Popular Posts!

Tuesday, November 20, 2012

Blood Pressure and Bathing သွေးတိုး နဲ့ ရေချိုးခြင်း

Sat, Apr 7, 2012 at 3:58 AM
ရေနွေးနဲ့ ရေချိုးရင်လည်း BP တက်နိုင်တော့ ရှောင်ခိုင်းတာကို နားလည်ပေမယ့် သွေးဖိအား ကျစေမှာကိုလည်းရှောင် ဆိုတာကို နည်းနည်း ရောသွားလို့ပါ။ နောက်ပြီးတော့ Viagra လိုဆေးတွေက ကုသတဲ့အထဲမှာပါတော့ ကျွန်တော် အရင်ကထင်တာက Sex စိတ်က နှလုံးကို ပိုပင်ပန်းစေနိုင်တယ်လို့ ထင်ခဲ့တာ။ ဒါဆိုရင် Sex က နှလုံးအတွက် ကောင်းတဲ့နေရာ ရှိနိုင်တာပေါ့နော်။ သိချင်တာနှစ်ခုက (၁) ရေကူးရင် Hypertension အတွက် ဘယ်လို ရှောင်ကျဉ်သင့်ပါသလဲ။ (၂) Masturbation နဲ့ Hypertension ကို ဆက်စပ်မှုရှိမှာ စိုးရိမ်တဲ့အတွက် ဖြစ်သင့်တဲ့ အကြိမ် အရေအတွက်။ ကျွန်တော့် BP က 110/70 ပါ။ Wt = 62 Kg ပါ။ အသက်က ၂၆ ပါ။
ရေချိုးတာနဲ့ BP သွေးဖိအား ဆက်စပ်တာကို လေ့လာမှုတွေ လုပ်ထားတယ်။ Hypertension သွေးတိုးရောဂါသည်တွေနဲ့ သွေးတိုး မရှိသူတွေကို နှိုင်းယှဉ် လေ့လာတယ်။ သွေးတိုးရှိနေသူတွေမှာ ရေချိုးပြီးပြီးချင်း သွေးဖိအား တက်လာပြီးနောက် ချက်ချင်း ပြန်ကျတာ တွေ့ရတယ်။ ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ခက်ခဲတာလဲ တွေ့ရသေးတယ်။

ရေချိုးလိုက်တာနဲ့ သွေးဖိအား ရုတ်တရက်တက်တာကနေ
- Collapse during the bath သတိလက်လွတ်ဖြစ်r,f၊
- Brain anemia ဦးနှောက်သွေးမဝြzpfr,f၊
- Heart attack နှလုံးဖေါက်ပြန်မှု နဲ့
- Blood vessel bursting သွေးကြောပေါက်တဲ့ အန္ကရာယ်တွေ ဖြစ်စေနိုင်တယ်။ ကံမကောင်း အကြောင်းမလှရင် Stroke (စထုပ်ခ်) ရပြီး အသက်ကို ရန်ရှာနိုင်တယ်။ ဒီလေ့လာမှုက အနုတ်သဘောဖြစ်တယ်။

ရေချိုးလို့ သွေးဖိအားတက်မှာကို ဘယ်လို ကာကွယ်မလဲ -
- အရက်သောက်ပြီး ရေမချိုးပါနဲ့။ အရက်ကြောင့် သွေးဖိအား မြန်မြန်ကျစေတယ်။
- ဆောင်းရာသီမှာ ရေချိုးခန်းကို အရင်နွေးလာအောင်လုပ်ပြီးမှသာ ရေချိုးပါ။
- ရေသိပ်ပူတာ မချိုးပါနဲ့။ ရေနွေးနဲ့ ကြာကြာမချိုးပါနဲ့။
- လက်တွေကို ရေချိုးကန်ရဲ့ ဘောင်တွေပေါ်မှာ တင်ထားရင်း ရေစိမ်ပါ။ ဒါမှ သတိလက်လွတ်ဖြစ်ရင် ရေနစ်တာ မဖြစ်မယ်။

နောက်လေ့လာမှုတခု -
Warm-water bath ရေနွေးချိုးခြင်း နဲ့ Sauna bath ရေနွေးငွေ့ချိုးနည်းတွေဟာ Congestive heart failure (CHF) နှလုံး အလုပ်မလုပ်တဲ့ရောဂါ ရှိနေသူတွေနဲ့ မသင့်လျှော်ပါလို့ နားလည်လက်ခံထားခဲ့ကြတယ်။ ဒါပေမဲ့ Thermal vasodilation အပူချိန်နဲ့ သွေးကြောကျယ်ခြင်းကို စနစ်တကျ လေ့လာကြည့်တယ်။ စမ်းသပ်မှုကို Dilated cardiomyopathy နှလုံးရောဂါ ရှိနေသူ လူနာ ၃၄ ယောက်ကို စမ်းသပ်ခဲ့တယ်။

အပူချိန် ၄၁ ဒီဂရီ-စီ မှာ ၁ဝ မိနစ်ကြာ၊ တဝက်ထိုင် အနေအထားနဲ့ ရေပူချိုးခိုင်းတယ်။ နောက်တမျိုးက Sauna အပူငွေ့သုံး ရေချိုးနည်းနဲ့ ၆ဝ ဒီဂရီ-စီ မှာ ၁၅ မိနစ်ကြာ ပက်လက် အနေအထား နေခိုင်းတယ်။ သွေးဖိအား၊ Electrocardiogram (အီးစီဂျီ)၊ Two-dimensional and Doppler echocardiograms (ဒရော့ပလာ-အက်ကိုဂရမ်)၊ Expiration gas ထုတ်လေ နဲ့ Intracardiac pressure tracings နှလုံးထဲရှိ ဖိအားတိုင်းစက်တွေ ရေပူချိုးနည်းတွေအပြီး နာရီဝက်ကြာအထိ တပ်ဆင်ထားတယ်။

