Popular Posts!

Thursday, January 3, 2013

အမျိုးသမီးများ ကြိုတင်ကာကွယ်ပါ

အမျိုးသမီးများ ကြိုတင်ကာကွယ်ပါ

ရှက်ရှက်မှာဖြစ်တဲ့ ကင်ဆာ . . .

အမျိုးသမီးများ ကြိုတင်ကာကွယ်ပါ 

ရှက်ရှက်မှာဖြစ်တဲ့ ကင်ဆာ . . .

by Mails From Freinds, Wednesday, January 02, 2013.

သိသင့်သည်ဟုထင်သော အမျိုးသမီးရောဂါတစ်ခု အကြောင်း တင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ 

သားအိမ်ခေါင်းကင်ဆာသည် အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ဖြစ်ပွားသော ရောဂါတစ်မျိုး ဖြစ်ပြီးတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သောရောဂါ ဖြစ်ပါတယ်။ 

ဖြစ်ပွားရခြင်းမှာ Human Papilloma Virus (HPV) ဟုခေါ်သော virus တစ်မျိုးကြောင့်ဖြစ်ရပြီး ကူးစက်မှု၏ ၇၀% သည် ပိုးရှိသူ အမျိုးသားများနှင့် အတူနေမိသောကြောင့် ဖြစ်ပါတယ်။ 

အိမ်ထောင်များ သူများ၊ မီးဖွားမှုများ သူများ၊ အပျော်အပါးများ သူများ၊ အပျော်အပါးများသော အိမ်ထောင်ဖက်ရှိသူ အမျိုးသမီးများနှင့် ပဋိသန္ဓေတားရန် အမျိုးသားအကာအကွယ် မသုံးပဲ ဆေးစားသူများ တို့မှာ ဖြစ်တတ်ပါတယ်။

မေးခွန်းတစ်ခုမေးမယ်။ မြန်မာနိုင်ငံက အမျိုးသမီး ဘယ်နှစ်ဦးက မိမိတို့ရဲ့ အမျိုးသားက သူ့ဘ၀မှာ မိမိသာလျှင် တစ်ဦးတည်းသော အဖော်ဖြစ်ပါတယ်လို့ အာမခံနိုင်တဲ့သူ ရှိသလဲ။ ဘယ်နှစ်ယောက်ကကော မိမိတို့ လက်ထပ်မဲ့ အမျိုးသားက အရင်က ဘာအပျော်အပါးမှ မလိုက်စားပါဘူး။ ဒီလို ပိုးမရှိပါဘူးလို့ အာမခံနိုင်သလဲ။

စာရေးသူ ကလဲ ယောက်ျား တစ်ယောက်ပါ။ ယောက်ျား မကောင်းကြောင်း ရေးနေတာ မဟုတ်ပါဘူး။ သိသင့်တယ်ထင်တာ ဆန်းစစ်သင့်တာလေးတွေကို ထောက်ပြနေတာပါ။

ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်သူမဆို ဒီကင်ဆာရောဂါတော့ ဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒီကင်ဆာရောဂါက ဘယ်လိုဖြစ်တာလဲဆိုတော့ ပိုးဝင်သွားရင် ဒီပိုးက အရမ်းသေးတယ်။ အဆ သိန်းသန်းမက ချဲ့ထားတဲ့ အနုကြည့် မှန်ပြောင်းနဲ့မှ မြင်ရမှာ။ သူက ဆဲလ်ထဲကိုဝင်တယ် ပြီးရင် ဆဲလ်တွေက ပွားလာတယ်။ သားအိမ်ရဲ့ ထိပ်ဝမှာ မှိုပွင့်လိုကားကား အနာကြီးဖြစ်လာတယ်။ ပြီးရင် သားအိမ်တွေရော သားမွေးလမ်းကြောင်းကိုရော တစ်ကိုယ်လုံးကိုပါပြန့်သွားတယ်။

* ဘယ်လိုသိနိုင်မလဲ။ 

ဒီကင်ဆာဖြစ်တော့မယ်ဆိုရင် သူက အဆင့်လေးတွေနဲ့ လာတယ်ပေါ့နော်။ လက္ခဏာတွေကတော့ သွေးတွေဆင်းလာတယ်။ ပုံမှန်ဓမ္မတာလာတာနဲ့ မှားတတ်တယ်။ သူကတော့ အကြာကြီးကို ဆက်ဖြစ်နေတာ။ ပြီးတော့ သံဝါသပြုပြီးနောက်ရော ဆီးသွားတဲ့အခါ အညစ်အကြေးစွန့်တဲ့အခါ မျိုးတွေမှာ ဆက်တိုက်ဆိုသလို သွေးတွေဆင်းလာတယ်
ပြီးတော့ သားမွေးလမ်းကြောင်းကနေ သွေးမျှင်တန်းလေးတွေ နံတဲ့အချွဲတွေပါ ဆင်းလာတတ်တယ်။

ပြီးရင်နာလာတယ်။ နာတဲ့အခါမှာလည်း ယောနိဝကနေ အပေါ်ကို ဒေါင်လိုက် နာတာက ပြန့်တက်လာတယ်။ နောက်တော့ ခါးအောက်ပိုင်း တစ်ခုလုံး နာလာတယ်။ နောက်ပိုင်းမှာ ဆီး ၀မ်း မထိန်းနိုင်တော့တာတွေနဲ့ ဆီးအိတ်နဲ့ အစာဟောင်းအိမ်တွေမှာပါ အနာတွေ ဖြစ်လာတယ်။

လူလည်းပိန်လာတယ်။ အနာတွေကနေ ပိုးတွေဝင်လာပြီး သွေးထဲမှာ အဆိပ်သင့်ပြီး ရှော့ရတတ်တယ်။ ပိုးတွေဝင်လာတာဟာ ဆီးပြွန်ကိုရောက်လာပြီး ကျောက်ကပ်ကိုပါ ပျက်စီးနိုင်တယ်။

* ဒါဆိုရင်ဘာလုပ်ကြမလဲ။

ရောဂါမဖြစ်အောင်ကာကွယ်လို့ရတယ်။ ကိုယ့်ရဲ့ ကိုယ်ခံအားကိုမြင့်တင်နိုင်အောင် ကာကွယ်ဆေးထိုးလို့ရတယ်။ အဆင်ပြေတဲ့ သားဖွားမီးယပ်ဆရာမကြီးတစ်ဦးထံမှာ သုံးကြိမ်ထိုးရမယ်။ ပထမလထိုးပြီးရင် နောက်တစ်လနေရင် တစ်ခါထိုးမယ်။ နောက်ခြောက်လနေရင်နောက်ဆုံးအကြိမ် ထိုးမယ်။ 

ကဒ်ပြားလေးတွေပေးတယ်။ နောက်ထပ်ထိုးရမဲ့ ရက်ကိုရေးပေးထားတယ်။ မပျောက်အောင်တော့သိမ်းထား။ အဲသည်လို ထိုးပြီးပြီဆိုရင် ရှစ်နှစ် အထိ ခံတယ်။ 

ဟုတ်ပြီ ဘယ်တော့က စ ထိုးကြမလဲ။ နိုင်ငံခြားမှာတော့ ၉ နှစ်ကစပြီး ထိုးကြတယ်။ ဒီမှာကတော့ အဲဒီလောက် မလိုသေးပါဘူး။ အပျိုဖော် ၀င်စလောက်ကဆို ရပါတယ်

ရောဂါရှိ မရှိစစ်ကြည့်လို့ရတယ်။ မိန်းမကိုယ်ထဲကို ပစ္စည်းလေးထည့်ပြီး အသားစအဖြေထုတ်တယ်။ ဒါပေမယ့် တော်တော်များများ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများက ကြောက်ကြတယ်။ သူတို့ ခန္ဓာကိုယ်ထဲကို ပစ္စည်းထည့်ပြီးယူရမှာကို မကြိုက်ကြဘူး။ 

တကယ်တော့ သုံးနှစ်တစ်ခါ ယူသင့်တယ်။ စစ်ကြည့်သင့်တယ်။

ပိုးဝင်လာပြီဆိုရင်စောစောစီးစီး သိရင် တားလို့ရသေးတယ်။ CIN 1,2,3 ဆိုပြီးတော့ အဆင့်သုံးဆင့်မှာ မှာ 1 ဆို ကာကွယ်ဆေးလောက်နဲ့ တားလို့ရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ ကုရတော့မယ်။ ပိုးဝင်ပြီး လပိုင်းလောက်ဆို ကာကွယ်ဆေးနဲ့ ရသေးတယ်။

* ဘယ်လိုကုမလဲ။

ဖြစ်တဲ့နေရာလေးကို လှီးထုတ်တယ်။ ဓာတ်ကင်တယ်။ ဆေးကျွေးတယ်။

တစ်ခါတစ်လေမှာဖြစ်တာ ကြာသွားလို့ အရမ်းဆိုးသွားရင်တော့ သားအိမ်တစ်ခုလုံးထုတ်လိုက်ရတာတို့ ပေါင်က အကျိတ်တွေကိုပါ လှီးထုတ် လိုက်ရတာတို့ လုပ်ရတယ်။

* ဘာဆေးတွေပေးလဲ။

ပေးတာကတော့ ထိုးဆေးရော သောက်ဆေးရောပေါ့ အသုံးများတဲ့ ဆေးတွေကတော့  Cyclophosphamide ၁၀ ရက်စာ (ခန္ဓာကိုယ်အလေးချိန် အလိုက်သောက်သုံးရန် တွက်ချက်ရသည်)

လက်တလောဆိုးကျိုး- ပျို့အန်

ူLomustine နေ့စဉ်သောက်သုံးရန် (ခန္ဓာကိုယ် အကြီးအသေး အရွယ်အစားအလိုက် တွက်ချက်သောက်သုံးရသောဆေးဖြစ်သည်။)
 
* ဘာရောဂါတွေနဲ့ မှားတတ်သလဲ။

ဓမ္မတာ မမှန်တာ အထူးသဖြင့်သွေးဆုံးကာနီး အမျိုးသမီးတွေမှာနဲ့ ဆင်မှား တတ်တယ်။ သားအိမ်ထိပ်ဝမှာ သံဝါသပြုပြီးနောက်တို့ သားအိမ်အတွင်းမှာပဲ သွေးဆင်းတာတို့ဖြစ်ပြီး သားအိမ်ထိပ်ဝမှာ အနာတရ စုတ်ပြဲသွားတဲ့အခါ။ သားခဏခဏလျှောတတ်တဲ့သူတွေမှာ ပိုးဝင်တာ။
ကာလသာရောဂါမှာ ရတတ်တဲ့အနာ။ တီဘီပိုးကြောင့်ဖြစ်တဲ့အနာ။
အခြားသော သားအိမ်ထိပ်ဝမှ သွေးယိုစိမ့်စေသည့်အနာများ။

* ဒါဆိုဘယ်လိုသိနိုင်မလဲ။

အထက်မှာပြထားတဲ့ လက္ခဏာတစ်ခုခုပေါ်လာတဲ့အခါ
အချိန်အခါမဟုတ်ဘဲ သွေးဆင်းလာတာ
ဝမ်းဗိုက်အောက်ပိုင်း ချက်အောက်တည့်တည့်က နာလာတဲ့အခါ
ကိုယ့်ကိုကိုယ် သံသယ ရှိတဲ့အခါ ultra-sound ရိုက်ကြည့်လို့ ရပါတယ်။ ပိုသေချာအောင် အသားစ အဖြေယူရပါမယ်။ မရှိသေးဘူးဆိုရင် ကာကွယ်ဆေး သုံးခါထိုးပြီး ရှစ်နှစ်စိတ်ချလက်ချနေလိုက်ပါ။ ရှိနေပြီဆိုရင် ဘယ်အဆင့်ထိရောက်နေပြီလဲမေးပါ။ လုံးဝပျောက်ကင်းသည် အထိ ကုသလိုက်ပါ။

ဆေးဝါးများမှာသောက်ဆေးများဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုး အလွန်များသောဆေးများ ဖြစ်သဖြင့် ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာ သောက်သုံးရန်။

သိသင့်သည်ဟုထင်သော အမျိုးသမီး ရောဂါတစ်ခု အကြောင်း တင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်းကင်ဆာလို့ခေါ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာသည် အရွယ် ရောက်ပြီး အမျိုးသမီးများတွင် ဖြစ်ပွား သောရောဂါတစ်မျိုး ဖြစ်ပြီးတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သော ရောဂါ ဖြစ်ပါတယ်။

ဘကြီးသက်
Ref:mt-pp

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!