Popular Posts!
-
မောင်ကျေးရေ ကယ်လီဖိုးနီယား ဇန္န၀ါရ်ီလ ၅၊၂၀၁၃။ စကားဦး သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်က...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
မြင့်လှိုင်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၂ အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊ US Bank နဲ့ PNC ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
(၁) ဆရာသမီးကကျီးဘောင်ဖြစ်နေတာပါသမီးဂုတ်မှာဖြစ်နေတာပါ။ သမီးဆေးကုနေတာစုံနေပါပြီ။ သမီးက အရမ်း အကြောတတ်တာပဲ။ အမြဲနှိပ်နေရတယ်ဆရာ။ နည်လမ်းလေးသမ...
-
How Much Do You Need To Earn To Survive In Singapore? Do you earn enough to survive in Singapore? I did some calculations to try to fi...
Friday, November 5, 2010
Hypertension
သွေးတိုး(သို့)အသံတိတ်လူသတ်သမား
သွေးတိုးရောဂါဟာ ရောဂါလက္ခဏာ ထူးခြားသိသာမှုသိပ်မရှိတဲ့အတွက် တိတ်တဆိတ် သတ်ဖြတ်နေတဲ့ အသံတိတ်လူသတ်သမား (silent killer) တစ်ယောက်လိုပါပဲ။ သွေးတိုးရောဂါဟာ heart attack၊ kidney failure (ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာမျိုး)ကို ဖြစ်စေနိုင်သလို မျက်စိကွယ်ခြင်းနဲ့ အသည်းရောဂါနဲ့ တခြား အသက်အန္တရာယ်ဖြစ်စေတဲ့ရောဂါတော်တော်များများကို သယ်ဆောင်လာတဲ့ လာခြင်းမကောင်းသော ရောဂါတစ်ခုပဲဖြစ်ပါတယ်။
သွေးတိုးရောဂါရဲ့ အခြေခံ ရောဂါလက္ခဏာတွေကတော့
၁။ နှာခေါင်းသွေးလျှံခြင်း
၂။ ခေါင်းကိုက်ခြင်း
၃။ မအီမသာ မောပန်းနွမ်းနယ်ခြင်း
တွေဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ လက္ခဏာရပ်တွေမှာတော့
၁။အော့အန်ခြင်း
၂။အသက်ရှူခက်ခြင်း
၃။အလွန်အမင်း အိပ်ငိုက်ခြင်း
၎။ဂနာမငြိမ်ဖြစ်ခြင်း
၅။ဆီးထဲမှာ သွေးပါခြင်း
၆။ရင်ဘတ်အောင့်ခြင်း
၇။အမြင်အာရုံချို့တဲ့ခြင်း
အစရှိတာတွေဖြစ်နိုင်ပါတယ်။
သွေးတိုးရောဂါကို ဆေးဝါးမပါဘဲ ထိန်းချုပ်ခြင်း ၁၀နည်း
သွေးတိုးရောဂါအတွက် ဆေးဝါးနဲ့ထိန်းချုပ်နိုင်သလို ဆေးဝါးမပါဘဲ သွေးတိုးထိန်းနိုင်တဲ့နည်းလမ်းလေးတွေလည်းရှိပါတယ်။ မိမိတို့ရဲ့နေထိုင်စားသောက်မှုပုံစံ(lifestyle) ကို ပြင်ဆင်လိုက်မယ်ဆိုရင် ဆေးအများကြီးသောက်ရတဲ့သူတွေဟာ ဆေးကို လျှော့သောက်လာနိုင်မယ်။ ဆေးနည်းနည်းသောက်နေရသူတွေဟာ ဆေးသောက်စရာမလိုတော့ဘဲဖြစ်လာမယ်။ အထူးသဖြင့် ဆေးဝါးတွေကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချလာနိုင်ပါလိမ့်မယ်။
ဆေးဝါးကုသမှုဟာ သွေးတိုးထိန်းချုပ်ဖို့အတွက် အရေးအပါဆုံး အချက်လို့မယူဆထားသင့်ပါဘူး။ မိမိရဲ့နေထိုင်စားသောက်မှု(lifestyle) ဟာလည်း သွေးတိုးရောဂါ ကုသရေးအတွက် အင်မတန်အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို တည်ဆောက်နိုင်မယ်ဆိုရင် သွေးတိုးရောဂါ အတွက် ဆေးကုသမှုလိုအပ်ချက်ကို နည်းနိုင်သမျှနည်းအောင်၊ အနုစားအဆင့်တွေမှာဆိုရင် ဆေးကုသမှုလုံးဝမလိုအပ်တော့အောင် လျှော့ချနိုင်ပါလိမ့်မယ်။ သွေးတိုးရောဂါ ကာကွယ်ရေးအတွက် ရှိသင့်ရှိထိုက်တဲ့ lifestyle ၁၀ခုက ဒီလိုပါ။
၁။ ပေါင်ပိုတွေကိုလျှော့ချပြီး ၀မ်းဗိုက်အဆီစုပုံမှုတွေကို သတိပြုပါ
လူက အလေးချိန်များလာတာနဲ့အမျှ သွေးဖိအားတိုးလာလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ၁၀ ပေါင်လောက်လျော့သွားရုံနဲ့ သွေးဖိအားကို သိသိသာသာ လျော့စေပါတယ်။ ယေဘုယျပြောရရင်တော့ ကိုယ်အလေးချိန် နည်းသွားရင် သွေးဖိအားနည်းပြီး သွေးဖိအား အတွက်ဆေးကုသမှုတွေကို ပိုပြီး ထိရောက်သွားစေနိုင်တယ်။
ကိုယ်အလေးချိန်ကို လျှော့ချရုံနဲ့လည်းမပြီးသေးပါဘူး။ ခါးပတ်လည်မှာရှိတဲ့ အဆီစုပုံမှု၊ ၀မ်းဗိုက်အဆီစုံပုံမှုတွေကိုလည်း ဂရုတစိုက်စောင့်ကြည့်ရပါတယ်။ ခါးနားမှာ အလေးချိန်သိပ်များနေရင် သွေးတိုးဖို့ အန္တရာယ် အနေအထားပါပဲ။ အထူသဖြင့် ခါးက အမျိုးသားတွေမှာ လက်မ ၄၀ ထက်ပိုလာပြီဆိုရင် သတိထားပြီးလျှော့ချဖို့လိုနေပါပြီ။ အမျိုးသမီးတွေမှာဆို ၃၅ လက်မထက်မပိုသင့်ပါဘူး။ ဒါပေမယ့် အာရှက အမျိုးသားတွေအတွက်တော့ ခါး ၃၆ ဆိုတာ အန္တရာယ် အမှတ်အသားပါပဲ။ အာရှသူတွေအတွက်တော့ ခါး ၃၂ ဟာ စိုးရိမ်ရေမှတ်ပါပဲ။
ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်နှစ်လအတွင်းမှာ ဘယ်လောက် အလေးချိန်လျော့ချမယ်ဆိုတာကို သတ်မှတ်သင့်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာဘယ်လိုစားပြီး ဘယ်လို လေ့ကျင့်ခန်းမျိုးက သင့်တော်သလဲဆိုတာကို အကြံပေးနိုင်ပါတယ်။
အထူးသဖြင့် ညဉ့်နက်မှ သရေစာစားတာမျိုးနဲ့ တခါတည်း အများကြီးစားတာမျိုးကိုတော့ ထိထိရောက်ရောက် ရှောင်ကြဉ်ဖို့အကြံပြုပါတယ်။
၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လေ့ကျင့်ခန်းကို ပုံမှန်လုပ်ရပါမယ်။ အနည်းဆုံး တပါတ်မှာ သုံးလေးကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒီလိုပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ သင့် သွေးဖိအားကို ၄ မီလီမီတာ မာကျူရီ ကနေ ၉ မီလီမီတာ မာကျူရီ ကြားကျဆင်းစေနိုင်ပါတယ်။ ဒါဟာ သိပ်ကြာကြာမစောင့်ရတဲ့ အကျိုးကျေးဇူးပါပဲ။ တကယ်လို့သင်ဟာ ပုံမှန် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာပဲသိသိသာသာ အကျိုးရနိုင်ပါတယ်။
သွေးတိုးဖြစ်လာနိုင်ဖွယ်ရှိသူတွေဟာ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းအားဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းကနေ ကာကွယ်နိုင်ပြီး၊ သွေးတိုးရောဂါရှိသူတွေကလည်း လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ရင် သွေးတိုးကို စိတ်ချရတဲ့ အခြေအနေတစ်ခုမှာထိန်းထားနိုင်ပါတယ်။
ပုံမှန်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းတွေကိုပဲ ဆယ်မိနစ် ဆက်တိုက်လျှောက် ခဏနား၊ ဆယ်မိနစ်ဆက်လျှောက်နဲ့ သက်သက်သာသာလုပ်သွားတာတောင်မှ သွေးတိုးရောဂါအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်နိုင်ပါတယ်။
အထူးသဖြင့် စနေ၊ တနင်္ဂနွေလို နားရက်မှာလည်း မပျက်မကွက်လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်သွားတာက ပိုပြီးထိရောက်ပါတယ်။ မိမိနဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းကိုပဲ နိုင်သလောက်စလုပ်သွားဖို့လိုပါတယ်။
၃။ ကျန်းမာရေးနဲ့ညီညွတ်တာတွေစားပါ
အခု တကမ္ဘာလုံးမှာ အစိမ်းရောင် တွေ များများစားလာကြပါပြီ။ အသားကိုလျော့စားပြီး ဟင်းသီးဟင်းရွက်ကိုများများစားတာမျိုးပါ။ အသီးအအနှံပေါတဲ့ မြန်မာပြည်မှာတော့ အသီးအနှံကို များများစားပေးဖို့လွယ်ကူပါတယ်။ သွေးတိုးရောဂါအတွက် ထိရောက်တဲ့နည်းတစ်ခုပါပဲ။ အသီးအနှံတွေကိုလည်း ပြုပြင်ထားတဲ့ အသီး အကြီးကြီးတွေစားတာက တခြားမလိုလားအပ်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့အတွက် သဘာဝကျတဲ့ အသီးအနှံ နဲ့ ပိုးသတ်ဆေးသိပ်မသုံးထားတဲ့ အရွက်တွေကိုစားသုံးသင့်ပါတယ်။
လမ်းညွှန်ထားတာကတော့
• တနေ့တနေ့စားသောက်တာတွေကို မှတ်စုလေးလုပ်ထားပါ။
• ပိုတက်စ်စီယမ်တွေကို ပိုတိုးပြီးစားပေးပါ။ အမေရိကန်တွေဟာ ဆိုဒီယမ်ပါတဲ့ အစာတွေစားတာများကြလို့ သွေးပိုတိုးကြပါတယ်။ ဒါကြောင့် အသီးအနံတွေ အရွက်တွေလို ပိုတက်စ်စီယမ်များတဲ့ အစားအစာတွေပိုစားပေးကြပါတယ်။
• အသိဉာဏ်ရှိတဲ့စားသုံးသူဖြစ်ပါ။ ဈေးသွားမ၀ယ်ခင် ၀ယ်သင့်တာတွေမ၀ယ်မိဖို့ စာရင်းနဲ့ပဲသွားပါ။ စားသမျှတွေဟာ ကျန်းမာဖို့အတွက်စားပါ။ စားကောင်းပြီး ကျန်းမာရေးအတွက် အကျိုးမရှိတာ၊ ကျန်းမာရေးကိုပါထိခိုက်နိုင်တာတွေကို မစားမိအောင်သတိထားပါ။
