Popular Posts!

Saturday, November 18, 2017


ဟူး! အခုမှာ လူစစ်စစ်ပြန်ဖြစ်ရြဲပီဗျ.......တိရိစ္ဆာန်တွေနှင့် နေရတာနှစ်ပေါင်းလဲ မနည်းတော့ဖူးဗျ ၊
အင်! အခုကော ၁သောင်းတန်တွေ ၅ထောင်တန်တွေ ၁ထောင်တန်တွေ ဆက်မရိုက် မထုတ်ဖူးလို့ထင်နေလို့လားဗျ.....စီးပွားရေးတိုးတက်အောင် အစိုးရပေါ်လစီတွေ အပေါ်မှာ ဘဲ မူတည်နေတာပါဗျ....ကောက်ရိုးမီးလို $တလွဲချီး ခဏခဏ စီမံကိန်းတွေ ချမှာနေမှတော့ လုပ်ငန်းရှင်တွေ ဘယ်ဟာကိုလိုက်နာရမလဲမသိဖြစ်လို့ စီးပွားရေးကျဆင်းရတာပါဗျ..... နိုင်ငံတကာFDI တွေလဲ အပြောနှင်အလုပ် တခြားစီဖြစ်ပြီးလက်တွေ့မှာ ဖြစ်လာတဲ့ ပြဿနာတွေ အစိုးရဌာနဆိုင်ရတွေ နှင့် တရားဥပဒေအရ လိုက်မဖြေရှင်းပေးလို့ မလာရဲတော့တာဗျ...


ဗိုလ်ချုပ်ရုပ်ပုံဖြင့် အနာဂတ်တွင် ငွေစက္ကူများ ထုတ်ရေး အရပ်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွန်ဆွဲမှု လိုရင်းကောက်နှုတ်ဖော်ပြချက်များ ....




[Zawgyi]


ဖြစ်ပေါ်လာမယ့် ငွေကြေးဂယက်နဲ့ တိုင်းပြည်စီးပွားရေး၊ငွေကြေးဖောင်းပွမှု စသည် စသည် ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေအတွက် ထောက်ပြဆွေးနွေး ကန့်ကွက်ခဲ့တာပါ…
ပိုက်ဆံတိုင်းဟာ ဗိုလ်ချုပ်ပုံနဲ့ ရှိသင့်တာမှန်ပေမယ့် အလောသုံးဆယ်လုပ်မိလိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးဂယက်တွေကိုတော့ထည့် စဉ်းစားရမယ်လေ…
အဲ့ဒီမှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်က အခန့်မသင့်ရင်ဘဏ်စနစ်တွေထိ ကြီးကြီးမားမား ရိုက်ခတ်သွားနိုင်တယ်ဆိုတာကိုလည်း သတိပြုသင့်တယ်…
နိုင်ငံရေးရှုတောင့်နဲ့ ကြည့်ရင် ယခုအဆိုဟာ မှန်ကောင်း မှန်နိုင်သော်လည်း စီးပွားရေး ရှုထောင့်က ကြည့်ရင်တော့ အလွန်အန္တရာယ်များတဲ့အလုပ်ဗျ…
သို့သော်…..

ဗိုလ်ချုပ်ရုပ်ရှင်ကိုတောင် ဖြစ်မြှောက်အောင် မစွမ်းဆောင်နိုင်တဲ့သူတွေက ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်တော့မယ် ဆိုတော့…


