Popular Posts!

Thursday, April 17, 2014

မကြာခင် စမ်းသပ်ဖော်ထုတ် ပြသတော့မယ့် ဒေါက်တာလှိုင်မြင့်၏ ဒီရေစီးအားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်သည့် နည်းပညာ အင်တာဗျူး (အပိုင်း၂)




ဒီမိုဝေယံ.....၊ ဆရာ... အခုမေးလ်တွေ၊ ကွန်မာန့်တွေပ်ါမှာ  ဒီရေလျှပ်စစ်ကို  လူအတော်များများက  ဒီရေကနေ ရရှိနိုင်မည့်  လျှပ်စစ်ပမာဏနဲ့  မည်မျှ  လုပ်ငန်းကြီးမားမယ်။  သဘာဝ ပတ်ဝန်းကျင်  ကိစ္စတွေ မေးလာကြပါတယ် ။  ဆရာ အဆင်ပြေရင်  ဖြေကြားပေးပါဦး ။

ဒေါက်တာလှိုင်မြင့်။.....။ ဟုတ်ကဲ့   ကျနော်တို့ နိုင်ငံလိုမျိုး ဒီရေအတက်အကျ  များတဲ့  တိုင်းပြည် (နေရာ ဒေသ)  ကမ္ဘာပေါ်မှာ  အတော်ကလေးရှားပါးပါတယ် ။  ဒါကိုကြည့်ချင်ရင် (tide-forecast.com) မှာ ဝင်ကြည့်လို့ ရပါတယ်။ 

တကယ်တော့  ဒီရေဆိုတာ  ကမ္ဘာ့ရေပြင်အပေါ်  လ-ရဲ့ ဆွဲအားကြောင့် ရေမျက်နာပြင် ကြွတက်လာတာပါ။  အထူးသဖြင့်  ကမ္ဘာနဲ့လ နီးလေ  ပိုဆွဲအားပြင်းလေ။ ဒီရေဟာ  (လပြည့်ကျော် - ၂ - ရက်နဲ့  လကွယ်ပြီး -၂ -ရက်မှာ ဒီရေအတက်ပိုမြင့်သလို ရေစီးအားလဲ  ပိုကြမ်းပါတယ်)

တခါ ရန်ကုန်မြစ်မှာဒီရေက  ပိုမြင့်ပါတယ်။  ပုသိမ်(ငဝန်မြစ်) ဘက်ကျတော့ နည်းပါတယ် ။  ဒီလိုဖြစ်ရတာကလဲ  လရဲ့ ဆွဲအားကြောင့်  မုတ္တမပင်လယ်အော်ထဲ  ရေတွေစီးဝင်လာတော့ ရန်ကုန်အနီးမှာ ( ဒေါင့်ကွေးကျဉ်းကျဉ်းလေးထဲ)  ဇွယ်ကျဉ်းကျဉ်းလေး ဖြစ်နေတော့ ဒီရေတွေကို  ကျစ်သွင်းလိုက်သလိုဖြစ်နေတော့ ရေတွေ လှိမ့် ဝင်လာပြီး ရေစီးအားလဲပြင်း  ရေလဲပိုမြင့်တော့တာပါ။

ဒီလိုဘဲ  စစ်တောင်းမြစ်ပေါက်နဲ့   စစ်တွေဘက်မှာလဲ ဒီရေမြင့်တာအတူတူပါဘဲ။  ကျနော်တို့ နေရာလို ရေမြေအခြေအနေ တူတာ ကမ္ဘာမှာ  တော်တော်ရှားတယ်။  


