Popular Posts!

Wednesday, May 8, 2013

စက်မှုဇုန်များ နိုင်ငံတကာ အဆင့်မီစေရန် ဆောင်ရွက်မည်

အမိမြန်မာပြည်သူလူထူတွေအရမ်းကိုမျှော်လင့်နေတဲ့ နိုင်ငံခြားရင်းနှီးမြှမ်နှံမှုတွေက ထင်သလောက် ဘယ်နိုင်ငံခြားကမှလာပြီး စက်မှုဇုံတွေမှာလက်ရှိအထိ ထိထိရောက်ရောက် လာရောက်ရင်းနှီးမြှပ်နှံတာကို မတွေ့ရသေးပါဘူး၊ ဒါကိုကြည့်လိုက်ရင် ဘယ်နိုင်ငံမှလက်ရှိသန့်ရှင်းရေးအစိုးရကို မယုံကြည့်သေး တာကိုပြနေတာပါဘဲလေ......ဒါကိုမျှော်လင့်ပြီး ငွေပိုငွေလျှံရှိသူတွေ ဈေးကစားချင်လို့လိုက်ဝယ် ယူထားကျတော့ အိမ်ခြံမြေတွေကလည်း ဈေးအဆမတန် ၃ဆ၊၅ဆ၊၁၀ဆလောက်မြှောက်တက် သွားတာကိုကြည့်လိုက်ရင် အရှေ့တောင်အာရှမှာဈေးအကြီးဆုံးအဖြစ်ရောက်သွားပါတော့တယ်၊ အားလုံးက၂၀၁၅ခုနှစ်ထိ စီမံကိန်းနှင့် စက်မှုဇုံတွေဖြစ်လာ မဖြစ်လာကို ရောက်တဲ့နှစ်မှဘဲ အဖြေတိတိကျကျသိရမှာပေါ့လေ! စောင့်ကြည့်ရအုံးမှာပေါ့လေ၊

မရှိဘဲ ၀ိ လုပ်ချင်တော့ ၀ိ တော့ဖြစ်မလာဘဲ လောက်ဖြစ်သွားရတာပေါ့.....
ဝိ တော့ ၀ိ ဘဲ ထောင်တာနှင့်လဲတာဘဲကွာတယ်လေ!...:(
အခုလဲမစောင့်နိုင်တဲ့သူ တချို့ဗိုက်နာတဲ့သူတွေ ရာခိုင်နှုန်းလောက်ဈေးချရောင်းနေတာကိုကြည့်လိုက်ရင်  တက်တုန်းက အဆပေါင်းများစွာတက်ပြီးပြန်ကျတော့ % အနည်းလောက်ဘဲကျတယ်လေ၊(အသွင်ကူးပြောင်းလေးကာလက ၄နှစ်၅နှစ်လောက်ကြာတတ်တာကိုး!)
အခုလဲ အပြောကြီးနေတဲ့  စင်ကာပူကို ထမင်းငတ်စေမဲ့ ထားဝယ်စက်မှုဇုံတွေကလဲ ဘယ်အခြေရောက်သွားပြီလဲမသိ! သန်လျင်စက်မှုဇုံလဲ ၂၀၁၅ခုနှစ်ရောက်မှသိရမှာလေ!  လောလောဆယ်တော့ FMIကသန်လျှင်က ကြယ်စင်အိမ်ရာစီမံကိန်းက ဈေးတက်သွားတော့ အမှန်တကယ်ပါ... အခုလဲ နိုင်ငံခြားမှာ ၄၊၅နှစ်အလုပ်လုပ်စုဆောင်းပြီးပြန်လို့ အိမ်ခန်းတွေ၊ လုံးချင်းတွေ ဘယ်လိုမှ ပြန်မ၀ယ်နိုင်တဲ့အထိဈေးတွေတက်ကုန်တဲ့ အဖြစ်မှန်တွေပါ၊ ဒါတောင် ကားဈေး ဖုန်းဈေးကျလို့ဝယ်နိုင်ပေမဲ့ နေဖို့နှင့်စားဖို့မှာ နေရာထိုင်ခင်းကပိုအရေးကြီးတာပါ၊ စားတာကဖြစ်သလို ငပိရည်နှင့်စားလဲ စားလို့ရပေမဲ့ နေရာထိုင်ခင်းကဈေးတောက်လျှောက်နေရင် တနှစ်ဆိုတဲ့ အချိန်ဟာခဏာလေးပါဘဲ! ရှာဖွေရတာ ဖတ်ဖတ်မောပါဘဲလေ! အခုထိရွှေးကောက်ပြီး ၃နှစ်ကာလာအတွင်းမှာ ဘာမှနိုင်ငံတော် တိုးတက်မှုတွေမရှိသေးဘဲနှင့် နိုင်ငံတကာစံချိန်နှင့်အညီ တောက်လျှောက်တက်နေတဲ့  ကုန်ဈေးနှုံးတွေ ၊လူနေမှုထွက်ငွေတွေနှင့်ဝင်ငွေတွေ အချိုးကျမညီမျှမှုတွေများလာရင်တော့ ရေရှည်မှာပြည်သူလူထု တွေအတွက်ရင်လေးမိပါတယ်.... တက်နေတဲ့ လူနေမှုစရိတ်တွေကိုတွက်ချက်နှိုင်းယှဉ်ကြည့်ခြင်း!

လူစွမ်းအားဆိုတဲ့ Man Power ကိုသာအဓီကထားထုတ်လုပ်တဲ့စက်မှုဇုံတွေမှာ အလွန်အရေးကြီးတဲ့ စွမ်းအားပါဝါဆိုတဲ့ မီးအချိန်မှန်ကောင်းမွန်စွာမပေးနိုင်ရင်တော့ ဘယ်နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကမှ အရှံးခံလာပြီးရင်းနှီးမှာလဲ? ဒီထက်သာတဲ့ကောင်းသာတဲ့ အာရှနိုင်ငံတွေဆီကိုဘဲဦးတည်သွားကျမှာဘဲ! 
ပါဝါတွေ၊နည်းပညာတွေ၊ကျွှမ်းကျင်အလုပ်သမားတွေနှင့် နိုင်ငံခြားဘာသာစကားကျွှမ်းကျင်သူတွေ နည်းပါး မှုတွေက အခုလက်ရှိရင်ဆိုင်နေရတဲ့ အလွန်အရေးကြီးဆုံးပြဿနာတွေပါဘဲ....
တရုတ်၊ဘင်္ဂလားဒေ့နှင့်အိန္ဒိယဆိုရင် နည်းပညာတွေနှင့်ကျွှမ်းကျင်အလုပ်သမားတွေမှိုလိုပေါက်နေတယ်၊ ဘင်္ဂလားဒေ့နှင့် အိန္ဒိယဆိုရင် စက်မှုလုပ်ငန်းပိုင်း အထည်စက်ရုံတွေမှာလဲ သဘာဝအတိုင်းထုတ်လုပ်တဲ့ Orginic အထည်တွေဆိုရင် နိုင်ငံတကာမှာ နာမည်ကြီးပါဘဲ! အမိမြန်မာပြည်မှာ ကုန်ကြမ်းဖြစ်တဲ့ ၀ါ တွေလိုသလောက်မရှိတော့အိမ်နှီးချင်းတရုတ်လာတဲ့ချည်တွေကိုဘဲအားကိုးနေရတယ်လေ! နောက်ပြီး တရုတ်တွေအိန္ဒိယတွေကို ကျွှန်တော်တို့ရွှေတွေယှဉ်ပြီး နေရာစုံထောင့်စုံနေရာတိုင်း အလုပ်တွေလိုက်ပြီး မလုပ်နိုင်ကျပါဘူး၊နည်းနည်းတော့ဂျီးများတတ်ပါတယ်၊ ဆိုလိုတာက  Customer  Service ဆိုတဲ့အလုပ် တွေမှာ ဟိုတယ်နှင့်စားသောက်ဆိုင်ကြီးတွေမှာ ဖားဆိုတဲ့ဖိလစ်ပင်းတွေ Receiption, Adminတွေ မှာ  Chefcookတွေနှင့်Waiterတွေမှာတော်တော်များဝင်လုပ်နေတာကိုသတိထားမိတယ်၊  ဒီလိုနေရာ တွေမှာအလုပ်တွေမှလဲ ရွှေတွေကိုမတွေ့မိသလောက်ပါဘဲ၊ ရှိတော့ရှိတယ် လူများစုမတွေ့မိပါဘူး၊ အဓိကဘာသာစကား တွေနှင့်ပတ်သက်လိုက်မယ်ထင်ပါတယ်၊ ဘွဲ့ရရွှေမမလေးတွေ အိမ်ဖော်အဖြစ်ဝင် လုပ်နေတာကိုတွေ့ရလို့ ရင်နာစွာတွေ့ရတာကြောင့်ပါ၊
နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကတော့ ဧည့်သည်များလို့အခန်းမလောက်ငှာလို့ အလွန်လိုအပ်နေတဲ့ ဟိုတယ်တွေနှင့် နိုင်ငံတကာမှာ ဈေးနှုံးတောက်လျှောက်တက်နေသော အလွန်တရာအမြတ်ရတဲ့ သဘာဝသယံဇာတတွေထုတ်လုပ်တဲ့ နိုင်ငံတော်ရဲ့အဆီအနှစ်တွေဖြစ်တဲ့သဘာဝအရင်းအမြစ် ရေနံ၊သဘာဝဓာတ်ငွေ့၊ရွှေ၊ကြေးနီ၊ကျောက်မီးသွေး သတ္တုတူးဖေါ်ထုတ်လုပ်ရေးလုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်လာတာကိုဘဲတွေ့မြင်နေရပါတယ်၊ ဒါကအမိနိုင်ငံ တွေအတွက် ရေရှည်တွက်ကြည့်လိုက်ရင် ဘာတခုကောင်းတဲ့ အချက်တွေမဟုတ်ပါဘူး၊ သဘာဝသယံဇာတဆိုတာက နှစ်ပေါင်းများစွာထုတ်လုပ်ရင် ကုန်ဆုံးသွားမှာဖြစ်ပြီး နောင်လာနောင်သားမျိုးဆက်တွေအတွက် ဘာမှာကျန်တော့မှာမဟုတ်ပါဘူး! နောက်သဘာဝပတ်ဝန်းကျင်ရာသီဥတုတွေပြောင်းလဲနိုင်တဲ့ ဆိုးကျိုးတွေလဲ နောက်ဆက်တွဲမမျှော်မှန်းနိုင် တဲ့ အန္တရယ်တွေလဲဖြစ်လာနိုင်ပါတယ်!
