်ပြောခဲ့တယ်၊1930 ကမ္ဘာ့  စီးပွားပျက်ကပ်လို အကြာကြီး ဖြစ်ပြီး ဒုက္ခတွေ ခံစားရနိုင်တယ်လို့ ခန့်မှန်းခဲ့တယ်!
သူပြောတာများ မှန်နေမလား?
Trump အာဏာ ရပြီး ဘာလုပ်ခဲ့သလဲ?
ဆောင်းပါး ၁ နဲ့ ၂ မှာ ရေးခဲ့သလို..အဓိက က Empire State တွေကို ပြဌါန်းတဲ့ ငွေကြေးစနစ်ကို အလဲ ထိုးဖို့ လုပ်ခဲ့တာပါပဲ..
အခု Trump လုပ်တာက ?
ကမ္ဘာ့  ငွေကြေးစနစ်မှာ တရုတ်ယွမ်ငွေ က ဦးဆောင်လို့မဟုတ်ဘူး တရုတ်ပြည်တွင်းမှာ သူ့ရဲ ငွေကြေးစနစ် ဖရိုဖရဲ ဖြစ်ဖို့ အဓိကလုပ်တာဖြစ်တယ်.
၂၀၁၇ က US က တရုတ်ကို သူ့ ထုတ်ကုန်ရောင်းရငွေ US:$ 174 billion ရှိပြီး တရုတ်က US ကိုရောင်းတာ US$ 478 US $ billion ရှိတယ်.. အဲလောက်ကွာတယ်,
အဲဒီရောင်းရငွေ တွေနဲ့ US ရဲ့ High Tech Firm တွေမှာ ပြန်ရင်းနှီးမြုပ်နှံပြီး အမေရိကန်ရဲ့ နည်ပညာကို ခိုးပါတယ်..
တရုတ်ကလည်း ငွေ + နည်းပညာ = Empire ဆိုတဲ့ သီအိုရီကို သိတယ်..လက်ဦးဖို့ တာစူနေတယ်.
ဒါကိုTrump က နားလည်တော့ အိုဘားမားလက်ထက်ကတည်းက တရုတ်ကို နှီမ်နင်းဖို့ တာစူထားတယ်..
သူလည်း အာဏာရရော 1974အမေရိကန် ကုန်သွယ်ရေး အက်ဥပဒေ ပုဒ်မ 301အရ နည်းပညာမြှင့်ထုတ်ကုန် ကာကွယ်ရေး အကြောင်းပြပြီး တရုတ်ရဲ့သွင်းကုန် solar panel တွေ လျှပ်ကာပစ္စည်းတွေ ကွန်ပြူတာပစ္စည်းတွေ အဝတ်လျှော်စက်တွေ smart phone တွေရဲ့ အစိတ်အပိုင်းတွေ ထရပ်ကားတွေ july 6 ရက် မှာ US$ 34 billion ဖို့းစပြီး အခွန်၂၅% တိုးမြှင့်ကောက်ပြီး trade war ကို စပါတယ်၊
နောက် ၂ပတ်အတွင်း US$ 16 billion ဖိုး ထပ်ပြီး ကောက်ဖို့ရှိတယ်၊ ပထမ စစခြင်း billion 50 ဖိုးဖြစ်တယ်၊ နောက် တရုတ်ဘက်က အလျှော့ပေးမှု မရှိရင် septemberမှာ 400 billion ဖိုး ထပ် ကောက်ဖို့ရှိတယ်၊ ဒါဆိုရင် စုစုပေါင်း US $ 450 billion ဖိုး Trump က ဆောင်ရွက်ဖို့ရှိတယ်၊ ဒါဟာ တရုတ်က အမေရိက ကို တင်ပို့တဲ့ တစ်နှစ် ကုန်သွယ် ငွေ ပမာဏ ပဲ လို့ အထင်းသားမြင်ရတယ်။
တရုတ်ကလည်း အမေရိကန်ရဲ့ထုတ်ကုန် မော်တော်ကားတွေ soy bean တွေ အသီးအနှံ တွေ စိုက်ပျိုးထုတ်ကုန်တွေ ဝက်သားတွေ Semi conductor တွေ အဝတ်
အထည် တွေ သူ့အတိုင်း ပြန်လုပ်မယ်လို့ ကြေညာပါတယ်..
