Popular Posts!

Monday, November 7, 2011

ငါးဟင်းထုပ်

Wednesday, 26 October 2011 01:47 | 


ပါဝင်သောပစ္စည်းများ
ရဲယိုရွက် - အနည်းငယ်
ငါးဖယ်ခြစ် - ဆယ့်ငါးကျပ်သား
ငှက်ပျောဖူး - တစ်ခြမ်း
ဆန်မှုန့် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ငါးဟင်းထုပ်ထုပ်ဖို့အတွက် ပထမဦးဆုံး ငှက်ပျောဖူးအတွင်းသားနုနုကို ခပ်ရိတ်ရိတ်လှီး ပါမယ်။ ပြီးရင်ဆား၊ ဆန်စိမ်းမှုန့်တိုနဲ့ နယ်ထားပါ။ ငါးဖယ်ခြစ်ကို ချင်း၊ ကြက်သွန်ဖြူ ဆားထည့်ပြီး ထောင်းထားပါ။ ရဲယိုရွက်နုနုကို သန့်စင်အောင် ရေဆေးပြီးမှ ရေကိုခါကာ ဆီသုတ်ပါမယ်။ ဆီသုတ်ပြီးတဲ့ ရဲယိုရွက်ပေါ်ကို ငှက်ပျောဖူးနဲ့ ဆန်မှုန့်နယ်ထားတာကို အပြန့်လိုက်လေးခင်းပေးပါ။ ပြီးရင် အပေါ်တစ်ထပ်က ခုနက ထောင်းထားတဲ့ ငါးဖယ်ခြစ်ကို အနေတော်ထည့်လိုက်ပါ။
အစာတွေထည့်လို့ပြီးသွားရင်တော့ ရဲယိုရွက်ကို မုန့်ဖက်ထုပ်ထုပ်သလို အထုပ်လေးထုပ် လိုက်ပါမယ်။ ထုပ်ပြီးသား ဟင်းထုပ်တွေကို ရေထည့်ထားတဲ့ ထမင်းပေါင်းအိုးက ပေါင်းခံ ခွက်ထဲကို ဆီထည့်ပြီး နာရီဝက်လောက် ပေါင်းပေးပါ။ နာရီဝက်လောက်ဆိုရင် မွှေးပြီး အရသာစိမ့်တဲ့ ငါးဟင်းထုပ်တွေကိုရပါပြီ။ အဲဒီတော့မှ ငါးဟင်းထုပ်တွေကို အနေတော် အပိုင်းလေးတွေ ဓားနဲ့ လှီးပြီး ပန်းကန်ထဲထည့်ကာ ကြိုက်ရာအချဉ် တစ်မျိုးမျိုးနဲ့ တွဲဖက် စားသုံး လို့ရပါတယ်။
တကယ်လို့ ငါးဖယ်ခြစ်မသုံးဘဲ သက်သတ်လွတ် စားမယ်ဆိုတဲ့ သူတွေကတော့ ငါးဖယ်ခြစ် အစား မုန်လာဥနီနဲ့ မုန်ညင်းထုပ်ကို ခပ်ပါးပါးလှီးပြီး သက်သတ်လွတ် အစာသွပ်လို့ရပါတယ်။
Ref : 7 Day News

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!