| Friday, 29 October 2010 |
| အလင်းရောင်ထိခြင်းဖြင့် အရေပြားကင်ဆာများ ပြန့်ပွားနိုင်သည်ဟုယူဆကြသော်လည်း ကယ်လီဖိုးနီးယားတက္ကသိုလ် (UC) မှသုတေသီများက LED များအသုံးပြုပြီး အရေပြားကင်ဆာကို ထိန်းချုပ်ကုသရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ယင်း LED ဖြင့် ကုသသည့်နည်းပညာကို Photodynamic Therapy (PDT) ဟုခေါ်ပြီး အစားအစားနှင့် ဆေးဝါးဌာနမှ အစာရေပြွန်နှင့် လည်ချောင်းကင်ဆာများကိုကုသရန် ထောက်ခံချက်ပေးထားကြောင်း သိရသည်။ အလင်းစုပ်ယူထားသည့် ဓာတုပစ္စည်းများကို ကင်ဆာဆဲလ်များနှင့်ထိတွေ့ကာ အလင်းထိစေခြင်းဖြင့် ယင်းဓာတုပစ္စည်းများက အောက်ဆီဂျင်အဖြစ်ပြောင်းလဲပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ ယခုနည်းပညာသည် သာမန်အခြေခံကျသော ဆဲလ်များကိုသာကုသနိုင်ပြီး သမားတော်ကြီးများက ကုထုံး၏အကျိုးသက်ရောက်မှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ UC မှသုတေသီများကမူ အရောင်ငါးမျိုးပါဝင်သော LED ပစ္စည်းသစ်တစ်မျိုးကိုတီထွင်ခဲ့ပြီး တစ်သျှုးအမျိုးအစားနှင့် ရောင်ခြယ်ပေါ်မူတည်ပြီး ထိရောက်မှုကွာခြားကြောင်း သိရသည်။ ထိုစနစ်ကို စမ်းသပ်ရန်အတွက် အရေပြားကင်ဆာဝေဒနာရှင်အချို့ကို ရောဂါလက္ခဏာများခွဲခြားရန်အတွက် စမ်းသပ်ကုသမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ ကုသစဉ်အတွင်း ပုံရိပ်ပေါ်လာရန်အတွက် ၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ ကြာမြင့်မည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် PDT ကုသနေစဉ်အတွင်း တစ်သျှုးများ၏ပြောင်းလဲမှုကို စောင့်ကြည့်ရမည်ဖြစ်သည်။ ထိုပြောင်းလဲမှုများဖြင့် တစ်သျှုးများအတွင်း ထိရောက်မှုနှုန်းနှင့် ဆေးဝါးများ၏စွမ်းရည်ကိုစမ်းသပ်နိုင်ကြောင်း သုတေသီတစ်ဦးဖြစ်သူ Rolf Saager ကပြောကြားခဲ့သည်။ ရေးသားသူ - ဟေမာ |
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
အလွှာ ၃ ပါး -------------- ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဆရာတော်က လူ့အလွှာသုံးပါးအကြောင်းကို အောက်ပါအတိုင်းဟောတော်မူပါတယ် လူမှာ အမျို...
Friday, November 5, 2010
အရေပြားကင်ဆာကို LED ဖြင့်ကုသနိုင်တော့မည်လော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment