Popular Posts!

Monday, November 19, 2018

Is Myanmar’s currency in crisis?

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်း (A Crisis of Confidence)






 လွန်ခဲ့သော (၅)နှစ် ၊ ၂၀၁၃ ခုနှစ်ခန့်က မြန်မာကျပ်ငွေသည် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက တန်ဖိုးကျဆင်းလာခြင်း အကြောင်းကို “Is Myanmar’s currency in crisis?” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၁၃ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့ထုတ် မြန်မာတိုင်းမ် သတင်းစာတွင် ကျွန်ုပ် သည် ဆောင်းပါးတစ်ပုဒ်ရေးသား ခဲ့ဖူးပါသည်။

 ၂၀၁၂ ခုနှစ် ဧပြီလက ကုန်သွယ်မှုလုပ်ငန်းတွင် အမေရိကန် ၁ ဒေါ်လာသည် ကျပ်(၈၂၀)ရှိနေရာမှ ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ကျပ်(၁၀၀၀) သို့ ရောက်ရှိလာခြင်းမှာ ကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းလာခြင်းပင်ဖြစ်ပါသည်။ ဖော်ပြပါ ဆောင်းပါးရေးပြီးနောက် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် (၁၀၀၀)ခန့်နှင့် ၂၀၁၅ခုနှစ်အထိ အမှန်ပင် တည်ငြိမ်လျက်ရှိခဲ့ပါသည်။

၂၀၁၅ခုနှစ် မတ်လနှင့် ဧပြီလ အတွင်း မြန်မာကျပ်ငွေ၏ အခိုင်အမာ ကျဆင်းလာသည့် လက္ခဏာများ ဖြည်းဖြည်းချင်းပေါ်ထွက်လာပြီး ၂၀၁၅ခုနှစ် သြဂုတ်လတွင် မြန်မာကျပ်ငွေတန်ဖိုးမှာ ၁ ဒေါ်လာလျှင် ကျပ်(၁၃၀၀)သို့ သိသိသာသာကျဆင်းသွား ခဲ့ပါသည်။ ၂၀၁၈ခုနှစ် ဇွန်လမတိုင်ခင်အထိ တစ်ဒေါ်လာလျှင် ကျပ်(၁၃၀၀)ဝန်းကျင်ရှိခဲ့ရာမှ တဖန် ၂၀၁၈ခုနှစ် သြဂုတ်လတွင် ကျပ်(၁၅၀၀)ကျော်သို့ တဟုန်ထိုး ကျဆင်းခဲ့ပါသည်။

ခေတ္တခဏရိုက်ခတ်မှုများ

 မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း မတည်မငြိမ်ဖြစ်ရခြင်း အကြောင်းအရင်းကို ရှင်းလင်းဖော် ပြရန် ဖြစ်နိုင်ချေ အမြောက်အမြားရှိပါသည်။အချို့က မြန်မာကျပ်ငွေ တန်ဖိုးကျရခြင်းမှာ မြန်မာကျပ်ငွေ၏ အားနည်းချက်ထက် ဒေါ်လာတန်ဖိုးခိုင်မာမှုကြောင့်ဟု စောဒကတက်ကြပါလိမ့်မည်။

 လွန်ခဲ့သောနှစ်က ဒေါ်လာ တန်ဖိုး၏ အညွှန်းကိန်းမှာ အမှန်ပင် ၃% ပိုမိုအားကောင်းလားသော်လည်း မြန်မာကျပ်ငွေ (၁၃၀၀) မှ (၁၅၀၀) သို့ သိသိသာသာကျဆင်းခြင်းကိုမူ အဆိုပါအချက်က ပြည့်ပြည့်စုံစုံ ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပါ။ သီးခြားမှတ်စုအနေနှင့်ဆိုရလျှင် ဆက်လက်ဖြစ်ပွားလျက်ရှိသော အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေး အငြင်း ပွား မှုကြောင့် လွန်ခဲ့သောနှစ်က တရုတ်ယွမ်ငွေမှာ ၇% ခန့် ကျဆင်းခဲ့ပါသည် (မှတ်ချက်- ထိုင်း ဘတ်ငွေ မှာ အဆိုပါ ကာလအတွင်း အနည်းငယ်သာ ပြောင်းလဲခဲ့ပါသည်) တရုတ်နိုင်ငံအား မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပါက အချိန်တိုအတွင်း မြန်မာကျပ်ငွေတန်ဖိုး ရုတ်တရက် သိသိသာသာ ကျဆင်းသွားရခြင်း ကို ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်ပါလိမ့်မည်။

