Popular Posts!

Tuesday, September 25, 2012

ဆားရောဂါကဲ့သို့ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုး အသစ်တမျိုးကြောင့် ဖျားနာ၍ (၂)ဦးသေဆုံး။

by FNG on September 25, 2012
 
2900668056922_highအောင်ပန်၊ ၊အသက် (၄၉) နှစ်အရွယ်ရှိ အမျိုးသားတဦးသည် ရက်သတ္တပါအနည်းငယ်ကဆော်ဒီအာရေဗီးယားနိုင်ငံ၊Riyadh ပြည်နယ်အတွင်း သို့အလည်အပါတ်သွား ခဲ့ရမှာ ဗိုင်းရပ်(စ)တမျိုး ကူးစက် ခဲ့ပြီး အသက်ရူခက်ခဲစေ သောဖျားနာမှု ကြောင့် ကာတာနိုင်ငံမှတဆင့် အထူးဆေးကုသ လေယာဉ်ဖြင့် လန်ဒန်ရှိဆေးရုံသို့ ဆေးကုသခံ ရန် ရောက်ရှိလာခဲ့သည်။အသက်ရှုရန်ခက်ခဲပြီး ဖျားနာ နေသောဝေဒနာရှင်အားစစ်ဆေးရာတွင်အမျိုးအမည် မသိရသောဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဝေဒနာခံစားနေရမှုကို ကြိုးစားကုသနေရသည်။တချိန်တည်းမှာပင် အဆိုပါ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့်ဆော်ဒီအာရေဗီယားနိုင်ငံတွင်လူ (၂)ဦး သေဆုံးခဲ့သည်။ကျမ္မာရေးကာကွယ်ရေးအေဂျင်စီ(HPA) အဆိုပါ ပဟေဠိဆန်သောဗိုင်းရပ်စ်သည် လူသားမျိုးနွယ်များတွင် ဖြစ်ပွားခဲ့ဘူးသော မည်သည့်ဗိုင်းရပ်စ်ရောဂါပိုးမျိုးများနှင့်တူညီမှုမရှိဘဲ အသစ်တွေ့ရှိသောဗိုင်းရပ်စ်ရောဂါပိုးအသစ်တခုဖြစ်နေကြောင်းကြေညာလိုက်သည်။ HPA မှပရော်ဖက်ဆာ John Watson က ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့် အရှေ့အလယ်ပိုင်းတွင် လူ(၂)ဦးသေဆုံးသွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့ပြီး လန်ဒန်တွင်ဆေးကုသခံနေသူနှင့်ဆက်နွယ်သူများကိုစစ်ဆေးခဲ့ပြီးကြောင်း ပြောဆိုခဲ့သည်။HPA ဌာနမှ ကမ္ဘာကျမ္မာရေးအဖွဲ့(WHO) သို့ အဆိုပါ ဗိုင်းရပ်စ်အားကမ္ဘာ့သို့WHO နှင့် ဥရောပနိုင်ငံမှ ထိမ်းချုပ်နိုင်ရေးအတွက် တပ်လှန်ကထားခဲ့သည်။ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကို ၂၀၀၂ ခုနှစ်၊ဂျူလိုင်လကဖြစ်ပွား ဆားရောဂါကဲ့သို့ အခြားနိုင်ငံများ သို့ ကူးစက်မသွားစေရန်အတွက် အထူးထိမ်းချုပ်မှုလိုအပ်ကြောင်းပြောဆိုလိုက်သည်။ ဆားရောကို အာရှတိုက်ရှိ ဟောင်ကောင်မှ စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရကာ နိုင်ငံပေါင်း (၄၂)နိုင်ငံသို့ကူး စက်ပြန့့် နှံခဲ့သည်။ဆားရောဂါကို လူနာပေါင်း (၈၄၂၂) ယောက်ရောဂါဝေဒနာခံစားခဲ့ရပြီး (၉၁၆)ဦးသေဆုံးခဲ့ရသည်။
SARS
Ref:FNG

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!