 စစ်တွေ ဒီရေအတက်အကျ ကားချပ်

 ဥပမာ  ကနေ့ ဘောလုံးပရိသတ်တွေ စိတ်ဝင်စားရတဲ့  Manchester United &Liverpool မြို့ အဝင်မှာဆိုရင်  ထူးကဲဒီရေရှိတဲ့နေ့ တွေ ဆိုရင်  ဒီရေက ပေ- ၄၀ - ကျော်တက်တတ်ပါတယ် ။  ဒါပေမဲ့ ကျနော်တို့ လို မြစ်ပေါက်အကျယ်ကြိးတွေမရှိပါဘူး ။  မန်ချက်စတာဆိုရင် သူ့ မြို့ ကို သင်္ဘောကပ်နိုင်ဖို့   တူးမြောင်းဖေါက်ထားရတာပါ ။  အဲဒီတူးမြောင်း  စံနစ်ကို  နမူနာ ယူပြီး  ကမ္ဘာကျော်  ပနားမားတူးမြောင်းကြိးကို ဖေါက်ခဲ့တာပါ ။
ကျနော်တို့ ဆီမှာက  ဒီရေတွေ  လှိမ့်ဝင်လို့ ရတဲ့  မြစ်တွေက  အများကြီး။  ဒီမြစ်တွေ (မြစ်ဝ အကျယ်)  တွေကို ပေါင်းလိုက်ရင် မိုင်နဲ့  ၂ဝ- မက ကျယ်ပါတယ်။  ဒီရေတွေ တိုးဝင်ဖို့   မြစ်တွေကလဲ  မိုင် ၅ဝ- မက ရှည်ပါတယ်။


  ကျနော်တို့  ဆီမှာဒီရေက  ပုံမှန်ရက်တွေမှာ  ၅ - ပေလောက်  ဒီရေအတက်နဲ့ အကျ  အမြင့်ကွာခြားပါတယ်။  တနေ့ ကို ဒီရေ  နှစ်ကြိမ် တက်ပြီး  နှစ်ကြိမ် ကျပါတယ်။  တနည်း  ၆.၃၀ နာရီမှာ  တကြိမ် အတက်နဲ့ အကျ တလှဲစီ ဖြစ်နေပါတယ်။  ဒီရေတက်ချိန်က ၆.၃၀-နာရီကြာသလို  ကျချိန်ကလဲ ၆.၃၀ - နာရီကြာပါတယ်။



တနည်း  ၆.၃၀ - အချိန်အတွင်းမှာ  ဒီရေဟာ (မိုင် - ၂၀ - ကျယ်ပြီး  အရှည် မိုင် ၄ဝ -လောက်ရှိတဲ့  (ဧရာမရေကန်ကြိးထဲ) ကို ရေအမြင့် (၅ - ပေ ကနေ ၈-ပေလောက်) အမြင့်အထိ ရေတွေ  (ဝင်နေ ။  ထွက်နေ) ပါတယ်။  နောက်- ၆.၃ဝနာရီမှာ ဒီရေတွေ ပြန်ထွက်နေပါတယ်။
အင်မတန်များပြားလှတဲ့ ရေတွေပါ။  စက်တွေနဲ့ မောင်းတင်မယ်  ထုတ်မယ်ဆိုရင် ရေနံတင်သင်္ဘောကြီတစ်စီးမက  ကုန်နိုင်ပါမယ်။  အဲဒီစွမ်းအင်တွေကို  ကျနော်တွေ့ ထားတဲ့နည်းပညာနဲ့  စွမ်းအင်ပြောင်းယူတာပါဘဲ။
ဒီတော့ ဒီရေတွေ စီး(ဝင်၊ထွက်) နေတဲ့ မြစ်တွေ  ချောင်းတွေမှာ  ရေဒလက်(တာဘိုင်တွေ)  နေရာတွေမှာ  ဆင့်ကဲဆင့်ကဲ ထိုင်ထားပြီး   လျှပ်စစ်ထုတ်ယူရမှာပါ။