 အချို့ကလည်း ဒေါ်လာများ ဝယ်ယူစုဆောင်းခြင်း၊ ဈေးကစားခြင်းနှင့် ရွှေဈေးနှုန်းများကြောင့် ကျပ်ငွေတန်ဖိုးကို ထိခိုက်ရခြင်း ဖြစ်သည်ဟု  စောဒက တက်နိုင်ပါသည်။ ဤအချက်အလက်များမှာ အဓိကအားဖြင့် ယာယီခေတ္တခဏ ရိုက်ခတ်မှုများသာ ဖြစ်ပြီး စီးပွားရေးဆိုင်ရာ အခြေခံဥပဒေများနှင့် ဆက်စပ်ပတ်သတ်ခြင်း မရှိပါ။

စီးပွားရေးတိုင်ရာ အခြေခံသဘောတရား (ဥပဒေသ)များ

 ကျွန်ုပ်တို့ နားလည်သော စီးပွားရေးဆိုင်ရာ အခြေခံသဘောတရားများအရ ကျယ်ပြန့်သော အကြီးစား စီးပွားရေးလုပ်ငန်းအခြေအနေများကို ထိခိုက်လာလျှင်လည်း ငွေကြေးတန်ဖိုးများ ကျဆင်းလာတတ်ပါသည်။

 အထူးသဖြင့် ကုန်သွယ်ရေး လိုငွေပြခဲ့လျှင်လည်း ထုံးစံအားဖြင့် ငွေကြေးတန်ဖိုးကျခြင်း/လျှော့ချခြင်းများကို ဦးတည်စေနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ခန့်မှန်းခြေ ရသုံးငွေစာရင်းတွင် လိုငွေပြခြင်းနှင့် ငွေကြေးဖောင်းပွခြင်း တို့ကြောင့်လည်း ငွေတန်ဖိုးကျနိုင်ပါသည်။

 ငွေကြေးတန်ဖိုးလျော့ကျနေစဉ် ကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျရခြင်း အကြောင်းအရင်းကို အကျိုးသင့် အကြောင်းသင့် ရှင်းပြရန် မခက်ခဲလှပါ။ ဥပမာအားဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်ကာလများအတွက် ကျပ်ငွေတန်ဖိုး ကျဆင်းမှုအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး ထိုဆွေးနွေးမှု များထဲတွင် ပြင်ပကြွေးမြီများမြင့်တက်ခြင်း (ပြည်သွင်းအသားတင်ကုန်ထုတ်လုပ်မှု GDP တန်ဖိုး၏ ၂၃%)၊ သွင်း ကုန်များမြင့်မားခြင်း၊ နိုင်ငံတော်၏ ရသုံးငွေစာရင်းတွင် လိုငွေများမြင့်မားနေခြင်းတို့ ပါဝင်ခဲ့ပါသည်။

 ၂၀၁၄-၂၀၁၅ခုနှစ်အတွင်း ကုန်သွယ်မှုလိုငွေ ၂.၈% ရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကုန်သွယ်လိုငွေ ၆.၈% သို့ ခုန်တက်ခဲ့သဖြင့် ငွေကြေးဖောင်းပွမှုမှာလည်း မြင့်တက်ခဲ့ပါသည်။ အဆိုပါ အချက် (၂ )ချက်မှာ ၂၀၁၅ခုနှစ်တွင် မြန်မာကျပ်ငွေတန်ဖိုး (၁၀၀၀) ကျပ်မှ (၁၃၀၀)ကျပ်သို့ ကျဆင်းရခြင်း၏ နောက်သွယ်မှ တွန်းအားများပင် ဖြစ်ပါ သည်။

