Popular Posts!

Saturday, December 7, 2013

ငှားရမ်းခမြင့် ရန်ကုန်တိုက်ခန်းများနှင့် ကျောတစ်ခင်းစာ


ယခုနှစ်မှာတော့ ထူးထူးခြားခြား အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ တိုက်ခန်းဈေးနှုန်း မြင့်တက်မှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ၀ါကျွတ်ကာလထက် များစွာမြင့်တက်ပြီး အရောင်းအ၀ယ်များလည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်လ ငှားရမ်းခ ကျပ်တစ်သိန်းခွဲခန့် ရှိနိုင်တဲ့ ကျပ်သိန်းနှစ်ရာ့ငါးဆယ်ခန့် ပေါက်ဈေးရှိ တိုက်ခန်းတစ်ခန်းဟာ ကျပ်သိန်းနှစ်ရာ့ရှစ်ဆယ် ၀န်းကျင်ခန့်အထိ ပေါက်ဈေးရှိလာ ခဲ့တာမို့ တိုက်ခန်းတန်ဖိုး တက်လာတဲ့အပေါ် ငှားရမ်းခ ဈေးနှုန်းတွေဟာ လိုက်လံတိုးမြှင့်လာပြီး တစ်လငှားရမ်းခ နှစ်သိန်းနီးပါးကို ငှားရမ်းသူတွေက တိုးမြှင့်ပေးချေ ခဲ့ကြရတာ ဖြစ်ပါတယ်။



Created on Saturday, 07 December 2013 10:47
Written by သစ်ထဋ်


ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းများကို ရွှေဂုံတိုင် တံတားနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ယခုတလော မိတ်ဆွေသူငယ်ချင်းတွေ ထံက ကြားနေရတဲ့ အသံတွေထဲမှာ မကြာခဏ ကြားနေရတာကတော့ ကြီးမြင့်လာတဲ့ အိမ်ငှားရမ်းခ ဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး ညည်းညူသံတွေပါပဲ။ အသိ မိတ်ဆွေများထဲက ရန်ကုန်မြို့မှာ အိမ်ငှားရမ်း နေထိုင်သူတွေ အားလုံးလိုလိုဟာ ယခုနှစ် ၀ါကျွတ်ကာလနောက်ပိုင်း အိမ်ငှားရမ်းခ နှုန်းထားတွေဟာ သိသိသာသာ တိုးမြှင့်သွားတဲ့ဒဏ်ကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၏ ကျောတစ်ခင်းစာ
ရန်ကုန်မြို့မှာ အိမ်ငှားရမ်းရာတွင် တိုက်ခန်းတွေကို အများစု ငှားရမ်းကြပြီး မိသားစုအလိုက် ငှားရမ်းကြသလို မိတ်ဆွေသူငယ်ချင်းတွေ စုဖွဲ့ပြီး ငှားရမ်းနေထိုင်ကြတာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အဆိုအရတော့ ယခင်တစ်လ ငှားရမ်းခ ကျပ်တစ်သိန်း ၀န်းကျင်ရှိတဲ့ တိုက်ခန်းတွေဟာ ကျပ်တစ်သိန်း သုံးသောင်းဝန်းကျင်အထိ တိုးမြင့်သွားပြီး တစ်လကျပ် တစ်သိန်းခွဲခန့်ရှိတဲ့ တိုက်ခန်းတွေဟာ ကျပ်နှစ်သိန်းနီးပါးအထိ ရှိလာတယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် တိုက်ခန်းငှား ဈေးနှုန်းတွေဟာ တည်ရှိရာနေရာ ဒေသကိုလိုက်ပြီး ကျပ်သုံးသောင်းမှ ကျပ်ငါးသောင်းအထက်ကို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တိုက်ခန်းငှားရမ်းခတွေ တက်လာခဲ့ပေမယ့် ငှားရမ်းသူ အများစုကတော့ ရွေးချယ်စရာ မရှိဘဲ တိုးမြင့်လာတဲ့ ငှားရမ်းခတွေကို မိမိရဲ့ မိသားစုဝင်ငွေထဲက နေထိုင်မှု အသုံးစရိတ်အဖြစ် ထည့်ဝင်သုံးစွဲ ခဲ့ကြရတဲ့ အခြေအနေသာ ရှိနေခဲ့ပြီး အများစုက ၀င်ငွေအတွက် အလုပ်အကိုင် တည်ရှိရာ ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာ ရဖို့သာ ဦးစားပေးကြရတာ ဖြစ်ပါတယ်။
ဝါကျွတ်ကာလ အမြင့်ဈေးတွင်ရှိသည့် တိုက်ခန်းများ
တိုက်ခန်းငှားရမ်းခတွေ ဘာကြောင့်ဒီလောက်အထိ လျင်မြန်စွာ တက်လာရပါသလဲ။ အကျိုးသက်ရောက်မှု ရှိစေတဲ့ အကြောင်းအချက်တွေ အများကြီး ရှိနိုင်ပေမယ့် အများမြင်သာနိုင်တဲ့ အချက်ကတော့ တိုက်ခန်းပေါက်ဈေးနှုန်းတွေ ယခုဝါကျွတ်မှာ သိသိသာသာ မြင့်တက်ခဲ့ရတဲ့ အကျိုးဆက်အဖြစ် တိုက်ခန်းငှားရမ်းခ နှုန်းတွေဟာလည်း လိုက်ပါတိုးမြင့် လာခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ယခင်ဝါကျွတ်ကာလ ရောက်ရှိချိန်တိုင်း တိုက်ခန်းဈေးနှုန်းတွေဟာ ဈေးနှုန်းပုံမှန်တက်လေ့ ရှိပေမယ့် ယခုနှစ်မှာတော့ ထူးထူးခြားခြား အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ တိုက်ခန်းဈေးနှုန်း မြင့်တက်မှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ၀ါကျွတ်ကာလထက် များစွာမြင့်တက်ပြီး အရောင်းအ၀ယ်များလည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်လ ငှားရမ်းခ ကျပ်တစ်သိန်းခွဲခန့် ရှိနိုင်တဲ့ ကျပ်သိန်းနှစ်ရာ့ငါးဆယ်ခန့် ပေါက်ဈေးရှိ တိုက်ခန်းတစ်ခန်းဟာ ကျပ်သိန်းနှစ်ရာ့ရှစ်ဆယ် ၀န်းကျင်ခန့်အထိ ပေါက်ဈေးရှိလာ ခဲ့တာမို့ တိုက်ခန်းတန်ဖိုး တက်လာတဲ့အပေါ် ငှားရမ်းခ ဈေးနှုန်းတွေဟာ လိုက်လံတိုးမြှင့်လာပြီး တစ်လငှားရမ်းခ နှစ်သိန်းနီးပါးကို ငှားရမ်းသူတွေက တိုးမြှင့်ပေးချေ ခဲ့ကြရတာ ဖြစ်ပါတယ်။
တစ်လ ကျပ်ငါးသိန်း ရသူတောင် မ၀ယ်နိုင်
တိုက်ခန်းဈေးနှုန်းများ ယခုနှစ်မှာ ဘာကြောင့်ခုန်တက် ခဲ့သလဲဆိုတဲ့ နေရာမှာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပေမယ့် ထင်သာမြင်သာရှိတဲ့ အချက်အလက်အချို့ ရှိနေပါတယ်။ ယေဘုယျအားဖြင့် တိုက်ခန်းဈေးနှုန်း တက်လာရတာဟာ ၀ါကျွတ်ပွင့်လင်းကာလ ရောက်လာသဖြင့် တိုက်ခန်းများ အ၀ယ်လိုက်လာလို့ ဈေးတက်လာတာလာလို့ ပြောနိုင်ပါတယ်။ ဒီနေရမှာ တိုက်ခန်းဝယ်သူတွေဟာ ဘယ်သူတွေလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ဖို့  