Popular Posts!

Monday, May 27, 2013

ခေတ်မှီလာသော ရွှေမမလေးတွေဇယားလေးတွေ!

Credir@ Ko Nge

စကာင်္ကူကရွှေမမလေးတွေရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေပါ...
မနှစ်က မြန်မာပြည်နယ်က အသိတွေလာလည်တုန်းက မေးတဲ့မေးခွန်းလေးတွေကိုကြည့်လိုက်ပြီး
လန့်သွားရပါတယ်လေ? မေးလိုက်မေးခွန်းကလဲကြည့်ပါအုံး? ဘယ်ကနေဘယ်လိုကြားလဲမသိပါဘူး!
"မင်းတို့ရွှေမမလေးတွေခေတ်နောက်ကျတယ်လို့ဘယ်သူတွေပြောလဲ? 
အဲဒီလိုပြောတဲ့လူတွေဘဲခေတ် နောက်ကျနေတာပါတဲ့လေ?"
ကျွှန်တော်ပြန်ပြောပါတယ် တောကနေမြို့တက် မြို့ငယ်ကနေမြို့ကြီးပြကြီးတက်သလိုပါဘဲလို့! ကြီးလှတဲ့လူနေမှုစရိပ်တွေကို ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှာဖွေစားသောက်နေကျရလို့ပါဘဲ!
ကောင်းတာတွေလုပ်ရှားနေတဲ့သူတွေရှိသလို မဟုတ်တရုတ်တွေလုပ်နေတဲ့သူတွေလဲရှိကျပါတယ်လို့ ပြန်ပြောလိုက်ရပါတယ်! ဘာဖြစ်လိုလဲဆိုတော့ သူတို့ရဲ့ခလေးတွေ (မြန်မာပြည်ဘွဲ့ရ) ဒီမှာPoly ကျောင်းလာတက်နေကျတယ်လေ! ဒါကိုစိတ်မချလို့မေးတာလဲပါမှာပေါ့! ဒါတောင်သူမတို့ ဒီမှာ ဘဲဘဲလေး တွေရသွားကျပါပြီး ဒီထက်သာတဲ့ အမေရိကန်တို့ သြစတြေယျတို့ပြောင်းသွား တတ်ကျပါတယ် လေ.....
အဲ! အားလုံးထင်နေကျတာက နိုင်ငံခြားကလူတွေကိုယူရင် နိုင်ငံခြားမှာ တသက်လုံးအလုပ် လုပ်ရမှာကို မသိကျလို့ပါ! ဒီမှာက တဦးထဲအလုပ်နှင့် အဆင်မပြေနိုင်ဖူးလေ! အမှန်တကယ် အမိမြန်မာပြည်တွင်းက ယောကျာင်္းနှင့်ယူကျတာမှ သက်တောင့်သက်တာရှိပြီး သူဌေးမ၊အိမ်ရှင်မခလေးထိန်းတွေလုပ်လို့ရသေးတယ်၊ ဒီလိုနိုင်ငံခြားရောက်ရင် အလုပ်တဖက် ခလေးတွေတဖက်နှင့်ပြာများ နေရမဲ့ အဖြစ်တွေပါ....
ခေတ်နောက်ကျနေသောအမိမြန်မာပြည်ကနေ နိုင်ငံခြားရောက်ရှိလာတာကို ဆိုရှယ်ကျတတ်လာကျပြီး ခေတ်နှင့်အညီအမှီလိုက်လာတတ်ကျတာကတော့ living together ဆိုတဲ့ မိမိရည်းစားတွေ နှင့် အတူနေတတ်တဲ့ အကျင့်လေးတွေ ခေတ်စားလာကျတာကို သတိထားမိကျမှာပါ.....
 လွန်ခဲ့တဲ့၂-၃နှစ်တုန်းက မြန်မာပြည်က အသိရွှေမမလေးတယောက်က Gtalk မှာ ပြောဖူးတယ် စကာင်္ပူကိုလာ ချင်တယ် Sponsor လိုချင်တယ်တဲ့! ဒါနှင့်မေးကြည့်လိုက်တော့ နင်ဒီကိုရောက်ရင် ဘယ်မှာ ဘယ်သူ တွေနှင့် ဘယ်လိုနေမှာလဲလို့မေးလိုက်တာ ပြန်ဖြေတာကိုကြားလိုက်ရတာကို မထင်ရက်စရာလန့်ဖို့ကောင်းနေပြီလေ? ဘယ်လိုဖြေတယ်လို့ထင်လို့လဲ! သူမဖြေတာက အတူတူနေ မှာပေါ့တဲ့? (ဒီမှာ တယောက်ထဲနေတာကိုသိလို့လေ) ဒါလိုကြားလိုက်ရတာကိုက လန့်သွားရပါတယ်၊ ဒီလောက်တောင် စကာင်္ပူလာချင်တဲ့ ရောဂါတွေ  ရွှေမမလေးတွေမှာဖြစ်နေကျပါလားလို့!
အခုရက်ပိုင်းမှာအသိလင်မယားလိုက်ဖြေရှင်းလိုက်ရတဲ့ ဖြစ်ခဲ့တဲ့ ပြဿနာလေးပါ....
အသိပညာတတ် PR အင်ဂျင်နီယာတယောက် အိမ်သူကြီး လုပ်လို့ S pass နှင့် အလုပ်လုပ်နေတဲ့ ရွှေမမလေး ပညာတတ် တယောက်နှင့်သူမရဲ့မောင်လေးတယောက်ကို အခန်းအငှား တင်ထားလိုက်ပါ တယ်၊ အသိက မိန်းမဆေးရုံတက်နေရလို့ နှင့် ခလေးမိန်းခလေးတယောက်နှင့် ပြာယာခတ်နေတာကို အခွင့်ကောင်းယူပြီး သူမရည်းစားမလေးတရုတ်ကောင်လေးကို အိမ်ခန်းသွင်းပြီး အိပ်ပါသတဲ့ဗျာ! ရွှေမမလေးက ခေါ်အိပ်တာ ၃-၄လလောက်ရှပြီနော်! ! သူမရည်းစားလာချိန် သူမရဲ့မောင်လေးက ရှောင်ပေးရပါတယ်တဲ့! ရုံးပိတ်ဆို ထမင်းဟင်းလေး ပါချက်ကျွှေးပြီး တနေကုန်ပြုစုလိုက် ပါသေးတယ်တဲ့! အဲ! ထမင်းတာချက်တာ မီးဖိုချောင် ရှုပ်ဖွနေတာပါဘဲ တခါမှရှင်းလင်းတာမရှိပါဘူး! အိမ်ကြီးရှင် ရွှေမောင်မောင်ကဘယ် လောက်တုန်း သလဲမသိ! ပြဿနာဖြစ်တော့မှ အရပ်ကတို့ကူပါကယ်ပါတဲ့! အဲဒါကို သီးမခံနိုင်လို့ နင်ရည်းစားအိမ်ကို ခေါ်မလာနှင့်လို့ ကောင်ကောင်းမွန်မွန် ပြောတာကို ပြန်ရန်တွေ့လို့ အသိတွေလိုက်ရှင်းပေးရတာလေ!
သူမရည်းစားမလေးတရုတ်ကောင်းလေးကိုမောင်းချလိုက်ရတယ်လေ! ဒါတောင်ကောင်လေးကပြောသေး တယ် အိမ်လခကိုသူပေးတာတဲ့! နောက်မှာသိရတာ အဲဒီရွှေမမလေးက သူမရည်းစားဆီကနေ အိမ်ငှားခနှင့် ထမင်းဖိုးတွေယူပြီး ထောက်ပံ့ခိုင်းထားတာကိုး! ဒါလဲ ပြဿနာတက်တော့မှပေါ်လာတာကိုး! ဇယာလေးတွေ!