 ၂၀၁၈ခုနှစ်တွင်လည်း မည်သည့်အတွက်ငွေ တန်ဖိုးကျဆင်းရပြန်သနည်း။ တဖန် ကုန်သွယ်မှုလိုငွေပြခြင်း ပင် အဓိကအချက်အဖြစ် ညွှန်းရမည်ဖြစ်သည်။
 မြန်မာကျပ်ငွေတန်ဖိုးလျော့ကျခြင်းအဓိက ကာလအပိုင်းအခြား (၃) ခုဖြစ်သည့် ၂၀၁၃ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ခုနှစ်တို့ကို ကြည့်လျှင်ကုန်သွယ်ရေးလိုငွေပြမှုသည် ကျပ်ငွေတန်ဖိုး ကျဆင်းရသည့် အကြောင်း အရင်း အချက်အလက်အဖြစ် အစဉ်အမြဲ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ 

၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေးလိုငွေပြမှု (ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးကြား ခြားနားခြင်း) အစဉ်အမြဲ ဆက်တိုက် ဖြစ်ပေါ်နေရခြင်းက ဤအချက်မှန်ကန်ကြောင်း ဖော်ပြနေပါသည်။

 မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့၏ အစီရင်ခံစာအရ လိုငွေပြမှုတန်ဖိုးမှာ ၂၀၁၇-၂၀၁၈ခူနှစ်တွင် ၃.၈၄ဘီလီယမ် ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ခုနှစ်တွင် ၅.၂၆ ဘီလီယမ်ရှိခဲ့ပါသည်။

၂၀၁၂ခုနှစ်မှစတင်၍ ကျပ်ငွေတန်ဖိုး ရေရှည်ကျဆင်းနေခြင်း။ ကြီးမားသော ပြဿနာတစ်ခု

 မြန်မာကျပ်ငွေတန်းဖိုးကျဆင်းရခြင်းကို တစ်ကန့်ခြင်း တစ်ကန့်ခြင်း ဆန်းစစ်သုံးသပ်မည့်အစား မြန်မာကျပ်ငွေ၏ ရေရှည်ကာလ တန်ဖိုးကို စဉ်းစားသုံးသပ်ရပါမည်။

 ၂၀၁၂ခုနှစ်မှစတင်လျှင် ၂၀၁၈ခုနှစ် ၏ကျပ်ငွေမှာ ရာခိုင်နှုန်းနီးပါး(၅၀)နီးပါးကျဆင်းခဲ့ပါသည်။ (၂၀၁၂ခုနှစ်တွင် ၁ ဒေါ်လာ လျှင် မြန်မာကျပ်ငွေ ၈၂၀မှ ၂၀၁၈ခုနှစ် သြဂုတ်လတွင် ကျပ်ငွေ (၁၅၅၀)အထိ ကျဆင်းခဲ့ပါသည်) ။ ဤကဲ့သို့သော ရေရျည်ငွေတန်ဖိုးကျဆင်းမှုအား အထက်ပါ ဆွေးနွေးခဲ့သော အကြောင်းပြချက်များဖြင့် ရှင်းပြနိုင်မည်လား?  ဒေါ်လာငွေတန်ဖိုး ခိုင်မာလာခြင်း ၊ ဒေါ်လာများကိုဝယ်ယူစုဆောင်းခြင်း၊ ဈေးကစားခြင်စသည့် အချက်များသည် ယာယီသာဖြစ်ပြီး ကျပ်ငွေတန်ဖိုးကို ကြာရှည်ကျဆင်းစေနိုင်မည်မဟုတ်ပါ။ (ပြည်သူများအနေနှင့် ရံဖန်ရံခါ ဒေါ်လာငွေ ဝယ်ယူစုဆောင်းခြင်း၊ ဈေးကစားခြင်းများကို ပြုလုပ်နိုင်သော်လည်း အစဉ်အမြဲပြုလုပ်နေမည် ဆိုပါက မြန်မာကျပ်ငွေတွင် အမှန်တကယ်ပင် တစ်စုံတရာချို့ယွင်းမှုရှိနေ၍ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။)  ငွေတန်ဖိုး၏ ၅၀% ခန့် ဆုံးရှုံးရခြင်းမှာ အထူးဂရုပြုရမည့် စိုးရိမ်စရာ အချက်တစ်ခုပင်ဖြစ်ပါသည်။ 

၂၀၁၂ခုနှစ်မှ စတင်၍မြန်မာနိုင်ငံ၏စီးပွားရေး အခြေအနေ ပို၍သိသာစွာဆိုးရွားခြင်းက ယခုကဲ့သို့ကျပ်ငွေတန်ဖိုးကျဆင်းခြင်း ၏ အကြောင်းအချက်တစ်ရပ်ဖြစ်နိုင်မလား ? ကုန်သွယ်မှုလိုငွေ ပြခြင်းကဲ့သို့သော စီးပွားရေးအခြေခံ သဘောတရားများက ရေရှည်ငွေတန်ဖိုး ကျခြင်းကို ရှင်းပြနိုင်မည်လား?

