
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနသည် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄ တွင်အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၁) မှ သဘောတူခွင့်ပြုချက်အရ ဤအမိန့် ကြော်ငြာစာကိုထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဤအမိန့်ကြော်ငြာစာသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့အထိ ၆ လအကျိုး သက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအမိန့်ကြော်ငြာစာကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း၏ လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Ref:Weeklyelevennews
No comments:
Post a Comment