Popular Posts!

Tuesday, November 6, 2012

မြန်မာ့စတော့အိတ်ချိန်း ၂၀၁၅တွင် ပေါ်ထွက်ရန် ခက်ခဲနိုင်!

ပြည်တွင်း စတော့အိတ်ချိန်း ၂၀၁၅တွင် ပေါ်ထွက်ရန် ခက်ခဲနိုင်


 
လာမည့် ၂၀၁၅တွင် ပြည်တွင်း စတော့ အိတ်ချိန်း ပေါ်ပေါက်ရန် အများပိုင် ကုမ္ပဏီများ လိုအပ်လျက်ရှိရာ လက်ရှိ အချိန်တွင် အများပိုင် ကုမ္ပဏီများမှာ နည်းပါးနေခြင်းကြောင့် ၂၀၁၅တွင် စတော့ အိတ်ချိန်း ပေါ်ပေါက်လာရန် ခက်ခဲနိုင်ကြောင်း စီးပွားရေး ပညာရှင် များက သုံးသပ်ပြောဆိုသည်။
 
"အခုက အများပိုင် ကုမ္ပဏီဆိုလို့ နှစ်ဆယ်ကျော် လောက်ပဲ ရှိသေးတာ၊ လာမယ့် ၂၀၁၅ မှာတော့ ဈေးကွက် ပေါ်ဖို့ အလားအလာက နည်းသေး တယ်" ဟု စတော့ဈေးကွက်နှင့် ကုမ္ပဏီ များလမ်းညွှန် ဦးငွေသိမ်းက လူထုပုံရိပ် သို့ပြောသည်။ နိုင်ငံတကာတွင် အများပိုင် ကုမ္ပဏီ များအား ပုဂ္ဂလိကမှ သီးခြား လွတ်လပ် စွာ လုပ်ဆောင်နေပြီး လက်ရှိမြန်မာ နိုင်ငံတွင် အစိုးရပိုင်းမှ အများပိုင် နေခြင်းသာဖြစ်ကြောင်း
၎င်းက ရှင်းပြသည်။
"အများပိုင် ကုမ္ပဏီတွေ များများရှိ မှ စတော့ဈေးကွက်က ပေါ်လာမှာ ဒီစတော့ရှယ်ယာတွေကို ရောင်းနိုင် ဝယ်နိုင်တာကလည်း အများပိုင်ကုမ္ပဏီ တွေပဲ အခုက အများပိုင်ကုမ္ပဏီတွေကို သိပ်မလုပ်ကြတော့ ဈေးကွက်ပေါ်ပေါက် ဖို့ဆိုတာ မခန့်မှန်းတက်သေးဘူး" ဟု ၄င်းကဆိုသည်။ လွန်ခဲ့သည့် ၁၀နှစ်ကျော်မှစ၍ မြန်မာနိုင်ငံတွင် စတော့ဈေးကွက် ပေါ်ပေါက်ရန် ဂျပန်ဒိုင်ဝါသုတေသန ဌာနမှ သုတေသီများ လာရောက် လေ့လာခဲ့ပြီး လာမည့်၂၀၁၅တွင် စတော့အိတ်ချိန်းဈေးကွက် ကျယ်ပြန့်စွာ ပေါ်ပေါက်လာရန် ပူးပေါင်းဆောင်ရွက် မှု (MOU)ကို မြန်မာနှင့် ဂျပန်ဒိုင်ဝါ သုတေသနအဖွဲ့နှင့် ယခုနှစ်ဆန်းပိုင်း တွင် လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိအချိန်တွင် အများပိုင် ကုမ္ပဏီပေါ်ပေါက်ရန် အစိုးရပိုင်းမှ ပံပိုးသင့်ပြီး ပုဂ္ဂလိကသီးခြား လွတ်လပ် စွာလုပ်ပိုင်ခွင့်ရှိမှသာ အများပိုင်ကုမ္ပဏီ များယခုထက်ပို၍ များပြားလာမည်ဖြစ် ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ မောင်မောင်စိုးက ပြောသည်။ စတော့အိတ်ချိန်းဈေးကွက်သည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးထိန်းချုပ်မှု နည်းလမ်းတစ်ခုဖြစ်ပြီး ဈေးကွက်တွင် ကျယ်စွာ ပေါ်ပေါက်လာပါက နိုင်ငံ၏ ငွေကြေးဈေးကွက်မှာလည်း မြင့်သွား မည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
ပေါ်ပေါက်လာသော စတော့အိတ် ချိန်းဈေးကွက်တွင် လူတန်းစားမရွေး ပါဝင်လာစေရန် လုပ်ဆောင်သင့်ပြီး စတော့ရှယ်ယာများအား လူအများ လက်ခံနိုင်လောက်သည့် ဈေးနှုန်း အတိုင်းအတာတစ်ခု သတ်မှတ်ပေး၍ နိုင်ငံ၏ ဖွံ့ဖြိုးမှုကိုတိုးတက်ရန် အဆိုပါ လုပ်ဆောင်ချက်သည် အရေးကြီး ကြောင်း ၄င်းက အကြံပြုပြောကြားသည်။ "ဒီစတော့ဈေးကွက်ထဲမှာ ဆိုက်ကားသမားကအစ ပါဝင်နိုင်ရမယ် ဒါမှလည်း နိုင်ငံရဲ့ဆင်းရဲမှုလျှော့ချရေး ဆိုတာဖြစ်လာမှာပါ ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာလည်း ဒီစတော့ရှယ်ယာတွေကို အနိမ့်ဆုံးဈေးနဲ့ပဲရောင်းတာ"ဟု ၄င်းက ရှင်းပြသည်။
လတ်တလောအခြေအနေအရ အများပိုင်ကုမ္ပဏီဖွဲ့စည်းမှုမှာ အားနည်း နေခြင်းကြောင့် ၂၀၁၅တွင် ပေါ်ပေါက် ရန်ခက်ခဲနိုင်ကြောင်း မြန်မာနိုင်ငံ၏ စတော့ဈေးကွက်မှာ ၁၉၆၂ခုနှစ်စစ်တပ် အာဏာသိမ်းပြီး နောက် ဈေးကွက် စီးပွားရေးပျက်ခဲ့ပြားပြီး ယနေ့တိုင် ပြန်လည်ကောင်းမွန်ခြင်း မရှိသေး ကြောင်း ၄င်းထံမှ သိရသည်။
ယခင်က နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက်နှစ်ရှည်စီမံကိန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ဈေးကွက်စနစ်ဖြင့် နိုင်ငံဖွံ့ဖြိုးမှုအား အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း အမျိုးသားစီမံခန့် ခွဲမှုနှင့် စီးပွားရေးဖွံ့တိုးတက်မှုမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ဝါဝါမောင်က ယခုလ ၅ရက်နေ့တွင် UMFCCI ၌ ကျင်းပသော စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖိုရမ် တွင် ပြောကြားခဲ့သည်။