- Systolic blood pressure သွေးဖိအား အပေါ်ဂဏန်း သိသိသာသာပြောင်းလဲမှု မရှိဘူး။
- Diastolic blood pressure ရေပူချိုးသူတွေမှာ သွေးဖိအား အောက်ဂဏန်း (p < 0.01) ကျပြီး၊ ရေနွေးငွေ့ချိုးသူတွေမှာ (p < 0.01) ကျတယ်။
- Heart rate နှလုံးခုန်မှုန်းက ၂ဝ-၂၅ တက်လာတယ်။
- CHF နှလုံးရောဂါမျိုး ရှိသူတွေအတွက် အကျိုးရှိစေတယ်လို့ ကောက်ချက်ချတယ်။
- ရေနွေးနဲ့ ရေချိုးရင် BP သွေးဖိအား ကျစေနိုင်တာကို Acute hemodynamic effects ခေါ်တယ်။ ရုတ်တရက် အပူဒဏ်ကြောင့် သွေးကြော ကျယ်စေခြင်း ဖြစ်လာလို့ သွေးဖိအားကို ကျစေတယ်။

ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ခက်ခဲတာလဲဆိုတာက စမ်းသပ်မှုပြုနေချိန်မယ် လူနာတွေရဲ့ လည်ပင်းမှာ သွေးဖိအားကို သိနေနိုင်တဲ့ Sensor (ဆင်န်ဆာ) ကရိယာလေးက သွေးဖိအားကို ထိန်းညှိမှု လုပ်ပေးတယ်။ ဒါပေမဲ့ Arteriosclerosis သွေးကြောကျဉ်းနေသူတွေအတွက် (ဆင်န်ဆာ) ကနေ ကောင်းကောင်း မသိစေနိုင်ဘူး။ ကရိယာ တပ်ထားတဲ့ သွေးကြောနံရံက ထူနေတယ်။ ဒါကြောင့် သွေးဖိအား အရင်အနေပြန်ရောက်စေဘို့ ခက်ခဲတာ ဖြစ်တယ်။

ရေပူစမ်းကို ကမ္ဘာလှည့်ခရီးသွားတွေ လာအောင် ကြော်ညာစာမှာတော့
“ရေနွေးနဲ့ ရေချိုးတာဟာ နှလုံးခုန်တာ ပိုမြန်လာစေပြီး သွေဖိအားလည်း ကျစေတယ်” လို့ Mayo Clinic သုတေသနတခုကို ကိုးကားထားပါတယ်။ ရေရဲ့ အပူကြောင့် သွေးတွေက ကိုယ်မျက်နှာပြင်မှာ ပူနွေးလာအောင် နှလုံးကနေ အလုပ်ပို လုပ်ပေးမယ်။ ဒိနောက် သွေးကြောတွေကို ကျယ်စေရာကနေ သွေးတိုးကျစေမယ်လို့ ရှင်းလင်းချက်လဲပါတယ်။

သဘာဝဆေးနည်းထဲမှာ
သွေးတိုးကျအောင် Hot espom bath ရေနွေးမှာ ဆားခါးထည့်ပြီး ရေချိုးခိုင်းတယ်။ အမေရိကန် အိပ်မွေ့ချအသင်းက အပြောအရ ရေအေးနဲ့ ရေချိုးရင် သွေးတိုး ကျစေမယ်၊ သွေးကြောထုံးတာ သက်သာစေမယ်၊ သွေးကြောနံရံထူနေတာ သက်သာစေမယ်လို့ ဆိုပါတယ်။

Epsom salt ဆားခါး
• ဓါတုဗေဒလို Magnesium sulfate (MgSO4) ဖြစ်တယ်။ ရေချိုးရာမှာသုံးတတ်လို့ Bath salts ခေါ်တယ်။
• ဆေးကုရာမှာ ဆားခါးသုံးတာကို Flotation therapy လို့ခေါ်တယ်။ Epsom salts 1% w/v solution ကိုသုံးပြီး ထိရောက်မှုကို လေ့လာဘူးတယ်။
• ပါးစပ်ကနေ Laxative or Osmotic purgative ဝမ်းနှုတ်ဆေးအဖြစ်သုံးနိုင်တယ်။
• သွေးပြန်ကြောထဲထိုးဆေးအနေနဲ့လဲ သုံးတယ်။ Eclampsia ခေါ်တဲ့ ကိုယ်ဝန်ဆောင်မှာ သွေးဆိပ်တက်ရောဂါမှာ သုံးတယ်။
• ကလေး လမစေ့ခင်မွေးမှာကို တားဘို့ရာလဲ သုံးတတ်တယ်။
• ဦးနှောက် ထိခိုက်မိသူတွေလဲ ဦးနှောက်ရောင်တာကျစေဘို့ သုံးနိုင်တယ်။
• လိပ်ခေါင်းထွက်ကျနေပြီး ပြန်မဝင်နိုင်တာ၊ ကလေးငယ်လေးတွေ စအိုကျွံကျနေတာတွေအတွက် ဆားခါးကို (ပါရာဖင်) အဆီနဲ့ရောပြီး ဖြစ်တဲ့နေရာမှာ ဆေးထည့်ပေးနိုင်တယ်။
• Barium chloride poisoning အဆိပ်သင့်တာကို ဖြေဆေးအနေနဲ့လဲ သုံးတယ်။
Dr. Tint Swe
Ref:yamunaclinic.org

 
ယခုအခါ ကမ္ဘာတစ်ဝန်း ဖြစ်ပွားမှု အများဆုံး ရောဂါများ စာရင်းနှင့် လူသိလည်း များသော ရောဂါများ ထဲတွင် “သွေးတိုးရောဂါ”သည် တစ်ခု အပါအဝင် ဖြစ်သည်။

သွေးတိုးရောဂါသည် အချိန်အခါ၊ အရပ်ဒေသ၊ ဆင်းရဲချမ်း သာလူတန်းစားမရွေးတွင် ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားလာပါက နောက်ဆက်တွဲ ရော ဂါများဖြစ်သော လေသင်တုန်းဖြတ် ခြင်း၊ ဦးနှောက်သွေးကြော ပိတ်၍ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းနှင့် နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးနှင့် ကျောက်ကပ် စွမ်း ဆောင်မှုအား နည်းခြင်းတို့ကို ဖြစ်ပွားစေ၍ အသက် အန္တရာယ်ကိုပါ စိုးရိမ်ရသဖြင့် “အသက်နှင့်နီး သောရောဂါ” ဟု လည်းကောင်း၊ ရောဂါဖြစ်ခါစ ကာလတွင် သိသာသော လက္ခဏာမပြဘဲ သွေးပေါင် ချိန်ကို စနစ်တကျ တိုင်းတာ စစ်ဆေး ပြီးမှ သိရှိနိုင်သည့်အတွက် “အသံတိတ် လူသတ်သမား (Silent Killer)”ဟုလည်းကောင်း ခေါ်ဝေါ်လေ့ရှိကြသည်။ ယင်းသွေးတိုးရောဂါနှင့် စပ်လျဉ်း၍ အရှေ့တိုင်း၊ အနောက်တိုင်း ဆေးပညာနှစ်ရပ်စလုံးမှ ပညာရှင်ကြီးများ ရေးသားပြုစု ခဲ့ကြသည့် စာအုပ်စာတမ်းများ၊ သုတေသန စာတမ်းများမှ ပြည်သူများ ယေဘုယျ သိရှိနားလည် ဆောင်ရွက် နိုင်မည့် အကြောင်းအရာများကို ထုတ်နုတ် လျက် ပြည်သူတစ်ဦးချင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ် အဖြစ် အထောက်အကူပြုနိုင်ရန် ရေးသားတင်ပြမည် ဖြစ်ပါသည်။