နေခင်းအလုပ်သွားကျ ညဖက်မှ ပြန်အိပ်ကျတာကိုး! ရွှေမမလေးတွေအချင်းချင်းမတည့်ကျတော့ ဆန့်ကျင် ဖက်လိင်နှင့်နေရတာ ပိုအဆင်ပြေပါတယ်လို့ပြောပါတယ်၊ ဆာလို့ချက်စားကျရင်လဲစိတ်တူကိုယ်တူ အဖော်အကူတောင်ရသေးတယ်လို့ပြောပါတယ်....
နောက်ပြီး ဒီမှာခေတ်စားနေတာက ဒီလိုဘဲ အခန်းအတူငှားလို့အတူနေပြီးမှ တချို့ဆိုယူဖြစ်သွားတာလဲ ရှိပါတယ်၊ ကွဲသွားကျတာလဲ အများကြီးပါဘဲ! ဘယ်အိမ်သူကြီးကမှလင်မယားအစစ် ဟုတ်မဟုတ် မစစ်ဆေးတတ်ကျပါဘူးလေ! ဒီမှာရွှေသမီးရည်းစားချစ်သူတွေလဲစိတ်တူကိုယ်သူအတူနေတတ်လာေ လာကျကို သတိထားမိပါလိမ့်မယ်၊  အခု၂၀ရာစုနောက်ပိုင်းမှာ တော်တော်ကို  ဒီလိုမျိုးဇာတ်လမ်းလေး မြန်မာပြည်မှာ လဲခေတ်စားလာပါတော့တယ် ၊ ဘာမပြဿနာမတက်ရင်တော့ကောင်းတာပေါ့နော်! လူလွှတ်ကင်း ရှင်းနေ ရင် ပြဿနာမရှိပေမဲ့ အဲ!နောက်ဆက်တွဲဇာတ်လမ်းမိသားစုတွေနှင့်ဆိုရင် ဇာတ်လမ်းလေးတွေမကောင်း ပါဘူး! တနိုင်ငံဆီကွဲကွာနေကျတော့ မထိန်းသိမ်းနိုင်ကပါဘူး! မြန်မာကလူတွေမသိဘူးဆိုပြီးရှုပ်ကျတာပါ၊ ကွဲသွားတော့လဲ ပြန်ပြီး အပျိုလူပျိုတွေပြန်လုပ်နေကျတာပေါ့လေလို့ အသိတွေထဲကပြောဖူးတယ်!ဒါတွေကလဲ ဒီကရွှေအတိုင်း အ၀ိုင်းနှင့်နီးစပ်သူတွေဆီမှာ ကြားနေရတာအများကြီးပါဘဲ! ဆောင်းပါးလေးတွေ ဖတ်ကြည့်လိုက်ပါအုံး!

လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ-

စကာင်္ပူမိန်းခလေးငယ်တွေ  အလွန်လိုက်စားလာတဲ့ အပျော်အချစ်ဇာတ်လမ်းတွဲလေးများ

ဒါပေမဲ့ ဒီမှာက မလေးမနှင့်တော့မယူရဲကျပါဘူး ယူရင်သူမရဲ့ဘာသာပြောင်းမှ ယူလို့ရတာကိုး!
ဟီးဟီး! ဒါတော့ ရွှေကိုကိုတွေကကြောက်တယ်ဗျာ! အသိထဲကျဇာတ်လမ်းလေးဖြစ်ဖူးလို့ပါ....
နောက်ပြီး EasrCoast Beach မှာ ယာယီရွက်ဖင်တဲထိုးပြီး အပျော်ဇာတ်လမ်းလေးတွေကို ဟိုတယ်သွာစရာမလိုဘဲ ပျော်ပါးလိုက်ရေကူးလိုက်နှင့် အတွဲလေးတွေ အတော်တော်များများသွားကျ တတ်ပါတယ်၊ ရုံးပိတ်ရက်တွေမှာကို စည်ကားနေတာကိုတွေ့ရပါလိမ့်မယ်!
ယာယီရွက်ဖင်တဲကောင်းကောင်းလေးနှင့်လေမွှေယာလေးက၀ယ်ရင် $200လောက်တောင်မကုန်ကတော့ တည်းခိုခန်း ထက်ပိုအဆင်ပြေတော့ အတွဲတွေအတော်အများများ (ဖားနှင့်ကုလားတွေ)တွေ့ရတတ် ပါတယ်၊ ဘေးမှာရေချိုးခန်းအိမ်သာတွေရှိတော့ အဆင်ပြေတာပေါ့နော်!
