Popular Posts!

Tuesday, November 6, 2012

မြန်မာပတ်စ်ပို့ သက်တမ်း ၅နှစ်ရပြီ!

ပတ်စ်ပို့သက်တမ်းအားလုံး ၅နှစ်သက်တမ်း တိုးမြှင့်ပေးပြီ

01 November 2012  -By Popular News
ပတ်စ်ပို့သက်တမ်းအားလုံး ၅နှစ်သက်တမ်း တိုးမြှင့်ပေးပြီပတ်စ်ပို့ (မြန်မာနိင်ငံကူး လက်မှတ်) သက်တမ်းကို ၃နှစ်မှ ၅နှစ် သက်တမ်းသို့
တိုးမြှင့် လိုက်ကြောင်း ယနေ့ထုတ်နိင်ငံပိုင် သတင်းစာ တွင် ဖော်ပြထား သည်။ ယခင်က သင်္ဘောသားပတ်စ်ပို့ သက်တမ်း ၅နှစ်၊ အလုပ်သမား ပတ်စ်ပို့သက်တမ်း ၄ နှစ်နှင့် အခြားပတ်စ်ပို့ သက်တမ်း ၃ နှစ် သတ်မှတ်ထား ရာမှ ယခုနိုဝင်ဘာ၁ရက်နေ့ ပတ်စ်ပို့ စတင်လျှောက် ထားသူများနှင့် သက်တမ်းတိုး သူများအား ၅နှစ် သက်တမ်း စတင်ထုတ်ပေးသွားမည်ဟု သိရ သည်။
 
 
 
 
 

လက်ရှိ ၂၆ နိုင်ငံအပြင် နောက်ထပ် ၂၂ နိုင်ငံအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးရန် စီစဉ်

ဥရောပနှင့် တောင်အမေရိကနိုင်ငံများ အပါအဝင် နိုင်ငံသစ် ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်ဗီဇာများ ထုတ်ပေးရာတွင် လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ (အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ တွေ့ဆုံမှု) ဖြတ်သန်းဗီဇာများကို အာဆီယံဒေသတွင်း ကိုးနိုင်ငံအပါအဝင် ဥရောပ၊ အာရှ၊ အမေရိကနှင့် အခြားဒေသများမှ နိုင်ငံ ၂၆ နိုင်ငံအား ပေးလျက်ရှိရာ (Brunei, Cambodia, Indonesia, Laos, Malaysia, the Philippines, Singapore, Thailand, Viet Nam, Australia, China, Denmark, France, Germany, India, Italy, Japan, Korea, New Zealand, Norway, Spain, Sweden, Switzerland, Taiwan, United Kingdom, United States of America. ) နောက်တိုး ၂၂ နိုင်ငံ ပါဝင်ပါက မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာပေးသည့် နိုင်ငံပေါင်း ၄၈ နိုင်ငံ ရှိလာမည်ဖြစ်သည်။ “ဆိုက်ရောက်ဗီဇာ ထုတ်ပေးနိုင်ဖို့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ အနေနဲ့ အဲဒီနိုင်ငံတွေ သွားတဲ့အခါမှာ သူတို့နိုင်ငံက လုပ်ပေးနိုင်တာတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းနေပါတယ်” ဟု နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ဆိုက်ရောက်ဗီဇာ ထပ်မံထုတ်ပေးမည့် နိုင်ငံများမှာ ဥရောပနိုင်ငံများ ဖြစ်သည့် နယ်သာလန်၊ ဖင်လန်၊ ပေါ်တူဂီ၊ ရုရှား၊ တူရကီနှင့် ယူကရိန်း အစရှိသည့် ဥရောပနိုင်ငံများနှင့် လက်တင်အမေရိက နိုင်ငံများဖြစ်သော ဘရာဇီး၊ ကိုလံဘီယာ၊ မက္ကဆီကို နိုင်ငံများအပါအဝင် ဖြစ်သည့် ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာများ ထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ထုတ်ပေးလျက်ရှိသည့် ဆိုက်ရောက်ဗီဇာများအတွက် လုပ်ငန်းဗီဇာများသည် ကန်ဒေါ်လာ ၅၀ နှင့် ရက်သတ်မှတ်ချက်မှာ ရက်ပေါင်း ၇၀ ဖြစ်ပြီး ပြည်ဝင်ဗီဇာအတွက် ကန်ဒေါ်လာ ၄၀ နှင့် ၂၈ ရက် သတ်မှတ်ထားကာ ဖြတ်သန်းဗီဇာသည် ကန်ဒေါ်လာ ၂၀ နှင့် ၂၄ နာရီ ခွင့်ပြုထားပြီး ဆိုက်ရောက်ဗီဇာ များအတွက် သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့် တရားဝင် နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းမှာ ရောက်ရှိသည့် နေ့မှစ၍ ခြောက်လသက်တမ်း ရှိရမည်ဖြစ်ပြီး အခြားခွင့်ပြုထားသည့် ဗီဇာများအလိုက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!