စားသောက်ပူံစနစ်ဟာ တစ်သက်လုံးစားသောက်သွားဖို့ စနစ်တကျပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုစားသောက်ဖြစ်အောင် သတိထားပြီးလုပ်သွားကြရမှာပါ။ ဒါပေမယ့် ကိုယ်ကြိုက်တာတွေကို အားလုံးဖြတ်ပစ်လိုက်ဖို့တော့မလိုပါဘူး။ ကျန်းမာရေးကို မထိခိုက်စေတဲ့ အချိုးအဆနဲ့နည်းနည်းစီ ပြင်သွားရပါမယ်။ အထူးသဖြင့် အချိုတွေ အဆီများတာတွေကို မစားမိအောင် သတိထားသင့်ပါတယ်။ ဆီမသန့်နိုင်တဲ့အစာတွေကိုလည်း သတိထားပြီးရှောင်ကြဉ်ဖို့လိုပါတယ်။
၎။ဆိုဒီယမ်လျော့စားပါ
စားတဲ့အစားအသောက်တွေမှာ ဆိုဒီယမ်မပါတာ နည်းနည်းလျော့စားလိုက်ရုံနဲ့ သွေးဖိအားကို ၂ မီလီမီတာမာကျူရီကနေ ၈ မီလီမီတာမာကျူရီကြား လျော့နည်းစေပါတယ်။ များများလျော့စားရင်ပိုပြီးသိသိသာသာ သွေးတိုးကျပါတယ်။
• ဆိုဒီယမ် စားသောက်မှုကို တွက်ပါ။ အစားအသောက် ဒိုင်ယာရီလေးလုပ်ထားပြီး တနေ့မှာ ဆိုဒီယမ် ဘယ်လောက်စားသလဲဆိုတာကို ခန့်မှန်းတွက်ချက်ပါ။ ကျန်းမာတဲ့ လူငယ်တွေဟာ တစ်နေ့မှာ ဆိုဒီယမ် ၁၅၀၀ မီလီဂရမ် ကနေ ၂၄၀၀ မီလီဂရမ် အထိ လိုအပ်ပါတယ်။ အသက် ငါးဆယ်အရွယ် သွေးတိုးဝေဒနာရှင်အတွက်ကတော့ ၁၅၀၀ အောက်မှာပဲ အမြဲရှိသင့်ပါတယ်။ တကယ်လို့ အဲဒီထက်ပိုလာမယ်ဆိုရင် သွေးတိုးနဲ့ဆက်စပ်ရောဂါတွေကို ပိုပြီး အခြေအနေဆိုးသွားစေနိုင်ပါတယ်။
• အစားအစာတွေရဲ့တံဆိပ်တွေကိုဖတ်ပါ။ အစားအစာတွေဝယ်တဲ့အခါ ဆိုဒီယမ် ဘယ်လောက်ပါတယ်ဆိုတာကို မ၀ယ်ခင်မှာသေချာရွေးချယ်ပါ။ ဖြစ်နိုင်ရင် ဆိုဒီယမ် လျော့ထားတာတွေကို ရွေးချယ်ဝယ်ယူပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဖျော်ရည်လိုမျိုးမှာတောင် ဆိုဒီယမ်များနေလား သတိထားပြီးကြည့်ပါ။
• အသင့်စားအစာတွေကို လျော့စားပါ။ အာလူးကြော်၊ အေးခဲထားတဲ့ ညစာတွေ၊ အသားဗူးတွေ၊ အသင့်စားနေ့လည်စာတွေ မှာ ဆိုဒီယမ်များတတ်ပါတယ်။ အဲဒါတွေကိုလျော့စားဖို့လိုပါတယ်။
• ဆားထပ်မထည့်နဲ့။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ပါပါတယ်။ ဆားအစားတခြား ဟင်းခတ်အမွှေးအကြိုင်တွေ၊ မဆလာတွေသုံးပါ။ တကယ်လို့ ဆားများများစားတာကို အကျင့်ပါနေရင် တဖြည်းဖြည်းလျော့ချပါ။
• ပိုပြီးလတ်ဆတ်တဲ့အစာတွေကိုစားပါ။ အသီးအနှံတွေနဲ့ အသင့်စားမဟုတ်တဲ့ ပဲတွေ ကိုစားပေးပါ။ အဲဒီအစားတွေမှာ ဆိုဒီယမ်နည်းနည်းပဲပါပါတယ်။
• ရေကိုစစ်ဆေးပါ။ အိမ်မှာ သုံးစွဲနေတဲ့ ရေမှာ ဆိုဒီယမ် ဘယ်လောက်ပါလဲသိထားဖို့လိုပါတယ်။ ရေမှာပါတဲ့ ဆိုဒီယမ်ကိုလည်းထည့်သွင်းတွက်ချက်မှသာ တနေ့မှာ ဆိုဒီယမ် ဘယ်လောက် သုံးစွဲနေတယ်ဆိုတာကို ပိုပြီးတိတိကျကျသိနိုင်ပါလိမ့်မယ်။
၅။အရက်သောက်သုံးမှုကိုဆင်ခြင်ပါ။
