Popular Posts!

Friday, November 24, 2017





လွန်ခဲ့သည့် ၅နှစ်အတွင်းက အလုပ်သမားသမဂ္ဂခေါင်းဆောင် (၂၀၀)နီးပါး အလုပ်ထုတ်ခံနေရပြီး အလုပ်ရှင်များအနေဖြင့် သမဂ္ဂခေါင်းဆောင်များ ထွက်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိနေ

လုပ်စား အလုပ်သမားသမဂ္ဂများတွေဘဲ ပေါ်လာတပေါ့ဗျ.... နိုင်ငံတကာ လုပ်ငန်းရှင်တော့ ပြေးကုန်ပြီဗျ...



2017 Jan to Jul ထိ အထည်၊သစ်ပါးလွှာ၊ အပ်ချုပ်စက်၊ ဘိလပ်မြေဖျော်စက် မင်္ဂ္လာဒုံ လှိုင်သာယာ မြောက်ဥက္ကာလ၊ ရွှေပြည်သာ၊ ဒဂုံ မြောက် က စက်ရုံ ၈ ရုံတောင်ပိတ်တာတဲ့ဗျ..

ခွင့်ပြု FDI နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ လုပ်ငန်း ၂၈၀ ပယ်ဖျက်


မြန်မာနိုင်ငံတွင် ခွင့်ပြုခဲ့ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများအနက် အမေကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ လုပ်ငန်း ၂၈၀ ခုကို ပယ်ဖျက်ခဲ့ကြောင်း မြန်မာနိုင် ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဆောင် ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထား သည်။

အဆိုပါလုပ်ငန်းများသည် လုပ်ငန်းသက်တမ်းကုန်ဆုံးခြင်း၊ ရပ်ဆိုင်းခြင်းနှင့် လုပ်ငန်းဆက် လက် မလုပ်ဆောင်ခြင်းကြောင့် ပယ်ဖျက်ခဲ့သည်ဟု အဆိုပါအ စီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ မှ ၂၀၁၇ မတ်လ ၃၁ ရက်အထိနိုင် ငံခြား ရင်းနှီးမြှုပ်နှံမှု ,၂၄၆ ခု ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ကန် ဒေါ်လာ ၇၀ ဘီလီယံရှိခဲ့သည်။ သို့သော်အထက်ပါ လုပ်ငန်း ၂၈၀ ပယ်ဖျက်ပြီး နောက်လက်ရှိ နိုင်ငံတွင် လုပ်ကိုင်နေသည့်  လုပ်ငန်း ၉၆၆ ခုရှိကာ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၅၉ ဒသမ ဘီလီယံကျန်ရှိကြောင်း ကော်မရှင်က ဆိုသည်။ 

ထို့အတူ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၂၇၃ ခုကို ပယ်ဖျက်ခဲ့ပြီး တန်ဖိုး ကန်ဒေါ် လာ သန်း ၅၀၀ ခန့်နှင့် ကျပ်ငွေ ၅၈၃ ဘီလီယံရှိသည်ဟု ကော်မ ရှင်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ရှိတွင် နိုင်ငံသားရင်းနှီးမြှုပ်မှု ၉၆၈ ခု လည်ပတ်နေသည်ဟု ကော်မရှင်က ဆိုထားသည်။

‘‘လုပ်ငန်းအများစုက လုပ် ငန်းတင်ပြပြီးရင် လာလုပ်ကြတာ များပါတယ်။ ဒါပေမဲ့ လေးငါးနှစ်  ကြာလောက် လုပ်ပြီးမှ အရှုံးပေါ် လို့ စာရင်းရှင်းပြီး ပြန်ကြတယ်။ Nike ဆိုရင် ပဲခူးဘက်မှ သေချာ စီစဉ်ပြီးတော့မှ ကမ္ဘာမှာ စျေး ကွက်ကျနေတော့၊ အော်ဒါမရှိ တော့ လုပ်ငန်းကို ပြန်အပ်သွား တာ ဒါမျိုးလည်းရှိတယ်’’ ဟု ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် ကပြောသည်။

လက်ရှိအစိုးရလက်ထက်  တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အနက် ပထမဆုံးဘဏ္ဍာနှစ် ၂၀၁၆-၁၇ ခွင့်ပြုခဲ့သည့် လုပ်ငန်းပေါင်း ၁၃၈ ခု ပါဝင်သည်ဟု ကော်မရှင်က ဆိုသည်။ ထိုလုပ်ငန်း ၁၃၈ ခုမှ အခွန်နှင့်မြေ ငှားရမ်းခ ကန်ဒေါ်လာသန်း ၃၂၀ နှင့် ကျပ်ငွေ ၁၂ ဘီလီယံကျော် ရရှိခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်လာမှု များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ၌ ဗြိတိန်၊ ပြင်သစ်နှင့် နယ် သာလန်စသည့် ဥရောပနိုင်ငံများ ဝင်ရောက်လာသည်။ ထို့အပြင် ၁၀ နှစ်ကျော်အတွင်း ရင်းနှီးမြှုပ်နှံ မှု ရပ်တန့်နေသည့် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါနိုင်ငံ တို့မှ ဝင်ရောက်မှုများရှိသည် ဟု ကော်မရှင်ကဆိုသည်။  

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!