Popular Posts!

Monday, November 7, 2011

ဘဏ်များအားလုံး အပ်ငွေအာမခံ ထားရှိရမည်

Wednesday, 26 October 2011 01:25 | 


မြန်မာနိုင်ငံရှိ ဘဏ်များအားလုံးသည် ယခုလ ၁ ရက်နေ့မှ စတင်၍ အပ်ငွေအာမခံစနစ် စတင်ထားရှိရမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အပ်ငွေအမျိုးအစားသည် ဘဏ်များတွင် အပ်နှံမည့် ငွေအပ်နှံသူများကို အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ကြောင်းနှင့် အပ်နှံသူ၏ အပ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အာမခံကာကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုလုပ်တာက ငွေအပ်နှံသူကို ပိုမိုယုံကြည်စေပါတယ်။ အရင်ကလည်း ဘဏ်တစ်ဘဏ်လိုင်စင်ရုပ်သိမ်းခံရတယ်။ သူ့မှာရှိတဲ့ ပစ္စည်းတွေကို ထုတ်ပြီး ရောင်းတာ ဈေးမြင့်တက်လာတော့ မပေးနိုင်တာရှိခဲ့ဖူးတယ်။ ဒါက မိုးမပြို၊ ပြိုခဲ့ရင်ဆိုတဲ့ ပုံစံမျိုးပါ” ဟု ပုဂ္ဂလိက ဘဏ်တစ်ဘဏ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များ ဒေဝါလီခံရခြင်း၊ တစ်စုံတစ်ရာ ဆုံးဖြတ်ခြင်းတို့ ဖြစ်ပေါ်လာပါက လိမ်ခံရခြင်း၊ တစ်စုံတစ်ရာဆုံးဖြတ်ခြင်းတို့ ဖြစ်ပေါ်လာပါက လျော်ကြေးငွေပြန်လည်ရရှိမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များအပေါ် ယုံကြည်မှုပိုရှိလာစေရန်၊ ဘဏ်လုပ်ငန်းများကို အထောက်အကူပြုစေရန်နှင့် ဘဏ်စနစ် ကောင်းမွန်စေခြင်းဖြင့် နိုင်ငံပိုင် စီးပွားရေးကို အထောက်အကူပြုစေရန်ဖြစ်ကြောင်း သိရသည်။
ယခင်က ဘဏ်များသည် ပိုင်ဆိုင်သည့် အဆောက်အအုံများငွေပို့ငွေလွှဲများအတွက်သာ အာမခံထားရှိခဲ့ကြပြီး၊ အပ်ငွေအာမခံကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစားပေါင်း ၄၆ မျိုးရှိပြီး ယခုနှစ်တွင် ပြုလုပ်သော အပ်ငွေအာမခံသည် အသစ်ထပ်မံ ဝန်ဆောင်မှုပေးလာသော အာမခံအမျိုးအစားတစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။
အပ်ငွေအာမခံအတွက် ဘဏ်များက ပေးသွင်းရမည့် ပရီမီယံကြေးမှာ ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်နေသော စံနှုန်းများ၊ နှုန်းထားများနှင့် ညှိနှိုင်းကာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အပ်ငွေပမာဏကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနက် ၁၀၆ နိုင်ငံတွင် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသည်လည်း ၁၀၇ နိုင်ငံမြောက် ဝန်ဆောင်မှုပေးလာမည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
Ref :myanmarnewszone

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!