  မြစ်ချောင်းအတွင်း ရေကြောင်းသွားလာနေတဲ့ ရေယာဉ်တွေအတွက်  အနောက်အယှက် အနည်းငယ်ရှိပါမယ်။  ပိတ်ဆို့ မှုတော့မရှိပါဘူး။  ထို်င်ရမှာကလဲ  ဥပမာ ပုသိမ်မြစ် (ငဝန်မြစ်) မှာ နေရာများစွာမှာ  လျှပ်စစ်ထုတ်လိုသလောက်  နေများစွာမှာ ထိုင်ထားနိုင်ပါတယ်။ ဥပမာ  မီဂါဝပ် ၁ဝဝ-ဘဲလိုရင် နှစ်နေရာလောက်ထို်င်ရပါမယ်။  ထိုင်ထားရမှာကတော့ မြစ်ပြင်အကျယ် တခုလုံးရဲ့ ရေစီးကို  ဖမ်းထား  တားထားပြီး  အဲဒီဖြတ်သန်းသွားတဲ့ ရေစီးအား ကို လျှပ်စစ်စွမ်းအင်သို့ ပြောင်းယူတာပါဘဲ။
မီဂါဝပ် ၁ဝဝဝ- လိုချင်ရင်  ထပ်တိုးထိုင်ပေါ့။  စွမ်းအင်ဆိုတာ ရွှေ ပါဘဲ။ ရွှေလိုချင်လို့ နေရာများစွာမှာ  သဘာဝပတ်ဝန်းကျင်  ဆိုးဆိုးဝါးဝါးအပျက်ခံပြီး  ခံစားကြရတော့ လူတစု  ချမ်းသာရေးတောင် လုပ်နေကြတာပါ။  ရွှေကုန်သွားတော့ သဘာဝပတ်ဝန်းကျင်  ပျက်ကျန်ခဲ့တယ်။   အဆိပ်အတောက်တွေ  ကျန်ခဲ့တာပါဘဲ။
ဒီတော့ ပမာဏ  ဘယ်လောက်ထွက်နိုင်မလဲ။  ဒါကလဲ  တိုင်းပြည်နဲ့  ပြည်သူတွေက  လျှပ်စစ်ဘယ်လောက် ထုတ်ချင်တာလဲ အပေါ်မူတည်ပါတယ်။  "ဟာ" ရသလောက်သာ ထုတ်ပါဆိုရင်  န.အ.ဖ.  လက်ထက် ဟာသပျက်လုံးလေး  သတင်းစာကိုအရမ်းသွားမကိုင်နဲ့   လျှပ်စစ်ဓါတ်အား  ၆ဝဝဝ-မီဂါဝပ်လွှတ်ထားတယ်  ဆိုတာလေးကိုးကားရင်း   တကယ်သာ စိတ်ထင်တိုင်းထုတ်ရရင်  မီဂါဝပ်  မဟုတ်ပါဘူး  ဂီဂါဝပ်အထိ ပြောရပါမယ်။  အာရှတခွင်  လျှပ်စစ်ထုတ်ရောင်ချင်သေးလား။
ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘော ကုမ္မဏီကြီးရဲ့  လက်ရှိ QUEEN   MARY-2  သင်္ဘောကြီးက စားဖိုမှုးချုပ်   ပြောသလိုပေါ့  You name it...we have it..သင်  ဘာစားချင်တယ်သာပြော  ကျနော်တို့ အကုန်ရှိတယ် ဆိုသလိုပေါ့။  လျှပ်စစ်ဘယ်လောက် ထုတ်ချင်တယ်သာ  ဆုံးဖြတ်ပါ ။  ဒီနေရာမှာ  စာဖိုမှုးချုပ်လို့  သုံးနှုန်းရတာကလဲ   သူ့ လက်အောက်မှာ  စာဖိုးမှုးပေါင်း  ၁၈ဝ- ရြှိပီး  အကူစားဖိုးမှုးတွေက - ၄၅ဝ - လောက်ရှိနေလို့ပါ။  စားပွဲထိုးတွေမပါသေဘူး။


 မကြာခင်  ဧရာဝတီတိုင်းဟာ   အာရှရဲ့  ပတ္တမြားခဲလေး ဖြစ်လာပါတော့မယ် လို့ယုံကြည်စွာ ပြောလိုပါတယ်..။  A  RUBY  of  ASIA ..  ရခိုင်ပြည်နယ်ဟာလဲ   အာရှရဲ့  နီလာခဲလေးဖြစ်လာပါတော့မယ်။   A  SAPPHIRE  of   ASIA ... ဒီနည်းမှာက  သဘာဝပတ်ဝန်းကျင်က  ရေစီးနေတာ  အဟန့် အတား  နဲနဲဖြစ်တာဘဲရှိမယ်။  ရေတွေကို ပိတ်လှောင်ထားတာ မပါဘူး။ ပတ်ဝန်းကျင်ထိခိုက်ဖို့   မြေတွေ တူးဆွ မြေရွှေ့ ရတာတွေ မပါဘူး။ ရေကြောင်းတောင်  မပြောင်းအောင်ထိန်းထားရဦးမှာ။
ရေကိုပိတ်တားတာ မရှိတော့  ငါးတွေကို  မဟန့် တားထားပါဘူး။  လူတွေက  စက်မှုအလုပ်တွေဘက်  ရောက်ကုန်ကြတော့   ယခင်ကလို  အလုပ်မရှိ  မြစ်ပြင်တခုလုံး  ပိုက်ချပြီး  ငါးဥနေနဲ့ ငါးရစ်မတွေပါ သတ်နေတဲ့ တံငါလုပ်ငန်းနည်းသွားလို့   ငါးတွေတောင်ပိုမိုတိုးပွားလာပါမယ်။