တပ်ကြပ်ကြီး ဖိုးစီ
[Unicode]
ဗိုလ်ချုပ်ပုံ ရိုက်မှာမို့ သူတို့ အမုန်းခံပြီး ဘာကြောင့် ကန့်ကွက်ခဲ့သလဲ…
ဖြစ်ပေါ်လာမယ့် ငွေကြေးဂယက်နဲ့ တိုင်းပြည်စီးပွားရေး၊
ငွေကြေးဖောင်းပွမှု စသည် စသည် ဖြစ်ပေါ်လာနိူင်တဲ့ဆိုးကျိုးတွေအတွက် ထောက်ပြဆွေးနွေး ကန့်ကွက်ခဲ့တာပါ…
တိုင်းပြည်စီးပွားရေး ဘာမှမလုပ်ပဲ ပြည်သူတွေကြိုက်တာပဲဆိုပြီးပိုက်ဆံတွေ ရိုက်ထုတ်နေလို့ မဖြစ်ဘူးလေ…
ပိုက်ဆံတိုင်းဟာ ဗိုလ်ချုပ်ပုံနဲ့ ရှိသင့်တာမှန်ပေမယ့် အလောသုံးဆယ်လုပ်မိလိုက်ရင် ဖြစ်ပေါ်လာနိူင်တဲ့ ငွေကြေးဂယက်တွေကိုတော့ထည့် စဉ်းစားရမယ်လေ…
ဥပမာ၊ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေ ဈေးကွက်ထဲ ဝင်ရောက်လာပြီဆိုပါစို့..
ပြည်သူတွေဟာ ပိုက်ဆံဟာ အသစ်ဖြစ်တာကတစ်ကြောင်း၊ဗိုလ်ချုပ်ကိုချစ်တာကတစ်ကြောင်း၊ လက်ရှိသုံးစွဲနေတဲ့ ပိုက်ဆံတွေကိုကိုင်ပြီးသုံးစွဲကြမှာ မဟုတ်တော့ဘူး။ ဘဏ်မှာ သွားလဲကြမှာကျိန်းသေတယ်…
အဲ့ဒီမှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်က အခန့်မသင့်ရင်ဘဏ်စနစ်တွေထိ ကြီးကြီးမားမား ရိုက်ခတ်သွားနိူင်တယ်ဆိုတာကိုလည်း သတိပြုသင့်တယ်…
နိူင်ငံရေးရှုတောင့်နဲ့ ကြည့်ရင် ယခုအဆိုဟာ မှန်ကောင်း မှန်နိူင်သော်လည်း စီးပွားရေး ရှုထောင့်က ကြည့်ရင်တော့ အလွန်အန္တရာယ်များတဲ့အလုပ်ဗျ…
တပ်မတော်ဟာ အဆဲခံရမယ့်ကိစ္စကို လွယ်လွယ်နဲ့ လုပ်ပါ့မလား…
ဘယ်လောက်ပဲ ကန့်ကွက် ကန့်ကွက် မဲပေးစနစ်နဲ့ ဆုံးဖြတ်မယ်ဆိုရင်ရှုံးမယ်ဆိုတာကိုလည်း ကြိုတင်ပြီး သိရှိနားလည်းထားပြီးသားပဲ …
သို့သော်…..
ဗိုလ်ချုပ်ပုံနဲ့ မဲဆွယ်တယ်…
ဗိုလ်ချုပ်ပုံအကြောင်းပြောပြီး လက်ခုပ်သံတွေ ချူကြတယ်…
ဗိုလ်ချုပ်ရုပ်ရှင် အကြောင်းပြပြီး အလှူခံခဲ့ကြတယ်…
ဗိုလ်ချုပ်ရုပ်တုတွေ အပြိုင်ထုပြီး ၁နှစ်ကြာမှ တစ်ခါ လွမ်းပြကြတယ်…
ကိုယ်ပိုင်အရည်အချင်း မရှိတဲ့သူတွေဟာ စိန်နားကပ်ရောင်နဲ့
ပါးပြောင်ဖို့ကြိုးစားတတ်ကြတယ်…
ဗိုလ်ချုပ်ရုပ်ရှင်ကိုတောင် ဖြစ်မြှောက်အောင် မစွမ်းဆောင်နိူင်တဲ့သူတွေက ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်တော့မယ် ဆိုတော့…
ဘာသာပေါင်းစုံနဲ့ ဆုတောင်းမိပါတယ် …..
အောင်မြင်ပါစေ…. အောင်မြင်ကြပါစေလို့ပေါ့…

တပ်ကြပ်ကြီး ဖိုးစီ....http://thadinmedia.com/?p=1483

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!