 မြန်မာနိုင်ငံ၏ကုန်သွယ်ရေးလိုငွေပြမှုအား ပိုင်းခြားစိတ်ဖြာ ဝေဖန်ခြင်း မပြုမီ အခြားသောဖွံ့ဖြိုးဆဲနိုင်ငံ များလည်း အလားတူ ကုန်သွယ်ရေလိုငွေပြမှုကို ကြုံတွေ့ခဲ့ကြပြီးဖြစ်ကြောင်း သတိပြုရမည် ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါနိုင်ငံများမှာ ယခုအချိန်အထိ ငွေကြေးတည်ငြိမ်မှုကို ကောင်းစွာစီမံခန့်ခွဲ ထိန်းသိမ်း ထားနိုင်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

 ၂၀၀၅ခုနှစ်မှ ၂၀၀၈ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသည် ကြီးမားသော  ငွေကြေးလိုငွေပြမှုကို ကြုံတွေ့ခဲ့ရပါသည်။ သို့သော်ငြား လည်း ယင်း၏ပြည်ပငွေပေးငွေ ယူရှင်းတမ်း (Balance of Payment) ၏အခြေအနေမှာ သိသိသာသာပင် အကောင်းဘက်သို့ ညွှန်ပြနေပြီး ငွေလုံးငွေရင်း စီးဝင်မှုမှာ ကုန်သွယ်ရေးလိုငွေပြခြင်းကို ကာမိနိုင်ခဲ့ပါသည်။ 

ဥပမာအားဖြင့် ၂၀၀၈ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ စာရင်းရှင်းလိုငွေမှာ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ၏ ၁၁.၉% ဖြစ်ခဲ့သော်လည်း ဝင်ရောက်လာသည့် ငွေလုံးငွေရင်း (ဘဏ္ဍာရေး ငွေစာရင်းလက်ကျန်ဟု ဆိုသောစာရင်းဖော်ပြချက်အရ) မှာ ကုန်သွယ်မှုလိုငွေထက်ပိုမိုများပြားသဖြင့် ငွေကြေးတည်ငြိမ် မှုရှိရန်  ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့ပါသည်။ 

အဆိုပါအချိန်ကာလ အတွင်း ဗီယက်နမ်ငွေကြေး ဒေါင် (Dong) တန်ဖိုးမှာ အနည်းငယ်သာပြောင်းလဲခဲ့ပါသည်။ ကမ္ဘောဒီယားနိုင်ငံသည် လည်း ၂၀၀၅ခုနှစ်မှ ၂၀၁၁ အတွင်း လိုငွေပြမှုနှင့် ကြုံခဲ့ရပ်သည်။

 သို့သော် ထိုကာလတစ်လျှောက်လုံး ကမ္ဘောဒီးယား၏ ပြည်ပငွေးပေးငွေယူရှင်းတမ်း (Balance of Payment ) မှာ အကောင်းဘက်သို့သာ ဦးတည်နေပြီး သုံးငွေရီယယ်(Riel) ၏ ငွေလဲနှုန်းမှာ အနည်းငယ်သာ  အပြောင်းအလဲရှိခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မြင့်မားသောသွင်းကုန်ကြောင့် ဖြစ်ပေါ်လာသော လိုငွေကို ပေးချေနိုင်ရန် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှု (FDI) မှ လုံလောက်သောရင်းနှီးမြှပ်နှံငွေများ ဝင်ရောက်လာပါပြီလား?

