Popular Posts!

Tuesday, August 12, 2014

ဟောက်သံပျောက်အောင် ဘယ်လိုလုပ်မလဲ

လူတိုင်းဟာ တစ်ခါတစ်ရံမှာ   ဟောက်တတ် တယ်ဆိုပေမဲ့ ခဏခဏဆိုရင်တော့ မကောင်းတော့ ပါဘူး။ ကိုယ့်အတွက် စိတ်ညစ်ရသလို ကိုယ်နဲ့ အတူအိပ်တဲ့လူတွေအတွက်လည်း ဒုက္ခ ရောက်ရ ပါတယ်။ ခင်ဗျားက အဆက်မပြတ် ဟောက်နေ တာကြောင့် သူ့အိပ်ရေးတွေ တော်တော်ပျက် လာပြီဆိုရင်တော့ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ အခန်း ခွဲအိပ်တယ် ဆိုတာကလည်း မလွယ်တဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။ အခြားထိရောက်တဲ့ဖြေရှင်းနည်းတွေရှိပါတယ်။

ဟောက်သံထွက်ပေါ်ခြင်း၏ အကြောင်းအရင်းများ

ခဏခဏ ဟောက်တတ်သူတွေဟာ လည်ချောင်းနဲ့ နှာခေါင်းပိုင်းဆိုင်ရာတစ်ရှုးတွေ အရမ်းကြီးနေ တာကြောင့်ပါ။ အသက်ရှုလမ်းကြောင်းမှာ ခံနေတဲ့အခါ လည်ချောင်းမှာ လေဟာနယ်ဖြစ်လာပြီး ဟောက်သံ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

သက်လတ်ပိုင်းနဲ့ သက်လတ်ပိုင်းကျော်လာတဲ့အခါ လည်ချောင်းကြွက်သားတစ်ရှုးတွေက လျော့ကျလာ ပါတယ်။ ပျော့တွဲတဲ့ တစ်ရှုးတွေ ရှိနေတာကြောင့်လည်း တုန်ခါမှုတွေ ပိုဖြစ်လေ့ရှိပါတယ်။ 

ယောကျာ်းတွေဟာ မိန်းမတွေထက် အသက်ရှုလမ်းကြောင်း ပိုကျဉ်းတာကြောင့် ပိုဟောက်လေ့ရှိပါတယ်။ အာသီးကြီးတာ၊ အသက်ရှုလမ်းကြောင်းကျဉ်းတာ၊ စသောဟောက်သံ ဖြစ်ပေါ်ရခြင်းရဲ့ အကြောင်း အရင်းတွေဟာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။

  • အိပ်နေတဲ့အခါ အသက်ရှုလမ်းကြောင်းမှာ ရှိနေတဲ့ ခင်ဗျားရဲ့လျှာအနေအထားကြောင့်လည်း ဖြစ်နိုင် ပါသေးတယ်။
  • အဝလွန်နေတဲ့ခန္ဓာကိုယ်ကလည်း ဟောက်သံ ထွက်ပေါ်ရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။
  • ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ အချို့ဆေးဝါးတွေကလည်း ကြွက်သားတွေကို ပျော့တွဲသွားစေပြီး ဟောက်သံထွက်ပေါ်ခြင်းကို ပိုမိုဖြစ်ပေါ်လာလေ့ရှိပါတယ်။
  • ပက်လက်လန်အိပ်တာကတော့ လည်ချောင်း ကြွက်သားတွေကို ပျော့တွဲသွားစေပြီး အသက်ရှု လမ်းကြောင်းကိုပါ ပိတ်နိုင်ပါတယ်။


ခင်ဗျားဟောက်သံရဲ့အဓိကအကြောင်းအရင်း
  • အိပ်နေတုန်း ပါးစပ်ပိတ်ပြီးဟောက်တယ်ဆိုရင်တော့ ခင်ဗျားလျှာမှာ ပြဿနာရှိနေတာပါ။
  • ပါးစပ်ဖွင့်ပြီး ဟောက်တယ်ဆိုရင် ခင်ဗျားလည်ချောင်းထဲက တစ်ရှုးတွေနဲ့ ပက်သက်နေပါတယ်။
  • ပက်လက်လန်အိပ်မှသာ ဟောက်တယ်ဆိုရင်တော့ သိပ်ကိစ္စမရှိဘူးလို့ ပြောလို့ရပါတယ်။ အိပ်တဲ့အလေ့အထလေးနဲ့ နေတဲ့ပုံစံလေးပြောင်းလိုက်ရင် ထိရောက်တဲ့ကုသမှုတွေ ရသွားနိုင်ပါတယ်။
  • ဘယ်လိုအနေအထားနဲ့ပဲအိပ်အိပ် ဟောက်နေတယ် ဆိုရင်တော့ နည်းနည်းလေးနက်သွားပါပြီ။ သေချာ ကုမှရပါမယ်။