ဒီလိုနဲ့ US China Trade War ဟာ တကမ္ဘာ လုံး ကူးစက်ပြန့်ပွားပြီး တကမ္ဘာ လုံးရဲ့ GDP 2% လောက် ထိခိုက်မယ်လည်း ပညာရှင်တွေ တွက်ဆလာပြီ ဖြစ်တယ်..
ကျွန်တော် တင်ပြလိုတာက ?
Trump ရဲ့ trade war ဟာ အာရှ အရှေ့တောင်အာရှ နဲ့ မြန်မာကို ဘယ်လောက်ရိုက် ခတ်သလဲ နဲ့ ဘာတွေပြင်ဆင်သင့်သလဲ ဆိုတာ တင်ပြလိုရင်းနဲ့ စဉ်းစားစေလိုရင်းပါ..
Trump အဓိက လုပ်တာက တရုတ်ပြည်ထဲက စက်ရုံတွေကို ထုတ်လုပ်မှု ( manufacturing ) နဲ့ ပံ့ပိုးမှု ကွင်းဆက် ( supplier chain ) များ ရိုက်ချိုးပစ်ဖို့ပဲ..
အဲလိုနည်းနဲ့ တရုတ်ရဲ့ ထုတ်ကုန်များ ပေါပေါ မထုတ်နိုင်တော့ပဲ ရပ်ဆိုင်းသွားပြီး တရုတ် ယွမ်ငွေ ဖရိုဖရဲ ဖြစ်ဖို့ ရည်ရွယ်ပါတယ်..
ဒါဆိုရင် တရုတ်အစိုးရက သူ့ယွမ်ငွေကို ပြန်ထိန်းဖို့ တရုတ်ဗဟိုဘဏ်က အရံငွေ ဒေါ်လာနဲ့ ပြန်ထိန်းဖို့လိုလာတယ်.. ဒီလိုနည်းနဲ့ အမေရိက ဆီက ယူသွားတဲ့ ဒေါ်လာတွေ သူ့ဆီ ပြန်လာအောင် Trump က တစ်ဖက်သတ်လှည့်နည်းနဲ့ လုပ်တယ်..
အခုလောလောဆယ်ကို US $ 108 billion တရုတ်ဗဟိုဘဏ်က ထုတ်နှုတ်သုံးစွဲ ပြီး သူ့ယွမ်ငွေ ကို ထိန်းရပြီ မဟုတ်လား?
တော်တော်လည်တဲ့ Trump..!
Trump ဟာ Manufaturing အတွက် supply chain ကို အဓီက ဖျက်ဖို့လုပ်ခဲ့တယ်.
အဲဒီအတွက် သူ့မဟာမိတ်တွေ လည်း ထိခိုက်ခဲ့ရပါတယ်၊
တရုတ်ရဲ့ စက်ရုံတွေ အတွက် အဓိက supplier တွေက ထိုင်ဝမ် , S Korea , မလေးရှား
စင်္ကာပူ တို့ဖြစ်တယ်. India လည်းပါတယ်၊
ဘာလို့လဲ ဆိုတော့ ?
ကွန်ပြူတာ အစိတ်အပိုင်းတွေ smart phone အစိတ်အပိုင်းတွေ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေ တော်တော်များများကို လိုအပ်သလောက် တရုတ်စက်ရုံတွေအတွက် ထုတ်လုပ်တင်ပို့နေလို့ပဲ၊
ဒီတော့ တနွယ်ငင် တစင်ပါ အကုန် ရိုက်ခတ်ကုန်ပါတယ်..
အဲဒီနိုင်ငံတွေရဲ့ ငွေဈေးတွေ ထိုးကျ စက်ရုံ တွေ မထုတ်နိုင် stock share တွေ ကျ ဆင်း ဖြစ်ကုန်တယ်၊
တရုတ်ရဲ့ ရည်ရွယ်ချက် 2025 made in china မှ 2050 made by china ဆိုတဲ့ အဓိက ရည်မှန်းချက်ကြီး ကိုဖျက်ဖို့ လုပ်တာဖြစ်တယ်.
Trump တွက်ဆ တဲ့ အတိုင်း ကမ္ဘာ လုံး ဆိုင်ရာ တရုတ် Trade mark တွေ ဖြစ်တဲ့ Hwawei . Alibaba group .တွေ အကြီးအကျယ်ထိခိုက်ကုန်တယ်..
