Popular Posts!

Saturday, November 22, 2014

မြန်မာ့တရားစီရင်ရေး နှင့် ဥပဒေတွေ ဘယ်ရောက်နေလဲ?

တရားဥပဒေမရှိဘူးလို့ပြောနေကျလို့ တင်ပေးလိုက်ပါတယ်....လေ့လာကြည့်လိုက်ကျပါအုံး!

တရားဥပဒေတွေကတော့ ထုတ်ပြန်နေတာဘဲ! လက်ရှိတာဝန်ရှိသူတွေ လိုက်နာကျင့်သုံးတတ်တဲ့ အကျင့်တွေမရှိနေမှုကြောင့် တရားဥပဒေဆိုတာ စာအုပ်ထဲမှာဘဲ ပြဒါန်းထားတာပါလိုဖြစ်နေပြီ၊ (ဆိုလိုတာက ခြစားနေကျတာပါ). လက်ရှိအိမ်ခြံခြေ အကျိုးဆက်ခံရတာပါဘဲ.... 
အိမ်နီးချင်းနိုင်ငံခြားသားတွေ ၀င်ရောက်ရင်းနှီးမြှပ်နှံနေတာကို သိသိကြီးကို ဘာမှာမတားဆီးနိုင်တာ ကိုကြည့်လိုက်ရင်ကိုက ဘယ်လိုပြောရမလဲ? မသိလို့မဟုတ်ဘူး ဆင်မှီပြီးကြံစုတ်ဖို့ အကြံတွေကြောင့်လဲ တကယ်တန်းနိုင်ငံတကာကရင်းနှီးမြှပ်နှံချင်သူတွေ ကြောက်သွားစေတဲ့ အရှေ့တောင်အာရှမှဈေးအကြီး ဆုံးအဖြစ်တို့ရောက်သွားစေတဲ့ အိမ်ခြံမြေဈေးတွေကြီးမြင့်မှုတွေကြောင့်  နောင်အနာဂ ဖွံဖြိုးတိုးတက်စေမဲ့ မရှိဆင်းရဲသော နိုင်ငံတော်အတွက် ဆိုးကျိုးတွေကို အခုတော့ခံနေရပါပြီလေ...

ဒီလိုဆိုရင် နိုင်ငံတကာက စီပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုလာပြီး ရင်းနှီးမြှပ်နှံရဲကျပါမလဲ? 
ခေတ်မှီတဲ့စက်မှုဇုန်တွေ၊ အသေးစားလုပ်ငန်းတွေ၊ ခေတ်မှီတဲ့နည်းစနစ်တွေနှင့် အများပိုင် လယ်ယာမြေ လုပ်ငန်းတွေ အကော်အထည်ဖော်နိုင်၍ နိုင်ငံတကာကိုတင်ပို့နိုင်မှ နိုင်ငံတော်အမှန်တိုးတက်လာမှာပါ... လက်ရှိလယ်ယာမြေသိမ်းစီးပြီး တဆင့် ပြန်လည်အကွက်ရိုက်ရောင်းစားနေတာကိုလဲ ဘာမှ ဖြေရှင်းပေးနိုင် ချင်းမရှိသေးဘူးလေ.....

မယုံမရှိနှင့် လက်ရှိအစိုးရနှင့် အပိုင်ပေါင်းထားနိုင်မဲ့သူတွေလောက်ဘဲ အကျိုးရှိမဲ့ ခရိုနီစီးပွားရေးစနစ် တခုအဖြစ်ဘဲ ရောက်သွားမှာပါ၊ အများပြည်သူတွေမျော်လင့်တောင့်တာနေတဲ့ လွပ်လပ်မျှတတဲ့စီးပွားရေး စနစ် ဖြစ်လာမှာမဟုတ်ပါဘူး၊ ငွေများငွေနိုင်တဲ့ အရင်းရှင်စီးပွားရေးစနစ်တခုအဖြစ်တာရောက်သွားပြီး စည်းကမ်းမရှိသောပြည်သူလူထုနှင့်အစိုးရ(အိမ်နီးချင်းထိုင်းနိုင်ငံလို)ဖြစ်လာမှာပါ၊ အခုတောင် ဗိုလ်ချုပ် ပြောပြောနေတဲ့ အိမ်နီးချင်းနိုင်ငံနောက်ကို တဖြေးဖြေးဖြစ်မှန်းမသိဖြစ်နေပြီး တစစများပြားလာကိုကမငြင်း
နိုင်တဲ့ ဖြစ်ရပ်မှန်တွေပါ....
ဒါကလဲ နိုင်ငံတကာနှင့်ထိတွေ့ကျတဲ့သူတွေလောက်ဘဲ သိနိုင်တဲ့အဖြစ်တွေပါ၊ အများအားဖြင့် နိုင်ငံခြားသားနှင့်ပေါင်းပြီး ပိုများလာတဲ့ နိုက်ကလပ်တွေနှင့် ဗျူတီပါလာ အမည်ခံ မာဆက်နှိပ်ခန်း ပိုင်ရှင်တွေက ဘယ်သူတွေလဲဆိုတာသိတာလွန်းပါတယ် (ပိုင်ရာဆိုင်ရာ တရားမ၀င်လို်င်းကြေးပေးထား တာကိုကြည့်)..
တကယ်တန်းနိုင်ငံခြားသားတွေ (အထူးသဖြင့်ဂျပန်တွေ) အမိမြေကိုလာလည်ချင်တာက အပျော် အပါး ကိစ္စတွေပိုများပါတယ်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေထက်တော့မိန်းခလေးတွေ ပိုသန့်တယ် ထင်လို့ လာကျတာပါ၊ ပိုပြီးလဲ လိမ်လည်လို့လဲ ပိုကောင်းကျတကိုး (ရိုးသားပြီးအတတနိုင်တဲ့ နိုင်ငံတကာ အတွေ့အကြုံမရှိကျတဲ့ ပြည်သူတွေက   လေကြီးလေကျယ်နှင့်ခန့်ခန့်ညားညား ဂုဏ်သိက္ခာရှိရှိ ဖော်ရှိုးလေးပြလိုက်ရင် ပြောတိုင်းယုံတတ် ကျတယ်လေ)