အရက်ဟာ ကျန်းမာရေးအတွက် အကောင်းရော အဆိုးပါဖြစ်စေပါတယ်။ အရက်အနည်းငယ်သောက်သုံးခြင်းဟာ နှလုံးခုန်ရပ်ခြင်း (heart attack) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သလို သွေးဖိအားကို ၂.၅ မီလီလီတာ မာကျူရီကနေ ၄ မီလီမီတာ မာကျူရီအထိ လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အရက်များများသောက်တာကတော့ သွေးတိုးရောဂါကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ အရက်မသောက်ပဲမနေနိုင်ရင်တော့ လျော့သောက်ပါ။ အလွန်အကျွံမသောက်မိအောင်သတိထားပါ။
၆။ဆေးရွက်ကြီးထွက်ကုန်တွေကိုရှောင်ကြဉ်ပါ။
ဆေးလိပ်သောက်ခြင်းရဲ့တခြားဆိုးကျိုးတွေကို ထည့်မတွက်ရင်တောင် ဆေးရွက်မှာပါတဲ့ နီကိုတင်းဟာ ဆေးလိပ်သောက်ပြီးနောက်တစ်နာရီအထိ သွေးဖိအားကို ၁၀ မီလီမီတာ မာကျူရီ တက်စေပါတယ်။ တစ်နေကုန်သောက်နေမယ်ဆိုရင် သွေးဖိအားဟာ တစ်နေကုန်မြင့်နေပါလိမ့်မယ်။ ဒါကြောင့်ဆေးလိပ်သောက်တာကိုရှောင်ကြဉ်ဖို့လိုပါတယ်။ ဆေးလိပ်သောက်နေတဲ့သူတွေနားမှာ မနေဖြစ်အောင်လည်းသတိထားဖို့လိုပါလိမ့်မယ်။
၇။ကဖိန်းဓာတ်ကိုလျော့ချပါ။
ကဖိန်းဟာ သွေးတိုးရောဂါအတွက် အငြင်းပွားဖွယ်အနေအထားမှာပဲရှိနေပါသေးတယ်။ တစ်ချို့လူတွေမှာ ကော်ဖီသောက်လို့ ကဖိန်းဓာတ်မြင့်လာတဲ့အခါ သွေးတိုးပေမယ့် တစ်ချို့ကတော့ ပုံမှန်ပါပဲ ။ ဒါကြောင့် ကော်ဖီကို အလွန်အကျွံမသောက်ဖို့နဲ့ သိပ်ပြင်းတဲ့ကော်ဖီတွေကို ရှောင်ဖို့ပဲတိုက်တွန်းပါတယ်။ ကော်ဖီအမှုန့်တွေဟာ ပြုပြင်ထားတဲ့ကော်ဖီတွေနဲ့ယှဉ်ရင် အရသာလည်းပိုကောင်းသလို ကျန်းမာရေးနဲ့လည်းပိုညီညွတ်ပါတယ်။ သွေးတိုးဝေဒနာရှင်တွေ ကော်ဖီသောက်တဲ့အခါ ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်(ကော်ဖီနှစ်ခွက်စာ) ထက်မပိုဖို့ဂရုစိုက်ပါ။
၈။ စိတ်ဖိစီးမှုကိုလျော့ချပါ။
ကဖိန်းဓာတ်လိုပဲ စိတ်ဖိစီးမှုနဲ့ သွေးတိုးရဲ့ဆက်နွယ်မှုဟာ အတိအကျ အထောက်အထားမပြနိုင်သေးပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကဟာ သွေးဖိအားကိုခဏတော့ မြင့်စေတတ်ပါတယ်။
စိတ်ဖိစီးမှုကို မလျော့ချခင် ဘယ်လိုနေရာမှာ ကိုယ်စိတ်ဖိစီးတတ်သလဲဆိုတာကို အတိအကျလေ့လာဖို့လိုပါလိမ့်မယ်။ အလုပ်မှာ စိတ်ဖိစီးတယ်ဆိုရင် ဘယ်လိုအချိန်မှာသိသာသလဲဆိုတာကိုသေချာကိုမှတ်သားထားရပါမယ်။ စိတ်ကိုသက်သက်သာသာ အမြဲထားတတ်အောင် ကြိုးစားရပါမယ်။ စိတ်ကို ဖြတ်လတ်စေတဲ့ အပြုအမူမျိုးနဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုး(သို့) အားကစားတမျိုးမျိုးကို ပုံမှန်လုပ်သင့်ပါတယ်။ တရားနာခြင်း၊ တရားရှုမှတ်ခြင်း၊ ယောဂကျင့်စဉ်၊ ထိုက်ချိ ၊ သီချင်းနားထောင်ခြင်း ၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း အစရှိတာတွေဟာလည်း စိတ်ဖိစီးမှုအတွက် အထောက်အကူကောင်းတွေပါပဲ။