[B]သွေးတိုး ရောဂါ ဆိုတာ[/B] (တိုင်းရင်းဆေးပညာ ရှုထောင့်အရ ဖွင့်ဆိုပါလျှင်) ခန္ဓာကိုယ်အတွင်း သွေးများ တိုးပွားလာခြင်းမဟုတ်ဘဲ ဝါယောဓာတ်ဟူသော ဖွဲ့စည်း၊ ဖုံးပတ်၊ မိတ်ဖွဲ့၊ ယိုစီး သက်လျော သည့် သဘာဝရှိသော သွေးကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းခြင်း၊ ရွှေ့ခြင်း၊ ခန္ဓာကိုယ် တစ်ခု လုံးကို ပျံ့နှံ့အောင် လှည့်ပတ်စေ ရာတွင် ပူ၊ ဆိမ့်၊ ဖန်အစာများ စား သောက်မှုများသည့် အတွက် ပူတက် ပိတ်ပြီး လေညှပ်၍ တိုးတိုက်ရသော ရောဂါနှင့် အေး၊ ချို၊ ဆိမ့်၊ ဖန်အစာများ စားသောက်မှုများသည့်အတွက် အေးသက်ပိတ်ပြီး လေအား နည်းကာ အပိတ်အဆို့ခံ မတိုးနိုင်/တိုးနိုင် တရွေ့ ရွေ့ ရွေ့လျားနေသည့် လေအနေဖြင့် ကုပ်ဆက်ဦးခေါင်းတို့ကိုပင် မထမ်းနိုင် ဘဲ လေးနေသည့် ရောဂါတို့ကို သွေးတိုးရောဂါဟု ဖွင့်ဆိုပါသည်။ တစ် နည်းဆိုသော် ဝါယောဓာတ် အထက် ဆောင်၍ အာပေါဓာတ် ခိုက်ခြင်းကို ဖြစေ် ပ်ါစေသည့် လေတိုးရောဂါ ဝါ ယောဓာတ်ဆောင်ရောဂါပင်ဖြစ်သည်။ (အနောက်တိုင်း ဆေးပညာ အရ ဖွင့်ဆို ပါလျှင်) သွေးတိုးရောဂါ ဆိုသည်မှာ အသက်အရွယ်အလိုက် မိမိတွင် ရှိသင့်သော သွေးပေါင်ချိန် ထက် ပိုမိုများနေခြင်း၊ ယေဘုယျအား ဖြင့် အပေါ်သွေး (စည်းချက်မှန်မှန် ခုန်နေ သော နှလုံးကြွက်သားညှစ်နေစဉ် ဖြစ်ပေါ်သော သွေးဖိအား) ၁၄၀ မီလီမီတာ ပြဒါးချိန်အောက်နှင့် အောက်သွေး (စည်းချက်မှန်မှန်ခုန်နေ သော နှလုံးကြွက်သား ဖြေလျော့နေစဉ် ဖြစ်ပေါ်သော သွေးဖိအား) ၉၀ မီလီမီတာ ပြဒါးချိန်အောက်ရှိနေခြင်း သည် ရှိသင့်သော သွေးပေါင်ချိန်ဖြစ် ပြီး ယင်းသွေးပေါင်ချိန်ထက် ပိုလာ လျှင် သွေးတိုးရောဂါ ရှိသည်ဟု ဖွင့်ဆိုပါသည်။

[B](၂) သွေးတိုးရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများ [/B]နှင့် စပ်လျဉ်း၍ တိုင်းရင်းဆေးပညာ ရှုထောင့်အရ တင်ပြရလျှင် အအေးလွန်ကဲသော နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင် ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု နည်းပြီး ငြိမ်သက်အေးချမ်းစွာ နေတတ်ခြင်း၊ အမြဲတမ်း စိတ်သောက စိုးရိမ်ကြောင့် ကြမှု ရှိခြင်း၊ မိမိစိတ်ကို ချုပ်တည်း တုပ်နှောင်မှုများခြင်း၊ သွေး ကြောကို ပိတ်ဆို့စေသည့် အဆီအဆိမ့်စာများ စားသောက်မှု လွန်ကဲခြင်း၊ အချိန်အခါ မရွေး ရေချိုးလေ့ရှိခြင်း၊ အအိပ်အနေ များခြင်း၊ ပူပြင်းသော ရာသီဥတုတွင် အချိန်ကြာ မြင့်စွာ ရေချိုးခြင်း၊ အအေးခံ လွန်းခြင်း၊ အငန်အရသာနှင့် ဆား ဓာတ်များလွန်ကဲသည့် ငါးပိ၊ ငါး ခြောက်၊ ငါးပိထောင်း၊ ငံပြာရည်စသည့် အစားအစာများ လွန်ကဲစွာ စား သောက်ခြင်း၊ ခန္ဓာကိုယ်ဝဖြိုးမှု လွန်ကဲခြင်း၊ ဆေးလိပ်သောက်ခြင်း စသည်တို့ကြောင့် ဖြစ်ပြီး အနောက် တိုင်းဆေးပညာရှုထောင့်အရ တင်ပြရ လျှင် အသက်အရွယ်ကြီး ရင့်လာခြင်း၊ ခန္ဓာကိုယ် ဝဖြိုးခြင်း၊ အဆီအဆိမ့် ကိုလက်စထရောလ်များသော အစား အစာများ လွန်ကဲစွာ စားသုံးခြင်း၊ သွေးတိုးရောဂါဖြစ်ပွားသူ မျိုးရိုးရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ကိုယ် စိတ်ဖိစီး မှုများခြင်း၊ ကျောက်ကပ်ရော ဂါရှိခြင်း၊ ပြွန်မဲ့ဂလင်းရောဂါများ ဖြစ်ပွားခြင်း၊ မွေးရာပါ နှလုံးရောဂါ ရှိခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သွေးချို၊ ဆီးချိုရောဂါ ရှိခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ သွေးထဲတွင် အဆီများလွန်ကဲစွာ ရှိခြင်း၊ ပဋိသန္ဓေ တားဆေးများ စားသုံးခြင်း စသည်တို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ သွေးတိုးရောဂါ အမျိုးအစားများ၊ လက္ခဏာ ရပ်များ၊ စားသုံးရန်ဆေးများ ကို တိုင်းရင်းဆေးဖြင့် တစ်ပိုင်တစ်နိုင် မိသားစုပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုတစ်ရပ်အဖြစ် တင်ပြပါမည်။

