Popular Posts!

Tuesday, November 6, 2012

Visa Card များ မြန်မာပြည်မှဘဏ် ၃ဘဏ်မှာသုံးနိုင်တော့မယ်!

အမေရိကန် ဗီဇာကတ် ကုမ္ပဏီ နှင့် မြန်မာ ပုဂ္ဂလိက ဘဏ်သုံးဘဏ်ဖြင့် ပူးပေါင်းဆောင်ရွက်

အမေရိကန် ဗီဇာကတ်ကုမ္ပဏီ နှင့် မြန်မာ ပုဂ္ဂလိက  ဘဏ်သုံးဘဏ်ဖြင့် ပူးပေါင်းဆောင်ရွက်မြန်မာနိုင်ငံ၌ ဗီဇာကတ် အသုံးပြုနိုင်ရန် အတွက် အမေရိကန် ဗီဇာကတ် ကုမ္ပဏီက မြန်မာ ပုဂ္ဂလိက ဘဏ်များဖြစ်သော ကမ္ဘာဇဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ် တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ယနေ့တွင် သဘောတူ လက်မှတ်ရေးထိုး လိုက်ကြောင်းသိရသည်။ ပြည်ပမှ မည်သည့်နိုင်ငံသား မဆို ၄င်းပိုင် ငွေစာရင်း ဖွင့်ထားပြီး အသုံးပြုမည့် ဗီဇာကတ်ကို ယူဆောင် လာပါက ဗီဇာကတ် အသုံးပြုနိုင်သည့် စက်တွင် မြန်မာငွေဖြင့် လဲလှယ် အသုံးပြုနိုင်မည် ဖြစ်သလို၊ ဗီဇာကတ် လုပ်ထားသည့် မြန်မာနိုင်ငံသား တစ်ဦးမှာလည်း မြန်မာငွေသာ ထည့်ထားပြီး သွားရောက်မည့် နိုင်ငံ တို့တွင် ဒေသ သုံးငွေ (သို့မဟုတ်) ကန်ဒေါ်လာ အသုံးပြုနိုင်မည်ဖြစ်သည်။

စံကျော်-Popularmyanmar

ကမ္ဘာ့ကြီးဆုံး ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် VISA မှ မြန်မာ နိုင်ငံတွင် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီပံ့ပိုးသွားမည် ဖြစ်ရာ ပထမဦးဆုံးအနေဖြင့် ကမ0x081ဘောဇ ဘဏ်၊ သမဝါယမဘဏ် (CB ဘဏ်)၊ မြန်မာ အရှေ့တိုင်း ဘဏ် ( MOB ဘဏ်) တို့ဖြင့် ပထမဆုံးလိုင်စင်သ ဘောတူညီချက်ကို ယနေ့ နိုဝင်ဘာ ၃ ရက်တွင် သဘော တူ လက်မှတ်ရေး ထိုးလိုက်ကြောင်း သိရ သည်။
အဆိုပါ သဘောတူညီချက်ကို လာမည့် ၂၀၁၃ ဆီးဂိမ်းအမီအကောင် ထည်ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံအတွင်း VISA ငွေထုတ်ကဒ်များကို ATM စက်များနှင့် Point Of Sales  နေရာများတွင် လက်ခံ အသုံးပြုသွား နိုင်မည် ဖြစ်ပြီ အဓိကအားဖြင့် စီးပွားရေးနှင့်နိုင်ငံခြားခရီးသွား ဌာနတွင် အကျိုး ကျေးဇူး များ ရှိလာမည် ဟု ဘဏ်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းက မှတ်ချက်ပေးကြသည်။
မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုအောက်တွင် ပထမဦး ဆုံးအနေဖြင့် ကမ္ဘာဇဘဏ်၊ သမဝါယမဘဏ် (CB ဘဏ်)၊ မြန်မာ အရှေ့တိုင်း ဘဏ် ( MOB ဘဏ်)တို့နှင့် ချိတ်ဆက် လုပ်ကိုင်ရသည့် အတွက် VISA အဖွဲ့၏ အရှေ့တောင် အာရှနှင့် ဩစတြေးလျ-အာရှဆိုင်ရာ မန်နေဂျာ ပီဟာမေဟာက ဝမ်းသာ ဂုဏ်ယူကြောင်း သဘောတူ စာချုပ်ချုပ် ဆိုသည့် နိုဝင်ဘာ ၃ ရက် တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်အသုံးပြုသွား မည့် VISA ကတ်များတွင် အကြွေးဝယ် ကတ်၊ မြီစားကတ်၊ ကြိုတင်ပေးကတ် များ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။  လတ်တလောစစ်တမ်း ကောက် ယူချက်များအရ ကမ္ဘာလှည့် ခရီးသွား များ၏ VISA ကတ် အသုံး ပြုမှု မှာ အာရှပစိဖိတ်ဒေသအတွင်းတွင် ၆၄ ရာခိုင်နှုန်းခန့်ရှိပြီး ၅၃ ရာခိုင်နှုန်းမှာ ကမ္ဘာအနှံ့ရှိ ATM  စက်များမှ ငွေထုတ် ယူကြောင်းသိရသည်။
ကမ္ဘာပေါ်တွင် VISA Net (VISA ကွန်ရက်)လည်ပတ်မှုဖြင့် တစ်စက္ကန်ကန့်လျှင်ငွေပေးချေမှုပေါင်း ၂၄၀၀၀ ကို  တစ်ပြိုင်နက်တည်း ဝန်ဆောင် မှုပေးနိုင်ပြီး သုံးစွဲသူများအတွက် လုံခြုံစိတ်ချရသည့် ကာကွယ်မှုကို ပေးနိုင်ကြောင်း လည်း သိ ရ သည်။
Ref:theyangonjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!