ကျော်သက်အောင်-The Public Image

COMMENT-
ဘဏ်စနစ်တွေဖွင့်ဖြိုးမှ အများပိုင်ကုမ္မဏီဆိုတာဖြစ်လာမှာပါ၊ လုပ်ငန်းတခုစတင်တည်ထောင်ဖို့ မတည်ငွေ အရင်းအနှီးက အရေးအကြီးဆုံးမဟုတ်ဘူးလား? ဒါတွေကို ဘဏ်တွေကဘဲ  လုပ်ငန်း ချေးငွေတွေ လုပ်ပေးနိုင်တာပါလေ!
 
ဆက်စပ်သတင်းများ...
 
အဲ! ပြည်တွင်း စတော့အိတ်ချိန်းတော့ ဘယ်တော့လဲမသိသေးဘူး! လောလောဆယ် အဆင်ပြေနေတာက စကာင်္ပူက စတော့အိတ်ချိန်းတွင်  မြန်မာကုမ္ပဏီများဖြင့်ချိတ်ဆက်ထားသော စကာင်္ပူကုမ္ပဏီများ၏ ရှယ်ယာများ ဈေးမြင့်တက်နေဆဲပါဘဲ.......
 
ကဲ! စတော့ရှယ်ယာဝယ်ရောင်းကစားနေတဲ့အပေါင်းအသင်းများ စိတ်ဝင်စားလိုက်ကျလိမ့်မယ်ထင်ပါတယ်နော် ဒီသတင်းလေးတွေကို......

စင်ကာပူစတော့အိတ်ချိန်းတွင်မြန်မာကုမ္ပဏီများဖြင့်ချိတ်ဆက်ထားသောကုမ္ပဏီများ၏ ရှယ်ယာများဈေးမြင့်တက်

မြန်မာ့စီးပွားရေး ပွင့်လင်းလာသည့်အခွင့်အလမ်းများကြောင့် စင်ကာပူစတော့အိပ်ချိန်းတွင် စာရင်းဖွင့်လှစ်ထားသော မြန်မာကုမ္ပဏီများ၊ မြန်မာနိုင်ငံဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများရှိနေသော ကုမ္ပဏီများ၏ စတော့များသည် စက်တင် ဘာလနှင့် အောက်တိုဘာလအတွင်း မြင့်တက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အလားအလာများကြောင့် အိမ်ခြံမြေလုပ်ငန်းကြီးတစ်ခုဖြစ်သော Yoma Strategic Holdings ၏ ရှယ်ယာများသည် စင်ကာပူစတော့အိပ်ချိန်းတွင် စက်တင်ဘာလကုန်က ၉ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး ရှယ်ယာတစ်စုလျင် စင်ကာပူဒေါ်လာ ၀ ဒသ မ ၄၈၅ ထိရောက်ရှိခဲ့သည်။ အိမ်ခြံမြေ ဈေးနှုန်းတန်ဖိုးများမြင့်တက်လာနိုင်သည်ဟူသော ခန့်မှန်းချက်များကြောင့် ရိုးမ၏စတော့ ရှယ်ယာများသည် ယခုနှစ်အစောပိုင်းကစပြီး ၈၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။Link-http://www.bloomberg.com/quote/YOMA:SP

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများရှိသည့် စင်ကာပူအခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Interra Resources ၏ရှယ်ယာများမှာလည်း စက်တင်ဘာလကုန်က ရှယ်ယာတစ်စုလျှင် စင်ကာပူဒေါ် လာ ၀ ဒသမ ၄၁၅ ထိ ၅ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ Link-http://www.bloomberg.com/quote/ITRR:SP

ထို့ပြင် ယခုနှစ်အစောပိုင်းက မြန်မာအစိုးရထံမှ ကန်ထရိုက်ရရှိခဲ့ပြီးနောက် Ntegrator Internationalဆက်သွယ်ရေးစနစ် ကုမ္ပဏီ၏ရှယ်ယာများသည် ၈ ဒသမ ၅ ရာခိုင်နှုန်းထိ ခုန်တက်ခဲ့ဖူးသည်။
Link-http://www.bloomberg.com/quote/NTEG:SP
 
စင်ကာပူသည် မြန်မာ၏ စတုတ္ထအကြီးဆုံးပို့ကုန် ကုန်သွယ်ဘက်ဖြစ်ပြီး အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုပြုခဲ့သည့် ကာလတစ်လျောက် ကြားခံနိုင်ငံအဖြစ် အားထားကုန်သွယ်ခဲ့ရသည်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၁ ခုနှစ်က ဒေါ်လာ ၃ ဘီလျံထိရှိခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလကုန်ထိ စင်ကာပူကုမ္ပဏီ ၇၄ ခုသည် မြန်မာနိုင်ငံတွင် ဒေါ်လာ ၁ ဒသမ ၈၅၃ ဘီလျံ ကျော်မြှုပ်နှံထားပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် စာရင်းတွင် အဆင့် ၆ နေရာ၌ ရပ်တည်နေသည်။
စင်ကာပူကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ လုပ်ငန်းပေါင်း ၇၇ ခုတွင် လာရောက်မြှုပ်နှံထားခြင်းဖြစ်ပြီး ဆက်လက်၍ မြှုပ်နှံရန် အတွက်လည်း မြန်မာကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
 
စင်ကာပူ Aussino သည် မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန်အတွက် မက်စ်မြန်မာကုမ္ပဏီဖြင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိပြီး မက်စ်မြန်မာကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းများ တွင် လာရောက်မြှုပ်နှံရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
Link-http://www.bloomberg.com/quote/AUS:SP

မက်စ်မြန်မာအနေဖြင့်လည်း စင်ကာပူစတော့အိတ်ချိန်းနှင့် စင်ကာပူအစိုးရမှ အသိအမှတ်ပြုခွင့်ပြုရန် အတွက်မူ အဆင့်ပေါင်းများစွာဖြတ်ကျော်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် ထိပ်ဆုံးနိုင်ငံများ(အမေရိကန်ဒေါ်လာ၊ သန်း)
နိုင်ငံပမာဏ
တရုတ်၁၄၁၄၅ .၅၈၀
ထိုင်း၉၅၆၈ .၀၉၃
ဟောင်ကောင်၆၃၇၁ .၄၉၅
ကိုရီးယား၂၉၆၅ .၀၇၅
ဗြိတိန်၂၇၉၉ .၁၈၅
စင်ကာပူ၁၈၅၃ .၂၃၀
မှတ်ချက်။။၃၀-၉-၂၀၁၂ ရက်နေ့ထိ

မြန်မာ-စင်ကာပူ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ(အမေရိကန်ဒေါ်လာ၊ သန်း)

ဘဏ္ဍာနှစ်ပို့ကုန်သွင်းကုန်စုစုပေါင်း
၂၀၁၀-၂၀၁၁၄၅၆ .၉၉၁၆၄၅ .၃၂၂၁၀၂ .၃၁
၂၀၁၁-၂၀၁၂၅၄၂ .၇၅၂၅၁၆ .၁၃၃၀၅၈ .၈၈
၂၀၁၂-၂၀၁၃(ဧပြီမှ ဇူလိုင်)၉၄ .၃၀၇၈၂ .၇၄၈၇၇ .၀၄
Ref:elevenews

Yoma Strategic Holdings disappoints markets with -S$4.2m profit

This is despite increased sales.
According to OCBC, Yoma Strategic Holdings (Yoma) reported a negative 2Q13 PATMI of -S$4.2m, mostly due to a S$5.4m one-time non-cash share-based payment to the CEO, partially offset by increased sales of residences and land development rights. Here's more from OCBC: Accounting for one-time non-operating expenses, net operating profit would have been S$1.8m – up 33% YoY – which we judge to be mostly in line with expectations. 2Q13 revenue was S$11.6m, increasing 59% YoY mainly due to stronger sales at Pun Hlaing Golf Estate and Star City. Management reports that, since Star City’s acquisition, 249 units out of a total of 528 units in building 3 & 4 have been sold as of 30 Sep 2012 .
Ref:singaporebusinessreview

 

 ရန်ကုန် စတော့အိပ်ချိန်း ဘယ်သူထူထောင်မလဲ

ဦးကြည်မြင့် (လသာ) on Friday, 03 May 2013 14:52
နယူးယောက် စတော့အိပ်ချိန်း တစ်နေ့တာမြင်ကွင်း။ (ဓာတ်ပုံ-AFP)
 နယူးယောက် စတော့အိပ်ချိန်း NYSE တို့ လန်ဒန်စတော့အိပ်ချိန်းတို့ ပါရီဘော့စ် Paris Bourses တို့ အမ်စတာဒမ်ဘော့စ် တို့သည် ကော်ဖီဆိုင်တွင်ထိုင်ကြရင်း စုပေါင်းထူထောင်ခဲ့သော ငွေကြေးအရင်း အနှီးဈေးကွက်များ ဖြစ်ကြသည်။ နောက်မှဥရောပလိုက်ပြီးပြဋ္ဌာန်း ခဲ့ရသည်။ တိုကျိုတို့၊ ရှန်ဟိုင်းတို့ ဟောင်ကောင်တို့ခေတ် ရောက်သောအခါတွင်ကား ဥပဒေအရင်ပြဋ္ဌာန်းပြီး ထူထောင်ခဲ့ပါသည်။
 
မြန်မာစတော့ အိပ်ချိန်းဖွင့်လှစ်ရန် ပဏာမခြေလှမ်းဟု ဆိုရမည့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးက ၁၈-၃-၂၀၁၃ ရက်နေ့တွင် အတည်ပြုလိုက်သည်ဟု မှတ်ယူကာ မှတ်တမ်းတင်ခဲ့ပါသည်။ ယင်းတွင် "ပုဒ်မ ၆၆ (ခ) ၌ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ၀န်ကြီးဌာန (ဘဏ္ဍာရေးနှင့် အခွန်) သည် မြန်မာ့စီးပွားရေးဘဏ်အား ငွေရေးကြေးရေး အဖွဲ့အစည်း မဟုတ်သော အဖွဲ့အစည်း တစ်ခုခုနှင့် ဖက်စပ် ကုမ္ပဏီဖွဲ့စည်းစေပြီး စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ခွင့်ပြုသည်" ဟု ပါရှိပါသည်။
ငွေကြေးကုန်စည် အခြေခံ
စတော့အိပ်ချိန်းများကို နိုင်ငံအများအပြားရှိ မြို့တော်ကြီးများနှင့် မြို့ကြီးများတွင် ဖွင့်လှစ်ထားရှိ ကြပါသည်။ စတော့အိပ်ချိန်းများသည် ငွေချေးသက်သေခံ လက်မှတ်များကို ရောင်းဝယ်ပါသည်။ ဤသို့ ရောင်းဝယ်ရာ၌ ယခုဥပဒေတွင် ပါရှိသည့်အတိုင်း စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက်ဟူ၍ နှစ်ဆင့်၊ နှစ်မျိုးရှိပါမည်။ အထက်က ဒုတိယအပိုဒ် အဆုံးလောက်တွင် စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ငန်းများဟု တွေ့ရပါမည်။
ပြောရလျှင် စတော့အိပ်ချိန်း တစ်ခုခု (သို့မဟုတ်) ကောင်တာဈေးကွက် တစ်ခုခုကို ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တည်ထောင်ခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။ နယူးယောက်မြို့တွင် NYSE နှင့် Amex ဟု စတော့အိပ်ချိန်းနှစ်ခု ထွက်ပေါ်သလို ရန်ကုန်မြို့တွင် ရန်ကုန်စတော့ အိပ်ချိန်းနှင့် အခြားတစ်ခု၊ နှစ်ခု ထွက်ပေါ်လာနိုင်ပါသည်။

ပြည်သူအားလုံး၏ စုဆောင်းငွေများ အတိုးအပွား စားရရန်၊ တကယ်လုပ်သော စီးပွားရေး လုပ်ငန်းများ ချေးငွေ ပေါပေါများများရရန် (ပိုငွေတိုးပွားလိုငွေ မရှားဟု ကျွန်တော် သုံးစွဲလေ့ ရှိပါသည်။) စတော့အိပ်ချိန်းဈေးကွက်နှင့် ခေတ်မီသွက်လက်သော ဘဏ်လုပ်ငန်းများ လိုသည် . . . . .