နောက်ရွှေမမလေးတွေနိုင်ငံခြားရောက်ရင် အချိုးပြောင်းသွားတတ်တယ်တဲ့.....
ဒီကိုရောက်လာတဲ့ ရွှေမမလေးတွေက အမိမြန်မာပြည်မှာဘယ်လိုနေကျလဲတော့မသိပါဘူး! နေခဲ့တဲ့ အသိုင်းအ၀ိုင်းကြောင့်လားမသိဘူး ၀မရှိဘဲဝိလုပ်ချင်ကျတယ်လေ! ဘယ်လောက်ဘဲ ဟန်ဆောင် ဟန်ဆောင် နေလို့မရပါဘူးအချိန်တန်ရင်မူရင်းအကျင့်စရိုတ်တွေ ပေါ်လာတာပါဘဲ!  ဒီကိုရောက်လာပြီး မကြာပါဘူး  ရွှေကိုကိုလေးတွေထက် ရွှေမမလေးတွေက ပိုပြီးသွေးနထင် ရောက်ရှိလာကျပြီး ပိုမိုက်ရိုင်း လာတတ်ကျပါတယ်၊ ဘာကြောင့်မှန်းမသိပါဘူး ရွှေမမလေး၊မမကြီးတွေအချင်းချင်း မတည့်ကျ၊ ပိုယှဉ်ပြိုင်
မနာလိုကျတာကိုပိုတွေ့ပါတယ်၊ အလုပ်ရုံထဲမလဲ ရွှေမမကြီး၃-၄ယောက်အချင်းချင်း စကားနာထိုးနေ ကျတယ်၊ ကြားမှာနေတာ ပိုနေရထက်တတ်ပါတယ်လေ၊ အခုလဲ ရွှေမမလေး၊မမကြီးတွေမှာတွေ့ရတတ်တဲ့ အကျင့်ဆိုးလေးတွေပါ... ဒါတွေကြောင့် ဆန့်ကျင်ဖက်လိင်တွေနှင့် အတူနေရတာပိုအဆင်ပြေကျပါတယ် တဲ့လေ...ဒါကြောင့်ကိုး! တလွဲတော့မထင်လိုက်ကျပါနှင့်နော်!

နောက်ဆက်တွဲဇာတ်လမ်းတွေကတော့....
နောက် အသိရွှေအိမ်ရှင်တွေ ၂ဦးလောက်မှာလဲ လက်ရှိဖြစ်နေတဲ့ အိမ်ငှားရွှေမမလေးတွေရဲ့ အခုလို မယူခင် အတူနေထိုင်တတ်ကတာကတော့ living together တွေကို အတူအိမ်တအိမ်ထဲမှာ သမီးရည်းစားလေးတွေက တခန်းစီသတ်သတ် မိမိအခန်းဖော်ချင်းတွေနှင့်နေနေရင်း ဇာတ်လမ်းလေး တွေရှုပ်နေတတ်ကျတာကို ရွှေအိမ်ရှင်တွေ ဘာမှမပြောကျပါဘူးလေ! ဒီအတိုင်းကြည့်နေတတ်ကျတာက တကြောင်းပေါ့! နောက်တော့ အတူယူဖြစ်သွားကျပြီးတော့ ပိုဆိုးတာက တခန်းလုံးကိုလိုချင်တော့ မိမိရဲ့အခန်းဖော်တွေကို အိမ်ရှင်ကိုပြောခို်င်းပြီး နှင်ထုတ်ခိုင်းပါသတဲ့ဗျာ! ဒါလဲ တအိမ်ထဲမဟုတ်ပါဘူး နှစ်အိမ်သုံးအိမ်လောက်က အိမ်ရှင်တွေပြောပြလို့သိရတာပါ၊ တော်သေးတပေါ့ယူဖြစ်သွားကိရှု မယူးဖြစ်ဘဲ ကွဲသွားတဲ့ သူငယ်ချင်းတွေလဲ ရှိပါသေးတယ်! အခန်းပြန်အပ်လိုက်ကျပြီး တခြားနေရာစီမှာ သွားနေကျပါတယ်၊အဲဒီလိုပြောခိုင်းတတ်တာကလဲ ရွှေမမလေးတွေဘဲ ဖြစ်နေပါသတဲ့ဗျာ! ဘာလို့များ ရွှေမမလေးတွေ ဒီလိုစိတ်ထားသေးသိမ်တာတွေရှိနေကျလဲမသိကျပါဘူး! နှင်ထုတ်ခံရတဲ့အဖြစ်က ဘယ်လောက်ခံပြင်းဖို့ကောင်းလဲ! ခံဖူးတဲ့သူတွေမှသိပါလိမ့်မယ်! ဆိုလိုတာက မိမိတို့ရဲ့ရွှေတွေ ရဲ့အကျင့်ဆိုးလေးတွေကတော့ အချင်းချင်းမှာပိုပြီးစည်းလုံးကျရမဲ့အစား တခြားနိုင်ငံခြားကလူတွေထက် သွေးခွဲတတ်ကျတဲ့ အမှုအကျင့် တွေ၊ ပြိုင်ဆိုင်မှုတွေ နှင့် မနာလိုမှုတွေကို  ပိုရှိနေတတ်ကျတာကို သတိထားမိလို့ပါဘဲ! အတုခိုးနည်းပညာယူတတ်ဖို့နှင့်ယှဉ်ပြိုင်တတ်ကျဖို့ ဘာလို့များမရှိတတ်ကျတာလဲ မသိပါဘူး! ခေတ်ပျက်စနစ်ဆိုးတွေမှာ ပညာသင်ခဲ့ရလို့လား မသိပါဘူး! အားလုံးအကျင့်ဆိုးလေးတွေ အကျင့်စရိုတ်ဓာတ်တွေ နှင့် ပျက်စီးကုန်တာများနေကျလို့ပါဘဲ! ဟူး!
 
အခုမှရောက်တာမကြာသေးတဲ့ အသိသူငယ်ချင်းကောင်းလေးတယောက်က ငြီးပြတယ်လေ.....
သူရောက်တာ၂နှစ်ထဲမှာအိမ်ပြောင်းတာ၅ခုမြှောက်ရှိပြီတဲ့!အသိတွေထဲကလက်ရှိအိမ်ပိုင်ရှင်တွေကတောင် ဒီလောက်ကကျည်ကချောင်မများကျဘဲနှင့် ဒီကိုရောက်လာကျပြီး ရွှေသူအိမ်ကြီးဖြစ်သွားတဲ့(အိမ်ကိုဦးစီးကိုယ်တိုင် အိမ်ငှားသူ) ရွှေမမလေးတွေ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး အောက်ချေလွတ်သွား ကျလဲမသိပါဘူးတဲ့!  မိမိအိမ်ငှားတွေနှင့် ပြဿနာတွေ တောက်လျှောက်ဆိုသလိုတက်ကျပြီး စိတ်သွေး နထင် ရောက်ရှိလာတတ်ကျတာကို သတိထားမိလာပါတယ်တဲ့၊ (ဒါတောင်အိမ်ပိုင် မဟုတ်သေးဘူးနော်) အရင်အိမ်ငှားဘ၀တုန်းကနှင့် မတူတာကိုတွေ့ရတတ်ပါတယ်၊ ဘာကြောင့်လဲ မသိပါဘူး? (အိမ်ငှားဘသ၀မှာအနှိမ့်ခံရဖူးလို့လားမသိပါဘူးတဲ့)လို့ပြောပြပါတယ်လေ! ရွှေတွေအိမ်ကချက်စားလို့ရကျလို့ သူများတွေ ထက်ဈေးကြီးပေးနေကျတာပါတဲ့၊(အိမ်ပိုင်ရှင်ရွှေတွေဈေးပေါတဲ့အိမ်တွေလဲ အနည်းငယ်လောက်တော့ရှိပါ တယ်) ဒီလိုစီးပိုးတာတွေကြောင့် မကြာခဏဘဲအိမ်ပြောင်းဖြစ်သွားတာတဲ့လေ....