(၃) [B]သွေးတိုးရောဂါ အမျိုးအစားများ[/B]မှာ အနောက်တိုင်းဆေးပညာ ရှုထောင့်အနေဖြင့် သွေးတိုးရောဂါ ဖြစ်ပွားရခြင်း အကြောင်း အရင်းများတွင် ပါဝင်သော အချက်များပင်ဖြစ်ပြီး တိုင်းရင်းဆေးပညာ ရှုထောင့်အနေဖြင့် အအေးသွေး တိုးနှင့် အပူ သွေးတိုးဟူ၍ နှစ်မျိုးရှိပါသည်။

(က) [B]အအေး သွေးတိုး[/B]ဟူသည် ရုပ်ခန္ဓာဝဖြိုးသူများ၌ ဖြစ်ပွားပြီး အများအား ဖြင့် အအေးအကြောင်း ခံလျက်လေအေးတက် ၍ သွေအေးပါ တက် ခြင်းကြောင့်အအေး တက်ရောဂါ ဖြစ်ပါ သည်။

(ခ)[B]အပူသွေးတိုး [/B]ဟူသည် ရုပ်ခန္ဓာပိန်ခြုံးသူများ၌ ဖြစ်ပွားပြီး အပူအကြောင်းခံလျက် လေ ပူတက်၍ သွေးပါပူပြီးတက်ခြင်းကြောင့် အပူတက်ရောဂါ ဖြစ်ပါသည်။

(၄) [B]အအေး သွေးတိုး၏ လက္ခဏာရပ်များ[/B]မှာ ရုပ်လေးလံ ထိုင်းမှိုင်းခြင်း ၊ ဆီးကြည်၊ ဆီးများခြင်း၊ ရင်မပူ၊ ရေမငတ်ခြင်း၊ ချွေးမထွက်ခြင်း၊ ချွေး ထွက်ပါက ချွေးနည်းခြင်း၊ အိပ်ပျော် မှုများခြင်း၊ ခြေဖျားလက်ဖျားနွေးခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်း၊ စားကောင်း ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးလုံးကြီးခြင်း၊ ဇက် ကြောတက်ခြင်း၊ ဇက်လေးခြင်း၊ မျက် စိမျက်တောင်လေးခြင်း၊ မူးဝေခြင်း စသည်တို့ ဖြစ်ပါသည်။ ရုပ်ပေါ့ပါးခြင်း၊ ခြေဖျားလက်ဖျားအေး ခြင်း၊ ရင်ပူ၊ ရေငတ်ခြင်း၊ ခန္ဓာကိုယ် အပေါ်ပိုင်း ချွေးထွက်ခြင်း၊ စားကောင်း အိပ်ပျော်ခြင်း စသည်တို့ ဖြစ်ပါသည်။

(၅) [B]အပူသွေးတိုး၏ လက္ခဏာရပ်များ[/B]မှာ ဆီးနည်း၊ ဆီးဝါခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက် ကြောတက်ခြင်း၊ မူးဝေခြင်း၊ မျက်ရိုး ကိုက်ခြင်း၊ ခြေဖဝါးလက်ဖဝါးနီခြင်း ရုပ်ပေါ့ ပါးခြင်း၊ ခြေဖျားလက်ဖျားအေး ခြင်း၊ ရင်ပူ၊ ရေငတ်ခြင်း၊ ခန္ဓာကိုယ် အပေါ်ပိုင်း ချွေးထွက်ခြင်း၊ စားကောင်း အိပ်ပျော်ခြင်း စသည်တို့ ဖြစ်ပါသည်။

(၆) [B]အအေးသွေးတိုး[/B]အတွက် စားသုံးရန် ဆေး အအေးသွေးတိုးရော ဂါအတွက် ပထမဆေးအဖြစ် နနွင်းခါး မှုန့် နံနက်/ည ၂ ပဲသားခန့်၊ ရေနွေး နှင့် (၃)ရက်သောက်ရပါမည်။ ဒုတိယဆေးအဖြစ် သက်ရင်းရွက်အစို ၅ကျပ် သားကို ရေ ၂၄ အောင်စဝင် ပုလင်း ဖြင့် တစ်ဝက်ပမာဏ ခန်းအောင် ပြုတ်ပြီး ကျန် ၁၂ အောင်စ ရေကို နံနက်/ည ၃ ရက် သောက်ရပါမည်။ တတိယဆေးအဖြစ် မြင်းခွာရွက် ၃ ကျပ်သားသတ္တုရည်ကို ၂ခွက်စာပြုတ် ၍ နံနက်/ည ၃ ရက် သောက်ရပါ မည်။ ဆေးသောက်ရန် အသေးစိတ် အစီအစဉ်များမှာ ရောဂါနုလျှင် ပထမ ဆေးကို ၃ ရက်သောက်ပါက သွေးပေါင်ချိန် ကျနိုင်ပါသည်။ ရောဂါအလတ်စားဖြစ်၍ ပထမ ဆေးကို ၃ရက်သောက်ပြီးသည့်တိုင် သွေးပေါင်ချိန်မကျလျှင် ဒုတိယဆေး ကို ထပ်မံပြီး ၃ရက်သောက်ပါကသွေးပေါင်ချိန်ကျ
ဆင်းပါမည်။ ရောဂါရင့်၍ ပထမဆေးနှင့် ဒုတိ ယဆေးများကို သောက်ပြီးသည့်တိုင် သွေးပေါင်ချိန် မကျလျှင် တတိယဆေး ကို သောက်ရပါမည်။ တတိယဆေး ၃ရက်သောက်ပြီးလျှင် သွေးပေါင်ချိန် ကျဆင်းပါမည်။ သတိပြုရန်မှာ ပထမဆေး ၃ရက် သောက်ပြီးပါက အအေးသွေး တိုး၊ ဆီးဝမ်းလေမှန်ဆေးကို ညအိပ် ရာဝင်သောက်ရပါမည်။ ထို့အတူ ဒုတိယဆေးနှင့် တတိယဆေးတို့ကို လည်း ၃ရက်သောက်ပြီး ညအိပ်ရာ ဝင်လျှင် ၄င်းအအေးသွေးတိုး၊ ဆီးဝမ်း လေမှန်သောဆေးကို သောက်ရပါ မည။် အအေးသွေးတိုး ဆီးဝမ်းလေမှန် ဆေးမှာ -မင်းကိုကာ၊ မန်ကျည်းနှစ်၊ သကြား ၅ ကျပ်သားစီ၊ ပိတ်ချင်း ၈ ပဲသား၊ ချင်း ၄ ပဲသား၊ ငရုတ်ကောင်း ၂ပဲတို့တွင် မင်းကိုကာ၊ ပိတ်ချင်း၊ ချင်း၊ ငရုတ်ကောင်းလေးမျိုးကို အမှုန့် ပြု၊ မန်ကျည်းသီး၊ သကြားတို့ဖြင့် ရောနှောပြီး ညအိပ်ရာဝင် ၈ ပဲသား ခန့် သောက်၊ ဝမ်းပိုဆင်းလိုပါက ၁ ကျပ်သား စားရပါမည်။ ပထမ၊ ဒုတိယ၊ တတိယ ဆေး သုံးမျိုးစလုံး ၃ရက်စီသောက်သော် လည်း သွေးပေါင်ချန် မကျသေးပါက ဆေး ၃ မျိုးစလုံးကို ပြန်၍ အထက် ပါ အစီအစဉ်အတိုင်း ၃ရက်စီ ပြန်၍ သောက်ပါက သွေးတိုးရောဂါ သက် သာပျောက်ကင်းပါမည်။

(၇) [B]အအေးသွေးတိုး[/B]အတွက် စားသုံးရန် အသီးအရွက်များမှာ ခွေးတောက်၊ မြန်မာကုဣို၊ ဥသျှစ်ရွက်၊ ရဲယို၊ ပြည်ဝန်းညို၊ ကြောင်ပန်းရွက်၊ ခံတက်၊ ကြိတ်မှန်၊ ငါးရံ့စတူ၊ ကြာ ဟင်း၊ ဒန့်သလွန်သီး/ရွက်စသည်တို့ ဖြစ်ပါသည်။

(၈) [B]အပူသွေးတိုး[/B]အတွက် စားသုံးရန်ဆေး အပူသွေးတိုးရောဂါ အတွက် ပထမဆေးအဖြစ် ပထမ၃ရက် နံနက်ပိုင်း ရေနွေးပူပူ ၃ အောင်စတွင် သံပရာရည် ၁အောင်စ ရော၍ နံနက် ၆ နာရီအချိန်တိုင်း နွေးနွေး သောက်ရပါမည်။ ဒုတိယ ဆေးအဖြစ် ဒုတိယ ၃ရက် နံနက် ၆ နာရီနှင့် မွန်းလွဲ ၁နာရီအချိန်တို့တွင် ရေနွေးပူပူ ၅ အောင်စတွင် သံပရာ ရည် ၇ အောင်စဝက် နှင့် သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းဖြင့် ချိုချဉ် မျှ အရသာပေါ်အောင် ဖျော်ပြီး နေ့စဉ် ၃ရက် ဆက်သောက်ရပါမည်။ တတိယ ဆေးအဖြစ် တတိယ ၃ရက် နံနက်၊ ည လယ်ပဒူရွက် ၁၀ ကျပ် သားကို ရေ ၃၀ ကျပ်သားနှင့် ပြုတ် ၍ တစ်ဝက်ခန့် အအေးခံပြီး ဆေး (၃ရက်စာဖြစ်၍) ၃ရက် သောက်ရပါ မည်။ ၄င်းဆေးများ သောက်သော် လည်း သွေးတိုးချိန် မကျပါက အကြောပေါင်း တစ်ထောင်ပင် ပဉ္စငါးပါး (အချို့အရပ်ဒေသတွင် ဖါးကြောပင်ဟုခေါ်သည်) ၁၀ ကျပ် သားကို ရေ ၃ကျပ်သားဖြင့် ပြုတ်၍ တစ်ဝက်ခန့် အအေးခံပြီး နံနက်၊ ည (၃ ရက်စာဖြစ်၍) ၃ရက်ဆက်သောက် ရပါမည်။ (ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတွင် ၁၉၇၅ နှင့် ၁၉၇၇ ခုနှစ်များက မဟာ သိပ္ပံဘွဲ့ကျမ်းအတွက် သုတေသနပြုစု တင်သွင်းရာတွင် အကြောပေါင်း တစ်ထောင်ပင်၏ သွေးတိုးကျစေမှု အာနိသင်ကို တွေ့ရှိခဲ့ရကြောင်း ဖတ်ရှုလေ့လာဖူးပါသည်။) အထက်ဖော်ပြပါအတိုင်း သောက်သုံးပါက ရောဂါသက်သာ ကြောင်း တွေ့ရှိရပါမည်။ သတိပြုရန်မှာ -ဆေးသောက်ြပီး ၃ရက်ပြည့်သောရက်တိုင်း ညအိပ်ရာ ဝင်လျှင် အပူသွေးတိုး၊ ဆီးဝမ်း၊ လေမှန်ဆေးကို ၈ပဲသားခန့် သောက် ရပါမည။် အပူေူသွေးးတိုးး ဆီးး၊ ဝမ်းး၊ လေမှန်ဆေးမှာ-မင်းကိုကာ၊ ပွေး ကိုင်း၊ မန်ကျည်းနှစ်၊ သကြား ၅ ကျပ်သားစီတွင် မင်းကိုကာ၊ ပွေးကိုင်း ကို အမှုန့်ပြု၍ မန်ကျည်းနှစ်၊ သကြား တို့ဖြင့် ရောစပ်ပြီး ညအိပ်ရာဝင် ၈ ပဲသားခန့် ရေအေးဖြင့် သောက်ပေး ပါ။ ဝမ်းဖောဖောသွားလိုက ၁ကျပ် သားခန့် စားရန် ဖြစ်ပါသည်။

(၉) [B]သွေးတိုးရောဂါ[/B]ကို သက်သာစေသော နည်း မှာ မိုးနံမြစ်၊ ဘုမ္မရာဇာ၊ ဆေးပုလဲ၊ ကန့်ကလာ (ပဉ္စ ငါးပါး)၊ ဧကရာဇ် (အမြစ်၊ ပင်စည်)၊ ဆင်တုံးမနွယ် (ပင်စည်)၊ ငရုတ်ခါး (ခေါ်) ဆေးခါးကြီး စသည်တို့ကို ဆတူ ပမာဏ ရောစပ်၍ ဆေးပြားရိုက်ပြီး တစ်ကြိမ်သောက်လျှင် ဆေးပြား ၂ ပြားမှ ၃ ပြားနှုန်းဖြစ်စေ၊ အမှုန့်ဖြစ် ပါက ၂ပဲသားခန့်ဖြစ်စေ သွေးပေါင် ချိန်အခြေအနေပေါ်မူတည်ပြီး တစ်နေ့ နှစ်ကြိမ်ခန့် သောက်နိုင်ပြီး အရေးပေါ် သွေးကျဆေးအဖြစ် ကန့်ကလာ သို့မဟုတ် တောနှမ်းကို ထန်းလျက် ကျိုပြီး အကြမ်းပန်းကန်တစ်လုံး ပမာဏ ပူပူမှုတ်သောက်ပါက သွေး တိုးကျနိုင်ပါသည်။ (တိုင်းရင်းဆေး ကောင်စီဝင် တိုင်းရင်းဆေးသမား တော်ကြီးတစ်ဦး တိုင်းရင်းဆေးသမား တော်များ ညီလာခံတွင် တင်သွင်းခဲ့ သော သုတေသနစာတမ်းပါဆေးနည်း ဖြစ်ပါသည်။)

(၁၀) [B]အပူသွေးတိုးရောဂါ[/B]အတွက် စားသုံးရန် အသီး၊ အရွက်များ ရှောက်ချိုသီး၊ ကျွဲကောသီး၊ နာနတ်သီး၊ ကဗ္ဗလာသီး၊ လိမ္မော်သီး၊ သလဲသီး၊ စပျစ်သီး၊ ဆီးတော်သီး၊ သရက်မရမ်း သီး၊ သံပရာတို့ကို ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပြီး မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ကင်မလင်း၊ ကုလား ပဲ၊ ခွေးတောက်ရွက်၊ မုန်လာဥ၊ မုန် ညင်းချဉ်၊ မုန်ညင်းချဉ်ရွက်၊ ဥကန် စွန်းရွက်၊ ကျောက်ဖရုံသီး၊ ဘူးရွက် ချဉ်ရည်ချက်၍ စားနိုင်ပါသည်။ အစာ လည်းဆေး၊ ဆေးလည်းအစာအဖြစ် ကြက်ပေါက် ၂၅ ကျပ်သား၊ ၃၀ ကျပ်သားခန့် တစ်ကောင်ကို ပြုတ်၍ သံပရာရည်နှင့် ဆမ်းပြီး သောက်ရ ပါမည်။

(၁၁) [B]သွေးတိုးရောဂါ[/B]အတွက် ရှောင်ကြဉ်ရန် အစားအစာများမှာ အဆီအစေးများသော ငကျွဲ၊ ပေါ်ဆန်း မွှေးအစရှိသော ဆန်များ၊ ပတ်ဖွဲ့စေ တတ်သော စားအုန်းဆီ၊ ပဲဆီ၊ ဘဲသား၊ ဝက်သား၊ အမဲသား၊ ငါးဖယ်၊ ငါးဘက်၊ ငါးခုံးမ၊ ပုစွန်ဆိတ်၊ ပုဇွန် လုံး၊ ပုစွန်ချဉ်၊ ငါးသလောက်၊ ကဘီလူး၊ ပဲငါးပိ၊ ပဲကြီး၊ ဥအမျိုးမျိုး၊ ငှက်ပျောသီး၊ ပိန္နဲသီး၊ ဩဇာသီး၊ မာလကာသီး၊ ဒူးရင်းသီး၊ ဖရုံသီး၊ ရုံးပတီသီး၊ ကြက်ဟင်းခါးသီး၊ ကြောင် လျှာသီး၊ မှိုအမျိုးမျိုး၊ ကညွှတ်၊ အင်ဥ၊ နံနံပင်၊ စပလင်၊ မျှစ်၊ မျှစ်ချဉ်၊ ပီလောပီနံ၊ မဲဇလီရွက်၊ ကောက်ညှင်း၊ အုန်းနို့ပါသော မုန့်အမျိုးမျိုး၊ ပုန်း ရည်ကြီး၊ လက်ဖက်၊ ချိုသော၊ ဆိမ့် သော၊ ဖန်သောအရသာရှိသည့် အစားအစာများ၊ ဆိုဒါပါသော အစား အစာများ၊ နံပြား၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ရေခဲမုန့်၊ ချောကလက်နှင့် အငန် အရသာ လွန်ကဲသော အစားအစာ များဖြစ်သည်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဆားငန်သီး၊ ဆီးငန်သီး၊ စည်သွတ်အစားအစာများ၊ မုန်လာဥနီ စသည်တို့ ဖြစ်ကြသည်။

(၁၂) [B]သွေးတိုးရောဂါ[/B]များကို ကာကွယ်ရန်နည်းလမ်းများမှာ အအေးလွန်ကဲသောနေရာတွင် နေ ထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ စိတ်ကို တည်ငြိမ်ပျော်ရွှင်စွာ နေထိုင် ခြင်း၊ မေတ္တာ ဘာဝနာပွားများခြင်း၊ သင့် တင့်လျောက်ပတ်သော ကိုယ်လက် လှုပ်ရှားမှု ပြုခြင်း၊ (ဥပမာ-လမ်း လျှောက်ခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ခြင်းလုံးခတ်ခြင်း) အဆီအစေး၊ အသား ဓာတ်များ သော အစားအစာများကို လျှော့စားခြင်း၊ ပူ ခါး ချဉ် စပ် အရသာရှိ အစာများကို စားသုံး ခြင်း၊ သတိတရားအစဉ်ထားရှိခြင်း၊ အနားယူအပန်းဖြေခြင်း၊ အရက် သောက်ခြင်း၊ ဆေးလိပ် သောက်ခြင်းနှင့် လက်ဖက်ရည်အလွန်အကျွံ သောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ အမျိုးသမီးများအနေဖြင့် ပဋိသန္ဓေ တားဆေးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ တင်းတိမ် ရောင့်ရဲမှုရှိခြင်း၊ ဒေါသကို ထိန်းသိမ်းတားဆီးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းကျန်းမာရေးကို ဂရုပြုဆောင်ရွက်ခြင်း၊ ဆားကို လျှော့စားခြင်း၊ အငန်ဓာတ်များသော အစားအစာများ၊ အတက်စာများ၊ ကြေကျက်ခဲသော အစားအစာ၊ ဆား နှင့် ဆိုဒါပါသည့် ခေါက်ဆွဲ၊ နံပြား၊ ကိတ်မုန့်၊ ဖျော်ရည်အမျိုးမျိုးတို့ကို သောက်ခြင်းများမှ ရှောင်ကြဉ်ခြင်း၊ ဒိန်ခဲများ၊ ဝက်ဆီ၊ ထောပတ်၊ အုန်း သီး၊ မြေပဲဆီ၊ ဝက်သားနှင့် ပြုပြင် ထားသည့် အသားများ၊ အဆင်သင့် စားနိုင်သည့် အစားအစာများနှင့် စက်ရုံထုတ် စည်သွတ်ဘူးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ လတ် ဆတ်သော အသားနှင့် ဟင်းသီးဟင်း ရွက်များကို စားသုံးခြင်း၊ ဆိုဒီယမ်များ ပါဝင်သည့် ဆေးဝါးများနှင့် အစား အစာများကို မသုံးစွဲခြင်း၊ မျိုးရိုးထဲ တွင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက် ကပ်ရောဂါရှိသူများအနေဖြင့် သွေး ပေါင်ချိန်ကို မှန်မှန်ချိန်ရန်၊ ခန္ဓာကိုယ် ဝဖြိုးနေပါက ကိုယ်အလေးချိန် လျှော့ချရန် အဆီ အဆိမ့် အချို ဆားနှင့် အငန်အရသာရှိသော အစား အစာများကို လျှော့စား၍ ဟင်းသီး ဟင်းရွက် သစ်သီးတို့ကို စားခြင်းတို့ ဖြစ်ပါသည်။

[B](၁၃) သွေးတိုးရောဂါနှင့် ပတ်သက်သည့် သိရှိထားသင့်သည့် အချက်များ[/B]

(က) သွေးတိုးရောဂါသည် ခန္ဓာကိုယ် ၀သူဖြစ်စေ၊ ပိန်သူဖြစ်စေ နှစ်ဦးစလုံး တွင် ဖြစ်ပွားစေနိုင်ခြင်း၊

(ခ) သွေးတိုးရောဂါသည် ဆင်းရဲ ချမ်းသာမရွေး ဖြစ်ပွားနိုင်ခြင်း၊

(ဂ) ခေါင်းမူးခြင်း၊ ဇက်ကြောထိုးခြင်း မခံစားရသော်လည်း သွေးတိုးရောဂါ ရှိနိုင်ခြင်း၊

(ဃ) သွေးတိုးကျဆေးတို့ကို တတ်ကျွမ်း သူဆေးပညာရှင် (အနောက်တိုင်း ရော၊ အရှေ့တိုင်းဆေးပညာရှင်များ) များ၏ ညွှန်ကြားချက်အတိုင်းသာ သောက်သုံးခြင်း၊

(င) သွေးကျဆေးအနေဖြင့် အမျိုးအစားပေါင်း မြောက်မြားစွာ ရှိသော်လည်း လူတစ်ဦးနှင့် တစ်ဦး၏အသက်အရွယ်၊ ရောဂါအခြေအနေများ စသည့်အချက်များအပေါ် မူတည်ပြီး သောက်သုံးရမည့် ဆေးမတူညီ ကြောင်း၊ မိမိသောက်နေသည့် ဆေး ကို အခြားသူအား သောက်စေရန် လက်ဆင့်ကမ်းညွှန်းခြင်း မပြုမိရန် လိုအပ်ခြင်း၊

(စ) မိမိတွင် သွေးတိုးရောဂါရှိမှန်း သိရှိပြီးနောက် သင့်လျော်သော ဆေးများဖြင့် စနစ်တကျ ကုသမှု ပြုခြင်း၊ ဆေးဝါးများ မှန်မှန်သုံးစွဲပါက သွေးတိုးရောဂါကြောင့် ဆင့်ပွား နောက်ဆက် တွဲ ရောဂါများဖြစ်သော နှလုံးသွေး ကြောကျဉ်းနှင့် နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ရုတ်တရက် သေဆုံးခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပွားမှု အ္တရာယ်အတွက် မပူပင်ရ တော့ခြင်း၊