လိုပါမယ်။ ဆိုလိုတာက တကယ်နေထိုင်ဖို့အတွက် ၀ယ်ယူသူနဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် ၀ယ်ယူသူ (ဥပမာအားဖြင့် ပြန်လည်ငှားရမ်းထားပြီး တက်ဈေးဖြင့် ရောင်းချရန် ၀ယ်ယူခြင်း) ဘယ်သူက ပိုများသလဲ ဆိုတာပါ။ အိမ်၊ ခြံ၊ မြေ ဈေးကွက်ဆိုင်ရာ သတင်းတွေမှာတော့ နေထိုင်ဖို့ထက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ၀ယ်ယူကြတယ်လို့
ပျမ်းမျှအားဖြင့် တိုက်ခန်းငှား ဈေးနှုန်းတွေဟာ တည်ရှိရာနေရာ ဒေသကိုလိုက်ပြီး ကျပ်သုံးသောင်းမှ ကျပ်ငါးသောင်းအထက်ကို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တိုက်ခန်းငှားရမ်းခတွေ တက်လာခဲ့ပေမယ့် ငှားရမ်းသူ အများစုကတော့ ရွေးချယ်စရာ မရှိဘဲ တိုးမြင့်လာတဲ့ ငှားရမ်းခတွေကို မိမိရဲ့ မိသားစုဝင်ငွေထဲက နေထိုင်မှု အသုံးစရိတ်အဖြစ် ထည့်ဝင်သုံးစွဲ ခဲ့ကြရတဲ့ အခြေအနေသာ ရှိနေခဲ့ပြီး အများစုက ၀င်ငွေအတွက် အလုပ်အကိုင် တည်ရှိရာ ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာ ရဖို့သာ . . . . .
ဆိုထားပါတယ်။ တကယ်လည်း ယနေ့ခေတ်ရဲ့ ရန်ကုန်မြို့က တိုက်ခန်းဈေးနှုန်းတွေဟာ တစ်လလစာ ကျပ်တစ်သိန်း၊ နှစ်သိန်း ရရှိနေသူတွေ မဆိုထားနဲ့ တစ်လကျပ်ငါးသိန်းခန့် ရနေသူတွေတောင် တန်ဖိုးအသင့်အတင့်ရှိတဲ့ တိုက်ခန်းတစ်ခန်း ၀ယ်ဖို့ဆိုတာ အိပ်မက်တောင် မက်လို့မရတဲ့ အနေအထားမျိုးပါ။ ရရှိတဲ့ ၀င်ငွေထဲက နေစရိတ်၊ စားစရိတ်၊ အသုံးစရိတ်၊ ကျန်းမာရေးစရိတ် အပါအ၀င် အခြားတိုထွာ ကုန်ကျစရိတ်တွေ နုတ်ပြီးတဲ့ အချိန်မှာ တိုက်ခန်းဝယ်ဖို့ နေနေသာသာ တစ်လတစ်လ အကျွေးမတင်ရအောင် လှည့်ပတ်သုံးစွဲ နေရသူ အများစု ဖြစ်နေတာကြောင့် ယခုတိုက်ခန်း ၀ယ်ယူသူ အများစုဟာ တိုက်ခန်းဝယ်ယူ ရင်းနှီးမြှုပ်နှံ ပြန်လည်ငှားရမ်းသူတွေ ဖြစ်နေတာ မဆန်းတဲ့ ဖြစ်ရပ်ပါ။
သည်းခြေကြိုက် ရင်းနှီးမြှုပ်နှံမှု
ယခုလို တိုက်ခန်းတွေကို ၀ယ်ယူရောင်းဝယ်ခြင်းကို စီးပွားရေး လုပ်ငန်းကြီးသဖွယ် ဆောင်ရွက်နေကြရတာ ဘာကြောင့်လဲဆိုတာ လွယ်လွယ်တွေးကြည့်ရင်တော့ အမြတ်လိုချင်လို့ အရောင်းအ၀ယ် လုပ်တာလို့ဆို နိုင်ပါတယ်။ သေချာလေ့လာ ကြည့်မယ်ဆိုရင်တော့ ဥပမာ ကိုယ့်ဆီမှာ ဟိုကဒီက စုထားတဲ့ ရထားတဲ့ ငွေကလေး ကျပ်သိန်းသုံး၊ လေးရာလောက် ရှိတယ်ဆိုပါစို့။ ဒီငွေနဲ့ ဘယ်လိုစီးပွားရေး လုပ်မလဲ စဉ်းစားကြည့်ရအောင်။ ယခုခေတ် အလွယ်ဆုံးကတော့ ကားတစ်စီးဝယ်ပြီး Taxi