အတွဲ ၂၇ ၊ အမှတ် ၅၃၂ ( ၂၆၊၈ - ၁၊၉ ၊ ၂၀၁၁)
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၁၀-၃-၂၀၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမ အကြိမ်ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်း အဝေး၌ ပြောကြားခဲ့သော "ပြည်တွင်းမှာရှိသော အလုပ်သမားများ၏ အခွင့်အရေးများသာမက ပြည်ပမှာ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအလုပ်သမားများ၏ တရားဝင်အခွင့်အရေးများ အပြည့်အ၀ရရှိနိုင်ရန်အတွက်လည်း ကြိုးပမ်း လုပ်ဆောင်ပေးသွား ရမှာဖြစ်ကြောင်း" အခြေပြ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ မိခင်နိုင်ငံခြား ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကွပ်ကဲဦးဆောင်မှု အောက်တွင် ကမ္ဘာ့အနှံ့အပြားရှိ နိုင်ငံများတွင် ရုံးစိုက်ထားသော မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ/ မြန်မာအလုပ်သမားများ အကျိုးအတွက် မားမားမတ်မတ် ရပ်တည်ကာကွယ်စောင့်ရှောက် ကူညီဆောင်ရွက် ပေးလျက် ရှိသည်။
- ယင်းသို့ ကူညီဆောင်ရွက်ကြိုးပမ်းမှုများအနက် ထိုင်ဝမ်/ဟောင်ကောင်/ မကာအိုဒေသများရှိ မြန်မာနိုင်ငံသားများအကျိုးအတွက် အထူးအစီ အစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
- ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို ဒေသများ၌ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကူး လက်မှတ်သက်တမ်း မတိုးနိုင်သူများ၊ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ကင်းကွာနေသော မြန်မာနိုင်ငံသားများအား နိုင်ငံတော်မှ စေတနာ ထား၍ အထူးအစီအစဉ် အဖြစ် အထူးသက်သာသော ၀င်ငွေခွန်နှုန်းထားများ ကောက်ခံကာ Machine Readable Passport များ ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။
- သာမန်အားဖြင့် တစ်လလျှင် ၀င်ငွေခွန် အမေရိကန်ဒေါ်လာ ၅၀ ခန့် (တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၆၀၀ ခန့်) အနည်းဆုံးပေး ဆောင်ရမည်ဖြစ်သော်လည်း အထူးအစီအစဉ် အရ သက်တမ်းပြတ်ကာလ (၂)နှစ် - (၃)နှစ် ရှိသူ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၄၀၀)၊ သက်တမ်းပြတ် ကာလ (၃)နှစ် - (၅)နှစ် ရှိသူ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၆၀၀)၊ သက်တမ်း ပြတ်ကာလ (၅)နှစ်နှင့်အထက်ရှိသူ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁၀၀၀) သာ ကောက်ခံပြီး MRP ကြေးပေးသွင်း၍ နိုင်ငံကူး လက်မှတ်ထုတ်ပေးရန် ဖြစ်သည်။
- ကောင်စစ်ဝန်ချုပ်ရုံးသို့ ထိုင်ဝမ်နှင့် ဟောင်ကောင်ဒေသများမှ ကာယကံရှင်များသည် ကိုယ်တိုင်မလာရောက်နိုင်ပါကလည်း ကိုယ်စား လှယ်စေလွှတ်၍ ဆောင်ရွက်ခွင့်ပြုပေးမည်ဖြစ်ပါသည်။
- ယင်းသို့ ဆောင်ရွက်ပေးခြင်းက ပြည်ပရှိ မြန်မာနိုင်ငံသားများအပေါ် နိုင်ငံတော်မှထားရှိ သောစေတနာကို ကောင်းစွာမီးမောင်း ထိုးပြလျက်ရှိပြီး ၎င်းတို့အနေဖြင့် သက်တမ်းရှိ မြန်မာနိုင်ငံကူး လက်မှတ်များကို ရဲရဲဝံ့ဝံ့ကိုင်ဆောင်ကာ အဆိုပါ နိုင်ငံများတွင် သိက္ခာရှိရှိ တရားဝင် ရပ်တည်နေထိုင် အလုပ်လုပ်ကိုင်နိုင်ကြမည်မှာ ဧကန်မလွဲဖြစ်ပါသည်။
Ref: Myanamrtime
Popular Posts!
-
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ... ဆရာခင်ဗျာ အမျိုးသမီးတွေမှာ လိင်အင်္ဂါ ကြွက်နို့ ရော ဂါ ဖြစ်နိုင်ပါသလား။ ဘယ်လို ပုံစံမျိုးနဲ့ ဖြ...
-
ကမ္ဘာကိုခြိမ်းခြောက်လာအုံးမယ့် တရုတ်ရဲ့ဆီလီကွန်လက်နက် December 26, 2018 ဟောင်ကောင်တွင် Asia Adult Expo (AAE) ဆိုသည့် ကုန်စည်ပြပွဲကို ယ...
-
Sunday, July 08, 2012 ဇော်အောင် (မုံရွာ) "---ပြည်ပရောက် မြန်မာအင်အားကို သုံးမယ်ပြောပြီး ပြန်လာမယ့် လူများကိုလည်း နေရာမပေးချင်၊ အထူး...
-
သည်းခြေကျောက်တည် ရောဂါသည် အမျိုသားများထက် အသက် ၄ဝ ကျော်အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်း ဒေါက်တာခင်မောင်လွင်၏ သည်းခြေကျောက် တည်ရောဂါနှ...
-
Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းပေါင်း (၂၂၀)၊ မော်တော်ယာဉ်တင်သွင်းသူများ၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ရောင်းဝ...
-
မြန်မာ့ရုပ်ရှင် - မင်းသား သိန်း ၆၀၀၊ မင်းသမီး သိန်း ၃၀၀၊ မင်းသမီးတွေ ဘာကြောင့် အရနည်းသလဲ? နာမည်ကြီး မင်းသမီး ဝတ်မှုန်ရွေရည်က လက်ရှိ မင်းသမီးေ...
-
(၁) စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complai...
-
TotalIncomeTaxLaw.pdf (၀င်ငွေခွန်ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ ပုံစံများ ) by Ko Nge on Scribd
Subscribe to:
Post Comments (Atom)

No comments:
Post a Comment