Popular Posts!

Sunday, August 26, 2012

ကားပါမစ်နောက်ဆက်တွဲသတင်း(၁၁)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အား အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံတကာနှင့်အပြိုင် ခေတ်မီတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူလူထု၏ လူမှုစီးပွား ဆက်သွယ်သွားလာမှုများတွင် အဆင်ပြေချောမွေ့စေရေးအတွက် အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်ပနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းစဉ်များတွင်လည်း ယခင်ကထက် ပိုမိုမြန်ဆန်တိုးတက်စေရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်ပမော်တော်ယာဉ် တင်သွင်းမှုများနှင့် ပတ်သက်၍ ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော နှစ် (၂၀) သက်တမ်းကျော်လျက်ရှိသည့် ယာဉ်အိုယဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ၁၉၉၆ ခုနှစ်ထုတ် မော်တော်ယာဉ်များ ပြည်ပမှအစားထိုး တင်သွင်း ခွင့်ပြုခြင်းကို ဌာနဆိုင်ရာများဖြစ်ကြသည့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ၊ အကောက်ခွန်ဦးစီးဌာန ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့ ပါဝင်သော သက်တမ်းကြာမြင့်မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ အစားထိုးလဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ်အစားထိုး တင်သွင်း ခွင့်ပါမစ်ထုတ်ပေးခြင်းကို ၁၉-၉-၂၀၁၁ ရက်နေ့မှစပြီး ခွင့်ပြုပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ ၂ ရက်နေ့မှစ၍ ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထုတ်လုပ်သော မော်တော်ယာဉ်များနှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထုတ် အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် ဆီစားနှုန်းသက်သာသော တစ်နိုင်တစ်ပိုင် လူစီးကားများကိုလည်း တင်သွင်းခွင့်ပြု ပေးလျက်ရှိပြီး ပြည်ပမှ မော်တော်ကားများ တိုက်ရိုက်ဝယ်ယူတင်သွင်းရန် အခက်အခဲရှိသူများအား ပြည်တွင်း မော်တော်ကား အရောင်းစင်တာများတွင် ၀ယ်ယူနိုင်ရန်အတွက် Sale Center များတွင် ၀ယ်ယူခွင့်ပါမစ်များအား ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးလျက်ရှိပါသည်။
ဒုတိယအဆင့်အနေဖြင့် နိုင်ငံခြားငွေရရှိထားသူများဖြစ်ကြသည့် ပို့ကုန်၊သွင်းကုန်လုပ်ငန်း ဆောင်ရွက် နေသော ကုမ္ပဏီ ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ကုမ္ပဏီများ ၊ နိုင်ငံခြားတွင် ကာလ ရှည်ကြာတာဝန်ထမ်းဆောင်ခဲ့သည့် သံတမန်ဝန်ထမ်းများအတွက် ပြည်ပမှ လူစီးမော်တော်ယာဉ်တင်သွင်းရန် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ စိစစ်ထောက်ခံပေးပို့ချက်ဖြင့် မော်တော်ယာဉ်သွင်းကုန်ပါမစ်များကို ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ ၂ ရက်မှစတင်၍ မောေ်တ်ာယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်အရ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ခံစိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
တတိယအဆင့်အနေဖြင့် ၂၀၁၂ ခုနှစ် ၊ မေလ ၄ ရက်နေ့တွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်နှင့် နိုင်ငံခြားငွေကြေးကိစ္စ္စ ဆောင်ရွက်ခွင့်ရရှိသော ဘဏ်များ တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်စုဆောင်းထားသူ အသက် (၁၈) နှစ် ပြည့်ပြီးသူနိုင်ငံသားတိုင်းအား မည်သည့် ၀န်ကြီးဌာန ၊ အဖွဲ့အစည်း၏ မည်သည့်ထောက်ခံစာကိုမျှ ရယူတင်ပြရန် မလိုဘဲ နိုင်ငံသားစိစစ်ရေးကဒ် မှတ်ပုံတင်မူရင်း ၊ အိမ်ထောင်စုဇယား မူရင်းနှင့် ပြည်ပမှ မိမိဝယ်ယူတင်သွင်းလိုသည့် မော်တော်ယာဉ်အမျိုးအစား ၊ ထုတ်လုပ်ခုနှစ် ၊ အင်ဂျင်ပါဝါနှင့် မော်တော်ယာဉ်၏ ရန်ကုန်ဆိပ်ကမ်းအရောက် CIF တန်ဘိုး ဖော်ပြထားသော တစ်ဖက်နိုင်ငံကုမ္ပဏီ၏ မော်တော်ယာဉ် အရောင်းပြေစာ Invoice မူရင်း ၊ မော်တော်ယာဉ်တန်ဖိုးအမှန်ရှိသော နိုင်ငံခြားငွေစာရင်း စာအုပ်မူရင်းနှင့် ယခင်မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ မော်တော်ယာဉ်တင်သွင်းခွင့်ပြုခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက် တင်ပြရုံဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၃) ၊ နေပြည်တော်ရှိ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ မော်တော်ယာဉ် တင်သွင်းခွင့် သွင်းကုန်ပါမစ် ခွင့်ပြုထုတ်ပေးခြင်းကို ၂၀၁၂ ခုနှစ် ၊ မေလ ၁၁ ရက်နေ့မှလည်းကောင်း ၊ လူကိုယ်တိုင် လာရောက်လျှောက်ထားသူများအား ပိုမိုလွယ်ကူအဆင်ပြေစေရန် အတွက် နေပြည်တော်တွင်သာမက ရန်ကုန်တိုင်း ဒေသကြီးရုံးခွဲတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုကဲ့သို့ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူ အသက် (၁၈) နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်းအား မည်သည့် ဌာနထောက်ခံချက်များ မလိုဘဲ မော်တော်ယာဉ် သွင်းကုန်ပါမစ်များ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိနေခြင်းကြောင့် ၂၀၁၂ ခုနှစ် ၊ မေလ ၁၁ ရက်နေ့မှ သြဂုတ်လ ၁၆ ရက်နေ့အထိ တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် ထုတ်ပေးမှုမှာ နေပြည်တော်တွင် (၈၀၈၈) ဦး ၊ ရန်ကုန်တိုင်းဒေသကြီးဒေသကြီးရုံးခွဲတွင် (၇၇၈) ဦး ၊ စုစုပေါင်း (၈၈၆၆) ဦး ရှိသွားပြီဖြစ်ပါသည်။
Taxi အဖြစ်အသုံးပြုရန်အတွက် Saloon နှင့် Van များအား တင်သွင်းခွင့်ပြုလျက်ရှိရာ သက်ဆိုင်ရာ တိုင်း/ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်များဖြင့် (၁၀-၄-၂၀၁၂) ရက်နေ့မှစ၍ စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက နိုင်ငံသားတိုင်းအား ခွင့်ပြုထုတ်ပေးလျက်ရှိသည့် မော်တော်ယာဉ် အထူးပါမစ်ထုတ်ပေးမှုများအား ရပ်ဆိုင်းထားသည်ဟု ကောလဟလ ဖြစ်ပေါ်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်းနှင့် ပါမစ်ထုတ်ပေးနေမှုကို နေပြည်တော်အပြင် ကာယကံရှင်ကိုယ်တိုင် လျှောက်ထားပါက ရန်ကုန်မြို့တွင်လည်း ပါမစ်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ (၁၆-၈-၂၀၁၂) ရက်နေ့အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တွင် ခွင့်ပြုအမျိုးအစားအလိုက် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်ထုတ်ပေးပြီးစီးမှုကို အောက်ပါအတိုင်း တွေ့ရှိရ ပါသည် -
အမျိုးအစား ခွင့်ပြုစီးရေ
ပို့ကုန်/သွင်းကုန်ကုမ္ပဏီများ ၇၂၁
နိုင်ငံခြားသင်္ဘောသားများ ၂၈၆၇
နိုင်ငံခြားရေးသံရုံးဝန်ထမ်းများ ၃၄၀
စစ်သံရုံးဝန်ထမ်းများနှင့် အခြားပုဂ္ဂိုလ်များ ၁၁၂
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ ၅၇
ပြည်ပအလုပ်သမားများ ၂၀၆၄
ကျောက်မျက်ကုမ္ပဏီ 
လူပုဂ္ဂိုလ်တစ်ဦးချင်လျှောက်ထားသူများ ၈၈၆၆
ယာဉ်အို/ယဉ်ဟောင်း ၅၀၄၇၇
Sale Center ၀ယ်ယူခွင့် ၈၂၃၄
အငှားယာဉ် (Taxi) ၈၃၈
မော်တော်ယာဉ်တင်သွင်းခွင့်များ ပုံမှန်အတိုင်းတင်သွင်းခွင့်ပြုပေးလျက်ရှိ
မော်တော်ယာဉ်တင်သွင်းမှုအား One Stop Services အဖွဲ့ဖြင့် သွင်းကုန်ပါမစ်များ ပုံမှန်အတိုင်း ခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။ ကားလောကမှ လူပုဂ္ဂိုလ်တချို့က လက်ဝယ်ရှိယာဉ်အို/ယာဉ်ဟောင်း အပ်နှံသည့် စလစ်များနှင့် မော်တော်ယာဉ်များ၏ ဈေးနှုန်းကစားရန်နှင့် ဈေးဆွဲတင်ရန် ရည်ရွယ်၍ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းမှု ရပ်တန့်တော့မည်ဟု ကောလဟလများဖြစ်ပေါ်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ကောလဟလများမှာ မှန်ကန်မှုမရှိဘဲ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှု ကော်မတီအနေဖြင့် မူလခွင့်ပြုပေးနေသည့်အတိုင်း လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို ပုံမှန်အတိုင်းနေ့ချင်းပြီး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။ (၂၀-၈-၂၀၁၂) အထိ သွင်းကုန်ပါမစ်ထုတ်ပေးမှုမှာ ယာဉ်အို/ယာဉ်ဟောင်း (၅၀၇၁၃) စီး ၊ Sale Center တွင် ၀ယ်ယူခွင့်ပါမစ် (၈၄၀၆) စီး ၊ သင်္ဘောသား (၂၈၆၇) စီး ၊ ကုမ္ပဏီ (၇၂၁) စီး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (၃၄၀) စီး ၊ ဟိုတယ်/ခရီး (၅၇) စီး ၊ ပြည်ပအလုပ်သမား (၂၀၇၃) စီး ၊ ကျောက်မျက် (၆) စီး ၊ အထွေထွေ (၁၁၂) စီး ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း (နေပြည်တော်) (၈၅၁၆) စီး ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း (ရန်ကုန်) (၉၄၅) စီးအား ခွင့်ပြုထုတ်ပေးပြီး ဖြစ်ပါသည်။ှ
 Ref:Commerce.gov

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!