အခုလို မီးခိုးမထွက်တဲ့ ခရီးသွားလုပ်ငန်းကို လုပ်ချင်ရင်တော့ စနစ်တကျ တင်းကျပ်တဲ့စည်းကမ်း ဥပဒေတွေကိုကျင့်သုံးပြီး ကျန်းမားရေးနှင့်ညီညွှတ်စွာ အကောင်အထည်ထော်နိုင်မှဖြစ်မှာပါ နို့မဟုတ်ရင် ခေတ်ရေစီးကြောင်း အတိုင်း လူထုတွေမြောပါပြီး ရောဂါထူပြောတဲ့ အာဖရိက နှင့် အိမ်နီးချင်းနိုင်ငံလိုအဖြစ်ရောက် သွားစေ မှာပါ၊ ဟိုတလောက လွှတ်တော်မှာ ဒီလိုစနစ်တကျ ဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်တောင်းတာ ဘယ်လို အမြင်တွေကြောင့် ခွင့်မပြုတာလဲမသိပါဘူး လက်ရှိအပြင်မှာ တဖြေးဖြေးများပြားလာတဲ့ ဖြစ်ပျက်မှန်တွေကိုမသိတာလား မသိယောင်ဆောင်နေတာလားတော့ မသိပါဘူး၊ အမြင်ကျဉ်းတဲ့ ဦးနှောက်တွေနှင့်ဘယ်လိုဆက်ပြီး နိုင်ငံတော်သစ်ကြီးကို ရှေ့ဆက်ဦးဆောင် စီမံခန့်ခွဲနေအုံးမလဲမသိပါဘူး၊


ဥပဒေ/နည်းဥပဒေ





ဥပဒေ/နည်းဥပဒေ


ဥပဒေ/နည်းဥပဒေ




၁။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
၂။
စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေကြမ်း
၃။
အဆိပ်များ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၎။
တိုင်းရင်းဆေးဝါး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၅။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
၆။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၇။
သတင်းမီဒီယာ ဥပဒေကြမ်း
၈။
အမျိုးသား အစားအသောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
၉။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ
၁၀။
၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်တယ်လွှတ်တော် ဆိုင်ရာဥပဒေ
၁၁။
သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း
၁၂။
ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်း
၁၃။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ
၁၄။
တရားရုံးများကို မထိမဲ့မြင်ပြုမည့် ဥပဒေကြမ်း
၁၅။
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း
၁၆။
၂၀၁၃ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း
၁၇။
၁၉၅၄ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၁၈။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပြဌာန်း
၁၉။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်း
၂၀။
တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်း
၂၁။
၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ အဏ္ဍာငွေ အရသုံးဆိုင်ရာ ဥပဒေကြမ်း
၂၂။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ
၂၃။
၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေကို ရုပ်သိမ်းသသည့် ဥပဒေ
၂၄။
နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
၂၅။
၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေ
၂၆။
မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၂၇။
ရေကြောင်းအတားအဆီးများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၂၈။
မြစ်ကျဉ်းသွားလာရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၂၉။
မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကြမ်း
၃၀။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း
၃၁။
တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၃၂။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ
၃၃။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေကြမ်း
၃၄။
နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှေင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
၃၅။
တိုင်းရင်းသားဆေးကောင်စီကို ပြင်ဆင်သည့်ဥပဒေ
၃၆။
အမျိုးသားအစားအသောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၃၇။
ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၃၈။
ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်း
၃၉။
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင်းရှောက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၄၀။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်း
၄၁။
တင်းတောင်ပမာဏ စံသတ်မှတ်ရေး အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
၄၂။
မြန်မာနိုင်ငံ ကုန်စည်အမှတ်အသားများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
၄၃။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ
၄၄။
၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးဥပဒေ
၄၅။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်း
၄၆။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၄၇။
ဆက်သွယ်ရေး ဥပဒေကြမ်း
၄၈။
မြေသိမ်း(သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
၄၉။
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
၅၀။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ
၅၁။
ပြည်သူအကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
၅၂။
၁၉၅၅ ခုနှစ်၊ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
၅၃။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၅၄။
လွှတ်တော်ကိုယ်စာလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း
၅၅။
မြန်မာနိုင်သားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း
၅၆။
ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်း
၅၇။
မြေသိမ်း (သတ္တတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း
၅၈။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများ
၅၉။
ရာဇဝတ်ကျင့်သုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၆၀။
တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၆၁။
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၆၂။
တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း
၆၃။
ကာလစည်းကမ်းသက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၆၄။
လာဘ်ပေးလဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်း
၆၅။
ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၆၆။
နိုင်ငံဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်း
၆၇။
နိုင်ငံတော်တာဝန်ကို တည်ငြိမ် အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီးလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှေင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း
၆၈။
ပြည်သူအကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း
၆၉။
အလုပ်အကိုင်နှင့် ကျွန်းကျင်မှု လုပ်ငန်များ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း
၇၀။
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကြမ်း
၇၁။
၂၀၁၂ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေကြမ်း

Ref:http://moigovnews.blogspot.sg/p/blog-page_2516.html

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!