အဲဒီမှာ တရုတ်ဘက်က ရှင်းရှင်းပြတ်ပြတ် စဉ်းစားချက် ထွက်ပေါ်လာတယ်..
၁။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေ ချုံ့ ပစ်မယ်, နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းမယ်..
သူတို့ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာကို အလဟသ မဖြစ်စေချင်ဘူး!
၂။ စက်ရုံတွေ ရွှေ့မယ် တရုတ်ပြည်ထဲ ထားတာထက် အာဖရိကလည်း လုပ်အားခ
ဈေးပါတယ် သူလည်းအခြေစိုက်ပြီးသားနေရာ အဲဒီကို ရွှေ့မယ် ၊
အဲလိုတွေ တွေး လာတယ်၊ဒါ့အပြင် အရှေ့တောင်အာရှဆိုရင် ထိုင်းနဲ့ ဗီယက်
နမ်ကို ရွေးလာတယ်၊ အဲဒီမှာ မြန်မာကို မရွေးဘူး၊ သိပ်နစ်နာတယ်။
Trump ( 4 ) ?
US China trade war ဟာ ခေတ်သစ် အကောင်းဆုံးခေါင်းဆောင်မှု များကို မြင်တွေ့ သင်ခန်းစာယူရမယ်ပဲ ပြောရပါမယ်၊
ဘာလို့လဲဆိုတော့ ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး၂နိုင်ငံရဲ့ အတော်ဆုံးခေါင်းဆောင် ၂ယောက် ရဲ့ ယှဉ်ပြိုင်မှုကို မျက်စိမှောက်တွင် တရိပ်ရိပ် မြင်တွေ့နေရလို့ပဲ !
သင်ခန်းစာယူတတ်ရင်ဖြင့်!
Trade war ဟာ july 6 မှာ စတာနဲ့ တရုတ်ငွေကြေးဟာ အလဲလဲ အကွဲကွဲ ဖြစ်တယ်၊
ကမ္ဘာ နဲ့ အဝှမ်း stock share တွေ တရုတ်နဲ့ဆက်စပ်တာတွေ ထိုးကျကုန်တယ်၊
တရုတ် ဗဟိုဘဏ်က သူ့ပြည်တွင်းက ငွေကို $ 108billion ထုတ်ပြီး ဝင်ထိန်းရတယ်..
တရုတ်တို့ဟာ အလျင်အမြန် ဆုံးဖြတ်ရတော့တယ်၊
သူ့ပြည်တွင်းကထုတ်ကုန်တွေ အမေရိကန်ဈေးကွက်အစားထိုးဖို့ ဈေးကွက်သစ်ရှာတယ်၊
ဈေးပေါပြီး သူ့သြဇာညောင်းမဲ့ နေရာအသစ်ကို ရှာတယ်၊
အဲဒီမှာ အာဖရိကဟာ အကောင်းဆုံးလို့ ဆုံးဖြတ်တယ်..
ဒါပေမဲ့ တရုတ်တို့စဉ်းစားချက်ဟာ မဟာဗျူဟာကျတယ်!