တခုကိုလိုချင်ရင်  တခုကိုပေးဆပ်ရတာကတော့  သဘာဝတရားပါ။  ဒါပေမယ့် ဒီနည်းမှာ ရတာက  အလွန်အကျိုးများဖို့ ရှိနေပြီး  ပေးဆပ်ရမှာက နည်းလှပါတယ်။ လျှပ်စစ် ကို ဈေးချိုချိုနဲ့ရမယ်။  သဘာဝပတ်ဝန်းကျင်ပျက်စီးစေတာတွေ  ဖြစ်နေတဲ့   ရေနံဓါတု  ဓါတ်ငွေ့ တွေကနေ ထုတ်တာထက်  သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အလွန်နည်းမယ်။  ကမ္ဘာတည်သမျှ ဆက်တိုက်ထုတ်နေနိုင်မယ်။  အကုန်အကျ  အလွန်အလွန်နည်းမယ်။  ပြန်လည်ဖြည့်ဆည်းနေမဲ့  သဘာဝစွမ်းအင် Renewable Natural Energy..RENEW ဖြစ်တော့   ကမ္ဘာနဲ့  ဒေသမှာ လျှပ်စစ်ဈေးအချိုဆုံးနိုင်ငံ   ပမာဏ များစွာပေးနိုင်ရင်  ကျနော်တို့ ဆီကို  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေ.... ဟိုး...စတော့ ...စတော့   ပလိစ်...Slowly  နဲ့  လက်ကာထားယူရပါမည်။

 ပုသိမ် ဒီရေအတက်အကျ ကားချပ်
ထုတ်လုပ်မဲ့ နည်းပညာ   စက်ရဲ့ ပုံစံကိုတော့  မူပိုင်မှတ်ပုံတင်ဌာနက  တရားဝင်လက်ခံပြီးရင်တော့ ကမ္ဘာသိ ထုတ်ပြန်ရတော့မှာပါ။  အဲဒီအချိန်ကြရင်တော့  သက်ဆိုင်ရာ  ပညာရှင်တွေက  ဒီနည်းနဲ့  နွယ်ပြီး  ပိုမိုအားသာတဲ့ Efficiency & Economical  Viable  ပိုမိုအစွမ်းထက်သော စီးပွားရေးအရ တွက်ချေပိုကိုက်သော  ရေရှည် ယှဉ်ပြိုင်နိုင်သော စက်တွေကို သုသေသန များစွာ ထပ်လုပ်နေကြရပါမယ်။ ဒီအဆင့်ကျတော့  ကျနော် နဲ့ မဆိုင်တော့ပါဘူး။  ဒါပညာရှင်တွေ ရဲ့ အခန်းကဏ္ဍပါ။  ကျနော်က  အိုင်ဒီယာ လောက်သာ ရှိတာပါ။