 မြန်မာနိုင်ငံ ဗစိုစာရင်းအင်းအဖွဲ့၏ အစီရင်ခံဝါဒအဆိုအရ ၂၀၁၇-၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံ မှုကော်မရှင်မှ အတည်ပြုထားသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှပ်နှံမှု (FDI) ပမာဏမှာ အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံရှိသော်လည်း အမှန်တကယ်ပမာဏမှာ ၄.၃၄ ဘီလီယံသာရှိခဲ့ပါသည်။

 (၂၀၁၈ခုနှစ် ဧပြီလ ၂၇ရက်နေ့ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ သတင်းထုတ်ပြန်ချက်) ၂၀၁၆-၂၀၁၇ခုနှစ်နှင့် ၂၀၁၅-၂၀၁၆ခုနှစ်တို့အတွက် အမှန်တကယ်ပမာဏကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း အတည်ပြုထားသောပမာဏများမှာ အမေရိကန်ဒေါ်လာ ၆.၆၅ ဘီလီယမ်နှင့် စအမေရိကန်ဒေါ်လာ ၉.၅ဘီလီယမ်အသီးသီး ရှိကြပါသည်။

 နိုင်ငံခြားတိုက်ရိုက်ရင်းနီးမြှပ်နှံမှုရရှိသော ငွေလုံးငွေရင်းမှာ အကြမ်းအားဖြင့် ကုန်သွယ်မှုလိုငွေကို ကာမိနိုင်မည်ဟုယူဆရသည်။ ဤအချက်ကို အပြည်ပြည်ဆိုင်ရာ  ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ ၂၀၁၈ခုနှစ် မတ်လ အစီရင်ခံစာတွင်လည်း မှတ်ချက်ပြုထားပါသည်။

 ၂၀၁၄ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ငွေပေးငွေယူရှင်းတမ်း (BOP) တစ်နည်းအားဖြင့် သွင်းကုန်တန်ဖိုးနှင့် ထုတ်ကုန်တန်ဖိုး ယှဉ်ကြည့်ခြင်း မဟုတ်ဘဲ စုစုပေါင်း ဝင်ငွေနှင့် ထွက်ငွေ ယှဉ်ကြည့်ခြင်းသည် နည်းပင်နည်းငြား  သော်လည်း အကောင်းဘက်သို့ ဦးတည်နေကြောင်းကို လိုငွေအနည်းငယ်ပြခဲ့သည့်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်မှအပ တွေ့ရမည်ဖြစ်သည်။ ၂၀၁၅-၂၀၁၆ခနှစ်လိုငွေပြမှုသည်လည်း မြန်မာကျပ်ငွေတန်ဖိုး ၁၀၀၀ မှ ၁၃၀၀ သို့ ကျဆင်းသည်နှင့် တိုက်ဆိုင်နေကြောင်းတွေ့ရမည်ဖြစ်ပါသည်။

မည်သည့်ကိစ္စရပ်များမှားယွင်းခဲ့သနည်း

 လွန်ခဲ့သည့် (၆)နှစ်တာကာလအတွင်း ဖြစ်ထွန်းမှုများကို ပြန်လည်စမ်းစစ်ကြည့်လျှင် အပေါင်းလက္ခဏာ  သော ရလဒ်နှင့် အနုတ်လက္ခဏာဆောင်သောရလဒ် နှစ်ခုစလုံးကို တွေ့ရမည်ဖြစ်သည်။
 အနုတ်လက္ခဏာဆောင်သည့်ဘက်တွင်
- ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းနှင့်နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှပ်နှံငွေ (FDI) ဝင်ရောက်မှု နှေးကွေးခြင်း
- ၂၀၁၆-၂၀၁၇ခုနှစ်တွင် စာရင်းရှင်အပ်ငွေကျဆင်းခြင်း (သို့သော်၂၀၁၇-၂၀၁၈တွင် တိုးတက်လာမည် ဟု မျှော်လင့်ရသည်)။

အပေါင်းလက္ခဏာဆောင်သည့်ဘက်တွင်
- ဘဏ္ဍာရေးလိုငွေပြမှုနှင့် ငွေကြေးဖောင်းပွမှု နှစ်ခုစလုံး လျော့ကျခြင်း
- မြန်မာနိုင်ငံ၏ပြင်ပ ကြွေးမြီများကို လျှော့ချနိုင်ခြင်း (၂၀၁၈ခုနှစ်တွင် ပြည်တွင်းအသားတင်ကုန်  ထုတ်လုပ်မှု၏ ၁၄.၅%)
မြန်မာနိုင်ငံတွင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုဝင်ရောက်လျော့ကျခြင်းနှင့်  လိုငွေပြမှုမြင့်တက် ခြင်း တို့ကြုံတွေ့နေစဉ်တွင် ဘဏ္ဍာရေးလိုငွေပြမှုနှင့် ငွေကြေးဖောင်းပွမှုတို့မှ လည်း လျော့ကျခဲ့ပါသည်။