အာရှ သူ့နိုင်ငံကနေ အာဖရိက အဝေးဆုံးအထိ ကုန်သွယ်မှုလုပ်ဖို့ ကြားခံ အကွက်အကွင်းကျတဲ့ center point ကို ရွေးတယ်၊ UAE ရဲ့ Dubai ဟာ အသင့်တော်ဆုံးဆိုတာ သမ္မတ ရှီ ဆုံးဖြတ်နိုင်ခဲ့တယ်၊
ဘာလို့လဲ ဆိုတော့ နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးကောင်းပြီးသား ကမ္ဘာ့  လေကြောင်း ဆက်သွယ်ရေးမှာ အာရှ အရှေ့အလယ်ပိုင်း ဥရောပ အာဖရိက တိုက်ကြီး ၃တိုက်နဲ့ ပင့်ကူမျှင် ဆက်သွယ်ထားပြီးသား အခြေခံ အဆောက်အအုံ ပြည့်စုံပြီးသား သူတို့နဲ့ ဓန အင်အားခြင်း ပူးပေါင်းရင်ဖြင့် ကမ္ဘာ့  ကုန်သွယ်ရေးကို အလျင်အမြန် ထိန်းချုပ်ဖို့ ဖြတ်လမ်းနည်းပဲ လို့ ရှီက တွက်ဆ တယ်၊
ဒါကြောင့် Dubai မှာ DMCC ( Dubai Multi Commodities Center) ကြီးကို July 11 ရက်မှာ MOU ထိုးခဲ့တယ်၊ကုပ္မဏီပေါင်း ၁၅၀၀၀ အခြေစိုက်ပြီး စက်ရုံပေါင်းများစွာတည်မယ်၊ စွမ်းအင်စက်ရုံတွေ အခြေခံ သတ္တှု စက်ရုံတွေ စိုက်ပျိုးရေး ထုတ်ကုန်စက်ရုံတွေ ငွေကြေးဝန်ဆောင်မှုတျွေ ရွှေ နဲ့စိန် ကမ္ဘာ့  အကြီးဆုံး ရောင်းဝယ်မှု တွေ လုပ်ပြီး သူ့ရဲ့ ငွေကြေးဈေးကွက်နဲ့ စက်ရုံများအတွက် ကြိုးစားခဲ့တယ်၊
ဒါတွင်ပဲ လား?
သမ္မတ ရှီဟာ July 22 ကနေ အာဖရိက ၄နိုင်ငံ ကို ထပ်ပြီးသွားတယ်၊ဒီ တစ်ခါ သူ့ရဲ့ ရွေးချယ်မှု က အံ့သြစရာဖြစ်ခဲ့တယ်!
Senegal , Rwanda. , Moritius တို့ အာဖရိက နိုင်ငံငယ်လေးတွေ ဖြစ်ခဲ့လို့ပဲ.!!
Dubai နဲ့ ပြောင်းပြန် ဘာဆိုဘာမျှ မရှိတဲ့ အာဖရိက အနောက်ဘက် ကမ်းရိုးတန်းက Senegal နဲ့ အရှေ့ဘက် ကမ်းရိုးတန်း Rwandaတို့ကို ရွေးတယ်၊
ပြီးတော့ Indian Ocean ထဲက ကျွန်းနိုင်ငံ Moritius ကိုပါ သွားခဲ့တယ်၊
တရုတ်တို့ရဲ့စဉ်းစားချက်ဟာ?
အခြေခံ အဆောက်အအုံတွေ အကုန်လုံးဆောက်ပေးပြီး စီးပွားရေးအခွင့်အလမ်းတွေ စီးမိဖို့ရည်ရွယ်တယ်.. အလုပ်သမားခဈေးပေါပြီး သူ့စက်ရုံအချို့ကို ပြိုင်ဘက်ကင်းကင်း အလုပ်လုပ်နိုင်ဖို့ရယ် အာဖရိက တတိုက်လုံးကို အရှေ့ဘက်ကနေ အနောက်ဘက်ကမ်းရိုးတန်း အထိ ပတ်လမ်း ချိတ်ဆက်ဖို့ရည်ရွယ်တယ်, သူ့ထုတ်ကုန်တွေ ဈေးကွက် ကြီးအတွက် သေချာပြင်ဆင်တာတွေ့ရတယ်။
Senegal ဆိုရင် အာဖရိက အနောက်ဖက်ဆိပ်ကမ်ူကနေ ဥရောပ စပိန်မက်ဒရစ် ဆိပ်ကမ်းအထိ ရေလမ်း OBOR ချိတ်ဆက်နိုင်တယ်၊အရှေ့ဘက် ကင်ညာ နိုင်ရိုဘီ ဆိပ်ကမ်းကနေ Rwanda မြို့များ ဆက်သွယ်ခြင်းဖြင့် အာဖရိက အတွင်းပိုင်း ကုန်သွယ်ရေးကို နိုင်ရိုဘီ ဆိပ်ကမ်းကနေ Dubai ကို ပြန်ထုတ်ယူနိုင်တယ်။
တရုတ်တို့လုပ်ပုံကြည့်ရင် ?