ဒါကိုအရင်းတည်ပြီး  ဒီနမူနာနဲ့   လေအားလျှပ်စစ်  ပညာရှင်တွေ ဆက်တီထွင်ကြရပါဦးမယ်။  ပင်လယ်ရေလှိုင်းကနေလဲ စမ်းသပ်ထုတ်လုပ်ဖို့  ခြေလှမ်းကြရပါဦးမယ်။  လူငယ်ပညာရှင်တွေ အများကြီး လိုလာပါတော့မယ်။  ပညာရှင်လေးတွေကို  ထိုက်ထိုက်တန်တန်  အလုပ် ပေးထားနိုင်တော့မှာ ဖြစ်ပါတယ်။ ပညာရှင်တွေ တန်ဖိုးအမှန်  နေရာအမှန်ကိုပြန်ရောက်လာရပါတော့မယ်။ အတတ်ပညာရှင်ခေတ် မကြာခင် ရောက်လာပါတော့မယ်လို့ မြင်ပါတယ်...။
ကျနော်ရည်မှန်းထားတာ  ခံယူထားတာကတော့   ကျနော်တို့ နိုင်ငံ  တချိန်က အာရှမှာ ရွှေထီးဆောင်းခဲ့ ရတဲ့ ခေတ်ကာလကို  ပြန်မရောက်ခင်   စစ်တပ်အုပ်ချုပ်လိုက်လို့ ....နေ့ ချင်းညချင်း... ဒန်ဖလားကြိးနဲ့  တောင်းစားနေရတဲ့ဘဝ (ကမ္ဘာ့ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း) L.D.C. Least Developed Countries စာရင်းကနေ ထွက်ဖို့  ကျနော်ကိုယ်ပိုင်ဥာဏ်နဲ့  ခံယူချက်နဲ့ အမြင်နဲ့  ကြံဆထားတာကတော့  LDC    ဆိုတာ  အခြေခံလူထုရဲ့  ဝင်ငွေနဲ့  ထွက်ငွေ တွေကို တိုင်းတာပြီး  အဆင့်ပေးထားတာဆိုတော့  အခြေခံလူတန်းစားတွေ  ဝင်ငွေတိုးတက်ဖို့   အခုမူပိုင်ကို  လက်ကိုင်ထားပြီး  မြန်မာဘဏ်တွေ  နိင်ငံတကာဘဏ်တွေက  အခြေခံလူထုကို  လျှပ်စစ်လုပ်ငန်းထဲသို့  ရင်းနှီးဖို့ ငွေထုတ်ချေးအောင် ညှိနိုင်းမယ်။  လုပ်ငန်းက  စွမ်းအင်  အာမခံချက်က ရှိပြီးသား။  ဒါဆို မြန်မာတွေ  အလုပ်မလုပ်ဘဲ စားဖို့ မပူရတဲ့ ဘဝ ကို လုပ်ပေးနိုင်မယ်။  စားဝတ်..နေ ရေးမပူရတော့။  တိုးတက်ဖို့ ကတော့ ကိုယ့်အားကိုယ်ကိုးဖို့ပါ။  ထိုင်နေပြီး   မာစီးဒီး Mercedes စီးချင်လို့ တော့ ဘယ်ကူပါ့မလဲ။ အဲဒီလိုစီစဉ်ချင်တာပါ ။
မကြာခင်သောကာလမှာ  မြန်မာပတ်စ်ပို့ ကိုင်ရလို့ မျက်နာငယ်ရတာတွေ  ခေါက်ထားလိုက်ချင်
ပါပြီ။  အမေရိကန်  ဥရောပ သွားချင်လို့  ဗွီဇာလျှောက်ရင်  ပိုင်ဆိုင်တာတွေ ထုတ်ပြရတဲ့  အနိမ်ခံ နိုင်ငံသားဘဝ  ကနေ လွတ်အောင်လုပ်ချင်တာပါ။ မြန်မာ  ဆိုရင်  ဆို်က်ရောက်ဗီဇာ  ပေးရတဲ့ခေတ် အထိတောင်လှမ်းချင်ပါတယ်။ များမကြာမှီမှာ   လှမ်းနိုင်ပါတော့မယ်။  သမတအိုဘားမား  စကားယူသုံးရရင်   YES   WE  CAN...... IN  VERY  NEAR   FUTURE.. စကားလုံး  လေးခုတောင်  အဆစ်ထဲ့နိုင်ပါတယ်။
ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းကနေ ထွက်နိုင်မယ့်  နှစ်ကို  ကျနော်တို့  မျှော်လင့်နိုင်ပါတော့မယ်။  သတ်မှတ်နိုင်ပါတော့မယ်။ လူအားလုံး  ထမင်းလေးတစ်နပ်အတွက်  ဆင်းဆင်းရဲရဲ  နေပူမိုးရွာမရှောင်  ရုန်းကန်နေရတဲ့ အနိဌာရုံတွေကို  မမြင်ချင်တော့ပါဘူး။

ရန်ကုန်ပြန်ရောက်အပြီး  တရက်  ကျနော်အမေက  လာထိုင်စမ်း...ငါပြောတာ  သေသေခြာခြာ နားထောင်   မင်းတိုင်းပြည်ကို ပြောင်းလဲပစ်မယ် စိတ်ကူးတွေ  အိပ်မက်တွေကို ရပ်ပြီး  ကိုယ်တိုင်ချမ်းသာအောင် အရင် လုပ်ဦး   ပြီးမှ  တိုင်းပြည်အတွက်စဉ်းစား။  သူများရေနစ်နေတာကို  ကယ်ချင်ရင်  ကိုယ်တိုင်ရေကူးနိုင်အောင် အရင်ကျင့်ဦးတဲ့။

ကျနော် အမေ  စိတ် ငြိမ်သွားအောင် ခန စောင့်တယ်။  ပြီးတော့  မေမေ ခုနကပြောတဲ့ စကားဆိုပြီး  မေမေပြောသလို ကိုယ်တိုင်ချမ်းသာအောင်လုပ်လို်က်ရင်  အတ္တ နဲ့ လောဘက  ဂုတ်ပိုးခွစီးပြီး  အမေ နေ့ စဉ် မေတ္တာပို့ နေတဲ့ (ဟိုသတ္တဝါကြီး) လို လူအတ္တဘီလူးကြီး ဖြစ်သွားမှာပေါ့။  သူတို့ ချမ်းသာလေ  တိုင်းပြည်စုပ်ပြတ်သွားလေပါ။    အတ္တ။  သူတို့ ချမ်းသာတာက  မန်ယူ  အသင်းတင်မကဘူး  ပရီးမီးယားလစ်  တခုလုံးကိုတောင်ဝယ်မယ်တဲ့။

ကဲကျနော်တို့  ငါဘယ်လောက် ချမ်းသာတယ်ဆိုတဲ့  အတ္တမာန သေးသေးလေးတွေ  ထက်  ငါလူဘယ်နှစ်ယောက်ကိုချမ်းသာအောင်လုပ်ပေးနိုင်ပြီဆိုတာ  လက်မထောင်တဲ့ အသိတရား  ပွားများနိုင်ကြပါစေ။  
အားလုံးကိုလေးစားစွာဖြင့်..
 ဒေါက်တာ လှိုင်မြင့်
အင်တာဗျူး အပိုင်း(၁) ပြန်ဖတ်ချင်ရင်

အင်တာဗျူး အင်္ဂလိပ်လို ပြန်ဆိုချက်..


Demo Waiyan.....Doctor...There are some inquiries regards to your present interview and hope you would give more details of it..  regarding..( 1 ) amount of energy that could be generated...( 2 ) The magnitude of the project  (3) Environmental concerns..



Dr.Hlaing Myint.....Thanks for the logical questions...there are very few places on the planet like our area, in regards to high tide surge and we can check it on the ( tide-forecast.com )  .



In actuality tide surge is caused by gravitational pull by the moon on the planet ocean surface. Due to this gravitational pull, the ocean water level rises where it face the moon. The more the moon get closer, the higher the tide is..And the tide is highest, on the 2-Nd day,  after full moon and black moon days. And so the force of the current is also stronger in these days.



And the tide at Yangon river is higher than Pathein( Nga-wun river ) , as due to the pull of moon, the water from the gulf of Mater-ban, rushed into the angled corner making water  volume rushing into a small corner, resulting in higher tide and strong tide currents.


The same happening at Sit-taung river mouth and Sittwe . There are few places as favorable as ours on the planet. Example, at Manchester/ England and Liverpool, there are very high tide, surging up to 40-feet surge, but there are no rivers and estuaries as us. Manchester itself had build a canal to her. This canal is the basic of the world renown Panama canal.

Here we have lots of estuaries , wide river mouths , which in total amounts to more than 20-miles width and length up to more than 50-miles. In other way..combining these rivers is like a very large lake..20-miles in width and 50-miles in length.

With the tide surge of 5- feet in ordinary days and up to 8-12  feet in unusual high tide days. We have two tide surges (full tide)  a day and two ebb tides (  Low tide )  a day. In other way, the tide rises every 6.30 hrs and fall every 6.30 hours a time. 

Another way, the tide is filling this super large lake of up to 5- get to  8 - 12 - feet of water in every 6.30 hours time and emptying it in another 6.30 hours time. Another way..the tide surge is filing up the super large lake for up to 5-to 8 feet of water two times a day and emptying it two times day.

A very large amount of water going in and out of these rivers. If one have to perform this such amount with pumps, we would need diesel for the size of a  super tanker .My technology is converting these huge energies into electricity.

Setting up turbines along these water ways, where the tide is flowing in and out , in one after another sites, depending on how much our country needs. There might be some annoyance for the boats traveling along these rivers, but as the area would become fully developed, road will over take water transport.