 မြန်မာ့ ကုန်သွယ်မှုလိုငွေကို အခြားသော အရင်းအမြစ်များမှ ဝင်လာသော ကြေးငွေးများနှင့် အဓိကအားဖြင့် ကျားကန် နိုင်ပါသည်။ ဒေါ်လာငွေကြေး ခိုင်မာလာမှု အချက်တစ်ခုတည်းဖြင့် သိသာသော ရေရှည်ငွေကြေး တန်ဖိုးကျခြင်း  အား ရှင်းလင်းပြနိုင်မည်မဟုတ်ပေ။ လွန်ခဲ့သော ၆ နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော အပေါင်းလက္ခဏာ  ဆောင်သည့် ရလဒ်နှင့် အနုတ်လက္ခဏာဆောင်သော ရလဒ် ၂ခုစလုံးစဉ်းစားလျှင် မြန်မာကျပ်ငွေတန်ဖိုး တစ်ဝက်ခန့် ကျသွားခြင်းကို နားလည်ရန် အတော်အတန်ခက်ခဲပါလိမ့်မည်။ သို့ဖြစ်လျှင် မည်သည့်အရာသည် ကျပ်ငွေတန်ဖိုးကို သိသိသာသာ ကျဆင်းစေခဲ့ပါသနည်း။

အနာဂတ်မျှော်မှန်းချက်

 ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုအားလုံး၏ တန်ဖိုးအား လက်ရှိအခြေခံသဘာတရားတစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။ ယင်းတို့၏အနာဂတ် မျှော်မှန်းထားသည့် စွမ်းဆောင်မှုများကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ 

လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ မြန်မာကျပ်ငွေ ထိုးကျရခြင်းမှာ မြန်မာနိုင်ငံ၏ ယခင်နှင့် ယခု  စီးပွားရေးဆောင်ရွက်မှု တစ်ခုတည်း၏ အကျိုးဆက်ကြောင့်မဟုတ်ပေ။

 ပြည်သူများ၏ အနာဂတ်  မျှော်လင့်ချက်များကြောင့်လည်းဖြစ်သည်။ ကျွန်ုပ်၏ အထက်ပါ ဆွေးနွေးသုံးသပ်ချက်များကို ကြည့်လျှင် လက်ရှိစီးပွားရေး အခင်းအကျင်းသည် မျှော်မှန်းထားသည့်အောက်သို့ ရောက်ရှိနေသော်လည်း လုံးဝ စိတ်ပျက် စရာတော့ မဟုတ်ချေ။

 သို့ရာတွင် ပြည်သူများ၏ အနာဂတ်မျှော်မှန်းချက်မှာ မျှော်လင့်ချင်ကင်းမဲ့သကဲ့သို့ ဖြစ်နေ ပြီး အကျိုးဆက်အားဖြင့် အနာဂတ်တွင် ပြည်သူများသည်ငွေကြေးပေါ်တွင် ယုံကြည်မှု ကင်းမဲ့လာမည်ဖြစ်သည်။

 အဘယ်ကြောင့်နည်း?
 နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ၂၀၁၈ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငတော်ဗဟိုဘဏ်သည် ၂၀၁၃-၂၀၁၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ခုနှစ်တွင် ၅.၁၃ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ခုနှစ်တွင် ၄.၇၆ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅.၁၃ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် ခန့်မှန်း ၅.၃၇ ဘီလီယံ အသီးသီးကို အရန်ငွေအဖြစ် ထားရှိခဲ့ပါသည်။

 ဤကိန်းဂဏန်းများအရ ၂၀၁၈-၂၀၁၉ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ သို့ တိုးတက်လာမည်ဟု မျှော်လင့်ရပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ဘဏ်များတွင် နောက်ထပ် ၄ ဘီလီယံ (နီုင်ငံတော်ဗဟိုဘဏ်တွင် အရန်ထားရှိသော ငွေကြေးမပါ) ထားရှိခဲ့ပါသည်။ 