(ဆ) သွေးပေါင်ချိန်ကို စနစ်တကျ မှန် မှန်ချိန်ပေးရန် (ကိုယ်လက်လှုပ်ရှားထားခြင်း၊ စိတ်လှုပ်ရှားမှုရှိခြင်း၊ ကိုယ် လက်မအီမသာ ဖြစ်နေခြင်းနှင့် အနေ စိမ်းသော ပတ်ဝန်းကျင်တွင် ရောက်ရှိ နေခြင်းများ ဖြစ်ပါက တစ်ခဏတာ သွေးပေါင်ချိန် မြင့်တက်စေသဖြင့်) သွေးပေါင်ချိန်သည့်အခါတိုင်းတွင် ပူပင် သောကမရှိဘဲ စိတ်ရောကိုယ်ပါ နားနေပြေလျော့နေရန် လိုအပ်ပါ သည်။ မိမိအစီအစဉ်ဖြင့် သွေးပေါင် ချိန်မည်ဆိုပါက သွေးပေါင်ချိန် မတိုင် မီ ငါးမိနစ်ခန့် အနားယူရန်နှင့် သွေး ပေါင်ချိန် မတိုင်းမီ မိနစ် ၃၀ အတွင်း ဆေးလိပ်၊ ကဖင်းဓာတ်ပါသည့် လက်ဖက်ရည်၊ ကော်ဖီနှင့် အားဖြည့် အချိုရည်တို့ကို မသောက်သုံးမိရန်၊မကြာသေးမီက စစ်ဆေးထားသော သွေးပေါင်ချိန်တိုင်း ကိရိယာကိုသာ အသုံးပြုရန်နှင့် နှစ်မိနစ်ခြား၍ နှစ်ခု ထက် မနည်းတိုင်းတာသော သွေး ပေါင်ချိန်အမှတ်ကိုပေါင်းပြီး ပျမ်းမျှ တွက်ခြင်းဖြင့် သွေးပေါင်ချိန် အမှန်ကို အနီးစပ်ဆုံးရယူပြီး သွေးတိုး၊ မတိုး စစ်ဆေးရပါမည်။

(ဇ) သွေးတိုးဝေဒနာရှင်တိုင်းသည် ဆေးပညာရှင် (အနောက်တိုင်းရော၊ အရှေ့တိုင်းပညာရှင်) တစ်ဦးဦးနှင့် တစ်ကြိမ်တစ်ခါ တိုင်ပင်ကာ သွေးကျ ဆေးများ စားပြီး သွေးပေါင်ချိန် တိုင်းတာကြည့်၍ သွေးပေါင်ချိန် ကျသွားရုံဖြင့် သွေးတိုးရောဂါ ပျောက် သွားပြီဟု ယူဆပြီး အစားအသောက် အနေအထိုင် မဆင်မခြင် ပြုခြင်းများ ကို ရှောင်ကြဉ်သင့်ပြီး သွေးပေါင်ချိန်ကို စနစ်တကျ အချိန်မှန်မှန် ဂရုပြုစစ် ဆေးသင့်ပါသည်။

(ဈ) သွေးတိုး ရောဂါရှိသူများအနေဖြင့် လေနာ/သလိပ်ကပ်ချောင်းဆိုးခြင်း အတွက် စားသုံးသော တိုင်းရင်းဆေးခန်းသုံးဆေးအမှတ် (၂) (လေမျိုးရှစ် ဆယ်ဆေး)၊ အစာအိမ်ရောဂါ၊ လေထိုးလေအောင့်အတွက် စားသုံးသော တိုင်းရင်းဆေးခန်းသုံးဆေးအမှတ် (၃) (ဆားတစ်ဆယ့်တစ်ပါးဆေး)၊ သလိပ် ပန်းနာအတွက် တိုင်းရင်းဆေးခန်းသုံး အမှတ် (၄) (ပန်းနာ ချွဲ ယိုင်ဆေး)၊ အပူငန်းဖျား၊ ချွဲသလိပ်ခြောက်နာဖျား အတွက် စားသုံးသော တိုင်းရင်း ဆေးခန်းသုံးဆေးအမှတ် (၆) (ဟလိဒ္ဒ စုဏ္ဏငန်းဆေး)၊ ချောင်းဆိုး/အစာအိမ် ရောဂါအတွက် စားသုံး သော တိုင်းရင်း ဆေးခန်းသုံးဆေးအမှတ် (၇) (နွယ်ချို ကဲချောင်းဆိုးလျက်ဆား) မျက်စိ၊ မီး ယပ်၊ ဒူလာရောဂါများအတွက် စား သုံးသော (ဆားလှော်ထည့်၍ ဖော်စပ် ထားသည့် တိုင်း ရင်း ဆေးခန်းသုံး ဆေးအမှတ် (၁၂-က) (စက္ခုပါလ ဆေး-၁)၊ အအေးပတ်ဖွဲ့သောရောဂါ များအတွက် စားသုံးသည့် တိုင်းရင်း ဆေးခန်းသုံးဆေးအမှတ် (၂၄) (လေး ညှင်းကလာပ် ဆေး)၊ အစာမကြေ၊ အဖျား၊ အအေးပတ်ခြင်းအတွက် စား သုံးသည့် တိုင်းရင်းဆေးခန်းသုံးဆေး အမှတ် (၂၅) (မတဲမြင့်မိုရ်ကုန်းဆေး)၊ သွေးပုပ်လေပုပ် ကျန်နေခြင်းနှင့် လေငန်းရောဂါ အတွက် စားသုံးသည့် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ် (၂၈) သက်ရင်းကလာပ်ဆေး) တို့ကို မစားသုံးမိစေရန်ဂရုပြုရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ သွေးတိုးရောဂါသည် သိသာသော လက္ခဏာများ မပြဘဲ ဖြစ်ပွားနိုင်ခြင်းကြောင့် မိမိ၏ သက်ရှည်ကျန်းမာရေးအတွက် သွေးတိုးရှိ၊ မရှိ ခြောက်လတစ်ကြိမ် (အကြိမ်စိတ် ၍ တိုင်းတာလျှင် ပို၍ ကောင်းပါ သည်။) စနစ်တကျ တိုင်းတာခြင်း၊ မိမိ၏ ကျန်းမာရေးဆိုင်ရာ အချက် အလက်များကို ဆေးပညာရှင် တစ်ဦး ဦးနှင့် အမြဲတမ်း ဆွေးနွေးတိုင်ပင် လျက် မိမိ၏ နေ့စဉ် စားသောက်နေ ထိုင်မှုပုံစံကို အထူးအလေးထား ဆင်ခြင်ခြင်း၊ ကြိုတင်ကာကွယ်သည့် နည်းလမ်းများ ဆောင်ရွက်ခြင်း၊ လိုအပ်ပါက ဆေးများ စနစ်တကျ မှန်မှန်ကန်ကန် စားသုံးခြင်းဖြင့် လူ့ သက်တမ်းကို တိုစေ၊ ဖြစ်ပွားမှုလည်း များ၊ အခြားဆင့်ပွားရောဂါများတို့ ဖြစ်စေတတ်သည့် သွေးတိုးရောဂါ၏ အ္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။
Health Digestမှ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!