How much do we need to set up turbines..it depends on how much we need,,,example , if we need just 100-Mega-watts, may be we would need to set up tow pints on Pathein river. But need to set up the whole width of the river at one site, to ensure that all the water flowing( passing ) through that point are harness and converted not energy.

If we  needs 1000- Mega-watts, then we would need to set up 20- such sites on the same river or on other rivers. As energy is worth as Gold, but coming to gold extraction had resulted in extreme environmental damages. Left with toxic.

So as to the amount of energy generating , it depends how much we need. Like a joke under military rule...one says..don't touch the newspaper carelessly..there are 6000-mega-watts in the newspaper...but this new technology, we could generate not in mega-units, but in Giga-watts. We can supply nearly the whole Asean Countries
The world renown famous Titanic  company has the super luxury liner, Queen Mary-2. The chief chef of this liner said of it foods, claiming that he can serve any food that exist on the planet...( You name it...we have it )..I would say..how much amount of energy do you want..we can generate it..( Just mention the amount..we can ).

I the very near further Ayarwaddy delta will become  A   RUBY  of  ASIA and the Rakhine region will become   A   SAPPHIRE  of  ASIA..  

In this technology, there would be some extent of barrier to water flow ,but not to the extent of blockage.  As there is no need of soil removal , no need to build water reservoir , there will be no concern of environmental damage. Will even need to maintain the water ways and streams. Regards to fishes as there is no total blockade, fishes can travel as needed and as the local would shift from fishing to industries, the extincting fishes stocks would revise. 

As a Universal rule, we have to sacrifice one to achieve another, every achievement does not come free. But the benefits with this technology  far outcomes the  draw back.
As we are set to going enjoy cheap electricity , with lesser environmental impact than fuel energy, renewable natural energy and can generate till the end of the world, and the cheapest energy on the whole planet...there will be many FDI flowing into our country, we would have to hold our hands ...HOE   STOP...    STOP   PLEASE   SLOWLY.. to these FDI.

Regards to the drawing or design of this technology, once the IP..Intellectual Property Patent Registry office has accepted my drawing, they will be the one that is going to reveal this drawing..so this not an issue. But once they has accepted, we would need to perform more researches for Efficiency, & Economical & Viability..and this is beyond my knowledge . 

Mine is just for the  idea and those researches are the technocrats responsibilities. And base on this technology, we would need to apply this in wind energy and Sea waves energy. The Technocrats age will revive, could enjoy their right and will be honored accordingly. 

My aim is to return to the GOLDEN   UMBRELLA  DAYS which I had enjoyed in my childhood age, which was dragged to beggar status by 50- years of military rule, into L.D.C. status (  Least Developed Countries ). So my first aim is to get out of this LDC list. As this LDC is measured with the  income and expenses of the majority of the citizens, I would used this Patent right and take privilege to set up stock alike system and request banks and monetary institution to lend money to grass root citizens on condition to invest in my energy company. So grass root people would have basic income , whose currencies would accelerate the economy of the country, resulting in getting out of LDC. This would guarantee the basic living like in developed countries , a..elevating poverty. But these grass root people would need to work and not to the extent to dreaming of driving a Mercedes without working.

Hope that in the near further we could enjoy rival visa toEurope and the West get rid of pile of requirement for our citizen when applying for a visa.

Borrowing president Mr. Obama words...I wish to say..  YES  WE   CAN   and adding four words..IN  VERY  NEAR  FUTURE. 

Once I could start generate energy with this technology, we could set the target date to get out of LDC.


I want to get rid of those scene of grass root people striving for a meal, under the sky, day in day out, wet or dry, such horrible scenes. 

A few days after my arrival to Yangon,  mom ordered me to listen her words carefully...change your attitudes and your dream to turn the country from poor to richness. Try make your self rich first, before helping the country. One's need to be fit to swim before saving one from drowning....

I waited for a while to let her settle, then..( Mom, if I had tried to make my self rich first, my egoism(  ATTA ) will grasp on my neck and I would become like that guy you sharing METTA , I would become an human ORGE as him. The more they become richer, the more they become greedier and the country sink to bagger state. Their can buy not only MU club , but the whole Premier league.

May I advice all that..it's a small mind to boast how much one is rich, it's bigger to boast how many people I have help become richer..a superior mind..hope you all could set this higher attitudes.

Dr. Billy  Mackenzie 
(Hlaing Myint)



Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!