အဖြစ် နေ့တွက်နဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တစ်လပျမ်းမျှဝင်ငွေ ကျပ်လေးသိန်းနီးပါး ရနိုင်တယ်ပေါ့။ ဒါကယာဉ်တိုက်မှု မဖြစ်၊ ယာဉ်မောင်းက စိတ်ချဆိုတဲ့ အနေအထား ရှိပါမှ။ ၀ယ်ထားတဲ့ ကားကလည်း သုံးစွဲချိန် ကြာလေ ဈေးကျလေ ဆိုပေမယ့် တိုက်ခန်းကျတော့က ၀ယ်ထားတာကြာလေ ဈေးကတက်လေပဲ။ ပြန်ငှားထားရင်လည်း ခြောက်လတန်သည် တစ်နှစ်တန်သည် ငှားရမ်းငွေကို တစ်လုံးတည်း ရတော့ Taxi လို တစ်နေ့တစ်ခါသွင်း တစ်လတစ်ခါသွင်း ဆိုတာထက် အများကြီး တွက်ခြေကိုက်တာကြောင့် တိုက်ခန်းရင်းနှီးမြှုပ်နှံမှုဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ သည်းခြေကြိုက် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်နေတာပါ။ တခြားစီးပွားရေး လုပ်ငန်းလေးတွေ လုပ်ဖို့စဉ်းစားမယ် ဆိုရင်လည်း လုပ်ငန်းလုပ်ဖို့ နေရာအတွက် မြင့်တက်နေတဲ့ တိုက်ခန်းငှားခဈေးတွေက လုပ်ငန်းရင်းနှီးငွေရဲ့ ရာခိုင်နှုန်း တော်တော်များများကို ရင်းနှီးမြှုပ်နှံရမလို ဖြစ်နေတာပါ။  
အချုပ်ဆိုရရင် လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေ ပြောင်းလဲမှုကို ဖော်ဆောင်မယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဆိုနေပေမယ့် တကယ့်ဒီမိုကရေစီ နိုင်ငံတွေရဲ့ အားကောင်းမောင်းသန်ဖြစ်တဲ့ လူလတ်တန်းစား ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ချက်ဖြစ်တဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အလျင်အမြန် ပေါ်ထွက်လာဖို့ ရေခံမြေခံတွေ ဖန်တီးပေးနိုင်ဖို့ အားနည်းခြင်းကြောင့် ယခုလို တိုက်ခန်းအရောင်းအ၀ယ် ရင်းနှီးမြှုပ်နှံမှုလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုသာ ဖြစ်ပေါ်စေပြီး ယင်းရဲ့အကျိုးဆက်အဖြစ် ယနေ့ရန်ကုန်မြို့မှာ ကြုံတွေ့နေရတဲ့ တိုက်ခန်းငှားရမ်းခတွေ ကြီးမြင့်ခြင်းဒဏ်ကို အများပြည်သူ အများစုက ခါးစည်းခံနေ ကြရတာ ဖြစ်ပါတယ်။ လုပ်ငန်း ကုမ္ပဏီတွေမှာ လုပ်ကိုင်ဆောင်ရွက် နေကြတဲ့ လုပ်သားဝန်ထမ်းတွေ အများစုဟာ လက်ရှိအချိန်မှာ လစာဝင်ငွေ သိသာစွာ တိုးမြင့်လာခြင်း မရှိတဲ့ အခြေအနေမှာ ကျောတစ်ခင်းစာအတွက် ပူပန်နေကြရတဲ့ အဖြစ်တွေဟာ နိုင်ငံရဲ့ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှု အားနည်းမှုတွေရဲ့ အကျိုးဆက်အဖြစ် အိမ်ခြံမြေ ကစားသူတွေရဲ့ လက်ဝယ်မှာ မှောက်လိုမှောက် လှန်လိုလှန် ဘ၀ကို ရောက်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!