သူ့မှာ အရံငွေ $ trillion နဲ့ချီပြီးရှိလို့ လောလောဆယ်ဂယက်ကိုထိန်းပြီး နောင်အရှည်အတွက် အမေရိကန်ကိုဖြို ဖို့ သေချာပြင်ဆင်တာကို တွေ့ရတယ်၊
Marintime OBOR ကို အကြီးကျယ်ဆုံးအောင်မြင်မှု ရအောင် target ထားနေတာ တွေ့ရတယ်၊ ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ပဲ!
အဲဒီနောက် သမ္မ တရှီက တောင်အာဖရိက ဂျိုဟန်နက်စ်ဘတ် မှာကျင်းပတဲ့ ၁၀ ကြိမ်မြောက် BRICS summit ကို ဇူလိုင် ၂၅ကနေ မနေ့က ၂၇ ရက်အထိ ကျင်းပတာ သွားတက် တယ်၊
BRICS ဟာ trump 1 ဆောင်းပါးက ဖေါ်ပြခဲ့သလို အမေရိကန်ငွေကြေးစနစ်ကို ယှဉ်ပြိုင်ဖို့ တရုတ် အိန္ဒိယ ရှရှားတို့ ကြီး၃ ကြီး စဖွဲ့ခဲ့ပြီး တောင်အာဖရိက နဲ့ ဘရာဇီးလ် က နောက်မှ ပါခဲ့ကာ ကမ္ဘာ့  လူဦးရေ ရဲ့ ၄၁% နဲ့ ကမ္ဘာ့  GDP ရဲ့ 23% ရှိတယ်၊
သူတို့ရဲ့ ကြွယ်ဝမှုဟာ US$ 40.6 Trillion ရှိပြီး ကမ္ဘာ့ ကုန်သွယ်မှုရဲ့ 18% ရှိနေတာဟာ တရုတ်တို့အတွက် အခု trade warရဲ့ ထွကိပေါက် နောက်ဈေးကွက်ကြီး ဖြစ်လို့နေတယ်၊
တရုတ်သမ္မ တ ရှီချင်ဖျင် ရဲ့ အာဖရိက နဲ့ အရှေ့အလယ်ပိုင်း UAE ခရီးစဉ်တွေ အတောအတွင်းမှာပဲ Trump ဟာ 24.7.2918 မှာ EU commision Chairman Jean Cloud Jancker နဲ့ ကုန်သွယ်ရေးစစ်ပွဲကို US EU အဆုံးသတ်နိုင်ခဲ့တယ်။
ဒီဖြစ်စဉ်မှာ ငွေကြေးဈေးကွက် နဲ့ နည်းပညာ အသာစီးရတဲ့ အမေရိကဟာ ချက်ချင်း အကျိုးပေးကာကွယ်နိုင်မဲ့ နည်းလမ်းကိုရွေးခဲ့ပြီး အောက်စီးက ရှိနေတဲ့ တရုတ်တို့ဟာ ရေရှည်အတွက် ပိုဦးစားပေး ပြင်နေတာ တွေ့ရတယ်၊
Trump နဲ့ Xi တို့ ၂ဦးလုံး ရွေးချယ်တဲ့ Technic တွေ မှန်တယ်ပြောရမယ်..
နောက်ဆံးမှာ ဘယ်သူက ပိုပြီး အသာရမလဲ ? အလွန်စိတ်ဝင်စားစရာပါ!
မြန်မာ့အရေးနဲ့ ပြင်ဆင်သင့်တာတွေ နောက်တစ်ပုဒ်မှ ရေးပါတော့မယ်..
အခုလည်း ကျွန်တော့်ပါတီ ခရီးစဉ်ရှိနေလို့ ရေးချိန်မရလို့ trump 3 နဲ့ 4 ရက်ကွာသွားတာ စောင့်ဖတ်နေသောသူများအတွက် စိတ်အနှောက်အယှက်ဖြစ်တာ တောင်းပန်လိုပါတယ်!
နိုင်ငံရေးစိတ်ဝင်စားသူများအားလုံး အကျိုးရှိရန် ရည်ရွယ်လျက် !
Trump ( 5 ) ?
ဒီ အပိုင်းမှာတော့ မြန်မာအစိုးရနဲ့ ကချင်ပြည်နယ်အစိုးရ ဘာတွေ ဆောင်ရွက်သင့်သလဲ ဆိုတာပြောပြဆွေးနွေးလိုပါတယ်..
US China trade war ဟာ အခုဆိုရင် US EU အုပ်စုနဲ့ China+ BRICS +Africa ဆိုပြီး သိသိသာသာကွဲထွက်လာပါတယ်၊
နည်းပညာဇောင်းပေးအုပ်စုနဲ့ ကုန်ထုတ် ဇောင်းပေး အုပ်စု အားပြိုင်လာတယ်ပြောရမယ်..
အလွယ်ပြောရ ရင် ?
Trump အုပ်စုဟာ ဒေါ်လာဈေးမာအောင် လုပ်ပြီး သူ့တို့တိုင်းပြည်ထဲမှာ Investment တွေ လှိမ့်ဝင်စေကာ High Tech Firm.တွေ ပိုမိုဖွံ့ဖြိုးစေတယ်၊
အဲဒီကနေ နည်းပညာအသစ်အသစ်တွေ ထပ်ထုတ်ပြီး ကမ္ဘာကိုတန်ဖို့မြင့်ပစ္စည်းတွေ အများအပြားရောင်းစားဖို့ကြံတယ်၊အများစုဟာ စစ်လက်နက်ပစ္စည်းနဲ့ IT ပစ္စည်းတွေ ရောင်းဖို့ဖြစ်တယ်။
တလက်စတည်း အခြားကမ္ဘာ့ငွေကြေးတွေ တန်ဖိုးလျှော့ကျစေပြီး စည်းပွားပျက်ကပ်ရောက်အောင် ကြံဆောင်တာဖြစ်တယ်၊
အထူးသဖြင့် တရုတ်ရဲ့ Ywan ကို Devalue ဖြစ်အောင် အဓိက လုပ်တယ်၊တရုတ်ငွေ ကျဆင်းလေ ပြည်တွင်း ကမောက်ကမ ဖြစ်လေ !
ပြည်တွင်းက တရုတ်ကုပ္မဏီ ကြီးတွေရဲ့ ပိုင်ဆိုင်မှု အငွေ့ပျံလေ အာဖရိက မှာ ခြေကုပ် ယူနေတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှု မလုပ်နိုင်အောင် တားဆီးလေ မဟုတ်လား?
အမေရိကက သူ့ရဲ့မိတ်ဖက် ဂျပန် တောင်ကိုးရီးယား ထိုင်ဝမ် တို့ကို ဘာလို့ သိပ်မစိုးရိမ်လဲဆိုတာ သူတို့မှာ နည်းပညာမြင့် ထုတ်ကုန်တွေ ကမ္ဘာ အနှံ့ ရောင်းဖို့ရှိတဲ့ တိုင်းပြည်တွေ ဖြစ်လို့ပဲ၊
ဒေါ်လာဈေး တက်ချိန် မှာ နကိုသီအိုရီအရ ပြည်တွင်းငွေ ချရပါတယ်, ပြီးရင် ပြည်ပပို့ကုန် export မြှင့်ရတယ်၊
ဒီသီအိုရီ အရ ဆိုရင် သူတို့နဲ့ အံကိုက်ပဲ၊ ဒါပေမဲ့ လိုတာထက်ပိုမကျအောင်တော့ ထိန်းရတယ်၊
အဲဒီအချက်ကို ကျော်လွှားနိုင်တာက EU နဲ့ အာရှ သူ့မိတ်ဖက်နိုင်ငံတွေမို့ သူမစိုးရိမ်တာဖြစ်တယ်။
ထိတာက တတိယနိုင်ငံတွေနဲ့ import သာရှိပြီး export မရှိတဲ့ ဆင်းရဲတဲ့နိုင်ငံတွေ ဖြစ်တယ်၊ တရုတ်နဲ့အတူ ပါသွားမှာ ဖြစ်တယ်.
လောလောဆယ် Xi ကတော့ မှု ပုံမပေါ်ပါ သူ့ထုတ်ကုန်တွေ ကို ဖြုန်းမဲ့ တတိယနိုင်ငံတွေ အများအပြားရှိနေတာကိုး!
ဒါကြောင့်လဲ အာဖရိက ကို စီးမိအောင် အာဖရိက အရှေ့ဘက် Rwanda အနောက်ဘက် Senegal လိုနိုင်ငံမျိုးတွေပတ်ပြီး ချိတ်ဆက်မှု ခိုင်မာအောင်ပြင်နေတာဖြစ်တယ်။
ဒါပေမဲ့ စိုးရိမ်ရတာက Xi ဟာ စွမ်းအင်လိုအပ်ချက် သိပ်ကြီးမားပြီး သူ့ နိုင်ငံ ရဲ့ power ဟာ စွမ်းအင်အပေါ် လုံးလုံးမှိခိုနေရတာပါပဲ၊
ဒါကြောင့် အီရန် လို နိုင်ငံက ရေနံ ၂၅% လောက်ကို ပြေးဝယ်ထားရသလို UAEလို နိုင်ငံ ကိုလည်း ပေါင်းရတော့တယ်၊ အာဖရိက ခြေကုပ်ကလည်း ဒါအတွက်ပဲ..
လူလည် Trump က ဒါကို မသိပဲ နေမလား?
သူ့ရန်သူကို အပြီးတိုင် ခြေမှုန်းချင်ရင် အဲဒီ supply chain ကြီး တစ်ခုလုံးကို ဆက်တိုက်ခိုက်မှာ ဖြစ်တယ်၊ကမ္ဘာ လုံးဆိုင်ရာ တည်ငြိမ်မှု ကို ပျက်ဆီးသွားမှာ ပဲ ကြောက်ရတယ်..
အဲလို trump ရှေ့ဆက်ရင် ဒေါ်လာဈေး ပိုတက်မယ်၊တတိယကမ္ဘာ့ ငွေဈေး ပိုပြီးကျမယ် မြန်မာ ဘာလုပ်မလဲ?
ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့ NLD အစိုးရ အစောပိုင်းကာလ တွေမှာ အမှားကြီး တစ်ခု ကျူးလွန်ထားတယ်၊
ဒေါ်လာဈေး ပျော့ချိန်မှာ Hot Investment လို့ခေါ်တဲ့ ပိုဆောင်းဒေါ်လာငွေတွေ အများအပြား ရင်းနှီးမြုပ်နှံခွင့်ပေးခဲ့တယ်. အဲဒါတွေက ထုတ်ကုန်ကဏ္ဍတွေ မဟုတ်ခဲ့ဘူး,
အခု ဒေါ်လာဈေးမာချိန် ကိုယ့်ဆီက များများပို့ဖို့ ဘာမှ မရှိဘူး.. စက်မှု ထုတ်ကုန် ထူထောင်မှု အားနည်းခဲ့တယ်။
ဒီတော့ အကြံပြုချက်အနေနဲ့က ...
၁။ တိုင်းပြည်ဒေါ်လာအရံငွေ ကို ထိန်းရမယ် , တစ်နှစ်လုံးပို့ကုန်ရဲ့ ၃ပုံ၁ပုံ ထိန်းထား
ရမယ်
၂။ ပြည်တွင်းကျပ်ငွေ ဝယ်လိုအားကို မြှင့်တင်ပြီး ကျပ်ငွေ ထပ်မံ ရိုက်နှိပ်ခြင်းမှ
ရှောင်ရှားရမယ်, နိုင်ငံခြားပို့ကုန် ဈေးမကိုက်ရင် ပြည်တွင်းကို များများပြန်ဖြန့်ခိုင်းဖို့လိုမယ်.
၃။ ကျပ်ငွေနဲ့ ရင်းနှီးမြုပ်နှံနိုင်မဲ့ လုပ်ငန်းတွေ လွယ်ကူအောင် ဖန်တည်းပေးရမယ်,
မြေဈေး အခန်းဌါးခဈေး တွေ ထိန်းပေးချပေးရမယ်.
၎။ မလိုအပ်တဲ့ အပို သွင်းကုန် ဇီမ်ခံ ပစ္စည်းများ ပိတ်ရမယ်..
ဇီမ်ခံကား အလှကုန် မလိုအပ်သော တန်ဖိုးမြင့် လျှပ်စစ်ပစ္စည်းများ, ဓါတ်ဆီ ဒီဇယ် အကြီးအကျယ်ဖြုန်းနေတဲ့ ကျောက်တွင်းများမှာ အကြီးစားယန္တာားသုံးစွဲမှု
၅။ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းစေတဲ့ တန်ဖိုးမြှင့် ထုတ်ကုန် ထွက်နိုင်အောင်
နည်းအမျိုးမျိုး အားပေးရမယ်.