အင်း! ရွှေလူငယ်တွေနှင့် အတော်ကို အဆင်မပြေနိုင်ကျတဲ့ အိမ်သူကြီးရွှေမမလေးတွေပါဘဲတဲ့! အဲ! ရွှေလူငယ်တွေလဲ ဘာမှ အလိုက်မသိတတ်ကျတော့ ဘာမှကူပြီး အိမ်သန့်ရှင်းတွေ ဘာတခုမှလုပ်မကူကျပါဘူးလေတဲ့! အထူးသဖြင့် မိမိသုံးနေတဲ့ ရေချိုးခန်းနှင့်အိမ်သာသန့်ရှင်းရေးနှင့်ပတ်သက်ပြီး ပိုဆိုးတတ်ပါတယ်လေ၊ မြန်မာပြည်မှာလဲ လုပ်လေ့လုပ်တတ်တဲ့အကျင့်မရှိတတ်ကျတာကြောင့်လဲပါကျမှာပေါ့လေ၊ ဒါတွေကလဲ မိမိအိမ်မဟုတ်ကျတဲ့ အပြင်ဆောင်တွေနေဖူးကျတဲ့သူတွေလောက်ဘဲ နေထိုင်တတ်ကျတတ်ပါတယ်၊ ဒီလိုလူငယ်တွေကလဲ နိုင်ငံခြားက လူနေမှုစနစ်တွေနှင့် အသားမကျနိုင်ဖူးဖြစ်နေတတ်ပါတယ်၊ အစအဆုံးမိမိကိုယ်တိုင်လုပ်နေရတာကို သဘောမကျတတ်ကျပါဘူး! မြန်မာပြည်လိုကူဖော်ကူဖက်လိုချင်  တယ်၊မိမိက မြန်မာပြည်မှာဘယ်အလွှာဘယ်အဆင့်က ဘယ်လိုနေထိုင်လာကျသလဲဆိုတာ မသိတော့ ပါဘူး! ဗီဒီယိုဇာတ်လမ်းထဲကလို ရွှေမင်သားရွှေမင်းသမီးလေးလိုနေချင်ကျပါတယ်၊ ဒါတွေကြောင့်လဲ ဘယ်ရွှေအိမ်ရှင်တွေနှင့် မတည့်တတ်ကျပါဘူး! ဒီလိုလူတွေက နိုင်ငံခြားသားစကာင်္ပူတွေနှင့်နေဖူးတဲ့သူ တွေမှ သိကျပါလိမ့်မယ်! ဘာတွေကွာခြားလဲဆိုတာ! အဲ! ဒါတွေက နိုင်ငံခြားရဲ့ Life Style တွေပါဘဲ!
ကျေးဇူးပါဘဲ! တိုင်ဆိုင်မှုရှိတဲ့လူတွေကိုတော့ အနူးညွှန့်တောင်းပန်ပါတယ် ၊ အခုလို ဒီလိုနိုင်ငံခြားမှာ လက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်ရပ်မှန်တွေကို အားလုံးသိစေချင်လို့ရေးသားထားတာပါ....ဘယ်သူကိုမှ မထိခိုက်စေချင်ပါဘူး...... နှစ်ပေါင်းများစွာနောက်နေကျနေတဲ့ အမိမြန်မာတွေကိုဒီကရေစီခေတ် ပြောင်း တွေမှာ ကမ္ဘာကိုနောက်ကောက်မကျစေချင်ပါဘူး ! ဒေါ်စုပြောသလို  ကမ္ဘာနှင့်အညီ နိမ့်ကျနေတဲ့ လူအဆင့်အတန်းတွေ နှင့် အကျင့်ဆိုးတွေကို မိမိကိုယ်တိုင်ကြိုးစားပြင်မှ အားလုံးကလိုက်ပြင်ကျမှာပါလို့ပြောချင်ပါတယ်....


 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!