Popular Posts!

Saturday, May 18, 2013

Cosmetics and Cancer Risks အလှအပသုံးပစ္စည်းတွေနဲ့ ကင်ဆာအန္တရာယ်

ကျွှန်တော် ဒီ Johnson & Johnson ရေချိုးဆပ်ပြာရည်နှင့် ဘော်ဒီလိုးရှင်းတွေကိုဘဲဝယ်သုံးလေ့ရှိပါတယ်၊ ခလေးတွေအတွက်ထုတ်ဆိုတော့ ပိုပြီး အန္တရယ်ကင်းမယ်ထင်လို့ဝယ်သုံးတာပါ၊ အခုတော့ ဘာကို
ဝယ်သုံးရမလဲ ဖြစ်နေရပါပြီ....
၅-၅-၂ဝ၁၃ Johnson & Johnson ဂျွန်ဆင်-အင်-ဂျွန်ဆင်ရဲ့ အလှအပသုံးထုတ်ကုန် လိုင်စင်တွေကို အစားအသောက်နဲ့ ဆေးဝါး အာဏာပိုင်ကနေ ပယ်ဖျက်လိုက်ဆိုတဲ့သတင်းထွက်လာပါတယ်။

ကလေးပေါင်ဒါ ၁၅ မျိုးကို ၂ဝဝ၇ ကတည်းက ထုတ်နေပါတယ်။ ပိုးသေအာင်သုံးတဲ့ Ethylene oxide ဟာ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိလာတာပါ။ (FDA) ရဲ့တားမြစ်ချက်ဟာ အိန္ဒိယနိုင်ငံ Mulund plant မူလွန်ဒ် စက်ရုံကနေ ထုတ်နေတာတွေကို ၂၄-၆-၂ဝ၁၃ ကနေစပြီး သြဇာသက်ရောက်ပါမယ်။ Ethylene oxide (အက်သလင်း အောက်ဆိုက်) အော်ဂဲနစ်ဓါတ်ပေါင်းရဲ့ သတ္တိတွေထဲမှာ Flammable မီးလောင်လွယ်တယ်၊ Irritating ထိတဲ့နေရာကို ကလိသလို နေတယ်၊ Anaesthetic ထုံစေမယ်၊ Carcinogenic at room temperature အခန်းတွင်းအပူချိန်မှာ ကင်ဆာ ဖြစ်စေနိုင်တယ်။

Cancer Risks ကင်ဆာအန္တရာယ်
1. Diethanolamine (DEA) နဲ့ Triethanolamine (TEA)
ထုတ်လုပ်ဖြစ်စဉ်မှာသုံးရတယ်။ Bronopol (2-bromo-2-nitropropane-1,3-diol) အထားခံအောင်ထည့်ရတဲ့ ဓါတ်ပေါင်း ဖြစ်တယ်။ ဈေးကြီးတာတွေထဲမှာလဲ ပါတတ်တယ်။ ဥပမာ Chanel (ရှနယ်လ်)။ နောက်ပြီး Baby products ကလေးသုံး ပစ္စည်းတွေနဲ့ Body Shop (ဘော်ဒီ ရှော့ပ်) တွေမှာသုံးတာတွေ။
2. 1, 2-Dioxane in Surfactants/detergents
Shampoos ခေါင်းလျှော်ရည်၊ Hair conditioners ဆံပင် (ကွန်ဒီရှင်နာ)၊ Cleansers (ကလင်းဇာ)၊ Lotions (လိုးရှင်း)၊ Creams (ခရင်မ်)၊ Soaps ဆပ်ပြာ Cleaning products သန့်ရှင်းရေးသုံးတွေမှာပါတဲ့ Ethoxylated alcohols, Polysorbates နဲ့ Laureths ဆိုတာတွေ ဖြစ်တယ်။

• Artificial Colors အရောင်တုတွေ
Blue 1 နဲ့ Green 3 တွေမှာ ကင်ဆာဖြစ်မှာပါတယ်။ D&C Red 33, FD&C Yellow 5, and FD&C yellow 6 တွေထဲမှာ Impurities အညစ်အကြေးလိုဟာတွေ ပါတယ်။ ကင်ဆာဖြစ်စေနိုင်တယ်။
• Hair Dyes ဆံပင်ဆိုးဆေးတွေ
Black အနက်နဲ့ Dark brown အညိုရင့်ရောင်တွေထဲမှာ Non-Hodgkin's lymphoma, Multiple myeloma နဲ့ Hodgkin's disease ကင်ဆာအမျိုးအစားတွေဖြစ်စေနိုင်တယ်။
• Lanolin လင်နိုလင် ခရင်မ်
ယေဘုယျ စိတ်ချရပေမဲ့ DDT, Dieldrin နဲ့ Lindane တွေပါနေနိုင်တယ်။
• Talc ပေါင်ဒါ
Ovarian cancer မျိုးဥအိမ်ကင်ဆာဖြစ်စေနိုင်တယ်။
• Silica စီလီကာ
(စီလီကွန်) ထဲမှာပါတယ်။ (စီလီကွန်) ကို အတုပစ္စည်းတွေလုပ်ရာမှာသုံးတယ်။ ရင်သားအတု၊ ယောက်ျားလေးတွေ လူပေါင်းမှားလို့ ကျားအင်္ဂါကို ဆေးထိုးတာမျိုး။

• Cosmetics အလှအပသုံးပစ္စည်းတွေဟာ ကျန်းမာရေးဥပဒေအောက်မှာ အနည်းဆုံးရှိတဲ့ လူသုံးကုန်ဖြစ်တယ်။ အမေရိကားမှာရှိတဲ့ Federal Food, Drug, and Cosmetic Act အက်ဥပဒေအရ ဈေးကွက်ထဲမဝင်ခင် စမ်းသပ်မှု၊ ဆန်းစစ်မှု နဲ့ အတည်ပြုမှုရယူစရာ မလိုဘူး။
• FDA ကထောက်ပြတာတချက်ကတော့ ၄ဝဝဝ ကနေ ၅ဝဝဝ အလှအပသုံးကုန်ပစ္စည်း ဖြန့်ဖြူးသူတွေထဲက ၃% ကဘဲ အစိုးရဆီကို ထိခိုက်မှုရှိတဲ့ အစီရင်ခံစာတင်တယ်။ အမယ်ပေါင်း ၂ဝဝဝ ကနေ ၂၅ဝဝဝ ထဲက ၄ဝ% ထက် နည်းပြီး မှတ်ပုံတင်ထားကြတယ်။
• ၁၉၉ဝ ခုနှစ်ထဲမှာ အလှအပသုံးပစ္စည်းကနေ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူဘို့လိုသူပေါင်း ၃၈ဝဝဝ ယောက် ရှိခဲ့တယ်။ ဒဏ်ရာဆိုတာထဲမှာ Allergies အလာဂျီရတာ၊ irritation နေမထိထိုင်မသာဖြစ်တာနဲ့ Photosensitization နေရောင်နဲ့ထိရင် တုံ့ပြန်မှုပြောင်းလဲသွားတာတွေပါဝင်တယ်။ အလာဂျီ နဲ့ မျက်စိ ထိခိုက်တာတွေကြောင့် ဆေးရုံ အရေးပေါ်ခန်းကိုလာကြရတယ်။
• လူ့အရေပြားဟာ အလွန်စုပ်ယူနိုင်စွမ်းကောင်းတယ်။ အရေပြားပေါ်တင်တဲ့၊ လိမ်းတဲ့အရာ ဘာမဆို စုပ်ယူလို့ ကိုယ်ထဲ (သွေးထဲ) ရောက်တယ်။ တချို့ဓါတုပစ္စည်းတွေက အဲလိုဖြစ်တာ ပိုမြန်တယ်။
• Facial makeup မျက်နှာသုံး မိတ်ကပ်လို ကြာကြာထားတာမျိုးက သိသာစေတယ်။ လေ့လာမှုတခုအရ အလှအပသုံး ပစ္စည်းတွေမှာ အထားခံအောင်ထည့်ရတဲ့ Butylate hydroxytoluene ၁၃% နဲ့ ကင်ဆာ ဖြစ်စေနိုင်တဲ့ DDT ပိုးသတ်ဆေး ၄၉% တို့ဟာ အရေပြားထဲကနေ စိမ့်ဝင်ကြတာကို တွေ့ရှိရတယ်။
• အလှအပပစ္စည်းတွေကိုသုံးရင် အထဲမှာ အမယ်နည်းနည်းပါရင် ဆိုးကျိုးလည်း နည်းစေနိုင်တယ်ဆိုတဲ့ ဥပဒေသ မှတ်ပါ။ ဗက်တီးရီးယား မဝင်စေအောင်ဂရုစိုက်ပါ။ အဖုံးဖွင့်မထားပါနဲ့။ သူများနဲ့ တွဲမသုံးပါနဲ့။ ကရိယာနဲ့ သုံးရမှာကို လက်ချောင်းနဲ့မသုံးပါနဲ့။

ဒေါက်တာတင့်ဆွေ
Ref:dts-medicaleducation.blogspot

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!