စိတ်အေးချမ်းအောင်နေပြီး သောကဖြစ်တဲ့အခါ အကြံဉာဏ်ပေးတတ်တဲ့ နားလည်စာနာတဲ့ မိတ်ဆွေမျိုးတွေနဲ့ တိုင်ပင်သင့်ပါတယ်။ တစ်ယောက်တည်းမနေဘဲ စိတ်တူကိုယ်တူ သူငယ်ချင်းမိတ်ဆွေတွေရှိမယ်ဆိုရင် စိတ်ဖိစီးမှုဟာ သက်သာဖို့ပိုမိုလွယ်ကူပါတယ်။
၉။ကျန်းမာရေးစောင့်ရှောက်မှုကို ပုံမှန်လုပ်ပါ။
သွေးတိုးရောဂါရှိသူတွေဟာ မကြာမကြာ သွေးပေါင်ချိန်ပေးဖို့လိုပါမယ်။ လစဉ် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ကိုယ်ခန္ဓာကို သတိထားပြီး အပြောင်းအလဲတွေဘာတွေဖြစ်လဲဆိုတာကို သိအောင်ကြိုးစားရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးရောဂါကုသမှုကို ဂရုတစိုက်ဆောင်ရွက်သင့်ပါတယ်။ ပေါ့ဆလို့မရပါဘူး။ ဆေးကိုလည်းညွှန်ကြားချက်အတိုင်းပုံမှန် သောက်သင့်ပါတယ်။
၁၀။ ဖေးမကူညီမှုစနစ်တစ်ခုတည်ထောင်ထားပါ။
မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဟာ ကျန်းမာရေးတိုးတက်လာရာမှာ အထောက်အကူကောင်းတွေဖြစ်ပါတယ်။ သူတို့ဟာ သင့်ကို အားပေးနိုင်တယ်။ ဆရာဝန်ဆီပို့ပေးနိုင်တယ်။ လေ့ကျင့်ခန်းအတူလိုက်လုပ်ပေးနိုင်တယ်။ သွေးပေါင်ချိန်ကျဖို့အတွက် တတ်နိုင်တဲ့နည်းတွေနဲ့ ၀ိုင်းဝန်းကူညီနိုင်တယ်။
မိသားစုဝင်တွေနဲ့ အချိန်ပေးပြီးစကားပြောပါ။ သွေးတိုးရောဂါအကြောင်းကိုလည်း လက်ဆင့်ကမ်းပြီးပြောပြပါ။ သူတို့တွေလည်းနားလည်တဲ့အခါ သူတို့အတွက်လည်းအကျိုးရှိစေသလို ကိုယ့်အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ သွေးတိုးရောဂါကို တွန်းလှန်ဖို့လိုအပ်တဲ့ နေထိုင်စားသောက်မှုပုံစံကို အတူတကွပြောင်းလဲနိုင်ပါတယ်။ သွေးတိုးရောဂါ ဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း အတူတကွ တွန်းလှန်နိုင်ပါတယ်။
လူအများစု ဟာ သွေးတိုးရောဂါကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ နေထိုင်စားသောက်မှုပုံစံကို မလုပ်ဖြစ်ကြပါဘူး။ အဲဒါကြောင့်ပဲ သွေးတိုးရောဂါဆိုတဲ့ အသံတိတ်လူသတ်သမားဟာ ၂၁ ရာစုရဲ့ ရောဂါတော်တော်များများမှာ ဆက်စပ်ပါဝင်လာတာဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာရေးတဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံလေး ၁၀ ခုလောက်ကို ဂရုတစိုက်လိုက်နာသွားရုံနဲ့ သွေးတိုးရောဂါကို အောင်မြင်စွာခုခံတွန်းလှန်နိုင်မှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment