Popular Posts!

Thursday, April 5, 2012

“တရုတ်တန်းအလွမ်းပြေ ၀က်သားတုတ်ထိုးနဲ့ ကြာဇံကြော်”

"မြန်မာအစားအစာတွေ ငတ်ပြတ်ပြီး မစားရတာကြာလို့ သတိရတာနှင့် ရသာချိုက ကြိုက်တတ်တဲ့ အစားအစာတွေကို ကူးယူလိုက်တာပါ"....

 

Sunday, January 2, 2011-

ဝက်သားတုတ်ထိုးလုပ်ဖို့ ၀က်ကလီစာအစုံကို ရှေ့တစ်ရက်ည ကတည်းက ကြိုတင် ပြင်ဆင် ထားရပါတယ်။ မနက်စောစော သွားမှာဆိုတော့ အချိန်ကုန် သက်သာအောင်လို့ပါ။ ကလီစာအစုံကို အတုံးကြီးကြီး တုံး၊ ရေစင်စင်ဆေးပြီး ဗနီကာနဲ့ နယ်ဆေးပါတယ်။ ကလီစာတွေ စင်ကြယ် သွားပြီ ဆိုမှ ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည် အကြည်၊ ခရုဆီ၊ ဗနီကာ၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ တရုတ်မဆလာ တို့နဲ့ နာနာနယ်ပြီး ရေခဲသေတ္တာထဲ ထည့်နှပ်ထားလိုက် ပါတယ်။ နောက်တစ်နေ့ နံနက်မှ အိုးတစ်လုံးထဲ ဆီထည့်၊ ဆီပူရင် ကလီစာအစုံကို ထည့်ပြီး လုံးပါတယ်။ ဆီပြန်လာမှ ရေနွေးထည့်ပြီး နူးသည်အထိ တည်ပါတယ်။ ရေခမ်းပြီး အသားမနူးသေးရင် ရေနွေး ထပ်ဖြည့်ထည့်ပါတယ်။ အသားနူးရင် ဆီကျန်၊ ရေကျန်လေးမှာ ချလိုက်ပါတယ်။

ကြာဇံကိုတော့ နာရီဝက်လောက် ရေစိမ်ထားပါတယ်။ ပြီးမှ ကြာဇံကို ရေစစ်ပြီး ပဲငံပြာရည် အနောက်ရည် (ကြာညို့)၊ ဆား၊ အချိုမှုန့်၊ ခရုဆီတို့နဲ့ ရောနယ်ထား ပါတယ်။ ဒယ်အိုးထဲမှာ ကြက်သွန်နီ ဆီသတ်၊ ဂေါ်ဖီ လှီးထားတာ ထည့်ပြီးမှ နယ်ထားတဲ့ ကြာဇံ ထည့်ကြော်ပါတယ်။ အပေါ့အငံလိုသလို ပြင်ပါတယ်။ တရုတ်နံနံ လှီးပြီး ထည့်ပါတယ်။ ကြာဇံဖတ်လေး အိပြီ ဆိုရင် ကြာဇံကြော်ရပါပြီ။ (၀က်သား တုတ်ထိုးနဲ့ စားမှာမို့ အသား ထည့် မကြော်ပါဘူး)

ပြီးတော့ အချဉ်ရည်ဖျော်ပါတယ်။ မကျည်းရည်ကို ရေနွေးနဲ့ ခဏစိမ်ထားပါတယ်။ ထန်းလျက်ခဲနဲ့ ကြက်သွန်ဖြူကို ရောထောင်းပါတယ်။ မကျည်းရည်ရရင် မကျည်းသီးဖတ်တွေ ဆယ်ပစ်ပြီး မကျည်းရည်ထဲကို ထန်းလျက်နဲ့ ကြက်သွန်ဖြူထောင်းထားတာ ထည့်ပါတယ်။ ဆားနဲ့ အချိုမှုန့် နည်းနည်းစီ ထည့်ပါတယ်။ တရုတ် ငရုတ်ဆီပုလင်း (ရန်ကုန်က တုတ်ထိုးဆိုင်တွေမှာ သုံးတဲ့ အချဉ်ရည်မျိုးပါ) ထဲက အချဉ်ရည် နည်းနည်း ထည့်ရောပါတယ်။ ငရုတ်သီးစိမ်းနဲ့ နံနံပင် ညှပ်ထည့်ပြီး သံပုရာရည်လေး ညှစ်လိုက် ပါတယ်။
ဝက်သားတုတ်ထိုး




ကျွန်မတို့နှစ်ယောက်အတွက် ကြာဇံကြော်နှစ်ဗူ:



ဝက်သားတုတ်ထိုးနဲ့စားဖို့ အချဉ်ရည်

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!