စတော့အိပ်ချိန်းမှာ မြင့်မားသော သတ်မှတ်ချက် များစွာနှင့် ပြည့်စုံသည့် တောင့်တင်းသော အများစုပိုင် ကုမ္ပဏီကြီးများ၊ အစိုးရ၊ ဒေသအစိုးရ၊ အစိုးရ အဖွဲ့အစည်းကြီးများ၊ နိုင်ငံတကာနှင့် နိုင်ငံခြား အစိုးရ၊ ယင်းတို့၏ အဖွဲ့အစည်းကြီးများ၏ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရာ ဖြစ်သည်။ ကောင်တာဈေးကွက် Over the counter (OTC) market မှာ စတော့အိပ်ချိန်းတွင် စာရင်းမ၀င်နိုင်သော unlisted ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရာ ဖြစ်သည်။
ငွေချေးသက်သေခံ လက်မှတ်ဟူ၍ ယခုဥပဒေကြမ်းတွင် ဖော်ပြသုံးစွဲမှုမှာ အစိုးရငွေတိုက်လက်မှတ် treasury bill၊ ငွေတိုက်စာချုပ် treasury bond၊ အစိုးရ...နိုင်ငံတကာနှင့် စီးပွားရေး အဖွဲ့အစည်းများ၏ ငွေချေးစာချုပ်နှင့် ယင်းအမျိုးအစား တစ်ခုဖြစ်သည့် ဒီဘင်ချာများ၊ bonds and debentures၊ စီးပွားရေး အဖွဲ့အစည်းတို့၏ ရှယ်ယာ၊ စတော့၊ ယင်းတို့ကို ကြိုတင်ဝယ်ခွင့် စတော့ warrants၊ ရွေးချယ်ခွင့်ပါစတော့ options နှင့် အခြားဘဏ္ဍာငွေကြေး အခွင့်အရေးစတော့ rights စသည်များ ပါဝင်သည်။ ကောင်တာဈေးကွက်၌ ယင်းတို့အပြင် မစေ့ရောက်သေးသော ပြေစာ vouchers၊ ကုန်တင်ပို့လွှာ bill of laden၊ ကတိလက်မှတ် promisory note စသဖြင့် တစ်ချိန်တွင် ငွေရမည့် စာရွက်စာတမ်း papers မှန်သမျှ လျှော့လဲ လျှော့ရောင်းဝယ်မှု discounting များကို လက်ခံသည်။ ယုတ်စွအဆုံး ကျွန်တော်ရေးနေကျ စကားလုံးနှင့် ပြောရလျှင် ကျွန်တော်တို့ရပ်ကွက် ဆိုရှယ်လစ်ခေတ်က ဆီစာအုပ်ပေါင်ခြင်း၊ ယနေ့ပင်စင်စာအုပ် ပေါင်ခြင်း စသည်များသည် ကောင်တာခေါ် ဒုတိယဈေးကွက်၌ ငွေချေးသက်သေခံ လက်မှတ်များ (ဘဏ္ဍာရေးကုန်စည် financial product ဟုလည်း ခေါ်သည်) လဲလှယ်ရောင်းဝယ်ခြင်းများပင် ဖြစ်ပါသည်။
ရောင်းချ ထွက်ပြေးခြင်းလား
ယခုတော့ မိမိပိုင်ငွေ၊ မိသားစု မျိုးရိုးစဉ်ဆက်ပိုင်ငွေ၊ အစိုးရ ကျောထောက်နောက်ခံ ဘဏ်ချေးငွေ စသည်တို့ဖြင့် ချေးငွေရယူ ထူထောင်လုပ်ကိုင်ခဲ့ကြသော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများလည်း နှစ် ၂၀ ကျော်ကြာ အစိုးရများ၏ ကျေးဇူးဖြင့် အလွန်တရာ ကြီးမားသော ကုမ္ပဏီကြီးများ ဖြစ်လာကြပါပြီ။ သာမန် ဆန်စက်၊ ဆီစက်၊ ကွာစေ့လှော် လုပ်ငန်းလေးများမှ ဒေါ်လာဝယ်ကုန်သွင်း၊ ကန်ထရိုက်တိုက်များ အသစ်ဆောက် ရွှေဆိုင်ကလေးတွေ ဖွင့်နှင့် ရိုးရိုးသားသား တစ်ဆင့်ချင်း တက်လာသူများရော ထိုင်းသူဌေးဆီမှ စက်လှေငါးစင်းလောက်နှင့် ငါးဖမ်း အခေါက်ခေါက်အခါခါ ပြန်သွားသွင်းရင်း "ဘာလို့ နိုင်ငံခြားသားဆီ သွားလုပ်မလဲ....တို့ဆီမှာ လာလုပ်" ဆိုသူများနှင့် ရတနာပုံ ဆိုက်သွားသူများရော...လူက ချာတိတ်၊ ကိုင်တော့ မြေကြီး၊ ပိုင်တော့ ကျယ်လိုက်သည့်သတင်း ဆက်သွယ်ရေးကွန်ရက် လုပ်ငန်း၊ ပြောမရ ဆိုမရသည့် ဇိုးသမားတို့၏ စားပေါက်ကုန်၊ ဟိုတယ်နှင့် ခရီးသွားက ပါသေးဟု ဆိုရမည့် ထောမှထော ဆိုသူများလည်း (ယခုကဲ့သို့ ခွဲခြားပြရသည်မှာ အားလုံး ခရိုနီ မဟုတ်ပါဟု ရှင်းပြလိုခြင်း ဖြစ်ပါသည်-စာရေးသူ) သူတို့၏ ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများကို အများပိုင်အဖြစ် ပြောင်းလဲရေး Going public ပြုပေးတော့မည့် အသံများ ကြားရသည်။ 
 
ပြည်သူအားလုံး၏ စုဆောင်းငွေများ အတိုးအပွား စားရရန်၊ တကယ်လုပ်သော စီးပွားရေး လုပ်ငန်းများ ချေးငွေ ပေါပေါများများရရန် (ပိုငွေတိုးပွားလိုငွေ မရှားဟု ကျွန်တော် သုံးစွဲလေ့ ရှိပါသည်။) စတော့အိပ်ချိန်းဈေးကွက်နှင့် ခေတ်မီသွက်လက်သော ဘဏ်လုပ်ငန်းများ လိုသည်။ ထို့အတူ စတော့ဈေးကွက်အတွက် အများပိုင် ကုမ္ပဏီကြီးများအဖြစ် ပြောင်းလဲပေးသွားရန် ခြေလှမ်းစနေသူ အမြောက်အမြားကို တွေ့နေရပါပြီ။
ဒီတော့ စတော့ဈေးကွက်တို့၊ ကောင်တာဈေးကွက်တို့ ဖွင့်လှစ် လုပ်ကိုင်မည့် သူများသာ လိုပါတော့သည်။ ပြည်သူနှင့် မီဒီယာတို့ကတော့ ပြောကြမည်။ ရေနံနှင့် ဓာတ်ငွေ့ဆိုလည်း သူတို့၊ ကျောက်မျက်ဆိုလည်း သူတို့၊ ဖုန်းတွေလည်း သူတို့၊ ဂျာနယ် သတင်းစာတွင်လည်း သူတို့၊ ကန်ထရိုက်တို့ တစ်စပ်တည်း လယ်ယာတို့ လုပ်ဦးမလား...သူတို့ပဲဆိုတော့ သူတို့ရှယ်ယာ ထုတ်ဝေထုခွဲ ရောင်းချမည့် ဈေးကွက်ကြီးများလည်း သူတို့ပဲ လုပ်ကြလိမ့်မည် ဟူ၍။
တစ်ခုတော့ ရှိသည်။ စတော့ဈေးကွက်သည် မြန်မာနိုင်ငံ အနေအထားနှင့် တစ်ခုတည်းသာ ဖွင့်နိုင်မည်။ ယခု ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် စုဆောင်းဝယ်ယူမည့် ပြည်သူများကို အကာအကွယ်ပေးသော အပိုဒ်များ ပါဝင်သလို၊ ဖွင့်လှစ်လုပ်ကိုင်...ပါဝင်ထုတ်လုပ် ရောင်းချလျှော့လဲမည့် စီးပွားရေးသမားတို့အတွက် စည်းမျဉ်းများလည်း ပါဝင်ပါသည်။ တစ်ဖန် မြန်မာ့စီးပွားရေး ဘဏ်နှင့် ဖက်စပ်လုပ်ကိုင်ရန် အဖွဲ့အ
စည်းသစ်တစ်ရပ် ၀ိုင်းဝန်းထူထောင် လက်ကမ်းလုပ်ကိုင်ရမည့် သဘောကို တွေ့ရပါသည်။
ဘယ်လောက် အတိုးနှင့် ဘယ်လောက်ချေးပြီး ဘယ်လောက်အကြွေး ကျန်မှန်းမသိရသော အစိုးရ (မြန်မာ့စီးပွားရေးဘဏ်) ချေးငွေဖြင့် ကြီးထွားပြီးကြသော စီးပွားရေး လုပ်ငန်းကြီးများ ထုခွဲရောင်းချခြင်းသည် ပြည်သူက သူတို့၏ စုဆောင်းငွေဖြင့် ကြားဝင်ဆပ်ပေးခြင်း ဖြစ်ပါသည်။ အများပိုင် ကုမ္ပဏီများအဖို့ ရှုံးလည်းပေးရမည့် အတိုးအစား မြတ်မှခွဲပေးရမည့် ချေးငွေသက်သေခံ လက်မှတ်များ ထုတ်ရောင်း၊ လျှော့လဲ၊ ၀ယ်ယူနိုင်သည့် စတော့အိပ်ချိန်းမှာ ဘာပဲဖြစ်ဖြစ် ပြည်သူအတွက် မြင်သာပွင့်လင်းပြီး အကျိုးကို ပိုမိုရရှိစေပါမည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) နှင့် မြန်မာနိုင်ငံ

worldeconomicforum-july10
နေပြည်တော်တွင် ဇွန်လဆန်းက ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေး မစတင်မီ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်အချို့ကို တွေ့ရစဉ်

မကြာခင်က နေပြည်တော်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum သို့ ရတောင့်ရခဲ တက်ရောက်ခွင့် ရရှိခဲ့သည်။
စာရေးသူ၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့စီးပွားရေး၏ အနာဂတ်လားရာကို သရုပ်ခွဲရန် လက်ရှိပကတိ စီးပွားရေး အနေအထားများနှင့် အနာဂတ်ကာလတွင် ဖြစ်တည်လာနိုင်ဖွယ်ရှိသော စီးပွားရေး အနေအထားတို့ကို ခြုံငုံသရုပ်ခွဲရန်၊ မြန်မာ့စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး အပြန်အလှန် ချိတ်ဆက်နိုင်မှုကို အဖြေရှာရန်၊ ယနေ့မြန်မာ့စီးပွားရေးတွင် အဓိက စီးပွားရေး ပြဿနာကြီးများ (လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ နှစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သော မူဝါဒပိုင်း ချိတ်ဆက်မှု၊ ပို့ကုန်သွင်းကုန် အမျိုးအစား ပြောင်းလဲလာမှုနှင့် ဆက်စပ်လာသော နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ပြောင်းလဲမှု၊ ပို့ကုန်သွင်းကုန် ပမာဏသာမက (Trade Volume) ပို့ကုန်သွင်းကုန် ဖွဲ့စည်းတည်ဆောက်ပုံ (Trade Structure) ကို ပြောင်းလဲနိုင်ရန် လိုအပ်မှု၊ ဘဏ္ဍာရေးလိုငွေ ပြမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် လိုအပ်မှု၊ အခွန်စနစ် ပြုပြင်ပြောင်းလဲရန် လိုအပ်မှု စသဖြင့်) ကို မည်သည့်အချိန်တွင် မည်သို့မူဝါဒ အခြေခံများ (Policy Basement) နှင့် မူဝါဒကိန်းရှင်များ (Policy Variables) ကို အချိန်ကိုက် (Timing ကိုက်ရန်လိုအပ်) လုပ်ဆောင်ရန် လိုအပ်မည်နည်းဟူသော စဉ်းစားစရာပေါင်းများစွာ အတွေးများစွာဖြင့် ယင်းစီးပွားရေး ဖိုရမ်ကို လေ့လာမိခဲ့သည်။
ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာ၏ အာရုံစူးစိုက် ခံနေရချိန် ဖြစ်သည်။ တစ်နည်းအားဖြင့် ရတောင့်ရခဲ အခွင့်အလမ်းကို ရယူနိုင်ရန် ကြုံဆုံနေသော အချိန်လည်းဖြစ်သည်။ အကယ်၍ ယင်းအခွင့်အလမ်းကို လက်လွတ်ခဲ့ပါက (မရယူနိုင်ပါက) နောက်နောင်မည်သို့သော အချိန်တွင် အခွင့်အလမ်းမျိုး ရယူနိုင်မည် ဆိုသည်ကို မပြောနိုင်ပါ။
တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ အစရှိသော ဒေသတွင်းနိုင်ငံများ သည်ပင်လျှင် ယင်းတို့နိုင်ငံများ၌ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသားစီးပွားရေး အားကောင်းမောင်းသန် ဖွံ့ဖြိုးရေးအတွက် တစ်ခါတစ်ကြိမ် ကြုံကြိုက်ခံရသော အခွင့်အလမ်း (အခင်းအကျင်း)ကို "အရအမိ ရယူနိုင်ခြင်း" ဟူသော ယင်းနိုင်ငံခေါင်းဆောင်များ၏ အရည်အသွေးက ကမ္ဘာ့စီးပွားရေး သမိုင်းတွင် ထင်ကျန်ရစ်ခဲ့သည်ကို စီးပွားရေး လေ့လာသူတိုင်းက အသိအမှတ် ပြုထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်လာမည့် ရင်းနှီးမြှုပ်နှံမှုများမှသည် ယင်းတို့၏ နိုင်ငံများသို့ တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ကောင်းကျိုးများ (Positive Impacts) နှင့် ဆိုးကျိုးများ (Negative Impacts) များကို ပေးစွမ်းနိုင်လေ မည်နည်းဟူသော အချက်ကို အဓိက ရှာဖွေလေ့လာရန် . . . . .
ဆိုလိုသည်မှာ နိုင်ငံတို့အကြား တည်ရှိသော မတူညီမှုများမှ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာလေ့ရှိသော ပွတ်တိုက်မှုများ (Frictions) နှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေများမှ ဖန်တီး(ရံဖန်ရံခါ မမျှော်လင့်ဘဲ) ပေးလာသော အခွင့်အလမ်းများကို ရယူနိုင်စွမ်းရှိသော နိုင်ငံများနှင့် ရယူနိုင်စွမ်း မရှိသော (ရယူနိုင်လိုစိတ် မရှိသော)နိုင်ငံများဟူ၍ ရှိလာပြီး၊ ယင်းနိုင်ငံတို့၏ အနာဂတ်ကို အမှတ်မထင် ပုံဖော်သွားခြင်း ဖြစ်သည်ဟု စာရေးသူ ယူဆသည်။
ဥပမာအချို့ကို ပြောရလျှင် ယနေ့တောင်ကိုရီးယား နိုင်ငံဟုဆိုလျှင် ယင်းနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ နည်းပညာ အဆင့်အတန်း၊ ယဉ်ကျေးမှုကအစ အားကစား အဆင့်အတန်း စသည့်ကဏ္ဍများစွာ၌ ကမ္ဘာ့နိုင်ငံများတွင် မသိသူမရှိ၊ အသိအမှတ် မပြုသူမရှိဟုဆိုလျှင် တစ်ချိန်က တောင်ကိုရီးယား၏ စီးပွားရေး အဆင့်အတန်းသည် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ ခန့်မှန်းနိုင်ခဲ့မည် မဟုတ်ပေ။ တောင်ကိုရီးယားနိုင်ငံသည် ၁၉၆၀ ခုနှစ်ဝန်းကျင်တွင် ဆင်းရဲသော နိုင်ငံတစ်ခု အဆင့်တွင်သာ ရှိခဲ့ပြီး၊ မြောက်ကိုရီးယားနိုင်ငံနှင့် ဖိလစ်ပိုင်စသည့် နိုင်ငံများထက်ပင် လူတစ်ဦးစီ၏ ၀င်ငွေမှာ နိမ့်ကျခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၁၉၆၅ ခုနှစ်နောက်ပိုင်း စတင်ခဲ့သည်။ တောင်ကိုရီးယား ခေါင်းဆောင်များနှင့် ပြည်သူတို့၏ ပြင်းပြသော စိတ်ဓာတ်အားမာန်နှင့် ကြိုးစားအားထုတ်မှုတို့ကို အခြေခံကာ ဟိုစဉ်က ၁၉၆၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ် စစ်ပွဲမှ စီးပွားရေး အကျိုးအမြတ် များစွာကို ဖန်တီးရယူနိုင်ခဲ့သည်။ ထို ၁၉၆၅ ခုနှစ်တွင်ပင် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ အပြန်အလှန် အခြေခံနားလည်မှု စာချုပ်ကို ချုပ်ဆိုသော ခုနှစ်ဖြစ်သည်။ ဗီယက်နမ်စစ်ပွဲမှ ၀ယ်လိုအားများသည် တောင်ကိုရီးယားနိုင်ငံ စီးပွားရေးသို့ သက်ရောက်မှု ပေးခဲ့သည်။ ထိုစဉ်က လူတစ်ဦးကျ ၀င်ငွေသည် တောင်ကိုရီးယားနိုင်ငံထက် မြင့်မားသော ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် တောင်ကိုရီးယား စီးပွားရေးကဲ့သို့ အဘယ်ကြောင့် မကြီးထွား ခဲ့ရသနည်း ဆိုသည်က စိတ်ဝင်စားဖွယ် (စဉ်းစားစရာအချက်)ဖြစ်သည်။ အမှန်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံနှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံနှင့် ပိုမိုနီးသော (မဝေးသော) နိုင်ငံတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်စစ်ပွဲတွင် လိုအပ်သော ပစ္စည်းများအတွက် ၀ယ်လိုအားသည် ဖိလစ်ပိုင်နိုင်ငံက တောင်ကိုရီးယားနိုင်ငံထက် ပိုမိုရရှိနိုင်ရန် အခွင့်အလမ်း ပိုမိုရရှိစေမည်ဟု ခန့်မှန်းနိုင်သော်လည်း အဘယ့်ကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ထိုအခွင့်အရေးကို လက်ဆုပ်လက်ကိုင် အသုံးမချနိုင်ဘဲ တောင်ကိုရီးယားနိုင်ငံက ထိုအခွင့်အလမ်းကို လက်တွေ့ကျကျ လက်ဆုပ်လက်ကိုင် အသုံးချနိုင် ခဲ့သနည်းဟူသော အချက်ပင်ဖြစ်သည်။ ထိုအကြောင်းရင်းမှာ တောင်ကိုရီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ကွာဟမှု (စက်မှုလုပ်ငန်းများ ဖွဲ့စည်းတည်ဆောက်ပုံ၊ အခြေခံ အဆောက်အအုံများ၏ အခြေအနေ၊ ပညာရေးကဏ္ဍ၏ အခြေအနေ) စသည်တို့နှင့် ခေါင်းဆောင်များနှင့် နိုင်ငံသားများ၏ ပြင်းပြသော ဆန္ဒများကြောင့် ဖြစ်သည်။
ထို့အတူ ထိုင်းနိုင်ငံသည်လည်း မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ အစရှိသော နိုင်ငံများသည်လည်း မိမိတို့၏ အခွင့်အလမ်းများကို လက်မလွတ်တမ်း ရယူနိုင်ခဲ့သော နိုင်ငံဖြစ်သည်။ တင်စားပြောရလျှင် ပင့်ကူအိမ်တွင် နားလာမည့် မိမိ၏ အစာကို မလွတ်တမ်း ဖမ်းယူနိုင်သော ပင့်ကူတစ်ကောင်ကဲ့သို့ပင် စူးစိုက်သော ၀ီရိယနှင့် ဥာဏ်တို့ပေါင်းစည်းထားခြင်းပင် ဖြစ်ပေလိမ့်မည်။
အခွင့်အလမ်းများဟူသည် မကြာခဏ ဖြစ်ပေါ်လာတတ်ခြင်း သဘောမျိုး မဟုတ်ပေ။ တစ်ခါတစ်ရံ မိမိ အခွင့်အလမ်းများသည် မိမိက ရယူနိုင်စွမ်း မရှိပါက တစ်ပါးသူများ (အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ) ထံသို့ ရောက်ရှိသွားတတ်သည်။
ထိုကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများက အထူးစူးစူးစိုက်စိုက် အာရုံခံ လေ့လာသွားကြ သည်ကိုလည်း စာရေးသူ သတိပြုမိခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်လာမည့် ရင်းနှီးမြှုပ်နှံမှုများမှသည် ယင်းတို့၏ နိုင်ငံများသို့ တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ကောင်းကျိုးများ (Positive Impacts) နှင့် ဆိုးကျိုးများ (Negative Impacts) များကို ပေးစွမ်းနိုင်လေ မည်နည်းဟူသော အချက်ကို အဓိက ရှာဖွေလေ့လာရန်လည်း ဖြစ်ပေလိမ့်မည်။
မည်သို့ဆိုစေ မိမိနိုင်ငံ၏ အကျိုးကို မဖော်ဆောင်နိုင်ပါက (မပေးစွမ်းနိုင်ပါက) တစ်ပါးနိုင်ငံများက ယင်းကိုရယူ သွားနိုင်မည် ဆိုသည်က မေးစရာပင် မလိုပေ။
အခွင့်အလမ်းများတွင် အမြဲတစ်စေ၊ ဥာဏ်နှင့်လုံးရည် တိုက်ပွဲများ (ပြိုင်ဆိုင်မှုများ) ပူးတွဲပါလာလေ့ ရှိသည့်အတွက် မိမိနိုင်ငံသားများ အကျိုးအများဆုံး ရှိစေမည့် အမြော်အမြင် ကြီးမားမှုသည် လွန်စွာအရေးကြီးသည်။
တစ်နည်းအားဖြင့် မိမိနိုင်ငံတွင် Capacity များ နိမ့်ကျနေသေးသည်ဟု လည်းကောင်း၊ မတည်ငြိမ်မှုများ ရှိနေသေးသည်ဟု လည်းကောင်း၊ ဘက်စုံပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ရာတွင် မြန်နေသည်ဟု လည်းကောင်း ဟူသော အကြောင်းပြချက်များ ရှိနေလျှင် အခွင့်အလမ်းများဟူသည် ရယူနိုင်ရန် ခက်ခဲနေ (နှေးကွေးနေ) ပေလိမ့်မည်။

 
Ref;weeklyelevennews
 
 
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!