ကုသနည်းများ

  • အိပ်ခန်းက အစိုဓာတ်ရှိပါစေ။ ခြောက်သွေ့တဲ့လေဟာ နှာခေါင်းနဲ့လည်ချောင်းက အမှေးပါးတွေကို မခံမရပ်နိုင် ဖြစ်စေပါတယ်။
  • အိပ်တဲ့အခါ ခေါင်းကို လေးလက်မလောက်မြှင့်ထားပါ။ 
  • လျှာနဲ့မေးရိုးတွေရဲ့အနေအထားကိုမှန်ကန်သွားစေပါတယ်။ဟောက်တတ်သူတွေအတွက် အထူးပြုလုပ်ထားတဲ့ ခေါင်းအုံးမျိုးတွေလည်း ရှိပါတယ်။
  • အိပ်ရာမဝင်မီ နှစ်နာရီလောက်မှာ ထမင်းစားတာ၊ ကော်ဖီသောက်တာတွေကိုလည်း ရှောင်ပါ။
  • ပက်လက်လန် အိပ်တာကိုလုံးဝရှောင်ပါ။ 
  • တစ်ရှုးတွေဟာ အောက်ကိုတွဲကျပြီး လေလမ်းကြောင်းကိုပိတ်စေပါတယ်။(သတိထားပြီးအိပ်လို့မရဘူးဆိုရင်တော့ နည်းလမ်းရှိပါတယ် ခင်ဗျားရဲ့ညဝတ်အင်္ကျီ အနောက်ဘက်မှာ တင်းနစ်ဘောလုံးကို ကပ်ချုပ်ထားလိုက်ပါ။ ဘေးစောင်းအိပ်တတ်တဲ့ အကျင့်ရလာပါလိမ့်မယ်။)
  • ပုံမှန်အိပ်ချိန်မှာ အိပ်တတ်အောင်လည်း လုပ်ထားပါ။


လည်ချောင်းလေ့ကျင့်ခန်းများ

ဟောက်သံကြောင့် တကယ်ဒုက္ခရောက်နေတယ်ဆိုရင်တော့ လည်ချောင်းလေ့ကျင့်ခန်းတွေပါ လုပ်ရပါမယ်။

  • a-e-i-o-u ဆိုတဲ့ သရသံငါးလုံးကို နေ့စဉ်လေးငါးခေါက်လောက် သုံးမိနစ်ကြာအောင် ကျယ် ကျယ်လေး ထပ်ကာထပ်ကာရွတ်ပေးပါ။
  • လျှာဖျားထိပ်က ရှေ့သွားတွေကိုထောက်ပြီး လျှာကို နေ့စဉ်သုံးမိနစ်ကွေးပေးပါ။
  • ပါးစပ်ကိုပိတ်၊နှုတ်ခမ်းကိုစူထားပြီး စက္ကန့်သုံးဆယ်လောက် နေပေးပါ။
  • ပါးစပ်ကိုဖွင့်ပြီး မေးရိုးကို ညာဘက်စက္ကန့်သုံးဆယ်၊ ဘယ်ဘက် စက္ကန့်သုံးဆယ် ရွှေ့ပေးပါ။
  • ပါးစပ်ကိုဖွင့်ပြီး လည်ချောင်းနောက်ဘက်က ကြွက်သားတွေကို စက္ကန့်၃၀ကြာအောင် ကျုံလိုက် ဆန့်လိုက် လုပ်ပေးပါ။ မှန်ရှေ့မှာ အာသီး တက်တာ၊ ကျတာကို ကြည့်ပြီး လုပ်လို့ရပါတယ်။


ကျန်တာတွေကတော့ ဝိတ်လျှော့ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင်ခန်းလုပ်တာဟာ လည်ချောင်းထဲက ကြွက်သားတွေပါ မာကြောလာစေပါတယ်။ ဆေးလိပ်ဖြတ်ပါ။ အရက်၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေးတွေကိုလည်း ရှောင်ပေးပါဦး။

Ref:http://www.mmcollection.info/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!