သို့ရာတွင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင် ဗဟိုဘဏ်သည် အရန်ငွေကြေးများကို သုံးစွဲပြီး ကျပ်ငွေတန်ဖိုး တည်ငြိမ်ရန် အနည်းငယ်သာ ကုညီဆောင်ရွက်ခဲ့ပါသည်။ ဥပမာ အားဖြင့် ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် ဗဟိုဘဏ်သည် ဒေါ်လာ(၁၀၀)ကို လေလံဈေးကွက်တွင်ရောင်းချပေး ခဲ့ပါသည်။ ဝယ်လိုအားမှာ ဒေါ်လာ ၃သန်းကျော်ရှိနေခဲ့ပါသည်။

 ဗဟိုဘဏ်အနေအထားမှာနိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ အကြံပြုချက်ဖြင့် လုပ်ကုန်နေရသော အနေအထားဖြစ်ပါသည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ အကြံပြုထောက်ခံချက်မှာ “ငွေလဲနှုန်းကို ရှင်းထားရန်” ဖြစ်သည်။ ဆိုလိုသည်မှာ ကျပ်ငွေတန်ဖိုး ကျဆင်းပါက မည်သည့်အရာမှ ဆောင်ရွက်ခြင်းမပြုရန်ဖြစ်သည်။ 

ဤအပေါ် အခြေခံစဉ်းစားလျှင် ကျွန်ုပ် အနေဖြင့် မြန်မာကျပ်ငွေတန်ဖိုး မကြာမီအချိန်တိုအတွင်း ပြန်လည်တိုးတက်လာလိမ့်မည်ဟု မထင်မိပါ။

 ငွေလဲနှုန်းအရှင်ထားခြင်း၏ နောက်ကွယ်မှရည်ရွယ်ချက်မှာ ငွေကြေးတန်ဖိုးကျဆင်းခွင့် ပြုခြင်းဖြင့် သွင်းကုန်များကို ကန့်သတ်ပြီး ပို့ကုန်များချဲ့လုပ်ကိုင်ခြင်းကို အားပေးရန်အတွက် ဖြစ်ပါသည်။

 ဤသည်မှာ အခြားနိုင်ငံများအတွက် မှန်ကန်နိုင်သော်လည်း မြန်မာနိုင်ငံ အရေးကိစ္စအတွက်မူ ထိုသို့မဟုတ်ခဲ့ပေ။ မြန်မာ့ စက်မှုလုပ်ငန်းများမှာ ကောင်းစွာမဖွံ့ဖြိုးသေးသဖြင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် ပို့ကုန်ကို အရှိန်မြှင့်တင်ရန် မစွမ်းဆောင်နိုင်ခဲ့ပါ။

 မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို
တင်သွင်းနေရစဲဖြစ်ရာ ငွေလဲနှုန်းလျော့ကျခြင်းဆိုသည့် အကြောင်းကြောင့် မည်သို့မျှ သွင်းကုန်လျှော့ချခြင်း ကိုလည်း မပြုလုပ်နိုင်ခဲ့ပါ။ 

ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် ကျပ်ငွေတန်ဖိုးကျဆင်းနေသော်လည်း ကုန်သွယ်မှုလိုငွေမှာ ရံဖန်ရံခါ ကျယ်ပြန့်လာသည်ကို တွေ့ကြမည်ဖြစ်သည်။ မြန်မာကျပ်ငွေ တန်ဖိုးကျခြင်းသည် မြန်မာနိုင်ငံကို များများစားစားအကျိုးမပြုခဲ့ပါ။

 ကျွန်ုပ်အနေနှင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်း သည် အချည်းနှီးဟု စောဒဂမတက်လိုပါ။ သို့ရာတွင် ငွေတန်ဖိုး၏ ၅၀% ကျဆင်းရခြင်းရခြင်းအတွက်မူ ကျွန်ုပ် တို့သည် ပိုမိုကောင်းမွန်သော အနေအထားရှိသည့် ကုန်သွယ်မှု တစ်ခုကို မမျှော်လင့်နိုင်ဘူးလား။