၆။ အိမ်သုံးပစ္စည်း အားလုံး ကိုယ့်ဆီက ထုတ်နိုင်အောင် ကြိုးစားရမယ်, ဆပ်ပြာ
သွားတိုက်ဆေး အိမ်ရိုက်သံ သဝတ်သုတ်သဘက် အိုးခွက်ပန်းကန် ..etc...
၇။ ဗဟိုဘဏ် ကူးသန်းစီးပွား စီမံကိန်းနဲ့ ဘဏ္ဍာရေး MIC စတဲ့ အရေးကြီးတဲ့
ဌာနတွေ အထူးပူးပေါင်းဆောင်ရွက်ရမယ်..
၈။ နယ်စပ်တိုက်ရိုက်ကုန်သွယ်ရေးကို ကမ္ဘာ့ရွှေပေါက်ဈေး ကို တန်းတူထား တိုက်
ရိုက်ငွေကြေးဖလှယ်စနစ် ကျင့်သုံးသင့်တယ်, တရုတ်ငွေဈေးကျပေမဲ့ မြန်မာကျပ်ငွေဟာသူ့ထက်ကျတာမို့ အကျခြင်း အမြတ်ထုတ်တာကို ထိန်းဖို့လိုတယ်.
၉။ လျှပ်စစ် ထုတ်လုပ်ရေးကို ပြည်သူမထိခိုက်စေပဲ မြှင့်တင်တောင်ရွက်ဖို့ လိုမယ်.
ဒါတွေဟာ အရေးကြီးတဲ့အချက်များဖြစ်တယ်.. Failed State ကို ကာကွယ်ဖို့ ဖြစ်တယ်..
ကချင်ပြည်နယ်အတွက်ကရော...
၁။ ကုန်ကြမ်းထုတ်လုပ် ရောင်းစားတဲ့အဆင့်ကို ကျော်ဖြတ်ဖို့ အထူးလိုအပ်တယ်..
စိုက်ပျိုးရေးထုတ်ကုန်တွေကို ဈေးကွက်အသစ်ရှာဖို့လိုမယ်
၂။ ထုတ်ပိုးနည်းပညာမြင့်တွေ တည်ဆောက်ဖို့ ကြိုးစားရမယ်.. ဂရိတ်ဖရု ဝါရှင်တန်
ကဗ္ပလာသီးများ ထုတ်ပိုးမြှင့် ထုတ်စေချင်တယ်..
၃။ လယ်ယာထွက်ကုန်များကို ကုန်ချော ထုတ်လုပ်နိုင်အောင် ကြံဆောင်သင့်တယ်.
၎။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ လက်ခံဖို့လိုပြီး စာချုပ်များမှတရေး ပွင့်လင်းမြင်သာမှု
ပြုရေး လုပ်ရမည်.
၅။ လျှပ်စစ် ထုတ်လုပ်မှု ကဏ္ဍ အထူးစဉ်းစားရန်လိုပြီး median နဲ့ Small hydrodam
များ တည်ဆောက်ရန် စီမံကိန်းများ ရှိသင့်နေပြီ , cluster grid များတည်ဆောက်ရန်လိုပါတယ်.. အားလုံးလက်ခံနိုင်အောင် ကြိုးစားရန် လိုပါတယ်။
US China trade war ဟာ ၂၀၁၆ က Hilary Clinton ပြောကြားသလိုပဲ ၁၉၃၀ တုန်းကလို ကမ္ဘာ့ စီးပွားပိက်ကပ် လိုကြာတောင်းကြာခဲ မဖြစ်ဖို့လိုပါတယ်..
Trump ရဲ့ Hot Strip Mill ရဲ့ မိန့်ခွန်းလို ပိုမိုကောင်းမွန်သော အခြေအနေ မကြာခင်လာမှာ ပါ လို့ပဲ မျှော်လင့် ပါတယ်,
ဘာပဲ ဖြစ်ဖြစ် တတိယ ကမ္ဘာ့ နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အထူးပြင်ဆင်ရမှာပဲ မဟုတ် လား?
ဖတ်မိသူတိုင်း အကျိုးများ ဆင်ခြင် နိုင်ပါစေ !
M Kawn La