ဒါတွေကို နိုင်ငံတော်အတွက်အကြံပေးနေတဲ့တာဝန်ရှိသူတွေက  အလွန်တရာအရေးကြီးတဲ့ သဘာဝဘေးထွက်ဆိုးကျိုးတွေကို သေချာတွက်ချက်မထားရင်  (သို့) စည်းမျဉ်းစည်းကမ်း ဥပဒေတွေနှင့်မထားရင် ပြည်သူလုထူတွေအတွက် ဖြစ်လာတဲ့ဆိုးကျိုးတွေနှင့်ပြဿနာတွေတောက်လျှောက်တက်နေဖို့လဲရှိပါ တော့တယ်...
သန်လျင် အလွမ်းဆွတ်ကျေးရွာရှိ သီလဝါ စက်မှုဇုန် စီမံကိန်း နယ်မြေ (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံရှိစက်မှုဇုန်များကို နိုင်ငံတကာအဆင့်မီအင်္ဂါရပ်ညီညွတ်သွားစေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။
စက်မှုဇုန်များကိုမြေကွက်လပ်သာရှိပြီး စက်ရုံအနည်းငယ်တည်ထောင်ကာရေ၊မီး၊ စက်ရုံအတွက် လိုအပ်သည့်ပစ္စည်းများနှင့် ဇုန်စီမံခန့်ခွဲသည့်အဖွဲ့များ၊ လုံခြုံရေးအဖွဲ့များပါ ထည့်သွင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း အမျိုးသားစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေးတိုးတက်မှု ဦးစီးဌာနမှတာဝန်ရှိသူတဦးက ဧရာဝတီ သို့ ပြောသည်။
“နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနေတဲ့ အချိန်ဆိုတော့ စက်မှုဇုန်ကို အင်္ဂါရပ် ညီညွတ်အောင်၊ ရေ၊ မီး ကဏ္ဍ ကိုလည်း အချိန်ပြည့် ရအောင် လုပ်ဆောင်ရမယ်။ ပြီးတော့ စက်မှုဇုန် မြေကွက်တွေ ဈေးမကစားဖို့အတွက် စလုပ်နေပြီ။အသေးစား၊ အလတ်စား စက်မှုဇုန်တွေအတွက် ဥပဒေကိုလည်း ရေးဆွဲနေပါပြီ” ဟု ၎င်းက ဆိုသည်။
စက်မှုဇုန် မြေကွက်များသည် စက်ရုံများ မတည်ဆောက်ဘဲ မြေကွက်ဈေးကစားရန် အတွက် ၀ယ်ယူကာ ခြံခတ်ထားသည့် ကိစ္စများ ကိုလည်း စုံစမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ စံချိန် စံညွှန်းဖြစ်သည့် စက်မှုဇုန် တခုဖြစ်စေရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။
“စက်မှုဇုန် တခုမှာ မီးမရရင် ဘာမှ လုပ်လို့မရဘူး။ မီးမရတော့ ဒီဇယ်တွေနဲ့ လည်ပတ်နေရတယ်။ အခုဆိုရင် တရက်ကို လေးနာရီပဲ မီးလာတယ်။ အဲဒီမှာပဲ ပြည်ပက သွင်းကုန်ထက် ပြည်တွင်းကုန်က ပိုဈေးမြင့် နေတယ်။ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုကို ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ” ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေတွင် ရန်ကုန်မြို့တွင် စက်မှုဇုန်များတွင် မီးများကို တနေ့ လေးနာရီခန့်သာ ရရှိသည့် အတွက် အခက် ကြုံနေကြပြီး စက်မှုဇုန် စီမံခန့်ခွဲသည့် ကော်မတီများ ရှိသင့်ကြောင်း၊ လုံခြုံရေးမှာလည်း စိတ်မချရသည့်အဆင့် ဖြစ်နေကြောင်း၊ စက်မှုဇုန်နှင့် ပတ်သက်ပြီး ပြုပြင်စရာ၊ ပြင်ဆင်စရာ များစွာရှိကြောင်း ဦးမြတ်သင်းအောင်က ဆိုသည်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ လိုသူများကိုလည်း နိုင်ငံတော်အစိုးရက လျှပ်စစ်မီးအတွက် အာမ မခံနိုင်သေးကြောင်း၊ မိုးတွင်း တွင်သာ ၂၄ နာရီအပြည့် လျှပ်စစ်မီး ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်နှေးနေကြောင်း၊လျှပ်စစ်မီးကြောင့် ရေပါ ပြတ်လပ်နေပြီး အအေးခန်းသုံး စက်ရုံများ၊ ပလပ်စတစ် စက်ရုံများနှင့် မုန့်ဖုတ်လုပ်ငန်းများ အဓိက ထိခိုက်ကြောင်း သိရသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့က ဇေကမ္ဘာ စက်မှုဇုန် အပိုင်းကို အဓိက ကိုင်တာပါ။ အဲဒါက လုံခြုံရေးနဲ့ အလုပ်သမား အရေးကို ဖြေရှင်းပေး ပါတယ်။ ကျန်စက်မှုဇုန်နဲ့တော့ ကျနော်တို့ မဆိုင်ဘူး။ တိုင်းဒေသကြီးကိုပဲ မေးပါ” ဟု ဧရာဝတီသို့ ပြောသည်။
သာကေတ စက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင်သိန်းကလည်း ၎င်းတို့ သာကေတ စက်မှုဇုန်သည် ရန်ကုန်မြို့ထဲနှင့် နီးကပ်နေသည့် အတွက် စက်ရုံတည်ခြင်းထက်၊ ပစ္စည်းသိုလှာင်သည့်နေရာ ပိုများသည်ဟု ဆိုသည်။
“စက်မှုဇုန်တိုင်းကတော့ စက်မှုဇုန် အင်္ဂါရပ်နဲ့ ညီအောင် လမ်းတွေချဲ့၊ မီးတွေရအောင် လုပ်နေကြတာကို မြင်ရပါတယ်” ဟု သူကဆိုသည်။
အထူးစီးပွားရေးဇုန် ဥပဒေတွင် ဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များဟု မခွဲခြားဘဲ တပြေးညီ ဆောင်ရွက်ခွင့်ပေးသွားမည် ဖြစ်ကြောင်း၊ အထူးဇုန်တခု ဖော်ထုတ်တိုင်း ဥပဒေတခုပြဌာန်းခြင်း မဖြစ်ရအောင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စတော့ ရှယ်ယာဈေးကွက်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်၊ စက်မှုလုပ်ငန်း၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာနိုင်ရေးအတွက်လည်း နိုင်ငံတကာရှိအထူးစီးပွားရေးဇုန်ဥပဒေများကို လေ့လာ၍ ရေးဆွဲထားကြောင်း သိရသည်။
Ref:burmairrawaddy.org

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!