 လွတ်လပ်သော ဈေးကွက်စီးပွားရေးသည် ဈေးကွက်၏ ရောင်းလိုအားနှင့် ဝယ်လိုအားပေါ်လိုက်၍   ငွေလဲနှုန်း အတက်အကျဖြစ်ခြင်းမှာ ပုံမှန်ဖြစ်သည်။ သို့ရာတွင် ရုတ်တရက်မမျှော်လင့်ဘဲ ငွေကြေးတန်ဖိုး သိသိ သာသာ မတည်မငြိမ်ဖြစ်ခြင်းမှာမူ စိုးရိမ်စရာဖြစ်ခဲ့ပါသည်။

 ဤကဲ့သို့ ကျပ်ငွေဖြစ်နေခဲ့ခြင်းမှာ လွန်ခဲ့သော ၆နှစ်မှ စ၍ ၂၀၁၃ခုနှစ်၊ ၂၀၁၅ခုနှစ်နှင့် ယခု ၂၀၁၈ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 ကျယ်ပြန့်သော  ငွေလဲနှုန်းအပြောင်းအလဲ အတက်အကျဖြစ်ခြင်းသည် အများပြည်သူနှင့် ရင်းနှီးမြှပ်နှံမည့်သာများ၏ ယုံကြည်မှုကို တစ်စ တစ်စ ဆုတ်ယုတ်လျော့ပါးစေမည် ဖြစ်သည်။

 ထို့အပြင် ရင်းနှီးမြှပ်နှံမှုအတွက် စီမံချက်များကိုလည်း ခက်ခဲစေပြီး အလားအလာရှိသော ရင်းနှီးမြှပ်နှံမှုများကိုလည်း လျော့ပါးစေသည်။ ငွေလုံး   ငွေရင်းဖြင့် တင်သွင်းရမည့် မ တည်ပစ္စည်း (ဥပမာ-စက်ပစ္စည်းများ) များတင်သွင်းခြင်းကို လျှော့ချသဖြင့် စီးပွားရေး တိုးတက်မှုကို ထိုင်းမှိုင်းစေပါသည်။

 ဤ အကျိုးဆက် ရလဒ်ကြောင့်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် တည်ငြိမ်သောငွေလဲနှုန်းကိုထိန်းထားလိုကြခြင်းဖြစ်သည်။ထိုင်းနိုင်ငံသည် ၁၉၉၇ခုနှစ် ငွေကြေးအကြပ်အတည်း ကာလမှလွဲလျှင် တည်ငြိမ်သော ငွေလဲနှုန်းကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်ခဲ့သည်။

 တရုတ်ပြည်သည်လည်း များစွာတည်ငြိမ်သောငွေလဲနှုန်း ကိုထိန်းထားနိုင်ခဲ့သည်။နိုင်ငံခြားငွေလဲသည့်ဈေးကွက်တွင် အမြဲတမ်းဝင်ရောက် စွက်ဖက်ရမည်ဟု ကျွန်ုပ် အကြံမပြုလိုပါ။ 

သို့သော် ငွေလဲနှုန်း လွန်ကဲစွာ မတည်မငြိမ်ဖြစ်ခြင်း၊ အလွန်အမင်း ထိုးကျခြင်းများဖြစ်သည့် ကာလတွင် ဗဟိုဘဏ်၏မူဝါဒ ဖြစ်သော ဝင်မစွက်ဖက်ရေး (လုံးဝဝင်မပြောရေးနှင့် လုံးဝ ဝင်မလုပ်ရေး) ကို ပြန်လည်စဉ်းစား သုံးသပ်သင့်ပါသည်။ 

အခြေခံ စီးပွားရေး သဘောတရားများ အလွန် အနုတ်သဘောအဆောင်သည့်အခါ ဖြစ်ပေါ်တတ်သည့် အထူးကိစ္စရပ်ပင်ဖြစ်သည်။ မြန်မာကျပ်ငွေကို လွတ်လွတ်လပ်လပ် နှစ်များစွာ အကြီးအကျယ် ကျဆင်းစေခြင်း (၂) နှစ် တစ်ကြိမ် ဖြစ်ပေါ်နေပါက ရင်းနှီးမြှပ်နှံသူများ ဒေသခံစီးပွားရေးလုပ်ငန်းများ၊ သာမန်ပြည်သူများအကြားတွင် ယုံကြည်မှု ကျဆင်းစေနိုင်ပါသည်။

Translated from the original article "Decline  of kyat: A crisis of confidence."

Min Thu Maung (Ph.D.)

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!