How'd it happen and more reports?
asnkonge blog's!
A GLOBAL MAP OF 2018 TERRORISTATTACKS ~ 470 ATTACKS & 2,482 FATALITIES!
Pages
  • Home
  • Music
  • Shop
  • Buddhist
  • TIGI & DAVINES!
  • English Version
  • ASNGROUP!
  • My Life Choice!
Popular Posts!
  • အသုံးပြုပြီးသား ပစ္စည်းအဟောင်းလေးတွေရောင်းကြည့်ကျရအောင်!
    အခုမှဒုက္ခရောကျတော့တာဘဲ..... OS X က Blogs တွေမှာMyanmar unicode ကိုဘဲ  Support လုပ်ပေးထားတယ်. အခုလဲဘဲစာရေးနေရတာအဆင်မပြေပါဘူး.... အခုလ...
  • Language (85) မျိုးမှ မြန်မာဘာသာ သို့ပြောင်းနည်း
    Language (85) မျိုးမှ မြန်မာဘာသာ သို့ပြောင်းနည်း ... (Video) ====================================== English subtitle မှ Myanmar subtitl...
  • ပြည်သူတွေကြားထဲ စိမ့်ဝင်နေတဲ့ လိမ်လည်မှုများ
    ရန်ကုန်တိုင်းသတင်းအဖွဲ့ တန်ကြေး သုံးသိန်းငါးသောင်းတန်ဖုန်းကို ကွန်ပျူတာမှ random မဲနှိုက်ပြီး ပေါက်သည့်အတွက် ကံထူးရှင်ကို တစ်သိန်းသ...
  • Myanmar's forgotten bourse eyes long-awaited expansion
    We make tools Your make do! newsviews_28_06_2012 MYANMAR STOCK WATCH Myanmar Stock Watch With the planned opening of the My...
  • MAC OS X keyboard shortcuts!
    MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့်  Shortcut Keysတွေကို ရှာလိုက်တ...
  • ရန်ကုန်ပက်ပုန်းလမ်း
      ဒီလောက်တောင် အခြေထိတောင်ဖြစ်နေပြီလား?  သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘာမှာ အရေးမယူဘဲ နေတာကိုက ပိုအံ့သြဟရာပိုကောင်းနေပါတယ်၊ အရင်တုန်းက နို...
  • Zawgyi Myanmar Keyboard ကို Mac OS X မှာသုံးကြည့်ရအောင်!
    အခုမှ MAC OSX မှာ ZawGyi လက်ကွက်တွေ ဒုက္ခလှလှကြီးတွေတော့တာဘဲ!အဆင်မပြေပါဘူး blogs တွေမှာစာရေးတာ၊Blogs တွေမှာ စာရိုက်ရတာ Zawgyi လက်ကွက်လို...
  • မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ !
    အမိမြေမှာ အောင်မြင်လာရင် ဖြစ်နေကျ လူမှုရေးပြဿနာလးတွေပါ... ကျွှန်တော်တို့ ပြည်သူလူထုတွေ အတော်ကိုတုန်လှုပ်ထိုက်လန့်အံ့သြသွားစေတဲ့ လူတကာ...
Saturday, October 29, 2011
ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ
ဝါရှင်တန်အခြေစိုက် FreedomHouse အဖွဲ့ကြီးက နှစ် ၇၀ မြောက် နှစ်ပတ်လည် အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Freedom Award လွတ်လပ်မှုဆုကို ချီးမြှင့်လိုက်ပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးစားရုန်းကန် လှုပ်ရှားမှုတွေအတွက် အခုလို ဆုချီးမြှင့်လိုက်တာလို့ Freedom House အဖွဲ့ကြီးက ပြောပါတယ်။
Freedom House အဖွဲ့ဟာ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေအတွက် လှုပ်ရှားနေသူတွေကို ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုချီးမြှင့်တာဖြစ်ပြီး လွတ်လပ်စွာ ရေးသားမှုမှာ ဦးဆောင်တဲ့ Google နဲ့ နိုးကြားမှုရှိစေဖို့ ဆောင်ရွက်ခဲ့တဲ့ Washington Post သတင်းစာ အယ်ဒီတာ အဖွဲ့တွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ဒုတိယ ကမ္ဘာစစ်ဒဏ် ခံနေရချိန် ၁၉၄၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Freedom House အဖွဲ့ဟာ သက်တမ်းအရင့်ဆုံး လူ့အခွင့်ရေး အဖွဲ့ကြီးဖြစ်ပါတယ်။ Freedom House အဖွဲ့ကြီးရဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ချီးမြှင့်မယ့် Freedom Award လွတ်လပ်မှုဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဒေးဗစ် ဂျေ ခရေမာ David J. Kramer ကပြောပါတယ်။
”လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံသားတွေအတွက်သာမကဘဲ ဒီလိုရုန်းကန်နေကြရတဲ့ ကမ္ဘာတ၀ှမ်းက လူတွေကိုပါ ဒေါ်အောင်ဆန်းစုကြည်က အားကျစေခဲ့ပါတယ်။ ဒါ့ပြင် သူ့နိုင်ငံ လွတ်လပ်ရေးရဖို့ တောင်းဆိုတဲ့အခါမှာ အကြမ်းမဖက်တဲ့ နည်းလမ်းဆိုတာ ဘာလဲဆိုတာ သိလာအောင် ကိုယ်တိုင် လက်တွေ့ဦးဆောင်ပြီး လုပ်ပြနေတဲ့သူ ဖြစ်ပါတယ်။
သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေအတွက် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ရုန်းကန်ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြတ်နိုးလေးစား ဂုဏ်ယူကြောင်း ပြသနေသူတွေထဲမှာ Freedom House ကလည်း ပါဝင်တယ်ဆိုတာ ပြချင်လို့ပါ။ နောက် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသအရေးကို အားလုံးက စိတ်ဝင်တစား ဖြစ်နေကြချိန်မှာ အလားတူ လွတ်လပ်ရေးအတွက် ကြိုးပမ်း နေကြတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးလည်း ရှိနေသေးတယ်ဆိုတာ ကမ္ဘာက မမေ့စေချင်တာလည်း ပါပါတယ်”
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ အတွင်း ကမ္ဘာတ၀ှမ်း လွတ်လပ်မှု အရသာ အပြည့်အ၀ ခံစားကြစေဖို့အတွက် ပညာပေး အစီအစဉ် အမျိုးမျိုးနဲ့ ကိုယ်တိုင်လှုပ်ရှားခဲ့တဲ့ အဖွဲ့ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ် အတွင်း ပထမဆုံး ဂုဏ်ပြုနိုင်တဲ့အတွက် ၀မ်းမြောက်တယ်လို့ ဆိုပါတယ်။
” Freedom House က အခုလို ဆုမပေးတာ ၁၅ နှစ်ရှိပါပြီ။ ဒါပေမယ့် လူ့အခွင့်ရေးနဲ့ လွတ်လပ်မှုကို သိရှိခံစားလာစေဖို့ ကြိုးပမ်းလုပ်ဆောင်နေသူတွေ၊ လှုပ်ရှားတဲ့သူတွေကို အသိမှတ်ပြု ထုတ်ဖော်ရေး ဟာ သိပ်ကိုအရေးကြီးတယ်လို့ ခံယူ မိတာနဲ့အမျှ ကမ္ဘာတ၀ှမ်းမှာ လိုက်ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်လောက် စွမ်းဆောင်နိုင်သူကို မတွေ့ရပါဘူး။ အခုလို ကျွန်တော်တို့ အဖွဲ့က ပေးတဲ့ ဆုကို သူလက်ခံခဲ့ပြီး ဗီဒီယိုမိန့်ခွန်း ပေးပို့မှာမို့ သူ့ကို အခုလိုဂုဏ်ပြုရတာ ကျွန်တော်တို့ ကျနော်တို့ သိပ်ကို ၀မ်းမြောက်ခဲ့ရပါတယ်”
Freedom House အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ ညနေ ၇ နာရီခွဲမှာ ၀ါရှင်တန်ဒီစီမှာရှိတဲ့ နယူဆီယမ် Newseum အဆောက်အဦးမှာ ထင်ရှားတဲ့ အမေရိကန် လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ကော်မတီ ရှေ့မှောက် ဆုပေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ပေးမယ့်ဆု အားလုံးပေါင်း လေးခုပါ။ Freedom Award လွတ်လပ်မှုဆုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်းကို အခမ်းအနားမှာ ဖွင့်ပြမှာဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ ပေးမယ့်ဆုတွေထဲမှာ Corporate Leadership Award လို့ခေါ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်မှု အတွက် ဦးဆောင်တဲ့ဆုကို ချီးမြှင့်မှာဖြစ်ပြီး ဒီဆုကို Google အဖွဲ့က ရရှိခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာဆောင်းပါးတွေ အယ်ဒီတာ့ အာဘော်တွေကို ထူးထူးခြားခြား တင်ဆက်လေ့ရှိတဲ့ ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာအဖွဲ့ကိုတော့ Raising Awareness Award လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုင်ရာ အသိပညာကို မြှင့်တင်နိုင်တဲ့ ဆုကို ချီးမြှင့်တာဖြစ်ပြီး Freedom House အဖွဲ့ကြီးရဲ့ ဘုတ်အဖွဲ့ဝင် လူကြီးတဦးဖြစ်သူ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သံတမန်ရေးရာတွေကို တသက်တာလုံးဆောင်ရွက်ခဲ့သူ Max M. Kampelman ကိုတော့ Lifetime Achievement Award တသက်တာ အောင်မြင်မှုဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။
- Posted using BlogPress from my 4GiPhone
Posted by Ko Nge at Saturday, October 29, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: နိုင်ငံရေး
Friday, October 28, 2011
အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်
အင်တာနက် စာမျက်နှာတွေအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံး ၁၀ ခုထဲမှာ ရှိနေဆဲပဲလို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတခုရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အင်တာနက်အပေါ် တိုက်ခိုက်မှုတွေဟာ ကမ္ဘာတ၀န်း စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
Akamai ကော်ပိုရေးရှင်းက ကမ္ဘာတ၀န်းနိုင်ငံတွေနဲ့ ဒေသပေါင်း ၂၃၈ ခုက အင်တာနက်လိပ်စာပေါင်း ၆၀၄ သန်းကျော်ကို လေ့လာစောင့်ကြည့်ရာမှာ ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ ပထမနဲ့ ဒုတိယ ၃ လပတ်တွေအတွင်း မြန်မာနိုင်ငံဟာ အင်တာနက် တိုက်ခိုက်မှုတွေ အဓိက အခြေခံလာတဲ့ တိုင်းပြည်တစ်ခုအဖြစ် တွေ့ခဲ့ရတာပါ။ အထူးသဖြင့်ကတော့ အင်တာနက် စာမျက်နှာတွေကို ၀င်ရောက်ကြည့်ရှုရာ လမ်းကြောင်းဖြစ်တဲ့ Ports 80 လို နေရာမျိုးမှာ ကမ္ဘာတ၀န်း တိုက်ခိုက်မှုတွေ စုစုပေါင်းရဲ့ ထက်ဝက်လောက် ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အထူးသဖြင့်ကတော့ လူအများ ၀င်ရောက်ကြည့်ရှုကြတဲ့ ၀က်ဘ်စာမျက်နှာတွေ၊ လုံခြုံစိတ်ချရအောင် စီမံထားတဲ့ အီးမေးလ်လို အင်တာနက် ဆက်သွယ်မှုတွေမှာ မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေက ပစ်မှတ်ထားတာ တွေ့ရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ၃ လပတ်အစီရင်ခံစာ ရေးသားပြုစုသူတစ်ဦးလည်းဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန် (David Belson) က ပြောပါတယ်။
”မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေဟာ Ports 80 နဲ့ Ports 443 တို့ကို အထူးသဖြင့် အာရုံစိုက်နေတာကို ကျနော်တို့ တွေ့နေရပါတယ်။ Port 80 ဆိုတာကတော့ ပုံမှန် http လိပ်စာနဲ့ ၀က်ဘ်စာမျက်နှာတွေပါ။ Port 443 ကတော့ လုံခြုံမှုရှိတဲ့ ၀က်ဘ်စာမျက်နှာတွေပဲ ဖြစ်ပါတယ်။”
မြန်မာအာဏာပိုင်တွေဟာ သတင်းမီဒီယာတွေနဲ့ အင်တာနက် ဆက်သွယ်မှုတွေအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေကတော့ ထောက်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ပင်ခံထားရတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့အင်တာနက် စာမျက်နှာ အပါအ၀င် ပြည်ပက ၀က်ဘ်ဆိုဒ်တွေ အားလုံးလောက်လိုလိုကို ပြန်ဖွင့်ပေးခဲ့တာပါ။ တချိန်တည်းမှာပဲ အင်တာနက်ပေါ်မှာ တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေကို အတိအကျ ခြေရာမခံနိုင်ပေမဲ့ ဒါတွေဟာ အင်တာနက်လုပ်ငန်းတွေမှာ အဟန့်အတား ဖြစ်စေဖို့၊ ဆက်သွယ်မှုတွေကနေ အခွင့်ကောင်းယူဖို့ ရည်ရွယ်ပုံရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန်က ပြောပါတယ်။
”ကျနော်ခန့်မှန်းတာကတော့ မြန်မာနိုင်ငံကနေ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေဟာ အင်တာနက် ၀က်ဘ်ဆိုက်ဒ်တွေကို အခြေခံထားတဲ့ လုပ်ငန်းတွေက အားနည်းချက်တွေကို ပစ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဆက်သွယ်မှုတွေမှာ ပိတ်ဆို့ကုန်အောင် လုပ်တာမျိုးတွေ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ အင်တာနက်ပေါ်က ဆွေးနွေးပြောဆိုမှုတွေကနေ အခွင့်ကောင်းယူတာမျိုးလို လုပ်ရပ်တွေ လုပ်ကောင်းလုပ်တာတွေ ဖြစ်နိုင်ပါတယ်။”
၂၀၁၁ ခုနှစ် ပထမ ၃ လပတ် အစီရင်ခံစာအရ အင်တာနက် တိုက်ခိုက်မှုတွေ အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း အခု ဒုတိယ ၃ လပတ်ကာလမှာတော့ တိုက်ခိုက်မှုတွေ လျော့ကျလာတာမို့ ဒုတိယအဆင့် လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ လေ့လာစောင့်ကြည့်ထားတဲ့ ဆက်သွယ်မှုတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်း တိုက်ခိုက်မှုတွေအနက် ၁၃ ရာခိုင်နှုန်းအထိ ရှိရာက အခု ဒုတိယ ၃ လပတ်မှာတော့ ၉ ဒဿမ ၁ ရာခိုင်နှုန်း ကိုလျော့ကျသွားတာပါ။
အခုနောက်ဆုံး ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှု အခြေအနေ ဒုတိယ ၃ လပတ် အစီရင်ခံစာရဲ့ ထိပ်ဆုံးနေရာကိုတော့ တိုက်ခိုက်မှုတွေ ၁၀ ရာခိုင်နှုန်းအထိ ရှိတဲ့ ထိုင်ဝမ်က နေရာယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြီးရင် တတိယ၊ စတုတ္ထနဲ့ ပဉ္စမနေရာတွေကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေ ဖြစ်ကြပါတယ်။
- Ref:voamurmese;Posted using BlogPress from my 4GiPhone
Posted by Ko Nge at Friday, October 28, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Wednesday, October 26, 2011
အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ
WRITTEN BY လူထုစိန်ဝင်း
SUNDAY, 23 OCTOBER 2011 11:29
မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက်မလာဘဲ နောက်ကျန်နေရစ်တာဟာ ကိုးကွယ်တဲ့ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာ တွေနဲ့တွေ့တဲ့အခါတိုင်း အမေးခံရလေ့ရှိတယ်။
ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ
မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံအလျောက်ဖြစ်ရတယ်လို့ဆိုတဲ့အတွက် ကြိုးစားသင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ်နေကြတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ 'ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်နှိုက်' ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကရဲ့ လောကီကိစ္စတွေထဲ ပါဝင် စွက်ဖက်ခြင်း လုံးဝမရှိတဲ့ ဘာသာဖြစ်တယ်။ ကလေးမွေးဖွားတဲ့ကိစ္စမှာ မပါသလို၊ မင်္ဂလာဆောင်ကိစ္စမှာလည်း ၀င်မပါဘူး။ ကွာရှင်းပြတ်စဲကိစ္စမှာလည်း ၀င်မပါဘူး။ လူသေတဲ့အခါ ဘုန်းကြီး ပင့်ပြီး 'သရဏဂုံ' တင်ကြတာလည်း ဗုဒ္ဓဘာသာက သတ်မှတ်ထားတာမဟုတ်ဘူး။ လူတွေက ဆန္ဒရှိကြလို့ လိုက်လုပ်ပေးတာသာဖြစ်တယ်။ ဗုဒ္ဓဘာသာက သေမှ သရဏဂုံတင်ခိုင်းတာ မဟုတ်ဘူး။ အသက်ရှင် နေသမျှ ကာလပတ်လုံး၊ အခါမလပ် သရဏဂုံသုံးပါး ဆောက်တည်နေဖို့သာ ဆုံးမတာဖြစ်တယ်။ တင်လို့ဘာမှမထူးသလို မတင်လို့လည်း ဘာမှမဖြစ်ဘူး။
အမျိုးသမီးတွေ ဓားဆွဲထကြ
သည်းခံစိတ်ရှိတယ်ဆိုတဲ့ကိစ္စမှာလည်း အများထင်ကြသလို တခြားလူမျိုးတွေထက် ထူးထူးခြားခြားကြီး ပိုနေတယ်လို့ မထင်ပါဘူး။ တခြားလူတွေရဲ့သည်းခံနိုင်မှုမှာ အတိုင်းအတာရှိသလို မြန်မာလူမျိုးတွေမှာလည်း အတိုင်းအတာရှိတာပါပဲ။ သည်းခံနိုင်မှုရဲ့ အမြင့်ဆုံးအတိုင်းအတာက ကျော်လွန်သွားပြီဆိုရင်တော့ အမျိုးသမီးတွေတောင် ဓားဆွဲပြီး ထတတ်ကြတယ်။နယ်ချဲ့စစ်တပ်တွေ မန္တလေးကိုသိမ်းပြီးနောက် အညာကျေးလက် ဒေသတွေကို ငြိမ်ဝပ်ပိပြားရေးအတွက်ဆိုပြီး ခုခံတိုက်ခိုက်သူရှိတဲ့ကျေးရွာ မှန်သမျှမြေလှန်မီးရှို့လုပ်တဲ့အခါမှာ အမျိုးသမီးတွေဓားဆွဲပြီး ကုလားဖြူတွေကိုဝင်ခုတ်ပြီး ခုခံတိုက်ခိုက်ခဲ့ကြတယ်။
အထူးအဆန်းမဟုတ်
ဆရာစံရဲ့ တောင်သူလယ်သမား သူပုန်ထမှုကြီးမှာလည်း အမျိုးသမီးတွေ ရောဝင်ရောက်တိုက်ခိုက်ကြတယ်။ ရေနံမြေ အလုပ်သမားသပိတ်ကြီးမှာလည်း အလားတူပါဝင်ကြတယ်။ ဂျပန်ခေတ်ရောက်တော့လည်း ပါး ရိုက်နားရိုက် အနိုင်ကျင့်မှုတွေ လွန်လွန်းလာတဲ့အခါရောက်တော့ သည်းခံနိုင်မှုဂိတ်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး အမျိုးသား၊ အမျိုးသမီး၊ ရဟန်းရှင်လူမှန်သမျှ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ရရာလက်နက်စွဲကိုင်ပြီး အုံကြွတော်လှန်ခဲ့ကြတယ်၊ ဒါအထူးအဆန်းတော့ ဟုတ်မထင်ဘူး။ တခြားလူမျိုးတွေလည်း ဒီလိုပဲရှိမှာ သေချာတယ်။
ဒုက္ကရစရိယာခြောက်နှစ်ကြာ
နောက်ပြီးတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က ရောင့်ရဲတင်းတိမ်မနေဘဲ အချိန်ရှိသမျှ ကြိုးပမ်းအားထုတ်ဖို့ အမြဲဟောပြောဆုံးမနေခဲ့တယ်။ ဘယ်သူမဆို ကြိုးစားရင်ဘုရားဖြစ်နိုင်တယ်လို့ လမ်းညွှန်ခဲ့တယ်။ ကိုယ်တော် တိုင်လည်း ကပ်ကမ္ဘာပေါင်း အသင်္ချေနဲ့ အနန္တကြိုးစားအားထုတ်ခဲ့ရပြီး နောက်ဆုံးဘ၀မှာတောင် ပင်ပန်းကြီးစွာနဲ့ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်ကြံခဲ့ရတယ်။ တခြားဘာသာများမှာက ဘုရားသခင်ဆိုတာ ဘယ်က လာတယ်၊ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ ဘယ်လောက် ဆင်းရဲပင်ပန်းခံပြီး ကျင့်ကြံအားထုတ်လဲ ဘယ်သူမှ ဘုရားမဖြစ်နိုင်ဘူး။ ကြိုးစားအားထုတ်ရင် ဘုရားဖြစ်နိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာ တစ်ခုပဲရှိတယ်။
ထိုးတော့မယ့်ဆင်
ဗုဒ္ဓဘာသာက မှန်တယ်၊ ကောင်းတယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကြောင့် လူတွေသည်းခံရောင့်ရဲပြီး လည်းစင်းခေါင်းငုံ့ခံနေကြတာမဟုတ်တဲ့အကြောင်း ပြောချင်တာပါ။ ငြိမ်နေတိုင်း ဘာမှမလုပ်ဘူးလို့တော့ မထင်နဲ့။ ပင် လယ်ပြင်မှာ လေလုံးဝမတိုက်ဘဲ ငြိမ်သက်နေရင် သိပ်ကြောက်ဖို့ကောင်းတယ်။ မကြာခင်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြီးလာတော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာပဲ။ ထိုးတော့မယ့်ဆင်ဟာလည်း နောက်တစ် လှမ်းဆုတ်ပြီး ငြိမ်နေလေ့ရှိတယ်။ ဗုဒ္ဓဘာသာအကြောင်း၊ မြန်မာလူမျိုးများအကြောင်း သေသေချာချာမသိတဲ့ နိုင်ငံခြားသားများက ဘာသာတရားကြောင့် မြန်မာတွေဒီဘ၀က မကျွတ်မလွတ်သေးတာလို့ ပြောတာကို နားလည် သည်းခံနိုင်ပါတယ်။ မြန်မာလူမျိုးတွေကိုယ်တိုင်က သံယောင်လိုက်ပြောတာမျိုးကိုတော့ နည်းနည်းမှ သည်းမခံနိုင်ဘူး။ အားကြီးစိတ်ဆိုးတယ်။
လက်ချိုးရေတွက်ကြည့်ပါ
စီးပွားရေးမဖွံ့ဖြိုးတာလည်း လူတွေက ရောင့်ရဲတင်းတိမ်နေလို့ မဟုတ်သလို၊ ပျင်းလို့ ဖျင်းလို့လည်း မဟုတ်ပါဘူး။ နှစ်ကာလတွေကို လက်ချိုးရေတွက်ကြည့်လိုက်ပါ။ လွတ်လပ်ရေးရပြီးတာ ၆၃ နှစ်ရှိပြီ ဆိုပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရှိတာ ဘယ်နှနှစ်ရှိလို့လဲ။ ၁၉၄၈ခုနှစ်က ၁၉၆၂ ခုနှစ်တွင်း ၁၄ နှစ် လုပ်ခဲ့ရတယ်။ ရန်ကုန်အစိုးရခေတ်လို အချိန်ကာလတွေကြုံတွေ့ခဲ့ရတာတောင် အများကြီး တိုးတက်ခဲ့တယ်။ အဲဒီခေတ်က 'တက်ထရွန်' ဆိုတဲ့ ပိတ်စချောချော ဖြူဖြူထုတ်လုပ်နိုင်တာ အာရှတိုက်တစ်ခုလုံးမှာ ဂျပန်ပြီးရင် မြန်မာပဲရှိတယ်။ အဲဒီနောက် 'ဒက်ကရွန်' တို့ 'နိုင်လွန်' တို့လည်း ထုတ်နိုင်တယ်။
'ကပ်ပါးကောင်'တွေကိုပါ တစ်ပါတည်း ဖယ်ရှားရှင်းလင်းပစ်ဖို့ မဖြစ်မနေလုပ်ဆောင်ဖို့ လိုတယ်။ ဒါမှ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက်လာနိုင်လိမ့်မယ်။ ကပ်ပါးကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များ အများအပြားပေါ်ထွက်လာအောင် တွန်းအားပေးရမယ် . . .
တွေ့သမျှပြည်သူပိုင်သိမ်း
စီးကရက်မှာတော့ အာရှတစ်ခွင်လုံးမှာ မြန်မာကိုဘယ်သူမှ မမီဘူး။ ဂျပန်လည်းမမီဘူး။ ဘားမား စတိတ်၊ ကပ္ပီတန်၊ လန်ဒန်ရိုးဖလိတ်၊ ဘလက်ကက်ဆိုတဲ့ စီးကရက်တံဆိပ်တွေကို အိမ်နီးချင်းနိုင်ငံအားလုံးဆီ တင်ပို့ ရောင်းချရတယ်။ အဲဒီအချိန်က စက်မှုလုပ်ငန်းအများကြီး တိုးတက်ခဲ့တယ်။ နောက်တော့ မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ ခေတ်ရောက်သွားပြီး၊ ရပ်ကွက်ထဲက ကုန်ခြောက်ဆိုင်ကလေးတောင် အရင်းရှင်လို့ သတ်မှတ်လိုက်တယ်။ တွေ့သမျှ မြင်သမျှ ပြည်သူပိုင်သိမ်းပစ်လိုက်တယ်။ စာသင်ကျောင်းတွေတောင် မချန်ဘူး။ ငါးဆယ်ခုနစ်များအတွင်း အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေအားလုံး ပြိုလဲကျဆင်းသွားခဲ့ရတယ်။
စီးပွားရေး
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ်ကို ပြန်လည်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ အဓိကကျတဲ့ နိုင်ငံရေးစနစ်က စစ်တပ်အုပ်စိုးတဲ့ အာဏာရှင်စနစ်ဆိုတော့ စနစ်နှစ်ခု သဟဇာတမဖြစ်တဲ့အတွက် အောင်မြင် သင့်သလောက် မအောင်မြင်ခဲ့ဘူး။ အာဏာရှင်စနစ်များနဲ့ ဖွားဖက်တော်လို အမြဲတွဲပါလာတတ်တဲ့ 'ကပ်ပါးကောင်' လူတန်းစားသစ် တစ်မျိုးကြောင့်၊ ဈေးကွက်စီးပွားရေးဟာ မျက်စိကြီး၊ နားကြီးတို့ရဲ့ 'ဇီးကွက်စီးပွားရေး' ဖြစ်သွားခဲ့ရတယ်။ အကျိုးဆက်က ချမ်းသာဆင်းရဲကွာဟမှု အလွန့်အလွန် ကြီးမားသွားပြီး မြန်မာလူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ 'ကျောရိုး' ဖြစ်တဲ့ 'လူလတ်တန်းစား' လုံးဝ ကွယ်ပျောက်သွားတယ်။
မရှိမရှားဘဲ
မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါကမှ အိမ်နီးချင်းနိုင်ငံတွေမှာလို ငတ်သေလောက်အောင် ဆင်းရဲမွဲတေတဲ့လူတန်းစား မရှိခဲ့ဘူး။ အလားတူပဲ သူတို့ဆီမှာလို 'ဘီလျံနာ' သူဌေးတွေလည်း မရှိဘူး။ လူလတ်တန်း စားတိုင်း ပြည်ဖြစ်တယ်။ အားလုံး 'မရှိမရှား' ဘဲ။ အခုတော့ တစ်ပါတီတစ်ဖွဲ့ အာဏာရှင်စနစ်နေရာမှာ ဒီမိုကရေစီအစိုးရမျိုးနဲ့ အစားထိုးဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တယ်။ အာဏာရှင်စနစ်ကို စွန့်လွှတ်လိုက်သလို 'ကပ်ပါးကောင်' တွေကိုပါ တစ်ပါတည်း ဖယ်ရှားရှင်းလင်းပစ်ဖို့ မဖြစ်မနေ လုပ်ဆောင်ဖို့လိုတယ်။ ဒါမှ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက်လာနိုင်လိမ့်မယ်။ ကပ်ပါးကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များ အများအပြား ပေါ်ထွက်လာအောင် တွန်းအားပေးရမယ်။
ချုပ်ကိုင်ခဲ့တယ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်က ဆိုရှယ်လစ် 'ဒီရေမြင့်ချိန်' ဖြစ်တယ်။ ဖဆပလအစိုးရကလည်း ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်လို့ ကြွေးကြော်ခဲ့တယ်။ လယ်ပိုင်ရှင်ကလေးတွေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်လေးတွေကို မြေရှင်ယာရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေအဖြစ်သတ်မှတ်ပြီး လုပ်စားကိုင်စားခွင့်တွေကို ချုပ်ကိုင်ခဲ့တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်အစိုးရလက်ထက်ရောက်တော့ ချုပ်ကိုင်ရုံမကတော့ဘဲ လုံးဝ နှိပ်ကွပ် ပစ်လိုက်တယ်။ ကွမ်းယာ ဆိုင်ကအစ ပြည်သူပိုင်သိမ်းလိုက်တယ်။တိုင်းရင်းသားလုပ်ငန်းရှင် မျိုးဆက်လုံးဝ ကွယ်ပျောက်သွားခဲ့တယ်။
ကူညီထောက်ပံ့ပေး
၁၉၈၈ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကူးပြောင်းခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက်ကွယ်ပျောက်ခဲ့ပြီဆိုတော့ အင်တိုက် အားတိုက် ပါဝင်လာမယ့်သူ မရှိတော့ဘူး။ အဲဒီနေရာမှာ 'ကပ်ပါးကောင်' တွေ ပေါ်ထွက်လာပြီး ရသမျှ လက်ဝါးကြီးအုပ်ကြတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ် သဟဇာတဖြစ်ဖို့လိုတယ်။ နိုင်ငံသားအားလုံး အားတက်သရော ပါဝင်လာဖို့ လည်း မရှိမဖြစ်လိုအပ်တယ်။ အထူး သဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လာဖို့လိုတယ်။ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် အစိုးရက ကူညီ ထောက်ပံ့မှု တွေ ပေးရမယ်။ အရေးကြုံတဲ့အခါ တိုင်းရင်းသားလုပ်ငန်းရှင်က သာ အားကိုးရမှာဖြစ်တယ်။ နိုင်ငံခြားသားဆိုတာကတော့ သာတုန်း နားပြီး မသာရင် ခွာသွားကြတာပဲ။
အရင်းရှင်အရင်ရှင်း
တိုင်းရင်းသားလုပ်ငန်းရှင်တွေ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ် လုပ်နိုင်ကိုင်နိုင်ဖို့၊ အစိုးရဘက်တွေက ငွေလုံးငွေရင်း ထုတ်ချေးမှုမျိုးတွေ လုပ်ပေးဖို့လိုတယ်။ လုပ်သာကိုင်သာဖြစ်အောင် အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည် ချေးငွေမျိုး ဖြစ်ဖို့ လည်းလိုတယ်။ တကယ်အလုပ်လုပ်တဲ့အခါ ငါးနှစ်၊ ခြောက်နှစ် အတွင်း အပြီးဆပ်ဆိုတာမျိုးနဲ့ ဘယ်လိုမှလုပ်လို့ မဖြစ်နိုင်ဘူး။ အရေးကြီးတာက တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ရှေးယခင် မြန်မာ့ဆိုရှယ်လစ်ခေတ်ကလို အရင်းရှင်ကြီးတွေလို မြင်ပြီး 'အရင်ရှင်း' မပစ်ဖို့ဖြစ်တယ်။ 'အရင်ရှင်း' ပစ်ရမှာက တိုင်းရင်းသား အရင်းရှင်မဟုတ်ဘဲ 'ကပ်ပါးကောင်' ဇီးကွက်စီးပွားရေးသမားတွေသာ ဖြစ်ပါတယ်။
- Ref: Weeklyeleven-
Posted using BlogPress from my 4GiPhone
Posted by Ko Nge at Wednesday, October 26, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဆောင်းပါး, နိုင်ငံရေး
Sunday, October 23, 2011
ဇာဂနာ ရဲ့ လတ်တလော နိုင်ငံရေး ပြက်လုံးများ
ကျော်ခ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၇ မိနစ်
အောက်တိုဘာ ၁၂ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် မီဒီယာများတွင် ပြောကြား ခဲ့သော နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ နိုင်ငံရေး ပျက်လုံးများကို စုစည်း တင်ပြလိုက်ပါသည်။
မီးဖိုမှာချက်တယ်
“နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ။ ဒီအင်တာနက် ပုဒ်မမှာ ကျနော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာ ဘယ်လောက်ကောင်းလဲဆို ခင်ဗျား မိုးသီးဇွန်တို့၊
အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဖိုမှာ ချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ Meebo ဆိုတဲ့
ဝက်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျနော်မသိလို့ပြောမိတာတဲ့။ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့
အဲလိုလူက အမိန့်ချတာ”
Gmail မဟုတ် Email
“အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့် Email ပြောတဲ့။ thura61@gmail.com ပေးတော့ ကျမ ပြောနေတာ အီးမေးလ် နော် … ဂျီမေးလ် မဟုတ်ဘူးတဲ့။ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျနော်သုံးနှစ်ကျော်နေရတာ များတောင် များသေးတယ်”
Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
ရောင်စုံဘောလုံး လေးဖြူဆိုသလို
“သမ္မတလည်း ပြောထားတဲ့စကားရှိတယ်လေ။ အဲဒီပြောထားတဲ့ စကားတွေထဲမှာ အမျိုးသားရင်ကြား ပြန်စေ့ရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ ဆိုပြီး ပြောပြီးတော့ အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အခါကြတော့ ဘာနဲ့တူသလဲဆိုတော့ လေးဖြူကို ရောင်စုံဘောလုံး သီချင်းဆိုခိုင်းသလိုဖြစ်သွားတယ်။ လေဖြတ်နေတဲ့ မယ်ကြီး
အိုကြီးကို မိတ်ကပ်လိမ်း လွှတ်လိုက်သလိုပဲဗျာ။ ဘာမှကို ခံစားချက်က ပြောရမှန်းကို မသိလောက်အောင် ဆိုးတယ်”
BBC- မြန်မာပိုင်းအစီအစဉ် - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
မုန်တိုင်းကို ခဏရပ်ခိုင်းဖို့
“ကျနော့်ကိုချတော့ Video Act ဆိုတာပါတယ်။ အဲဒီ Video Act က ဘာလို့ သုံး နှစ်ချလဲလို့ ကျနော်မေးတော့
နာဂစ် မုန်တိုင်း ဓါတ်ပုံပါလို့တဲ့။ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ။ ဆင်ဆာမတင်လို့တဲ့။ မုန်တိုင်း တိုက်တာ
ကို ဆင်ဆာ တင်ရဦးမှာလား။ ကျနော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင် ပါရစေဦးလို့ ပြောလို့မရဘူးလေ”
Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
ဆိုမာလီဓါးပြလို
“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”
မဇ္ဈိမ - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
အတိုးနှုန်းပြောင်းတဲ့ လွတ်ငြိမ်းချမ်းသာခွင့်
“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု သုံး နှစ် ငါး လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား Ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့”
RFA - မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်
အသီးပုပ်များနှင့် ဂေါ်ပြား
“အသီးနှစ်သီးရော ဂေါ်ပြားရော ရှိတယ်။ နှစ်သီးလုံးက ပုပ်နေတော့ ဂေါ်ပြားပေါ်တာပေါ့။ ဒီသဘောပါပဲ။ ကျနော် သူတို့နဲ့လည်း မဆွေးနွေးရသေးဘူး။ တခြားလူတွေနဲ့သာ စကားပြောနေ ရတာ။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း
မေးစရာရှိတာမေးရဦးမယ်။ ကျနော်မကြိုက်ဆုံးစကားက သူတို့ရဲ့ အင်တာဗျူးထဲမှာ ပါတဲ့ ပြည်ပမှာရှိတဲ့ နိုင်ငံရေး သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ပြော တဲ့စကားကို ကျနော် မကြိုက်ဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကို ပွင့်ပွင့်လင်းလင်း မေးရမယ်။ ကျနော့်စိတ်ထဲမှာ မကျေနပ်ရင်လည်း သူတို့ကို အမွေဖြတ်ဖို့ ဝန်မလေးပါဘူး။”
DVB - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။”
RFA- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
အားထားဖွယ်ရာ စတုတ္ထမဏ္ဍိုင်
“ပြောရေးဆိုခွင့် ရတယ်ပြောတာပဲ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှတွေ့တာတော့ စတုတ္ထမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင် လို့ပြောတာပဲ။ ကျနော်သိသလောက်တော့ အဲဒီ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ လေ့လာတော့ စတုတ္ထမဏ္ဍိုင် ဆိုတာ ပြန်ကြားရေး ဝန်ကြီး ဖြစ်နေတာကိုးဗျ”
BBC- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
မြန်မာ့ လွှတ်တော်အမတ်
"အိုင်စတိုင်းနဲ့ လူ လေးယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စတိုင်း
ရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈ဝ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ်ဆက်ပြီး
ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ကျနော်နဲ့တော့ Quantum Physics (ကွမ်တန်သီအိုရီ ရူပဗေဒ) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။”
“နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅ဝ ပဲရှိတယ်၊ အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြောတယ်။ ကျနော်ကတော့ ၁၂ဝ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။”
“နောက်ဆုံးလူကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင်ကျူ
၅ဝ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ဝမ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်
ထဲမှာ ဘာတွေတင်ပြခဲ့သလဲတဲ့”
VOA မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
နေတိုး မလုပ်နဲ့ ပြေတီဦးလုပ်
“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်။”
RFA မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
- Ref:mizzizmaburmese-Posted using BlogPress from my 4GiPhone
Posted by Ko Nge at Sunday, October 23, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Wednesday, October 19, 2011
သင့်ဘ၀အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ? Manulife iphone app!
ကျွန်တော်တို့မြန်မာပြည်က လူတွေ တော်တော်များများ အာမခံဆိုတာ မသိတဲ့သူတွေများပါတယ်၊
ဘာတွေ အကျိုးအမြတ်ရှိသလဲ?
ဘာတွေဝန်ဆောင်မှုတွေပေးလဲ?
ဘာအတွက် လုပ်ပေးတာလဲဆိုတာ မသိတာများပါတယ်၊
ဒါက အာမခံကုမ္မီ ထဲက ကနေဒါနိုင်ငံက အာမခံကုမ္မီလေးတခုဘဲ? သူရဲ့ iphone App လေးပါ
သူရဲ့ စတော့အိမ်ချိန်းက-http://finance.yahoo.com/q?s=MFC
Manulife (International) Limited
From now on, tracking investment performance will be so much easier
Manulife Widget is an innovative tool to keep track of the performance of your investment in Manulife Hong Kong, including all mutual funds, investment-linked assurance schemes and MPF funds, any time, everywhere!
What is Manulife Widget?
Manulife Widget will keep you updated on your investment performance round the clock, wherever you may be. Now you don't have to open your browser to view your Manulife investment performance, Manulife Widget will bring it to you directly. What’s more, with the widget, you can also keep track of your favourite Hong Kong Stock Quotes, Hang Seng Index, as well as real-time Hong Kong weather information.
One Widget, Many Features
The Manulife Widget has many great features: it allows you to bookmark all your investments, access daily unit prices, cumulative performances, performance charts, and even historical unit prices. And with just a few taps on your iPhone, you can access detailed investment insights such as assets allocations and fund managers’ comments. All this valuable investment information is available to you any time, everywhere.
Manulife Widget is now available to you on your iPhone, iPad and iPod Touch, with iOS3.1.2 or above, FREE.
http://itunes.apple.com/ca/app/manulife/id414826427?mt=8
About Manulife
Manulife (International) Limited is a member of the Manulife Financial group of companies.
Manulife Financial is a leading Canadian-based financial services group operating in 22 countries and territories worldwide. For more than 120 years, clients have looked to Manulife for strong, reliable, trustworthy and forward-thinking solutions for their most significant financial decisions. Our international network of employees, agents and distribution partners offers financial-protection and wealth-management products and services to millions of clients. We provide asset management services to institutional customers worldwide, as well as reinsurance solutions, specializing in life and property and casualty retrocession.
Posted by Ko Nge at Wednesday, October 19, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မီဒီယာ, လူမှုရေး
i-Tigi Catwalk
ဒါက Bed Head မူရင်း ကမ္ဘာကျော် TiGi Haircare က iphone app လေးပါ!
မြန်မာပြည်ကို Bed Head နာမည်နှင့် ၂၀၀၅ ခုနှစ်မှာ စတင်ပြီး Hairacare အလှကုန်လောကကို ကမ္ဘာ့ အဆင့်မှီ အောင် စတင်ဖြန့်ချိ ပညာပေးသော website လေးဘဲ--
Open iTunes to buy and download apps.
http://itunes.apple.com/us/app/i-tigi-catwalk/id411261167?mt=8
Catwalk by TIGI launches new iPhone app giving you access to the latest runway inspired styles wherever you are.
Forget the front row - backstage is where all the latest hairstyles are created. Now you can get instant insider status at major designer shows including Pringle, Christopher Kane, Versus and Costume National using TIGI’s Catwalk Collective App.
With one click you can view hairstyles and shows by city and by designer. Take yourself on a backstage tour and watch the TIGI Creative Team devising the season’s looks using Catwalk by TIGI products.
NEW CATWALK COLLECTIVE SPRING / SUMMER 2011 UPDATE IS AVAILABLE NOW! Take yourself a backstage tour with the TIGI Creative Team to discover the latest hair trends and techniques from NEW YORK, LONDON, MILAN, and PARIS FASHION WEEKS.
Posted by Ko Nge at Wednesday, October 19, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မီဒီယာ, လူမှုရေး
Tuesday, October 18, 2011
မှောင်ခိုများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် လက်ရင်းလူယုံများ
ဇွန်းခေါင် | ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်
စီးပွားရေးသတင်း သုံးသပ်ချက်
စီးပွားရေးကို စတင် လုပ်ကိုင်မည့် သူများအတွက် သူငယ်တန်း ဖတ်စာ ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဆိုရှယ်လစ် စီးပွားရေးစနစ်ခေတ်က အမြတ်ရအောင် လုပ်ခြင်းသည် တရားလည်းမဝင် မကောင်းမှု လုပ်ရပ်လည်း ဖြစ်သည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို မှောင်ခိုသမား များဟုယူဆကြသည်။ အစိုးရသည် ပုဂ္ဂလိက ကုန်သည်များကို ဖိအားပေးကြသည်၊ မသိနားမလည်သော ပြည်သူများကို ခေါင်းပုံဖြတ်သူများဖြစ်သည်ဟု ဆိုကြသည်။
စီးပွားရေးအကြောင်းသင်ကြားသည့် အစိုးရကျောင်းများ၌ပင်လျှင် အမြတ်အစွန်းရရေး အယူအဆသည် မပြောကောင်းသည့် ကိစ္စဖြစ်နေသည်။ အနာဂါတ် စီးပွါးရေးလုပ်ငန်းရှင်များအား အဆိုပါစီးပွားရေး ပါမောက္ခများက အစိုးရကလုပ်ကိုင်နေသော လက်ဝါးကြီးအုပ် စီးပွါးရေးလုပ်ငန်းများတွင် ဝင်မရှုပ်ကြရန် ပြောဆိုကြသည်။
ဒါမှသာအစိုးရလုပ်ငန်းများ အောင်မြင်မည်တဲ့။ သို့သော်လက်တွေ့တွင် အစိုးရလုပ်ငန်းများ၏ စီမံခန့်ခွဲမှု၊ လုပ်ကိုင်
ဆောင်ရွက်မှု၊ ဈေးကွက်ရှာဖွေမှု အားလုံးတွင်ညံ့ဖျင်းကြခြင်းကြောင့် အဆိုပါ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်ယှဉ်ပြိုင်လုပ်ကိုင်သူများသာ အကျိုးရှိသွားကြသည်။
ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော မှောင်ခိုဈေးကွက်ကြောင့် အစိုးရယန္တရားသည် မိမိ အလိုအလျောက် ပျက်စီးလိမ့်မည်ဟု မြန်မာစီးပွားရေး ပါမောက္ခတဦးက သူ၏ ပါရဂူဘွဲ့ယူ စာတမ်းတွင်
ရေးသားထားသည်။
နဝတ က အာဏာသိမ်း လိုက်သောအခါ ဆိုရှယ်လစ်ခေတ်တွင် စုမိဆောင်းမိရှိလာခဲ့ကြသော စွန့်ဦးတီထွင် လုပ်ငန်းရှင် အသစ်လေးများ စီးပွားရေးလောကတွင်း ဝင်လာခဲ့သည်။ သူတို့သည် သဘာဝ သယံဇာတများ ဖြစ်သော သစ်နှင့် သတ္တု ထုတ်ယူခွင့်ကဲ့သို့သော လုပ်ငန်းကိုင်ငန်း အခွင့်အလမ်းများကို တစိတ်တပိုင်း ရရှိခဲ့ခြင်းဖြင့်
အောင်မြင်မှုများ ရလာခဲ့ကြခြင်းဖြစ်သည်။ အစိုးရသစ်က ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များကို ဖန်တီးလိုက်သော အခါ စစ်တပ်နှင့် ကုန်သည်တည်းဟူသော အုပ်စုနှစ်စုသည် အပြန်အလှန် အကျိုးစီးပွါးများအတွက် ပူးပေါင်းလိုက်ကြတော့သည်။
၁၉၈၈ ခုနှစ်က အစိုးရအေဂျင်စီများ၏ လက်ထဲတွင်ရှိသော နိုင်ငံခြားအရန်ငွေကြေး ပမာဏသည် ၃ လစာ သွင်းကုန်ပမာဏသာရှိသည်။ သို့သော် ၂ဝ၁၁ ခုနှစ်သို့ ရောက်သောအခါ အစိုးရဘဏ္ဍာတော် တိုက်ထဲတွင် သွင်းကုန်တန်ဖိုး ၇ လစာနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ၅ ဘီလျံမျှ ရှိနေသည်။ မြန်မာကျပ်ငွေ၏
ပြင်ပပေါက်ဈေးသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် တန်ဖိုးတက်လာနေသည်။
နိုင်ငံခြား အရန်ငွေ ပမာဏအရ အစိုးရသည် အားကောင်းနေသည်ဟု ပြောရမည်။ လစာ နည်းနည်းသာရသော အစိုးရဝန်ထမ်းများသည်လည်း ထွန်းသစ်စ ဈေးကွက်စီးပွားရေး စနစ်သစ်တွင် လာဘ်လာဘများ ရွှင်လန်းပြီး စိုပြေလာကြသည်။ သို့နှင့် သူတို့မိသားစု များကလည်း ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ ထူထောင်လာကြပြီး သယံဇာတတူးဖော် ထုတ်ယူခွင့်၊ အထူးအခွင့်အရေးခံစားခွင့်နှင့် အရေးအကြီးဆုံးဖြစ်သော အာဏာရှိ သူများနှင့် ပေါင်းစည်းထားသည့် ကွန်ရက်ကြီးကိုပါ ရရှိလာခဲ့သည်။
အစပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင် အစိုးရ အရာရှိကြီးများသည် မလုပ်တတ် မကိုင်တတ်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၏ လူလည်ကျမှုကို ခံခဲ့ကြရသေးသည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါ အစိုးရ အရာရှိကြီးများ၏ မိသားစုဝင်များသည် စီးပွါးရေး လုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့ကြသည်။
အသစ်ဖြစ်ထွန်းလာသော စီးပွါးရေး အသိုင်းအဝန်းမှာ အစိုးရ၏ ဆုံးဖြတ်ချက်များ၊ စည်းကမ်း ဥပေဒများကိုပင် သြဇာညောင်း ချယ်လှယ်နိုင်သည့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော လက်ရင်းလူယုံ စီးပွားရေးသမားများ
ဖြစ်လာတော့သည်။
စစ်တပ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ ပေါင်းစည်းမိခြင်းသည် နှစ်ဘက်စလုံးတွင် အပြုအမူများ ပြောင်းလဲလာခြင်းကို ကြည့်၍ ထင်ရှားလှသည်။ အဆိုပါ စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် စစ်တပ် အရာရှိကြီးများ ကဲ့သို့ပင်
ကော်ဇောနီခင်း ကြိုဆိုခြင်း ခံရသည်အထိ အထူးအရေးကြီး ပုဂ္ဂိုလ်အဆင့်အတန်းကို ရရှိလာခဲ့ကြသည်။
မြန်မာနိုင်ငံရှိ ကြီးမားသော စီးပွားရေး လုပ်ငန်းအများစုမှာ သြဇာရှိသော ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များသာ လုပ်ကိုင်နေကြသော လုပ်ငန်းကြီးများ ဖြစ်ကြသည်။
သူတို့မည်မျှအထိ ဥစ္စာဓန စုဆောင်းမိလာကြသည်ကို အစိုးရပိုင် လုပ်ငန်းများ အဆောက်အဦးများကို ပုဂ္ဂလိကပိုင် ပြုရာတွင် တွေ့မြင်ခဲ့ကြရသည်။
အစိုးရပိုင်မဟုတ်သည့် စီးပွားရေးလုပ်ငန်းကြီးများ၏ အရာရှိကြီးများကို ခန့်အပ်ရာတွင် ဝန်ကြီးများနှင့် အခြားအဆင့်မြင့် အရာရှိကြီးများကသာ ခန့်အပ်ကြသည်။
ထိုပုဂ္ဂိုလ်များသည် ဈေးကွက်ကို လက်ဝါးကြီးအုပ်ခွင့်လည်း ရှိကြသည်။ ဝန်ဆောင်မှု ညံ့ညံ့ကို ဈေးကြီးကြီးဖြင့်
ရောင်းချကြသည်။ ထင်ရှားသော စီးပွားရေး ပညာရှင် တဦးကတော့ ခပ်ရဲရဲပင် ပြောခဲ့သည်။ ဤသို့ လက်ရင်းလူယုံများနှင့် ဗြူရိုကရက်များ ပူးပေါင်းဖျက်ဆီးကြခြင်းကြောင့် စစ်မှန်သောစီးပွားရေး တိုးတက်မှုဟူသည် ပေါ်ပေါက်မလာနိုင်ဟု သူကပြော သည်။
နောက်ဆုံးတွင် သမ္မတ အသစ်စက်စက်ကြီးကလည်း သူ၏ပထမဆုံးမိန့်ခွန်းတွင် အဂတိစားမှု တိုက်ဖျက်ရေး၊ လက်ဝါးကြီးအုပ် စီးပွားရေး တိုက်ဖျက်ရေးတို့ကို မရွံ့မရဲ ပြောခဲ့ရှာသည်။
အစိုးရသစ် လက်ထက်တွင် အကြီးတန်း အရာရှိဟောင်းများမှာ ပုံစံသစ်ဖြင့် မလုပ်တတ် မကိုင်တတ်ဖြစ်နေသည်။ သူတို့တသက်လုံး အထက်အရာရှိထံမှ ညွန်ကြားချက် ရယူလုပ်ကိုင်လာခဲ့သည်မှာ အသားကျနေပြီ ဖြစ်သည်။
သတင်းထောက်များနှင့် အယ်ဒီတာများသည်လည်း သူတို့ သတင်းစာများတွင် ဘာထည့်ရမည်ကို ရှာမရ
ဖြစ်နေကြသည်။ အရင်ကတော့ စစ်အရာရှိကြီးများ၏ လိုအပ်သည်များကို ညွန်ကြားသည်ဟူသော တိုင်းခန်း လှည့်လည်သည့် ခရီးစဉ်များကို ထည့်လိုက်ရုံသာ ဖြစ်သည်။ အောက်ခြေပြည်သူများ တွေ့ကြုံနေကြရသော ဆင်းရဲဒုက္ခ၊ အခြား အဖြစ်အပျက် သတင်းများ၊ စုံစမ်းရှာဖွေ ထောက်လှမ်းတင်ပြရသည့် သတင်း စသည်တို့ကို သူတို့ လုပ်စရာမလို။ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၏ သတင်းဆိုသည်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ၊ အစိုးရထုတ် သတင်းစာများ၏ ကြော်ငြာကဏ္ဍတွင်သာ ပါလေ့ရှိသည်။
ယခင် စနစ်ဟောင်းတုန်းကတော့ စီးပွားရေး လုပ်ငန်းများအတွက် သဘောတူညီချက်များကို နယ်ခံ စစ်အရာရှိများနှင့် ပြုလုပ်နိုင်သည်။ အစိုးရသစ် ပေါ်လာပြီး အုပ်ချုပ်ရေးသစ် စတင် သက်ဝင်လာကာ အသွင်ကူးပြောင်းရေးကာလ ရောက်နေသည့်တိုင် ဘာမှရေရေရာရာ မသိနိုင်သေး ဝေဝေဝါးဝါး ရှိဆဲပင်ဖြစ်သည်။
သူတို့ စီးပွားရေး လုပ်ကိုင်နေကြပုံကလဲ အရင်အတိုင်းပဲ ဖြစ်သည်။ စီးပွာရေး လုပ်ရန် ဘာတတ်သလဲ ဆိုသည်က အရေးမကြီး၊ ဘယ်သူ့ကို သိသလဲဆိုသည်က အရေးကြီးသည်။ သေချာတာ တခုဘဲ ရှိသည်။ လူတိုင်းက ဘယ်အချိန် စီးပွားရေး စလုပ်ရမလဲ ဆိုသည့် အချိန်ကောင်းကိုသာ စောင့်နေကြသည်။
ထိုအချိန်ကောင်း ဆိုသည်မှာ သူတို့ နှစ်ပေါင်း နှစ်ဆယ်ကျော် ငြင်းပယ်ခံခဲ့ရသည့် မြေညီကွင်းတွင် အခွင့်အရေး ညီမျှစွာ ပြိုင်ဆိုင် လုပ်ကိုင်ခွင့် ရမည့်နေ့ပင် ဖြစ်သည်။
#မေးခွန်းကတော့ တခုသာရှိသည်?
 စီးပွားရေးကျောင်းများတွင် စီးပွားရေး လုပ်ငန်းများကို ခေတ်သစ် ချဉ်းကပ်နည်းများ ဆိုသည့် သင်ရိုးကို သင်မည်လော၊ လက်ရင်းလူယုံ စီးပွားရေးသမား ဖြစ်လာအောင် မည်သို့လုပ်ကိုင်ရမည် ဆိုသည့် သင်ရိုးကို သင်မည်လော ဆိုသည့် မေးခွန်းပင် ဖြစ်တော့သည်။
Ref:mizzima burmese new
Posted by Ko Nge at Tuesday, October 18, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စီးပွားရေး
စင်္ကာပူ မြန်မာသံရုံးသတင်း(၂)
စင်္ကာပူ မြန်မာသံရုံးမှာ ကိုယ်စားလှယ် စနစ် မထားသင့်
2011-10-17
စင်္ကာပူနိုင်ငံက မြန်မာ သံရုံးကို အခွန်ပေးဆောင်ရာမှာ ကြားခံဆောင်ရွက်ပေးသူ ကိုယ်စားလှယ် ထားတဲ့ စနစ် မရှိသင့်တော့ဘူးလို့ စင်္ကာပူရောက် မြန်မာ နိုင်ငံသားတွေက ပြောဆိုကြပါတယ်။
(Photo: AFP)
စင်ကာပူနိုင်ငံ လမ်းတခုပေါ်တွင် အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမားများ ဖြစ်ပါသည်။ 
မကြာခင်က မြန်မာသံရုံး နဲ့ အေးဂျင့် တစ်ဦးဟာ အခွန်ဆောင်ပေးရမယ့် ငွေတွေကို ယူပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း အာအက်အေ က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
ငွေတွေ လိမ်လည်သွားသူ ကိုစံဦး ဆိုသူဟာ မြန်မာ နိုင်ငံသားတွေ ကိုယ်စား သံရုံးမှာ လစဉ်အခွန် ကိစ္စတွေကို ဆောင်ရွက်ပေးနေသူ ဖြစ်ပြီး အခွန်ငွေ စင်္ကာပူ ဒေါ်လာ တစ်သိန်းလောက် လိမ်လည် သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့  သံရုံးအကြား ကိုယ်စားလှယ် အေးဂျင့် ထားတဲ့ စနစ် မရှိသင့်တော့ဘူး ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း မြန်မာ နိုင်ငံသားတစ်ဦး က ပြောပါတယ်။
လိမ်လည်သွားခဲ့တဲ့ ငွေကြေး ပမာဏ ကတော့ ခန့်မှန်း ပြောဆိုတာသာ ဖြစ်ပြီး အတိအကျ သိဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ စင်္ကာပူမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ မြန်မာ သံရုံးမှာ ကိုယ်တိုင် သွားရောက် အခွန်ဆောင်မယ် ဆိုရင် အချိန်ကြန့်ကြာလွန်းပြီး၊ ရက်ချိန်းတွေ ပေးလွန်းတာကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာ၊ ဆက်ဆံရေး ညံ့ဖျင်းတဲ့ သံရုံးဝန်ထမ်းတွေနဲ့ မဆက်ဆံချင်တာ စတာတွေကြောင့် ကြားခံ ကိုယ်စားလှယ်တွေက တဆင့် လစဉ်အခွန် တွေ ပေးဆောင် နေကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသား တစ်ဦးဟာ လစာငွေရဲ့ ၁၀% လောက်ကို မြန်မာသံရုံးမှာ အခွန် ပေးဆောင်ရတာ ဖြစ်ပါတယ်။ ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့် ပါမစ် အဆင့် အပေါ်မှာ မူတည်ပြီး အနိမ့်ဆုံး လစဉ် စင်္ကာပူဒေါ်လာ ၄၀ ၊ ၈၀ အစရှိသဖြင့် ပေးဆောင် ရသလို၊ ကြားခံ ဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ် ကိုလည်း ၀န်ဆောင်ခပေးရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံက မြန်မာ နိုင်ငံသားနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
Link- http://www.rfa.org/burmese/news/singapore-embassy-10172011083720.html
Ref:rfaburmese news
Posted by Ko Nge at Tuesday, October 18, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: အထူးသတင်း, နိုင်ငံခြား
အာရှစပါးကျီများရေမြုပ်၊ လယ်သမားများ ၀န်ထုပ်ကြီးလာ
(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
ရိတ်သိမ်းတော့မည့် စပါးခင်းများ ရေမြုပ်ပျက်စီးနေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
   ဟနွိုင်း- ရေလွှမ်းမိုးမှုကြီးများကြောင့် အာရှဒေသတွင်း စပါး စိုက်ခင်းများစွာ
ပျက်စီးသွားရာ စားနပ်ရိက္ခာဈေးနှုန်းများ ပိုမိုကြီးမြင့် လာတော့မည့် အရေး ကြောင့် ဒေသတွင်းမှ အဆင်းရဲဆုံး လူတန်းစား တစ်ရပ်ဖြစ်သည့် တောင်သူ လယ်သမားများအတွက် ၀န်ထုပ်ဝန်ပိုးကြီး တိုးလာရပြန်သည်။
ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ စပါးခင်း ဟက်တာ ပေါင်း ၁ ဒသမ ၅ သန်း (ဧက ၃ ဒသမ ၇ သန်း) ပျက်စီးခဲ့ပြီး နောင် နှစ်များ တွင်လည်း အကြီးဆုံးရေလွှမ်းမိုးမှုများကြောင့် ဆုံးရှုံးပျက်စီး ရန်ရှိနေသည်ဟု သက်ဆိုင်သူများက ဆိုသည်။
ကမ္ဘာ့ဆန်စပါး အများဆုံးတင်ပို့သည့် ထိုင်းနိုင်ငံတွင် ရေလွှမ်း၍ ၂၃၇ဦး သေ ဆုံးပြီး စပါးခင်းဟက်တာ တစ်သန်းခန့် (တစ်နိုင်ငံလုံးရှိ စပါးခင်း စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်) ပျက်စီးခဲ့သည်။
ယခင်သီတင်းပတ်များအတွင်း လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် မိုးသည်း ထန်၍ စပါးခင်းများစွာပျက်စီးခဲ့သည်။
ယင်းရေပိုများသည် ကမ္ဘာ့ အဓိက ဆန် တင်ပို့ရာအဓိကဒေသဖြစ်သည့် ဗီယက် နမ်နိုင်ငံ၏ မဲခေါင်မြစ်ဝှမ်းသို့ စီးဝင်လျက် ရှိရာ ယင်းဒေသ တစ်ခွင်လည်း နောက်ဆုံး ရေလွှမ်းဒေသကြီး ဖြစ်နေသည်။
အာရှ အနောက်ဖျားတွင် ပါကစ္စတန် နိုင်ငံ စပါးစိုက်ဒေသနှင့် အခြားစိုက်ခင်းများ ရေလွှမ်း၍ ဒေါ်လာနှစ်ဘီလျံနီးပါး ဆုံးရှုံးခဲ့သည်။
"ရိတ်သိမ်းတော့မယ့် စပါးခင်းတွေ ပျက်စီးသွားတာကြောင့် အာရှဒေသ တစ်ခုလုံး စာနပ်ရိက္ခာဈေးနှုန်းတက်တဲ့ အကျပ်အတည်းနဲ့ ကြုံကြရတော့မယ်။ ဒီနှစ်မှာ ဆုံးရှုံးပျက်စီးမှု အလွန်များတဲ့အတွက် လူတွေ ပုံမှန်အခြေအနေပြန်ရဖို့ အချိန်အတော်အတန် စောင့်ကြ ရဦး မယ်"ဟု ကုလသမဂ္ဂ သဘာဝ ဘေး အန္တရာယ် လျှော့ချရေးဌာန အကြီးအကဲ မာဂရက်ဝါစထရွမ်းက ပြောကြားသည်။
လောလောဆယ်တွင် ဗီယက်နမ် သည် ဆန်ဒုတိယအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်နေသည်။ ဗီယက်နမ် တောင်ပိုင်းရှိ မဲခေါင်မြစ်ဝှမ်း ဒေသတစ်ခု တည်းမှာပင် တစ်နိုင်ငံလုံး ထွက်သည့် ဆန်ပမာဏ၏ ထက်ဝက်ကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။
"မြစ်ညာပိုင်းမှာ ရေနည်းနည်းကျစ ပြုတယ်ဆိုပေမယ့် ဒီမှာတော့ နေ့စဉ် ၁ ဒသမ ၂ လက်မမှ ၂ လက်မအထိ တက်နေပါတယ်"ဟု ဒေါင်သတ် ပြည် နယ်စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ဒွန်ငိုင်ကော့က ဆိုသည်။
ဒေါင်သတ်နှင့် အင်ဂျန်ပြည်နယ် တို့သည် ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်း ဒေသတွင် ရေလွှမ်းမိုးမှုဒဏ်အဆိုးဝါးဆုံး ခံနေကြရသည်။ သက်ဆိုင်ရာနိုင်ငံ အစိုးရများ၏ သတင်းရင်းမြစ်များကို ကိုးကား၍ ကုလသမဂ္ဂမှ ထုတ်ပြန်သည့် သတင်းများအရ ဗီယက်နမ်တွင် ၁၁ ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၂၀,၀၀၀ ကျော် ရေလွှမ်းခံရကာ စပါးစိုက်ခင်း ဟက်တာ ၉၉,၀၀၀ လည်း ရေလွှမ်းလျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစိုက်ခင်း ဟက်တာ ၃၃၀,၀၀၀ ကျော် ရေလွှမ်း သည့်အနက် ဟက်တာ ၁၀၀,၀၀၀ ကျော် ပျက်စီးသွား သည်ဟုဆိုသည်။ ယင်းသို့ ပျက်စီးမှု အလွန်များသောကြောင့် ယခု နှစ်တွင် ပိုလျှံမည်ဟု ခန့်မှန်းထားသည့် ပိုလျှံစပါး (တန်ချိန် သုံးသန်းခန့်) လျော့ နည်းသွားဖွယ်ရှိသည်ဟု ဆိုသည်။
ရေလွှမ်း၍ လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့သော ကမ္ဘောဒီးယားနိုင်ငံ သည် စပါးထွက်ပမာဏ၏ အနည်း ငယ်မျှကိုသာ ပြည်ပသို့ ရောင်းချနေ သော်လည်း ဆန်စပါးသည် နိုင်ငံ၏ ပြည်တွင်းထွက်ကုန် စုစုပေါင်း ဂျီဒီပီ၏ ၇ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိနေသည်။ အာရှဒေသတွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သော လာအိုလည်း ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည်ဟု အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနများ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။ ဇွန်လကတည်းက မွှေနှောက်ခဲ့သော အပူပိုင်းမုန်တိုင်းများကြောင့် လာအို တွင် ၂၃ ဦးသေဆုံးပြီး စပါးခင်း ဟက်တာပေါင်း ၆၀,၀၀၀ ကျော် ပျက်စီးခဲ့သည်။
မဲခေါင်မြစ်၏ မြစ်လက်တက်တစ်ခု ပေါ်ရှိ ဆည်တစ်ခုမှ ရေများကို လွှတ်ချ လိုက်သောကြောင့် စက်တင်ဘာလ နှောင်းပိုင်းတွင် စပါးခင်းများ ရေလွှမ်း မိုးဒဏ် ပို၍ခံခဲ့ရကြောင်း ဗီယင်ကျန်း တိုင်း(မ်) သတင်းစာက ဆိုသည်။ မဲခေါင်မြစ်ဝှမ်း အခြေစိုက် ဗီယက်နမ် စပါးပါရဂူ ဗိုတွန်ရွှမ်၏ အဆိုအရ ထိုင်း နှင့် လာအိုနိုင်ငံတို့တွင် ထူးထူးခြားခြား အလွန်များပြားစွာရွာသော မိုးရေများသည် မဲခေါင်မြစ်ရိုးတစ်လျှောက် စီးဆင်း ခဲ့သောကြောင့် ယခုနှစ် ရေလွှမ်းမိုးမှုကြီး များ၏ အဓိကလက်သည်မှာ ယင်းမိုးရေများ ပင်ဖြစ်သည်။
ရေလွှမ်းမိုးမှုများ ပိုမိုဖြစ်ပွားရခြင်း မှာ မြစ်ဝှမ်းဒေသများတွင် တာတမံများ တိုးချဲ့တည်ဆောက်မှုလည်း အကြောင်း တစ်ခုဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ ယင်းတာတမံများက အချို့ နေရာများတွင် ရေစီးရေလာကို ဟန့် တားသည်ဆိုသော်လည်း အချို့နေရာ များတွင် ရေလွှမ်းမိုးမှုကိုဖြစ်ပေါ်စေ သည်ဟု မိုးလေ၀သခန့်မှန်းရေး ပညာ ရှင်ဘွိုင်မင်တန်က ဆိုသည်။
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော အစိုးရ၏ ဗီယက်နမ် နယူးစ် နေ့စဉ် သတင်းစာတွင် ဒေါင်သတ်ပြည်နယ် တစ်ခုတည်း၌ပင် ဒေါ်လာ ၂ ဒသမ ၇ သန်း တန်ဖိုးရှိသည့် စပါးခင်းများ ရေမြုပ်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။
"သောက်ရေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်လပ်တာကြောင့် ကျွန်တော်ခရိုင် ဒေသမှာ ရေလွှမ်းမိုးမှုတွေက လူတွေရဲ့ ဘ၀နဲ့ လယ်သမား တွေရဲ့ ကုန်ထုတ်လုပ် မှုကို ယိမ်းယိုင် ပျက်စီးစေခဲ့ပါတယ်"ဟု ဒေါင်သတ်ပြည်နယ် လယ်သမားများ အသင်းဝင် ဗူတျန်ချွမ်က ပြန်ပြောင်း ပြောပြသည်။
Ref:myanmartime
Posted by Ko Nge at Tuesday, October 18, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စီးပွားရေး, သဘာဝပတ်ဝန်းကျင်, အထူးသတင်း, ငွေကြေး
ကောင်းကင်တွင် ဈန်ဖြင့် ကြွနေသော ရဟန်း တစ်ပါး၏ ဗီဒီယို အင်တာနက် စာမျက်နှာ များပေါ်တွင် ပျံ့နှံ့ ရောက်ရှိ
breaking-vol3-no40 from CS Web Studio on Vimeo.
ဖေ့စ်ဘွတ်အကောင့် အားဖွင့် လိုက်မိချိန်တွင် နာမည်ကျော် ဒီဇိုင် နာ ဆရာမြင့်မောင်ကျော် share ပေးပို့ထားသော ဗီဒီယိုဖိုင်ကိုချက် ချင်းပင်ဖွင့်ကြည့်လိုက်မိသည်။
အကြောင်းအရာ ခေါင်းစဉ်ကပင် မဖွင့်ကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
“ကောင်းကင်ပေါ်တွင်ဈာန်ကြွ နေသောရဟန္တာ” ဟူသည့်ခေါင်း စဉ်ဖြစ်ပါသည်။အဆိုပါ ဗီဒီယိုဖိုင် အားချက်ချင်း ပင်ဝင်ရောက်ကြည့်ရူ လိုက် ချိန်တွင် ယင်းနေရာ ဒေသရှိ ဖူးမြော်သူတို့၏ အသံများနှင့် အတူ မြစ်ပြင် အထက် အတော်ခပ်လှမ်းလှမ်း ရှိရဟန္တာ ကိုယ်တော်မြတ် ဈာန်ဖြင့် ကြွနေသည် ကိုလွန်စွာ ဝေးကွာနေခြင်း ကြောင့် မသဲမကွဲ အနေအထားဖြင့် ဖူးတွေ့ လိုက်ရပါသည်။ ဗီဒီယိုရိုက် ကူးနေသူအား မြင်ရပါ့ မလားဟု မေးမြန်းသော အသံနှင့်မြင်ရတယ် ဒီမှာလေ ဟူသော အသံကိုစတင် ကြားလိုက်ရသည်။
ယင်းနောက် ကိုယ်တိုင် ကိုယ် ကျမျက်မြင်ဖူးတွေ့ရန် ကံအကြောင်း တရားပါသူ၊ ကုသိုလ်ထူး၍ ဖူးတွေ့ ခွင့်ရသူတို့၏ အသံများကိုကြားရ သည်။
“ ဟုတ်တယ်ဟေ့၊ ဟုတ်တယ် ဟေ့…ဟိုမှာ တွေ့ရပြီ အနီးကပ်” “ဟုတ်တယ်နော်..ရှင်းနေတာပဲ” “တစ်ခါမှ..မကြွဖူးဘူးနော်” စသော တအံ့တသြဖြင့် ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့်ရသူတို့၏ ပြောစ ကားသံများနှင့် အတူ ဗီဒီယိုဖိုင် တွင် ရဟန္တာအရှင်မြတ် ၏ ပုံသဏ္ဌာန်ကို များစွာ ထင်ထင်ရှားရှား ဖူးတွေ့ခွင့်ရ လိုက်ပါသည်။
အဆိုပါဗီဒီယိုဖိုင် အား စတင် share လုပ် ပေးပို့သော ဆရာမြင့် မောင်ကျော်၏ ဖေ့စ်ဘွတ် စာမျက် နှာပေါ်သို့ အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီခွဲ အချိန်တွင် နောက် ဆုံးထား ၀င်ရောက်ကြည့်ရှု ခဲ့ပါ သည်။ ဗီဒီယို ဖိုင်စတင်ထား သည့် အချိန်မှ ယင်းအချိန်ထိ ၁၉ နာရီစာ သာကြာမြင့် ပါသေးသည်။ ကွန့်မင့် ပေးသူများစွာ ရှိလာပြီး ၂၆ ဦးမှာ ယင်းဗီဒီယိုဖိုင်အား share လုပ် သွားကြသည်။
ယင်းနောက် share လုပ် သွားကြသောသူတို့၏ ဖေ့စ်ဘွတ်စာ မျက်နှာများ ပေါ်တွင်လည်း ၀ိုင်းဝန်း ၍ comment (သဘောထားမှတ် ချက်) ပေးသူများစွာ ရှိလာပြီး လူပေါင်းများစွာ ကချက်ချင်းပင် share များ ထပ်မံရယူကာ ဖြန့် ဝေကြသည်ကိုတွေ့ရပါသည်။
အဆိုပါဗီဒီယိုဖိုင် အား စတင် share ပေးပို့သော ဆရာမြင့်မောင် ကျော်ထံဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာတွင် “မူရင်း တင်ထားတဲ့သူက တော့ အာသာ မင်းပါ။ ဆရာလည်း သူ့ကို ဆက်သွယ်ဖို့ လုပ်နေတာ မရ သေးဘူး။ ဘယ်နေရာမှာ၊ ဘယ် အချိန်လဲ ဆိုတာ ဆရာလဲ မေးမလို့ ဆက်သွယ် ထားတုန်းပဲ။ ဒါပေမယ့် ဆရာလည်း ဒီလိုမျိုးကောင်းကင်မှာ ဈာန်နဲ့ကြွသွားတဲ့ ရဟန္တာတွေကို မကြာခဏ ဖူးတွေ့ရဖူးတယ်။ ပြော ရရင် တော့ကွာ ဒီဗီဒီယိုဖိုင် ကို ဆရာ ကိုယ်တိုင် လည်း ယုံကြည် လို့တင် ထားတာ။ share လုပ်ပေးတာပေါ့ ကွာ”ဟု မြန်မာပို့စ်သတင်းဂျာနယ် ၏ ဆက်သွယ်မေးမြန်းချက် ကို ပြန် လည်ဖြေကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာ အားယုံကြည်သက် ၀င်သူလူငယ် တစ်ဦးကလည်း “ကျွန် တော် ရဟန္တာ တွေနဲ့ပတ်သက်လို့ ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့် မရပေ မယ့်လည်း ရှိတယ် ဆိုတာကို တကယ် ယုံကြည်ပါတယ်။ တောင်တန်းသာ သနာပြု ဆရာတော်ဘုရားကြီး ဟော ကြားသွားတဲ့ တရားတစ်ပုဒ်မှာ ဆိုရင်လည်း မြန်မာပြည် မှာ ရဟန္တာ တွေ၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တွေ အများကြီး ရှိတယ်။ ဒုတိယကမ္ဘာ စစ်တုန်းက မြန်မာနိုင်ငံ ကိုလာတဲ့ လေယာဉ်မှူး တွေဆိုရင် ကောင်း ကင်မှာ ဈာန်နဲ့ကြွနေတဲ့ ရဟန္တာတွေ လေယာဉ် ဘေးမှာ၊ တချို့က လေယာဉ်ပျံရဲ့ ရှေ့မှာ အုပ်စု လိုက် ရော၊ တစ်ပါးချင်း ရော ဈာန်နဲ့ကြွနေ ကြတာ ကိုမြင်တွေ့ခဲ့ရလို့ အရမ်းကို အထူး အဆန်းဖြစ်ရလို့ မေးမြန်း လျှောက် ထားကြတဲ့ အကြောင်းကို တောင် ထည့်သွင်း မိန့်ကြား သွားတာ ကိုတရားနာခဲ့ ရဖူးပါတယ်။ အခုဗီဒီ ယိုဖိုင်မှာ ဖူးတွေ့ခွင့်ရတဲ့အတွက်ရ အောင်ရိုက် ကူးပေးခဲ့တဲ့ သူကို အထူး ကျေးဇူးတင် ပါတယ်။ ဒီဗီဒီယိုဖိုင် မှာ ဖူးတွေ့ရတာလဲ အရမ်း အံ့သြသလို၊ အရမ်းလည်း ယုံကြည်မိပါတယ်” ဟု မြန်မာပို့စ် သတင်းဂျာနယ်၏သဘော ထားအမြင် တောင်းခံမှုအပေါ် ပြန် လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဗီဒီယိုဖိုင် အားစတင်၍ ဖေ့စ်ဘွတ် စာမျက်နှာပေါ် တင်ထား ပေးခဲ့သူဟု ဆိုနိုင်သော ကိုအာသာ မင်းမှာ ယခုလ ၈ ရက်နေ့မှ စတင် ၍ယင်းဖိုင်အား တင်ပေးထားခဲ့ခြင်းဖြစ် ပါသည်။
အဆိုပါ ထူးခြားသောရဟန္တာ ပုဂ္ဂိုလ်သည်မြန်မာနိုင်ငံ၏ မည်သည့် အရပ်ဒေသ တွင်ကြွလာသည်၊ မည် သူကယင်း ဗီဒီယိုအား မှတ်တမ်းတင် ခဲ့သည် နှင့် ဖိုင်အား မျှဝေပေးသော ကိုအာသာမင်း အပါအ၀င် ကိုယ်တိုင် ကိုယ်ကျ ဖူးတွေ့ခွင့် ရသူတို့နှင့်ဆက် သွယ်တွေ့ဆုံ နိုင်ရန်မြန်မာပို့စ်အနေ ဖြင့် ဆက်လက်စုံစမ်း နေပါကြောင်း စာဖတ် ပရိသတ်အားအသိပေးလိုပါ သည်။
လက်ရှိတွင် အဆိုပါဗီဒီယိုဖိုင် အားကြည့်ရှုဖူး မြော်လိုသူများအနေ ဖြင့် www.facebook.com တွင် အကောင့်ရှိသူများအနေဖြင့် http://www.facebook.com/kogyi ၀င် ရောက်၍ ရှာဖွေကြည့်ရှု နိုင်သလို၊ အောက်တွင်လည်း တပါးတည်း ထည့်သွင်းပေးထားပါသည်။
သက်ထွန်းဦး၊ ဘသန်း-themyanmarpost
Posted by Ko Nge at Tuesday, October 18, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: အထူးသတင်း
Monday, October 17, 2011
Stop The Hatred
Zaw Win Htut: Stop The Hatred (အမုန်းများရပ်)
Posted by Ko Nge at Monday, October 17, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: သီချင်းများ
ဝဋ်ကြွေး
Zaw Win Htut: The Original Sin (၀ဋ်ကြွေး)
Posted by Ko Nge at Monday, October 17, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: သီချင်းများ
နေ၀င်ချိန်
ဘိုဖြူ
Posted by Ko Nge at Monday, October 17, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: သီချင်းများ
You Better Should Know
မင်းသိဖို့ကောင်းတယ်
Posted by Ko Nge at Monday, October 17, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: သီချင်းများ
Gentle Farewell
ကတ္တီပါလမ်းခွဲ
Posted by Ko Nge at Monday, October 17, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: သီချင်းများ
Not So Sure!
မရေရာဘူး
Posted by Ko Nge at Monday, October 17, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: သီချင်းများ
Saturday, October 15, 2011
စင်္ကာပူ Spass အလုပ်အကိုင် ခေါ်ယူမှု ပြန်ရှိလာ
update: 4 Oct, 2011
ပြည်ပ အလုပ်အကိုင်တွေမှာ လစာမြင့် အလုပ်အကိုင် တစ်ခုဖြစ်တဲ့ စင်္ကာပူ Spass အလုပ်အကိုင်တွေ ပြန်လည်ခေါ်ယူမှုဖြင့် တက်လာတယ်လို့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ အချို့က သိရပါသည်။ ချထားပေးမှု လျော့ကျနေခဲ့တဲ့ စင်္ကာပူ Spass အလုပ်အကိုင် တွေကို ပြန်လည် ချထားပေး လာတာဖြစ်ပြီး လုပ်သား ခေါ်ယူမှုလည်း မြင့်တက် လာတယ်လို့ သိရပါသည်။ Spass အလုပ်အကိုင် တွေဟာ လစာမြင့်တဲ့ အလုပ်အကိုင် တွေဖြစ်လို့ သူတို့နိုင်ငံ သားအတွက် အလုပ်ရရှိမှု အနေအထား အပေါ် သက်ရောက်မှု ရှိလာနိုင်တာကြောင့် Spass ချထား ပေးမှုတွေကို လျှော့ချထားတာ ဖြစ်ပါသည်။
လက်ရှိမှာတော့ စင်္ကာပူ Spass အလုပ်အကိုင် တစ်ခုဖြစ်တဲ့ သင်္ဘောကျင်း ဆိုင်ရာ အလုပ်အကိုင် တစ်ခုကို စင်္ကာပူရှိ Kepple သင်္ဘောကျင်းက ခေါ်ယူလျက် ရှိတယ်လို့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခုဖြစ်တဲ့ သုခစုစံ ကုမ္ပဏီက သိရပါသည်။ အဆိုပါ အလုပ်အကိုင် အတွက် ၀န်ဆောင်ခ အခမဲ့ဖြစ်ပြီး အင်ဂျင်နီယာ ၊ ဖိုမင် အပါအ၀င် အလုပ်အကိုင် တွေအတွက် လုပ်သားတွေ ခေါ်ယူလာတာ ဖြစ်ပါသည်။
လစာအနေနဲ့ စင်္ကာပူ ဒေါ်လာ(၂၂၀၀)မှ (၅၀၀၀)အထိ ရရှိနိုင်ပြီး ပြည်ပမှ ကျွမ်းကျင်သူများ ကိုယ်တိုင် လာရောက်စစ်ဆေး ခေါ်ယူမှာ ဖြစ်တယ်လို့ သုခစုစံ က သိရပါသည်။ လက်ရှိ ပြည်ပ အလုပ်အကိုင် ဈေးကွက်မှာ မလေးရှား အလုပ်အကိုင် များလည်း ခေါ်ယူမှု မြင့်တက်လာသလို စင်္ကာပူ အလုပ်အကိုင် များလည်း ခေါ်ယူမှုပုံမှန် ရှိတယ်လို့ သတင်းရရှိ ပါသည်။
Ref:forevergroup
Posted by Ko Nge at Saturday, October 15, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: အလုပ်အကိုင်
မြန်မာနိုင်ငံ အပါအ၀င် မည်သည့် နိုင်ငံသားမဆို စင်္ကာပူကွန်ဒို တိုက်ခန်းများ ၀ယ်ယူနိုင်
Updated : 20 Sep, 2011
မြန်မာနိုင်ငံသားများ အပါအ၀င် တခြားမည်သည့် နိုင်ငံသားမဆို စင်္ကာပူကွန်ဒို တိုက်ခန်းများကို နှစ်ရှည်ချေးငွေနဲ့ ၀ယ်ယူနိုင်တယ်လို့ ERA Realty Network အကျိုးဆောင် ကုမ္ပဏီ အသိုင်းအ၀ိုင်းမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါသည်။ အဲဒီလို ၀ယ်ယူရာမှာ ပထမဆုံး အနေနဲ့ မိမိဝယ်ယူလိုတဲ့ ကွန်ဒိုရဲ့ (၁)ရာခိုင်နှုန်းကို စရံငွေအဖြစ် ပေးသွင်းရမှာ ဖြစ်ပါသည်။
ဒါ့အပြင် ဘဏ်ချေးငွေ ရရှိအောင် ဆောင်ရွက်ရာမှာလည်း လုပ်ငန်းပိုင်ဆိုင်မှု ၊                     
ဝင်ငွေရရှိမှု အထောက်အထားများ ပြသဖို့ မလိုအပ်ဘဲ Passport Copy သာ ပြသရမှာ ဖြစ်တယ်လို့ သိရပါသည်။ ဘဏ်ချေးငွေ ရရှိနိုင်ဖို့ (၇)ရက်ကြာမှာဖြစ်ပြီး ချေးငွေရရှိမှသာ ဘဏ်မှဝယ်ယူသူကို ကိုယ်ပိုင်ဘဏ်စာရင်း ဖွင့်ပေးမှာ ဖြစ်ပါသည်။ အဆိုပါ ဘဏ်စာရင်းရှိပါက သတ်မှတ်ထားတဲ့ စင်္ကာပူဒေါ်လာ(၃)သိန်းခွဲကို အချိန်တစ်လကြာ ထည့်ထားကာ ကွန်ဒိုတန်ဖိုးရဲ့ (၁၅)ရာခိုင်နှုန်းကို ထုတ်ယူပြီး ၀ယ်ယူရမှာ ဖြစ်တယ်လို့ သိရပါသည်။
ကျန်ရှိတဲ့ ကွန်ဒိုတန်ဖိုး(၈၀)ရာခိုင်နှုန်းကျော်ကို စင်္ကာပူနိုင်ငံရဲ့ UOB ဘဏ်က ထုတ်ချေးပေးမှာပဲ ဖြစ်ပါသည်။ ထုတ်ချေးရာမှာလည်း ချေးငွေသက်တမ်းကို အများဆုံး(၃၅)နှစ် သတ်မှတ်ထားကာ ချေးယူသူများကို အသက်(၇၀)ထားပြီး ငွေချေးသက်တမ်း တွက်ယူတယ်လို့ သိရပါသည်။
ဒါကြောင့် ဘဏ်ကိုချေးငွေ ပြန်ဆပ်ရာမှာ မိမိအသက်ပေါ် မူတည်ပြီး တွက်ယူထားတဲ့ ငွေချေးသက်တမ်းပေါ် မူတည်ပြီး အတိုးအရင်းပေါင်းကာ လစဉ်အရစ်ကျ ဆပ်သွားရမှာ ဖြစ်တယ်လို့ သိရပါသည်။ ပထမဆုံး နှစ်အတွက် လစဉ်ပေးဆပ်ရမယ့် အတိုးနှုန်းဟာ (၀.၈၅)ရာခိုင်နှုန်းဖြစ်ပြီး တော့ နောက်ပိုင်းမှာတော့ ဆပ်ရမယ့်ချေးငွေ ပေါ်မူတည်ပြီး အတိုးနှုန်းလည်း လစဉ်လျော့ကျသွား မှာ ဖြစ်တယ်လို့ သိရပါသည်။
Ref:forevergroup
Posted by Ko Nge at Saturday, October 15, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: အိမ်ခြံမြေ
ဂေါက်ရောဂါ
Gout
     ဂေါက်ရောဂါ(၂)မျိုး ရှိသည်ဟု သတ်မှတ်လို့ရပါသည်။ တစ်မျိုးမှာ မြန်မာဗန်းစကား ဂေါက်ရောဂါ
(ဒီလူတော့ ဂေါက်နေပြီ) နှင့် နောက်တစ်မျိုးမှာ အင်္ဂလိပ်အသံထွက်အတိုင်းခေါ်သော ဂေါက်(Gout)
ရောဂါပေတည်း။ဂေါက်(Gout)ရောဂါသည် သွေးအတွင်း ယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်မြင့်
မားခြင်းကြောင့်ဖြစ်ပေါ်လာပေသည်။ သွေးအတွင်း(Uricase)အင်ဇိုင်းချို့ယွင်းမှုကြောင့် ယူရစ်အက်
စစ်ဇီဝကမ္မဖြစ်စဉ် (uric acid metabolism)ယိုယွင်းကာ ယူရစ်အက်စစ်မြင့်တက်နိုင်သလို ကျောက်
ကပ်လုပ်ငန်း ထိခိုက်သူများတွင်လည်း ယူရစ်အက်စစ်စွန့်ထုတ်မှုယိုယွင်းကာ သွေးအတွင်းယူရစ်
အက်စစ်မြင့်တက်နိုင်ပါသည်။ ယင်းကဲ့သို့အခြေအနေမျိုးရှိနေသူများတွင် ယူရစ်အက်စစ်ထုတ်လုပ်မှု
များစေသောအစားအစာများ (high purine diet) စားသုံးခြင်း၊ အရက်/ဘီယာသောက်သုံးခြင်း၊
အခြားရောဂါကြောင့် ဆီးဆေးပုံမှန်သောက်နေရခြင်း၊ အဝလွန်ခြင်းစသည့်အခြေအနေများကြောင့်
ရောဂါလက္ခဏာ ရုတ်တရက်ပေါ်တတ်ပါသည်။ သွေးအတွင်းယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်
မြင့်မားခြင်းကြောင့် ပျော်ဝင်နိုင်မှုအဆင့်(Solubility Limit)ကျော်လွန်ကာ မိုနိုဆိုဒီယမ်ယူရိတ်အမှုန်
(Monosodium Urate Crystals)များဖြစ်ပေါ်၍ အဆစ်(joints)၊ ကျောက်ကပ်(kidney)၊ ပျော့
ပြောင်းတစ်ရှူး(soft tissue) တို့တွင် အနည်ကျခြင်းဖြင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။
ရောဂါလက္ခဏာများမှာ
  • ရုတ်တရက် အဆစ်ရောင်နာကျင်ခြင်:
    • လူနာများ၏ ၅၀%ကျော်မှာ ခြေမအရင်းဆစ် ရောင်ရမ်းနာကျင်မှုဖြင့် လက္ခဏာ
      ပြတတ်ပါသည်။ နီရဲရောင်ရမ်းပြောင်တင်းပြီး ခြေအိတ်မဝတ်နိုင်၊ အထိမခံနိုင်လောက်အောင် နာကျင်တတ်ပါသည်။ ဖြစ်ပါများလာလျှင် အခြားအဆစ်များပါ ဆက်တိုက်ဆိုသလို ထိခိုက်လာနိုင်သည်။ အစဉ်အတိုင်းအားဖြင့် ခြေကျင်းဝတ်၊ ဒူး၊ လက်ချောင်းအဆစ်များ၊ လက်ကောက်ဝတ်၊ တံတောင်ဆစ် စသည့်အဆစ်များသို့ ပြန့်နှံ့ရောင်ရမ်းနာကျင်လာနိုင်သည်။
  • မကြာခဏ ခါးနှင့်ကျောအောင့်တတ်ခြင်း
    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ ကျောက်ကပ်တွင်အနည်ကျခြင်းကြောင့် ကျောက်တည်နိုင်ခြင်း၊ ကျောက်ကပ်နာခြင်း (nephrolithiasis & renal colic) တို့ဖြစ်ပေါ်နိုင်ပါသည်။
  • တိုဖိုင်(tophi)ခေါ် ယူရိတ်အနည်မှုန်များ အရေပြားအောက်တွင်စုပုံအနည်ကျခြင်း၊
    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ အရေပြားအောက် ပျော့ပြောင်းတစ်ရှူး(soft tissue)တွင် စုပုံအနည်ကျခြင်းကြောင့် ပုံ(၃)ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်။
ရှောင်ကြဉ်ရန်များ
အရက် အထူးသဖြင့် ဘီယာနှင့်ဝိုင်တို့ကို ရှောင်ကြဉ်ရမည်။
  • သွေးတိုးရောဂါအတွက် သောက်နေရသော ဆီးဆေး(Diuretic)ကို အခြားဆေးဖြင့် ပြောင်းလဲအစားထိုးရန်၊
  • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများကို ရှောင်ကြဉ်ရန၊်
    • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများမှာ နီရဲသောအသားများ၊ ကလီစာများ၊ ပင်လယ်စာများ၊ ပဲတောင့်၊ ပဲပင်ပေါက် စသည်တို့ကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ရမည်။
  • ကိုယ်အလေးချိန်လျှော့ချရန်နှင့် အဝမလွန်စေရန် ထိန်းသိမ်းရမည်။
Posted by Dr. Win Thein1 -pulic health myanmar
Labels:Gout,Immunology
နောက်ဆက်တွဲ-
Gout (2) ဂေါက်-ရောဂါ (၂)
Medical Writings - Medical Writings
Written by Administrator
Friday, 22 July 2011 19:11
Jul 22, 2011 at 9:08 PM
ကျွန်တော့်ရဲ့  အဆစ်များသည် အစား မှားတဲ့အခါ ယောင်ရမ်းပြီး မခံနိုင်အောင် နာပါသည်။ ခရမ်းချဉ်သီး၊ ပဲပင်ပေါက် နဲနဲ စားမိရင် ဖြစ်ပါသည်။ အစားမှားတဲ့အခါ အထူးသဖြင့် ခြေဖမိုးက အရိုး၊ ခြေမျက်စိ၊ ခြေဖနောင့် ယောင်လာပြီး အခံနိုင်အောင် နာပါသည်။ တခါတလေ တတောင်ဆစ်အရိုး၊ လက်ကောက်ဝတ်အရိုး နဲ့ ဒူးခေါင်းအရိုးတို့ နာပါသည်။ အခုလို ဆိုးဆိုးဝါးဝါး ဖြစ်လာတာ ၆ နှစ်ခန့် ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဆရာဝန် ညွန်ကြားချက်ဖြင့် Allouprinol 100 mg ကို တနေ့တလုံး နေ့စဉ် သောက်ပါသည်။ သို့ပါသော်လဲ အစားရှောင်သည့် ကြားမှာ တခါတရံ ယောင်ရမ်း နာလာပါသည်။ ထိုအခါ Colchicine 0.6mg ကို ၆ လုံးခန့် သောက်ပြီးရင် လုံးဝ ကောင်း သွားတတ်ပါသည်။ ပုံမှန် ဆေးသောက်နေပါလျက်နဲ့ ဘာကြောင့် ခဏခဏဖြစ်ရပါသလဲ။ ဒီလိုဖြစ်တာဟာ သေသည်အထိ ဖြစ်သွားမှာလား။ လုံးဝ ပျောက်ကင်းအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိပါသလား။
အမေရိကားမှာ လူ ၅ သန်း ခံစားနေကြရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာ ယူရစ်-အက်စစ် များနေတာကို ခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာ ရှိသလို တမူထူးတဲ့ အခြေအနေတွေကြောင့်လဲ ဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာ များတာ၊ သွေးတိုး ရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီး ဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutol ဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါး စေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစား လွန်လွန်ကဲကဲ စားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေ ရောဂါကို ထစေနိုင်တယ်။
လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကို ကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲ ရှိနေနိုင်တယ်။ ဂေါက်ကို မခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာ ထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်က အဖြစ် အများဆုံး ဖြစ်တယ်။ Podagra လို့ ခေါ်တယ်။ တခြားအဆစ်တွေက ခြေခြင်းဝတ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ချောင်းဆစ်။
နေရာတကာမှာ ဖြစ်နိုင်ပေမဲ့ အဆစ်မှာလာဖြစ်ရင် Arthritis (Gout) ခေါ်တော့တယ်။ နာတာရှည် ရောဂါမျိုးဖြစ်တယ်။ တိုးတိုး ဆိုးဆိုး လာတတ်တယ်။ အဆစ်က အရင်လို အလုပ် မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်ကလဲ အလုပ် နည်းလာနိုင်တယ်။ ကျောက်လဲ တည်လာနိုင်သေးတယ်။
ရုတ်တရက် ဖြစ်လာရင် အဆစ်နေရာမှာ နာမယ်၊ နီမယ်၊ ရောင်မယ်၊ ပူနေမယ်။နာတာက အတော်ကိုနာမယ်။ အပေါ်ယံ အရေပြာကို လာထိတာတောင် မခံချင်ဘူး။ ကိုယ်ပူနိုင်တယ်။ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအထိ ခံစားနေရနိုင်တယ်။ ပြန်ဖြစ်နိုင်တယ်။ နာတာရှည် ဖြစ်လာတာကို Tophaceous gout လို့ ခေါ်ပြန်တယ်။ ခြေမ၊ လက်ချောင်း၊ တတောင်ဆစ်၊ နားရွက် စတဲ့ အဆစ်နဲ့ နေရာတွေမှာ သာမက တချို့မှာ Vocal cords အသံအိုး Spinal cord ခါးရိုးတွေမှာပါ ဖြစ်နိုင်တယ်။ အဆစ်ထဲက အရည်ကို စုပ်ထုတ်ပြီး စစ်ရင် Uric acid crystals တွေ့ရင်တော့ ဂေါက်ရောဂါသေခြာတယ်။
ဆေးကုတဲ့အခါ အရေးအကြီဒဆုံး အချက် ၂ ချက်ကို ဦးတည်ရမယ်။
၁။ ရောင်-နာ နေတဲ့ အဆစ်ကို ရပ်တန်းးကရပ်စေရမယ်။
၂။ ရေရှည်အတွက် ကုသရမယ်။
၃။ တပါထဲလုပ်စရာတွေ ရှိတယ်။ ရေ-အရည် သောက်တာ မနည်းစေနဲ့။ ကိုယ်အလေးချိန် လျှော့ပါ။ အစားအသောက် ဆင်ခြင်ပါ။ အရက်လျှော့ပါ-ရှောင်ပါ။ ဆေးသောက်ပါ။
• ဆေးတွေထဲမှာ Acetaminophen ကနေစသင့်တယ်။ အမေရိကားမှာ (Tylenol) ခေါ်ပြီး တခြားနိုင်ငံတွေမှာ Paracetamol လို့ ခေါ်တာ များတယ်။
• ဒုတိယလိုက်တာက NSAIDS ဆေးအုပ်စုဝင် ဆေးတွေဖြစ်တယ်။ ဒါ့အပြင် Colchicine (Colcrys) နဲ့ Corticosteroids ဆေးတွေကိုလဲ သုံးနိုင်တယ်။ တမျိုးထဲမရပါ။ သွေးထဲမှာ Uric acid များစေတာကို ချပေးမဲ့ဆေး လိုနိုင်တယ်။
• NSAIDS တွေထဲမှာ Indomethacin (Indocin) နဲ့ Naproxen (Naprosyn) တွေပါတယ်။ သက်သာတာနဲ့ ဆေးကို လျော့ပေးမယ်။ NSAIDS ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ မသတိထားဘို့က အစာအိမ်-လေနာနဲ့ သွေးယိုတာတွေ ပါတယ်။
• Colchicine (Colcrys) ဆေးသောက်ရင် ယုတ်တရက်ရောင်-နာနေတာတွေသက်သာစေမယ်။ Allopurinol (Zyloprim) နဲ့ Febuxostat (Uloric) ဆေးတွေက Hyperuricemia ကို ပြင်ပေးမယ်။ တကယ်တန်း နာနေသူတွေကို Colchicine (Colcrys) ဆေး ၁ နာရီတခါ၊ ၂ နာရီတခါအထိ ပေးရတတ်တယ်။ ဘေးထွက်-ဆိုးကျိုးကြောင့် ဝမ်းပျက်နိုင်တယ်။ ပျို့-အန်တတ်တယ်။
• Corticosteroids ဆေးဆိုတာ Prednisone ဖြစ်တယ်။ ရက်တိုအတွက်သာ သုံးရမယ်။ စားဆေး၊ ထိုးဆေး သုံးနိုင်တယ်။ အဆစ်ထဲပါ ထိုးနိုင်သေးတယ်။
• နာတာ သက်သာဆေးမျိုးကို ရက်တိုတိုသာ သောက်ရပေမဲ့ Uric acid ကျစေမဲ့ဆေးက ကြာကြာ ဆက်သောက်ရတယ်။
• Probenecid (Benemid) နဲ့ Sulfinpyrazone (Anturane) ဆေးတွေက အများဆုံသုံးနေတဲ့ uric acid ကို ဆီးထဲကနေ များများ စွန့်ထုတ်ပေးပြီး သွေးထဲမှာ နည်းသွားစေတဲ့ဆေးတွေဖြစ်တယ်။ ကျောက်ကပ်-ကျောက် ရှိဘူးကိုတော့ ဒီဆေးမျိုး သတိကြီးရမယ်။ ဆေးသောက်ရင် ရေများများသောက်ရမယ်။
• Allopurinol ဆေးဆိုတာက လူ့ကိုယ်ကနေ Uric acid ထုတ်လုပ်မှာကို နည်းစေတယ်။ အသဲနဲ့ ကျောက်ကပ် ကောင်းနေသူတွေ ဖြစ်ဘို့သင့်တယ်။
• Febuxostat ဆေးကိုတော့ နာတာရှည်သမားတွေအတွက် ၂ဝဝ၉ ကတည်းက FDA ကနေ ခွင့်ပြုထားတယ်။ ယုတ်တရက် နာသူတွေအတွက် Allopurinol ထက်ထိရောက်တယ်။ ဒီဆေးပေးသူဟာ Uric acid ဘယ်လောက် ရှိလဲ၊ အသဲကောင်းလာ စစ်သင့်တယ်။
• သတိထားဘို့က ရက်တိုယုတ်တရက် နာသူတွေကို Allopurinol နဲ့ Febuxostat ဆေး မပေးသင့်သေးဘူး။ တချို့မှာ ဆိုးတောင် လာတတ်တယ်။ ယုတ်တရက် ဖြစ်တဲ့အဆင့် ကျော်လာမှ ပေးပါ။ ဒီဆေး သောက်လက်စ သမားတွေကတော့ ဆေးနည်းနည်းကို အဲလို ယုတ်တရက် ဖြစ်နေချိန်မှာ ဆက်သောက်လို့ ရပါတယ်။
• ထိုးဆေးသစ် တမျိုးရှိတယ်။ PEGylated uricase (Pegloticase or Krystexxa) နာတာရှည်သမားတွေအတွက် သွေးပြန်ကြေထဲ ထိုးရတာပါ။ သုံးနေကြဆေးတွေနဲ့မတိုးသူတွေကို ၂ ပါတ်တခါ သွင်းပေးနိုင်တယ်။ ဆေးကြောင့် ရှော့ခ် မဖြစ်အောင်သတိနဲ့ပေးရမယ်။ စိုးရိမ်ရင် Antihistamines နဲ့ Cortisone medications ဆေးတွေနဲ့ ကြိုတင် ကာကွယ်နိုင်တယ်။
Prognosis အလားအလာ
ဆေးမကုဘဲ နေရင်လဲ ၅-၇ ရက်မှာ သက်သာလာမှာပါဘဲ။ ဒါပေမဲ့ ၆ဝ% လောက်က တနှစ်အတွင်းမှာ နောက်တခါ ထပ်ဖြစ်လိမ့်မယ်။ နောက်ပြီး နာတာရှည်ဘက် ဆက်ဖြစ်နိုင်တယ်။ အဆစ်ဖုံးတွေ ထိခိုက်ရာကနေ Joint deformity အဆစ်တွေ ပုံပြောင်းသွားမယ်။ ဆေးကုမနေသူထဲက ၃ဝ% မှာ ၅ နှစ်အတွင်း Painless tophi အကျိတ် ပေါ်လာနိုင်တယ်။ ဆေးသေသေခြာခြာ ကုရင် ဒါတွေ ပျယ်သွားစေနိုင်တယ်။ ၁ဝ-၄ဝ% မှာ ဖြစ်တတ်တဲ့ ကျောက်ကပ်-ကျောက်ရှိနေရင် တမျိုးဆိုးစေနိုင်တယ်။ မနိုင်ဝန် ထမ်းရသလို ယူရစ်-အက်စစ်ကြောင့် Urate ပုံဆောင်လဲ သေးသေး လေးတွေ ဖြစ်လာမယ်။
နာနေတဲ့အဆစ်ကို အခုအခံနဲ့ထားပါ။ အိမ်မှာ နားပါ။ ရေခဲတင်တာ မကောင်းလှပါ။ Aspirin ပါတဲ့ဆေး ရှောင်ပါ။ ကျောက်ကပ်ကနေ Uric acid ထုတ်မှာတို နှေးစေနိုင်လို့ပါ။ သုတေသနတွေ ဆက်လုပ်နေပါတယ်။ အသားစားတာ လျှော့သင့်တယ်။ Calcium နဲ့ Vitamin C တွေ အစားအစာထဲမှာပါတာ သက်သာစေတယ်။ အချိုရည်တွေထဲမှာ Fructose (ပြောင်း-သကြား) တွေပါတာနဲ့ မတည့်ပါ။
Dr. တင့်ဆွေ-yamunaclinic.org
၂၃-၇-၂ဝ၁၁
Posted by Ko Nge at Saturday, October 15, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေး
ပြည်ပမှ ၀င်ရောက်လာသော အိမ်သုံးဆားတွင် ချွတ်ဆေးများ အသုံးပြုထား
Updated : 19 Sep, 2011
အိမ်နီးချင်း နိုင်ငံတွေမှ ပြည်တွင်းကို ၀င်ရောက်လာတဲ့ အိမ်သုံးဆားတွေဟာ ပြည်တွင်းမှာ ထုတ်လုပ်လျက်ရှိတဲ့ ဆားတွေထက် ပိုမိုဖြူဖွေး သန့်စင်မှုရှိပြီး ဒီလို ဖြူဖွေးသန့်စင် နေခြင်းဟာ ဆားတွေကို ဖြူဖွေးစေတဲ့ ချွတ်ဆေးတွေ အသုံးပြု ထားခြင်းကြောင့် ဖြစ်တယ်လို့ မြန်မာ့ဆားလုပ်ငန်းမှ သိရပါသည်။ ဒီလို ဆားမျိုးတွေကို ကြာရှည်စွာ သုံးစွဲမိပါက ကျန်းမာရေး ထိခိုက်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါသည်။
ပြည်တွင်းရှိ ဆားစက်ရုံတွေက ထုတ်လုပ်တဲ့ ဆားတွေကတော့ အိမ်နီးချင်း နိုင်ငံတွေမှ ၀င်ရောက်လာတဲ့ ဆားတွေလောက် ဖြူဖွေးသန့်စင်ခြင်း မရှိဘဲ ညစ်တဲ့အရောင် အနည်းငယ် ရှိပါသည်။ ဒီလို ဖြစ်ရခြင်းဟာ ဆားစက်ရုံတွေမှ ဆားကြမ်းတွေကို အိမ်သုံးဆား အနေအထား ရောက်ရှိဖို့ ထုတ်လုပ်တဲ့အခါမှာ ဖြူဖွေးတဲ့ ဆားအနေအထား ရရှိဖို့ ထုတ်လုပ်ရာမှာ ပိဿာချိန် လျော့ကျမှာ စိုးတာကြောင့် အပြည့်အ၀ ဆေးကြောသန့်စင်မှု မပြုလုပ်ခြင်းကြောင့် ဖြစ်ပါသည်။ အိမ်နီးချင်း နိုင်ငံတွေမှ ပြည်တွင်း ဆားဈေးကွက် အတွင်းကို နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် ၀င်ရောက်ခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံမှ အများဆုံးဝင်ရောက် လျက်ရှိတာ ဖြစ်ပါသည်။
ပြည်တွင်းမှ ဆားထုတ်စက်ရုံ အများစုကတော့ အိမ်သုံးအိုင်အိုဒင်း ထုတ်လုပ်ရာမှာ သဘာဝဆား ထုတ်လုပ်မှု စနစ်နဲ့သာ ထုတ်လုပ်မှု များတယ်လို့ မြန်မာ့ဆား လုပ်ငန်းမှ သိရပါသည်။ ဒီလို အိုင်အိုဒင်းဆား ထုတ်လုပ်ရာမှာလည်း ဆားစက်ရုံများ အနေနဲ့ အိုင်အိုဒင်း ပါဝင်မှုနှုန်းကို မြန်မာ့ဆား လုပ်ငန်းမှ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ရတယ်လို့ သိရပါသည်။ ပြည်တွင်းမှာတော့ ဆားစက်ရုံ (တစ်ရာ)ကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ အများဆုံးဖြစ်ပါသည်။ လက်ရှိဆားကြမ်း ဈေးဟာ ရန်ကုန်အရောက် တစ်ပိဿာကို (၇၅)ကျပ် ရှိတယ်လို့ သတင်းရရှိပါသည်။
-Ref:forevergroup news
Posted using BlogPress from my 4GiPhone
Posted by Ko Nge at Saturday, October 15, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေး
စီမံကိန်းကြောင့် ပုလဲမြို့သစ်တွင် မြေဈေး များ နှစ်ဆတက်ဟု အကျိုးဆောင်များပြော
နိုနိုအောင် ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
 မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်၊သဲအင်းဂူတရားစခန်း အနီးတွင်ဇီဝိတဒါနသံဃာ့ဆေးရုံမှ ဆေးခန်းသစ် ကြီးတည်ဆောက်တော့မည်ဖြစ်ရာပုလဲမြို့သစ်ဝန်း ကျင်ရှိ မြေဈေးများနှစ်ဆကျော် မြင့်တက် သွားခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင် များနှင့် နေထိုင်သူများကပြောသည်။
"ဒီနှစ်ဩဂုတ်လကုန်ကနေ စက်တင် ဘာ ပထမ၊ ဒုတိယပတ်လောက် အတွင်းမှာပဲ ပုလဲမြို့သစ်က မြေဈေးတွေ နှစ်ဆ၊ သုံးဆ တက်သွားခဲ့ပါတယ်။ အဓိက လမ်းမတန်းမြေကွက်တွေပါ။ မင်္ဂလာဒုံ အမှတ်(၃)လမ်းမကြီး တစ်လျှောက်ပါပဲ။ ထောက်ကြန့် တိုးဂိတ်နားကနေ စပြီး ဇေကမ္ဘာဆောက်လုပ်ရေးဝင်းနားနဲ့ ခရေပင်လမ်းခွဲထိ တောက်လျှောက်က မြေတွေ ဈေးတက်တယ်လို့သိရပါတယ်။ ဘာကြောင့်ဆိုတာတော့ သေချာပြောရ ခက်ပါတယ်။ ပြောနေကြတာတော့ အစုံပါပဲ"ဟု ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကုမ္ပဏီမှ အကျိုးဆောင် တစ်ဦးက ပြောသည်။
"အကြောင်းရင်းတစ်ခုက အစိုးရက အဲဒီဘက်က မြေတွေကို ဂရန်ချပေး လိုက်ပြီဆိုတာကြောင့်လည်း ဈေးတက် လာတယ်လို့ ထင်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ထို့ပြင် ၎င်းနေရာအနီးတစ်ဝိုက်တွင် ဟိုတယ်ဇုန်တည်ဆောက်မည်၊ ပဲခူး ဟံသာဝတီဘက်တွင် လေယာဉ်ကွင်း အသစ်ဖောက်မည်၊ အဝေးပြေးဝင်း ပြောင်းရွှေ့မည်နှင့် စက်သုံးဆီအရောင်း ဆိုင်သစ်ဖွင့်ရန် အစီအစဉ်ရှိသည် ဟူသော သတင်းအမျိုးမျိုးပေါ်ထွက်နေ ခြင်းကြောင့်လည်း ဈေးတက်ခြင်းဖြစ် သည်ဟု သိရသည်။
"ကျွန်မတို့နားက မြေကွက်တွေက တော့ သိပ်မကြာလိုက်ခင်မှာကို ဈေးတွေ တက်ကုန်ပါတယ်။ နှစ်ဆလောက်ကို ဖြစ်ကုန်တယ်။ အခု ဆောက်လုပ်နေတဲ့ ဆေးရုံသစ်ကြောင့်လို့ပြောကြတယ်" ဟု ထောက်ကြန့်မြို့နယ်တွင် နေထိုင်သူ မစုစုဝေက ပြောသည်။
"ရင်းနှီးမြှုပ်နှံဖို့ ၀ယ်ကြတာများပါ တယ်။ အခုလောလောဆယ် အဲဒီဘက် မှာ သိန်း ၈၀၀ နဲ့ သိန်း ၃,၀၀၀ ၀န်း ကျင်ကြား မြေကွက်တွေ သွက်နေပါ တယ်။ အရင် သိန်း ၁,၀၀၀၊ ၁,၅၀၀ တန်က အခု သိန်း ၃,၀၀၀ ဖြစ်သွား တာပေါ့။ ဈေးလည်းတက်တယ်၊ ၀ယ်လို အားလည်း တက်တယ်။ ဒါပေမယ့် လမ်းမတန်းပဲ အရောင်းအ
ဝယ်ဖြစ်နေ တာပါ။ လမ်းသွယ်တွေထဲတော့ စိတ်
ဝင်စားသူမရှိသေးဘူး။လမ်းမတန်းက ဈေးတက်တဲ့ အရှိန်နဲ့ အတွင်းပိုင်းက မြေ ကွက်တွေလည်း ဈေးတက်ချင်တာတွေ ရှိပေမယ့် ဖြစ်မလာသေးပါဘူး"ဟု
ပန်းသခင်မှ အကျိုးဆောင်ကပြောသည်။
"ကျွန်တော် အကျိုးဆောင်အဖြစ် လုပ်ကိုင်ပေးသမျှထဲမှာ လမ်းမပေါ်တော့ မရှိသေးပါဘူး။ အတွင်း ဘက်ပိုင်းများတယ်။ လမ်းမတန်းမဟုတ်တဲ့ အတွင်းဘက်တွေတောင် ဈေးတွေတက်လာပြီ။ ကုန်းတလ ဘောင်ဘက်တွေ ဈေးတက်လာတယ်"ဟု မဏ္ဍိုင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးသန်းဦးက ပြောသည်။
"ပုလဲမြို့သစ် အမှတ်(၃)လမ်းမကြီးက ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးလည်း ဖြစ်သလို တိုးဂိတ်ကိုလည်း ပေါက်တယ်။ လမ်းကလည်း ဖြောင့်တယ်လေ။ လမ်းတောက်လျှောက် ဘေးဘယ်ညာမှာ ဓာတ်ဆီဆိုင်ဆောက်ဖို့ ကုမ္ပဏီကြီးတွေက မြေတွေ လိုက်ဝယ် တဲ့အတွက်လည်း မြေဈေးတက်ကုန် တယ်။ မင်္ဂလာဒုံနဲ့ ပုလဲမြို့သစ်က အစကတည်းကလည်း မြေဈေးကောင်း ပါတယ်။ သူ့ဟာနဲ့သူ အချက်အချာကျတဲ့ စက်မှုမြို့လေးဖြစ်တဲ့အတွက်ကြောင့် သူ့ဈေးကွက်နဲ့သူ ကောင်းနေတာပဲ။ ပေ ၁၀၀ ပတ်လည် လောက်ကို သိန်း ၄,၀၀၀၊ ၅,၀၀၀၊ ၆,၀၀၀ ကနေ ၈,၀၀၀ အထိ အရောင်းအ၀ယ်ဖြစ်နေ တာတွေရှိတယ်။ သူ့နေရာပေါ်မူတည် ပြီးတော့ပေါ့။ ဈေးတက်တာကတော့ အကြမ်းဖျင်းအားဖြင့် ဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိကပေးလိုက်ချိန်ကစပြီး တဖြည်းဖြည်းတက်လာခဲ့တာပဲ"ဟု၎င်းက ဆက်လက် ပြောသည်။
"မကြာသေးခင်က အိမ်နီးချင်းတစ် ယောက်ရဲ့ ပေ ၅၀ x ပေ ၄၀ မြေ သက်သက် ကို သိန်း ၈၀၀ ဈေးရတယ်။ ဒီတစ်နှစ် အတွင်း တစ်ဧက နည်းနည်းလျော့တဲ့မြေကို သိန်းထောင်ချီပြီး ဈေးရတယ်။ ကျွန်မတို့ သိသလောက်တော့ အမှတ်(၃) လမ်းမပေါ်က မင်္ဂလာဒုံ ဥယျာဉ်မြို့တော် ဘက်ခြမ်းနဲ့ အဝေး ပြေးဂိတ်နဲ့ကြားထဲကမြေတွေနဲ့အဲဒီနားတစ်ဝိုက်ကမြေတွေဈေးတွေတက်ကုန်ပါတယ် "လပိုင်းအတွင်းမှာ ပေါ့"  ဟုမင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူမမီမီကပြောသည်။ ဆေးခန်းတည်ဆောက်ရေး စီမံကိန်း အတွက် မြေနေရာမှာ ငါးဧကခန့် ကျယ်ဝန်းပြီး သက်ဆိုင်ရာမှ ခွင့်ပြုမိန့်ကျ သည်နှင့်တည်ဆောက်ရေး စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။
Ref:mmtime
Posted by Ko Nge at Saturday, October 15, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: အိမ်ခြံမြေ
Friday, October 7, 2011
ပြည်ပရင်းနှီးမြှုပ်နှံမှုနည်းလမ်းသစ် စင်ကာပူ ရှာဖွေ
ပြည်ပရင်းနှီးမြှုပ်နှံမှုနည်းလမ်းသစ် စင်ကာပူ ရှာဖွေ
(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၁၈ (၂၀ - ၂၆ ၊ ၅ ၊ ၂၀၁၁)
စင်ကာပူ - စင်ကာပူရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း အုပ်ချုပ်မှုအဖွဲ့ (GIC) သည် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားသုံး အရန်ငွေကြေးများအား မြှုပ်နှံရာတွင် ပိုမိုရှင်းလင်းပြတ်သားသည့် နည်းလမ်းများကို ရှာကြံအသုံးပြုသွားတော့မည်ဟု လွန်ခဲ့သောသီတင်းပတ်၌ GIC ဥက္ကဋ္ဌ လီကွမ်းယူက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်ခြင်းကို လိုလားမှုဖြင့် ဈေးကွက်ရပ်ဝန်းတွင် သိရှိသူများနေသော GIC သည် ပိုမိုခိုင်မာ ခေတ်စားလာသော သမားရိုးကျ နည်းလမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်ဟု အသက် ၈၇ နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်း လီက ဆိုသည်။
ယင်းအခြေအနေမှာ ထူးမခြားနား အဆင့်သို့သာ ပို့ဆောင်ပေးမည်ဖြစ်ရာ GIC အနေဖြင့် အဖွဲ့၏ဆုံးဖြတ်ချက်များ၊ ရံဖန်ရံခါ၌ သတ်မှတ်ဘောင်မ၀င်သည့် တိုင်အောင် အကောင်းဆုံးရလဒ် ရရှိရန်အတွက် မှန်ကန်သောဆုံးဖြတ်ချက်များကို အမြော်အမြင် ကြီးကြီးဖြင့် လေးလေး နက်နက် ချမှတ်နိုင်စေရန် စွမ်းရည်နှင့် သတ္တိမွေးမြူရမည်ဟုလည်း ၎င်းက လမ်းညွှန်သတိပေးသည်။
စင်ကာပူနိုင်ငံ၏ နိုင်ငံခြားသုံး အရန် ငွေကြေး ရင်းနှီးမြှုပ်နှံရေးအတွက် ၁၉၈၁ ခုနှစ်က တည်ထောင်ဖွဲ့စည်းခဲ့သော GIC ကုမ္ပဏီတွင် ယခုနှစ် ဧပြီလ ရင်းနှီးမြှုပ်နှံငွေ စင်ကာပူဒေါ်လာ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ ၂၄၃ ဘီလျံ) နီးပါး ရှိနေသည်ဟု ဗဟိုဘဏ်၏ ခန့်မှန်းချက်တွင် ဖော်ပြသည်။
GIC အနေဖြင့် ကမ္ဘာတစ်ဝန်း၌ ရင်းနှီး မြှုပ်နှံထားသော တန်ဖိုးကြီးပစ္စည်းများ ဖြစ်သည့် သာမန် စတော့လက်မှတ်များ၊ ငွေချေး စာချုပ်များ၊ အမြတ်ဝေစုသာ ခံစားခွင့်ရှိသော ပုဂ္ဂလိက သာမန်စတော့ နှင့် ရှယ်ယာများ၊ အိမ်ခြံမြေများနှင့် ပတ်သက်၍ အခြေအနေ အရပ်ရပ်ကို အချိန်အခါအလျောက် ပုံမှန် ပြန်လည်ဆန်းစစ်လျက်ရှိသည်။
နောက်ဆုံးထုတ်ပြန်ထားသည့် GICနှစ်ပတ်လည် အစီရင်ခံစာအရ ၂၀၁၀ ပြည့်နှစ်၊ မတ်လတွင် GIC ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄၁ ရာခိုင်နှုန်းမှာ အစိုးရ မြှုပ်နှံမှုအဖြစ် ဖွံ့ဖြိုးပြီး ဈေးကွက်များ၌ ရှိနေသည်။
ပထ၀ီဝင်သဘောအရ GIC ၏ ရင်းနှီး မြှုပ်နှံမှု ၃၆ ရာခိုင်နှုန်းသည် အမေရိကန် ပြည်ထောင်စု၌ လည်းကောင်း၊ ၃၀ ရာခိုင် နှုန်းနှင့် ၂၄ ရာခိုင်နှုန်းမှာ ဥရောပနှင့် အာရှဒေသများတွင် ရှိနေကြသည်။
ယခင်နှစ် စက်တင်ဘာလ GIC ထုတ်ပြန်ချက်တွင် ၂၀၀၈ ခုနှစ် ကမ္ဘာ့ ငွေကြေး အကျပ်အတည်းကြောင့် ခံစားခဲ့ရသော ကုမ္ပဏီ ဆုံးရှုံးမှု အများစုကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ဘဏ်လုပ်ငန်းကြီးများဖြစ်သည့် စီးတီးဂရု(ပ်)နှင့် ယူဘီအက်စ်တို့၌လည်း ရင်းနှီး မြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
စင်ကာပူအစိုးရ၏ အခြား မြှုပ်နှံမှု တစ်ခုမှာ တီမာဆက် ဦးပိုင်ကုမ္ပဏီ ဖြစ်သည်။ ဤ ဦးပိုင်ကုမ္ပဏီက ရင်းနှီး မြှုပ်နှံထားသည့် စင်ကာပူဒေါ်လာ ၁၈၆ ဘီလျံသည် အာရှဒေသနှင့် စင်ကာပူ၌ အများဆုံးရှိနေသည်။
"GIC ဖွဲ့စည်းထူထောင်စက အတွေးအမြင်ဟာ မူလအရင်းခံဖြစ်ပါတယ်။ ရဲရင့်ပြတ်သားပြီး အမြော်အမြင်ကြီးမားလှပါတယ်။ မူလ အတွေးအမြင်နဲ့ တန်ဖိုးတွေအတိုင်း အခိုင်အမာရှိနေသေးရင်တော့ လာမယ့် နှစ် ၃၀ ကာလမှာ GIC အနေနဲ့ အောင်အောင်မြင်မြင် ဆက်လက် ဆောင်ရွက်သွားနိုင်ပါလိမ့်မယ့်" ဟု လီ၏ ထင်မြင်သုံးသပ်ချက်ကို စင်ကာပူမီဒီယာများက ဖော်ပြခဲ့သည်။
၎င်းကပင် လာမည့် နှစ် ၃၀ ကာလတွင် ဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့နိုင်ငံများနှင့်အတူ စိန်ခေါ်မှုများ၊ မရေရာမှုများနှင့် ပြည့်နှက် နေမည်ဖြစ်ရာ ပထ၀ီ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့်လည်း သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ယိုယွင်းပျက်စီးလာမည်ဟုလည်း သတိပေးပြောကြားသည်။
အမေရိကန်နိုင်ငံအခြေစိုက် SWFI ဌာန၏ ယခုနှစ် မတ်လ သတ်မှတ်ချက်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းတွင် စင်ကာပူသည် အဆင့် (၈) ရှိနေသည်။
မေလ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၀၃၀၀ တွင် အာရှကုန်သွယ်ရေးရပ်ဝန်း ၌ စင်ကာပူဒေါ်လာ တန်ဖိုး ပိုမြင့်မား၍ အမေရိကန် တစ်ဒေါ်လာလျှင် စင်ကာပူ ဒေါ်လာ ၁ ဒသမ ၂၃၂၁ မှ ၁ ဒသမ ၂၃၁၄ ဖြစ်လာခဲ့သည်။
စင်ကာပူဒေါ်လာတန်ဖိုး ပိုမြင့်လာခြင်းမှာ လီ၏ ပြောကြားမှုကြောင့် မဟုတ်ဘဲ ယူရိုဈေးကွက်နှင့် ကုန်ပစ္စည်း ဈေးကွက်တွင် ယခင် သီတင်းပတ် အရောင်းအ၀ယ် ပြန်လည်သွက်လက်လာခြင်းနှင့် မေလ ၇ ရက် ရွေးကောက် ပွဲတွင် စင်ကာပူ၏ လက်ရှိအာဏာရ ပါတီ (ပီအေပီ) ပြန်လည်အရွေးခံရခြင်းတို့ကြောင့် ဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။
-Ref:myanmartime
 Posted using BlogPress from my 4GiPhone
Location:T1 e,Singapore
Posted by Ko Nge at Friday, October 07, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စီးပွားရေး
LOST IS LOVE!
Posted by Ko Nge at Friday, October 07, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မီဒီယာ
Tuesday, October 4, 2011
ကင်ဆာ ဖြစ်စေသော မှိုဆိပ် သတိထား စရာ ဖြစ်နေ
ပူနွေးစို စွတ်စိုသောရာသီဥတုဖြစ်သည့်အလျောက် စားသောက်ကုန်ပစ္စည်းများတွင် မှိုဆိပ် အလွယ်တကူ တက်နိုင်သော အချိန်ဖြစ်သောကြောင့် ကင်ဆာဖြစ်စေ သောမှိုဆိပ်ကို သတိထားရမည်ဖြစ်ကြောင်း ဆရာဝန် များကဆိုသည်။
“အစားအစာတွေမှာ မှိုလေးတွေ ကပ်နေပြီဆိုရင် မစားသင့်တော့ဘူး။ အဲဒီမှိုလေးတွေက တစ်ခါတလေ မျက်စိနဲ့ တောင်မမြင်နိုင်ဘူး။ အဲဒီမှိုဆိပ် က ကင်ဆာ ရောဂါ ကိုဖြစ်စေတယ်။ ဆန်တွေမှာ မှိုတက်တယ်။ ဆေး လိုက်ပေမယ့် မပြောင်ဘူး။ ချက်လိုက်လည်း မှိုဆိပ်ပါ လာတယ်။ ပလတ်စတစ် နဲ့ထုပ်ထားတဲ့ အစားအစာဆို ပိုပြီးသတိထား၊ အခြောက်ခံ ထားတဲ့ အသီးအရွက် အသားငါး တွေလည်း မှိုတက်တာ တွေ့ရင် မ၀ယ်စားနဲ့ အန္တရာယ်ရှိတယ်”ဟု အသည်းအထူးကုဆရာဝန် ဒေါက်တာခင်မောင်ဝင်းက ပြောသည်။
မှိုဆိပ်ဆို သည်မှာ အန္တရာယ်ကြီးမားပြီး အစားအ စာများတွင် အလွယ်တကူဖြစ်ပေါ်တတ်သောအရာ ဖြစ်သည့်အလျောက် ဂရုစိုက်သင့် သလို အသီးအနှံများ မှာပင် အလွယ်တကူ ကပ်နိုင်သောအရာတစ်ခုဖြစ်သည်။ အစားအစာ အချို့ကို မှိုတက်မှ ပိုကောင်းသည်ဟူသော မှားယွင်းသည့် အယူအဆဖြင့် စားနေကြသူများ ရှိသကဲ့ သို့ အစားအစာ အချို့မှာလည်း ကျန်းမာရေးနှင့်ညီညွတ် ခြင်းမရှိဘဲ ရောင်းချ နေကြကြောင်း ဆရာဝန်အချို့က ဆိုသည်။
“ကျန်းမာရေး အသိပေးလည်း သိပ်ဂရုမစိုက်ကြ ဘူး။ လွယ်လွယ်ကူကူ စားနေကြတာပဲ။ မှိုတက်တယ် ဆိုကတည်း က ဘက်တီးရီးယား ရှိနေပြီ။ ဒါဆိုမစားသင့် တော့ဘူး။ စားရင်ရောဂါဖြစ်မယ်။ အခုဆိုရင် ကင်ဆာ ရောဂါက ဖြစ်တာ များလာတယ်။ အစား အသောက် တွေကို ထိန်းသိမ်းထားတယ်ဆိုတာ နည်းစနစ် ရှိတယ်။ အအေးနဲ့ပဲ ထားထား၊ အပူနဲ့ပဲထားထား အရသာဓာတ် ပျက်သွားပြီဆို မစားသင့် တော့ဘူး။ ပူနွေးစိုစွတ်ရင် ဘက်တီးရီးယား တွေ ပေါက်ဖွားတယ်။ သာမန်မြင်နိုင် တာတော့ မှိုလေး တွေစွဲနေတာ။ အဲဒါကင်ဆာ ဖြစ်စေ တဲ့အရာပါ၊ သတိထားရမယ်”ဟု မြို့တော်စည်ပင်ကျန်း မာရေးဌာန မှဌာနမှူးဒေါက်တာမြတ်မွန်အေးကဆိုသည်။
စားသောက်ကုန် များကို သက်ဆိုင်ရာဌာနများမှာ ကြပ်မတ်ကာ ရောင်းခွင့်ပေးရန်လိုအပ်သလို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသင့်ကြောင်း၊ နိုင်ငံအချို့ တွင် စားသောက်ကုန် ပစ္စည်းများအတွက် တိတိကျကျ စစ်ဆေး အရေးယူသည့်အလျောက် မြန်မာနိုင်ငံတွင် လည်း လုပ်ဆောင်သင့် နေပြီဖြစ်ကြောင်း ဒေါက်တာ ခင်မောင်ညိုက ဆိုသည်။
အစားအစာနှင့် အနီးစပ်ဆုံးရှိပြီး သတိမထားမိ တတ်သော မှိုဆိပ်မှာ ကင်ဆာရောဂါ၊ အဆုတ်ရောဂါ များကို အဓိက ဖြစ်ပွားစေသောအရာတစ်ခုဖြစ်သည့် အလျောက် လက်ရှိကာလတွင် အပူအအေးအပြောင်း အလဲမြန်ပြီး ပူနွေး စွတ်စိုသောကာလ ဖြစ်ခြင်း၊ရာသီဥတု အပြောင်းအလဲအတွက် နီးစပ်ရာ ကာလသို့ရောက်ရှိ နေခြင်း တို့ကြောင့် စားသောက် ကုန်ပစ္စည်းတိုင်းကိုသတိ ထားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် အစားအ သောက်ကြောင့် ကင်ဆာ ဖြစ်ပွားမှုမှာ ရာခိုင်နှုန်း ၈၀ ခန့်ရှိနေရာ မှိုဆိပ်မှာလည်း အဓိက ဖြစ်ကြောင်း ကျွမ်း ကျင်ဆရာဝန်ကြီး များက ဆိုသည်။
ပုစွန်ချဉ်တွင် ကင်ဆာ ဖြစ်စေ နိုင်သော ဓာတု ပစ္စည်း တွေ့ရှိ
ဈေးများ အတွင်းရောင်းချလျက်ရှိ သော ပုစွန်ချဉ်များ ကိုအစားအသောက် နှင့်ဆေးဝါး ကွပ်ကဲရေးဌာနမှ နမူနာယူ ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ကင်ဆာ ရောဂါကို ဖြစ်ပွားစေသော ဓာတုဆိုးဆေးများအသုံး ပြုထား ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပုစွန်ချဉ်များ တွင်အသုံးပြုထားသော ဓာတုဆိုး ဆေးများမှာ စားသောက်ကုန် များတွင် အသုံးမပြုရန် တားမြစ်ထား သော Rodamine B နှင့် Auramine O တို့ဖြစ်ပြီး အဆိုပါ ဓာတုဆိုးဆေးများမှာ လူသုံးကုန် ပစ္စည်းများတွင် ထည့်သွင်း အသုံးပြုသည့် ဆိုးဆေးများဖြစ်ပြီး အစား အသောက်များ တွင် ထည့်သွင်း အသုံးပြု ပါက ကင်ဆာရောဂါဖြစ်ပွား စေကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
“ဌာနအနေနဲ့ ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီက ဈေးတွေမှာ ရောင်းချ နေတဲ့ စားသောက်ကုန် ပစ္စည်းကို နမူနာ ပို့ပေးပါတယ်။ နမူနာပို့တဲ့ စား သောက်ကုန် တွေမှာ စားသုံး ရန်မသင့်တဲ့ ပစ္စည်း ဆိုရင် တရားဝင် ထုတ်ပြန်ပေးပါ တယ်။ အခုပုစွန်ချဉ် ကိုစစ်ဆေးတဲ့ အခါ မှာ စားသုံးရန် မသင့်တဲ့ ဓာတု ဆိုးဆေး ကိုတွေ့ရတယ်” ဟု ၎င်းကပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာနအစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန အနေဖြင့် စားသောက် ကုန်များ ထုတ်လုပ် ခြင်း၊ တင်သွင်းခြင်းများ အတွက် စား သုံးရန်သင့် မသင့်ကို ဓာတ်ခွဲစမ်း သပ်ပေး နေသလို ဈေးကွက် အတွင်းရောင်းချနေ သည့် ဆေးဝါး များကိုလည်း နမူနာယူကာ သုံးစွဲရန် သင့်မသင့်ကိုလည်း ဓာတ်ခွဲစမ်း သပ်ပေး လျက်ရှိသည်။ စားသောက်ကုန် များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းရောင်း ချခြင်း အတွက် ကျန်းမာရေး နှင့် ညီညွတ် စေရန် သတ်မှတ်ပေးထားပြီး သတ်မှတ် စည်းကမ်း အတိုင်း လိုက်နာခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈အရ အရေးယူ ခံရမည်ဖြစ်ပြီး မိုဘိုင်း ဓာတ်ခွဲခန်း ယာဉ်ဖြင့်လည်း ရှောင်တခင် ၀င်ရောက် စစ်ဆေး သွားမည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
လှိုင်လှိုင်
Ref:themyanmarpost
Click to cancel reply
Posted by Ko Nge at Tuesday, October 04, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေး, အထူးသတင်း
ဈေးအချို့တွင် ရောင်းချသော ၀က်အူချောင်း၊ မုန်ညင်းချဉ်နှင့် နွယ်ချိုမှုန့်များတွင် ဆိုးဆေးများပါဝင်ကြောင်း စစ်ဆေးတွေ့ရှိ
w71_16
Sunday, 02 October 2011 06:49
ရန်ကုန်မြို့ရှိ ဈေးများတွင် ဆိုးဆေးပါဝင်သော စားသောက်ကုန် ပစ္စည်းများရောင်းချမှု ရှိမရှိစစ်ဆေး ချက်အရ ငရုတ်သီးမှုန့်၊ ငပိစိမ်းစား၊ ငရုတ်သီးအစိမ်းမှုန့်၊ ပုစွန်ချဉ်၊ မျှစ် စသည်တို့တွင်သာမက ၀က်အူချောင်း၊ မုန်ညင်းချဉ်နှင့် နွယ်ချိုမှုန့်များတွင် လည်း ဆိုးဆေးပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေး၊ သံဈေး၊ မော် တင်ဈေး၊ ဘုရင့်နောင်ပွဲရုံ၊ သီရိမင်္ဂ လာဈေး၊ ပုဇွန်တောင်ဈေး၊ တာမွေ ဈေးစသည်တို့တွင် ဗဟိုအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးနှင့်ဈေးများဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆိုးဆေးပါဝင်သည့် စားသုံး ရန်မသင့်သော အစားအသောက်များ ရောင်းချခြင်းရှိမရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဟေမ၀န်ဈေး၊ နန္ဒ၀န်ဈေးနှင့် စံပြငမိုးရိပ်ဈေးတို့တွင် ၀င်ရောက်စစ်ဆေးခဲ့ရာ ငါးပိစိမ်းစား၊ လက်ဖက်၊ ပုဇွန်ချဉ်၊ ပဲနီလေး၊ ပဲဝါလေး၊ ငရုတ် သီးအစိမ်းမှုန့်တို့တွင်သာမက ၀က်အူ ချောင်း၊ မုန်ညင်းချဉ်နှင့် နွယ်ချိုမှုန့်များတွင် ဆိုးဆေးများပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ငါးပိစိမ်းစားများတွင် စားသုံး ကိုအန္တရာယ်ဖြစ်စေနိုင်သော Rhodamine-B ဆိုးဆေးပါဝင်နေသဖြင့် ငါးပိများကို သိမ်းဆည်းခဲ့ကြောင်း၊ ဘုရင့်နောင်ပွဲရုံနှင့် ပုဇွန်တောင် ဈေးတို့မှ ဆိုးဆေးပါဝင်သော ငါးပိ ပိဿာချိန် ၁၉၀၀၀ ကျော်ကိုသိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ငါးပိများမှာ ဧရာဝတီတိုင်း ဖျာပုံဒေသမှ ၀င်ရောက်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ရန်ကုန်မြို့ရှိ ဈေးများအားလုံး တွင် စားသုံးသူများအား အန္တရာယ် ဖြစ်စေနိုင်သည့် ဆိုးဆေးပါဝင်သော စားသောက်ကုန်ပစ္စည်းများမရောင်း ချရန်ဈေးရောင်းချသူများကို ထပ်မံ၍ အသိပေးကြေညာထားပြီး ရောင်းချပါက ထိထိရောက်ရောက်အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန၏ ထုတ်ပြန်ကြေညာ ချက်အရ သိရှိရသည်။
Ref:new-seleven
နောက်ဆက်တွဲ-
တားမြစ်ဆိုးဆေး ပါဝင်သော စားသောက်ကုန် များ ဖျက်စီး
တားမြစ်ဆိုးဆေး ပါဝင်သော စားသောက်ကုန် များ ဖျက်စီးတားမြစ်ဓာတုဆိုးဆေး အသုံးပြုထားသော ကုန် ပစ္စည်းများကို သိမ်းဆည်းကာ စက်တင်ဘာ ၂၇ရက် တွင်ဘုရင့်နောင် ပွဲရုံ ကွပ်ကဲရေးဌာန ရုံးရှေ့တွင် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်းသိရသည်။
ဈေးများ အတွင်း ရောင်းချလျက်ရှိသော စား သောက်ကုန် ပစ္စည်း အချို့ကို မြို့တော်စည်ပင်ဈေး များဌာန၊ ကျန်းမာရေး ဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးတို့ပူးပေါင်းကာ မိုဘိုင်းဓာတ်ခွဲခန်း ယာဉ်ဖြင့် ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ရာတွင် တားမြစ်ဓာတု ဆိုးဆေးအသုံးပြုထားသော စား သောက်ကုန် ပစ္စည်းများတွေ့ရှိ သဖြင့် သိမ်းဆည်းခဲ့ ကြောင်း ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ဈေးတွေကိုသွားစစ် တဲ့အခါမှာ ဆိုးဆေးတွေ့တယ်။ အဲဒီဆိုးဆေး တွေကချည်တို့၊ ရော်ဘာတို့ကို အရောင်ဆိုး တဲ့ ဆေးတွေပါ။ ဆေးတွေ ကတော့ Orange II, Roda mine-B, Auramine-O တွေကို သုံးထား ကြတယ်။ အနီရောင်၊ အ၀ါရောင်တွေပါ” ဟု ပူးပေါင်းအဖွဲ့တွင်ပါ ၀င်သော အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အရာရှိတစ်ဦးကပြောသည်။
စစ်ဆေး သိမ်းဆည်းခဲ့မှုများတွင် သီရိ မင်္ဂလာဈေး မှ ၀ါးပိုးမျှစ် ၂၂ ပိဿာ၊ ခြစ်မျှစ် ၂၀ ပိဿာ၊ ငရုတ်သီး အစိမ်းမှုန့် ၁၀ ပိဿာ၊ ၀က်အူချောင်း သုံးပိဿာခွဲ တို့ပါဝင်ပြီး မင်္ဂလာတောင်ညွန့် ဈေးမှ မျှင်ငါးပိ ရှစ်ပိဿာ၊ ညောင်ပင်လေး ဈေးမှ မျှင်ငါးပိ ၂၄ ပိဿာ၊ တာမွေဈေးမှ မျှင်ငါးပိ လေးပိဿာ၊ ပုဇွန်တောင် ဈေးမှ မျှင်ငါးပိ ပိဿာ ၃၀၊ ဘုရင့်နောင်ပွဲရုံ မှ မျှင်ငါးပိ ၁၀၃ ပိဿာတို့ကို သိမ်းဆည်းကာ မီးရှို့ဖျက်ဆီး ခဲ့ပြီး ဖြစ်ကြောင်း ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခုကဲ့သို့စစ်ဆေးမှု ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ရှိဈေးများတွင်ပါဆက် လက်စစ်ဆေး သွားရန် စီစဉ်ထားပြီး ပညာပေး၊ သတိ ပေးလုပ်ငန်းများ ပြီးဆုံး သွားပါက အမျိုးသား အစားအ သောက်ဥပဒေ အရ အရေးယူ သွားမည်ဖြစ်ကြောင်း လည်း မြို့တော် စည်ပင် ကျန်းမာရေး ဌာနမှ ဌာနမှူး ဒေါက်တာမြတ်မွန် အေးကပြောသည်။
လှိုင်လှိုင်
Ref:themyanmarpost
Posted by Ko Nge at Tuesday, October 04, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေး, အထူးသတင်း
Saturday, October 1, 2011
Recycle Virus ရှင်းနည်း...(၁)။
Recycle Virus ကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် ရှင်းရန်နည်းလမ်းလေးပါ...
ပထမအဆင့်အနေနဲ့
Ctrl + Alt + Del ကိုနှိပ်ပြီး Windows Task Manager ပြီးတဲ့အခါ Processes Tab ကိုသွားပါ။
CTFMON.EXE ရှာပြီး End Task လိုက်ပါ။ပြီးရင် Start Menu ထဲက CTFMON.EXE ကိုရှာပြီး ဖြတ်လိုက်ပါ။
ဒုတိယအဆင့် အနေနဲ့ကတော့
Run ကိုသွားပြီး cmd လိုရေးပြီး Enter ခေါက်လိုက်ပါ။အမဲရောင် Window တခုပေါ်လာပါလိမ့်မယ်။
ပြီးရင်အဲ့ဒီထဲမှာ ..
cd\ လို့ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a *.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။
del autorun.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ cd recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ del *.* and confirm the deletion လို့ရေးပြီး Enter နှိပ်လိုက်ပါ။ cd\ လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ rmdir recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။
အပေါ်ကအဆင့်တွေကို ကျော်သွားပြီးဆိုရင် Recycler Virus ကပျောက်သွားပါ့လိမ့်မယ်။
မှတ်ချက်၊ ၊ အပေါ်က Code တွေတခါရေးပြီး ရင် Enter တခါခေါက်ပါ။
တကယ်လို့ အဆင်မပြေသေးဘူးဆိုရင်www.brothersoft.com မှာ ရှာ unlocker ကို ရှာပြီး အသုံးပြုနိုင်ပါတယ်...ခင်ဗျာ..
အားလုံး Virus ရန်မှ ကင်းဝေးနိုင်ကြပါစေ ခင်ဗျာ...
Ref:Naing's Dairy
Posted by Ko Nge at Saturday, October 01, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: နည်းပညာ
Virus ၏ ပင်ကိုယ်သဘော
Virus အကြောင်းသိသမျှ
(၁)Viruses
Virus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊
နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး
နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။ ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ
Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့မပြီးဘူး။ ဂြိုလ်သားတွေ လိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်းလိုက်ကပ်နိုင်သေးတယ်။
(၂)Email Virus
Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွား တာလား။လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တိုMail တွေ ပို့တော့တာပဲ။အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။
(၃)Trojan Horses
Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game
လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်းRunလိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံရပါလေရော..။
အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။
(၄)Worms
Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။
Wormရဲ့Copyကောင်ကဘယ်စက်မှာSecurityပိုင်းယိုကွက်/ဟာကွက်ရှိနေလဲလိုက်ချောင်း၊ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။
ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ
မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။ သိသမျှ တွေ့သမျှတွေ ပြန်မျှလိုက်ပါတယ်...
Source : www.zawlinyouth.
Posted by Ko Nge at Saturday, October 01, 2011 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: နည်းပညာ
Newer Posts Older Posts Home
Subscribe to: Posts (Atom)
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!
When'd it happen?
  • တရုတ်နိုင်ငံမှ စတော့အိတ်ချိန်းကြီးများ - 4/19/2019
  • ဒေါ်လာ ၁.၃ သန်းတန်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ရေမွှေး - 4/15/2019
  • 𝐄-𝐑𝐞𝐦𝐢𝐭𝐭𝐚𝐧𝐜𝐞 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐭𝐨 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐮𝐬𝐞𝐫 - 4/11/2019
  • ဗိုက်ခေါက် အဆီကျနည်းတဲ့ - 4/10/2019
DID YOU KNOW!
  • Myanmar Rohingya militants massacred Hindus, says Amnesty - 5/8/2019
  • India Alphonso Mangoes - 5/7/2019
  • Dependants' Protection Scheme - 5/7/2019
  • UK turns to Asia for nurses to cover staff shortages Hospitals recruit health workers from India and Philippines amid fall from EU - 5/6/2019
  • Forty-one people killed in Russian passenger plane fire - 5/6/2019
ONLINE MOIVES!
Look Attentively Moive!
WOMES IS....
SEARCH FOR THIS SITE!
CONTRIBUTORS!
  • Ko Nge
  • Ko Nge
  • Unknown
MMWeather Information BLOG
  • ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် အားကောင်းသော မုန်တိုင်း တစ်ခု ဖြစ်ပေါ်နိုင် - 10/5/2014
  • ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှ INVEST 98B အခြေအနေ ဆက်လက်တင်ပြခြင်း - 9/19/2014
  • ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှ INVEST 98B ဆက်လက်တည်ရှိနေဆဲ - 9/17/2014
Let's Save Myanmar Now!
  • မြန်မာနိုင်ငံမှာ ကျူးလွန် ဖောက်ဖျက်တဲ့သူတွေက အာဏာရှိတဲ့သူ - 5/9/2019
  • ဦးဝီရသူကို အရေးယူနိုင်ဖို့ အစိုးရ ကြိုးစားနေ - 5/8/2019
  • အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၉ မြန်မာစီးပွားရေးသုံးသပ်ချက် - 5/7/2019
  • လာဘ်စားသည့်မြေစာရင်းဝန်ထမ်း ၃ဝဝ ကျော် အရေးယူထုတ်ပယ် - 5/7/2019
  • မီးလောင်လို့ ပြန်ဆင်းလာခဲ့တဲ့ အေရိုဖလုတ်လေယာဉ်က လူ ၄၁ဦး သေဆုံး - 5/6/2019
TODAY'S TOP HITS!
MYANMAR CENTRAL BANK!
Date : 30th Jan 2018
1330.0 / USD
More
Source : forex.cbm.gov.mm
Deposit Auction
ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%
 ချေးငွေပေါ် အများဆုံး အတိုးနှုန်း တစ်နှစ်လျင် ၁၃%
Economic Indicators (%)
GDP Growth 5.90 %
Annual Rate of Inflation 4.79 %
Year on Year Inflation 4.47 %
     Source : Ministry of Planning and Finance
Interbank Market Rates
LISTEN JANGO RADIO!
MYANAMR MARKET PRICE!
  • Market Price! (Myanmar)
  • Marker Price!(English)
  • Central Of Myanmar Refernce Exchange Rate!
MY OTHER WEBSITES!
MOST USEFUL WEB TOOLS!
IT CERTIFICATION WEBSITES!
ONLINE FREE WATCH MOIVES!
FREE SOFTWARE DOWNLOAD!
MYANMAR PROPETY MARKET!
MYANMAR COMMERCE WEBS!
FOREIGNER JOBS IN SINGAPORE!
  • foreigners jobs in Singapore - Careerjet
    New Grad Software Engineer
  • JobGuru.com : Nobody Talks About Your Career The Way We Do!
  • Jobrapido | Jobs, Foreigner career
  • Latest Gumtree ads. Location: Singapore. Category: Jobs. Keyword: foreigners.
  • Jobs In Singapore For Foreigners Jobs Singapore
  • EPS Computer Systems - Your Trusted Recruitment Partner
BLOG ARCHIVE!
  • ►  2019 (249)
    • ►  May (20)
    • ►  April (32)
    • ►  March (54)
    • ►  February (72)
    • ►  January (71)
  • ►  2018 (149)
    • ►  December (21)
    • ►  November (13)
    • ►  October (3)
    • ►  September (8)
    • ►  August (4)
    • ►  July (5)
    • ►  June (1)
    • ►  May (14)
    • ►  April (5)
    • ►  March (45)
    • ►  February (21)
    • ►  January (9)
  • ►  2017 (127)
    • ►  December (7)
    • ►  November (12)
    • ►  October (1)
    • ►  September (7)
    • ►  August (24)
    • ►  July (13)
    • ►  June (6)
    • ►  April (3)
    • ►  March (28)
    • ►  February (18)
    • ►  January (8)
  • ►  2016 (35)
    • ►  December (20)
    • ►  August (6)
    • ►  March (3)
    • ►  February (4)
    • ►  January (2)
  • ►  2015 (148)
    • ►  December (1)
    • ►  November (2)
    • ►  October (3)
    • ►  September (4)
    • ►  August (5)
    • ►  July (6)
    • ►  June (13)
    • ►  May (24)
    • ►  April (29)
    • ►  March (17)
    • ►  February (17)
    • ►  January (27)
  • ►  2014 (509)
    • ►  December (46)
    • ►  November (32)
    • ►  October (40)
    • ►  September (55)
    • ►  August (59)
    • ►  July (61)
    • ►  June (23)
    • ►  May (59)
    • ►  April (34)
    • ►  March (48)
    • ►  February (29)
    • ►  January (23)
  • ►  2013 (477)
    • ►  December (23)
    • ►  November (26)
    • ►  October (55)
    • ►  September (53)
    • ►  August (24)
    • ►  July (49)
    • ►  June (20)
    • ►  May (17)
    • ►  April (33)
    • ►  March (16)
    • ►  February (71)
    • ►  January (90)
  • ►  2012 (524)
    • ►  December (42)
    • ►  November (23)
    • ►  October (52)
    • ►  September (46)
    • ►  August (11)
    • ►  July (64)
    • ►  June (30)
    • ►  May (46)
    • ►  April (37)
    • ►  March (51)
    • ►  February (29)
    • ►  January (93)
  • ▼  2011 (251)
    • ►  December (23)
    • ►  November (11)
    • ▼  October (28)
      • ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ
      • အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်
      • အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ
      • ဇာဂနာ ရဲ့ လတ်တလော နိုင်ငံရေး ပြက်လုံးများ
      • သင့်ဘ၀အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ? Manulife iphone...
      • i-Tigi Catwalk
      • မှောင်ခိုများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့...
      • စင်္ကာပူ မြန်မာသံရုံးသတင်း(၂)
      • အာရှစပါးကျီများရေမြုပ်၊ လယ်သမားများ ၀န်ထုပ်ကြီးလာ
      • ကောင်းကင်တွင် ဈန်ဖြင့် ကြွနေသော ရဟန်း တစ်ပါး၏ ဗီဒ...
      • Stop The Hatred
      • ၀ဋ်ကြွေး
      • နေ၀င်ချိန်
      • You Better Should Know
      • Gentle Farewell
      • Not So Sure!
      • စင်္ကာပူ Spass အလုပ်အကိုင် ခေါ်ယူမှု ပြန်ရှိလာ
      • မြန်မာနိုင်ငံ အပါအ၀င် မည်သည့် နိုင်ငံသားမဆို စင်္ကာပ...
      • ဂေါက်ရောဂါ
      • ပြည်ပမှ ၀င်ရောက်လာသော အိမ်သုံးဆားတွင် ချွတ်ဆေးများ...
      • စီမံကိန်းကြောင့် ပုလဲမြို့သစ်တွင် မြေဈေး များ နှစ်...
      • ပြည်ပရင်းနှီးမြှုပ်နှံမှုနည်းလမ်းသစ် စင်ကာပူ ရှာဖွေ
      • LOST IS LOVE!
      • ကင်ဆာ ဖြစ်စေသော မှိုဆိပ် သတိထား စရာ ဖြစ်နေ
      • ဈေးအချို့တွင် ရောင်းချသော ၀က်အူချောင်း၊ မုန်ညင်းခ...
      • Recycle Virus ရှင်းနည်း...(၁)။
      • Virus ၏ ပင်ကိုယ်သဘော
      • မိမိသုံးနေတဲ့ အင်တာနက် ကို အနည်းငယ် မြန်အောင်လုပ်ြ...
    • ►  September (22)
    • ►  August (7)
    • ►  July (12)
    • ►  June (19)
    • ►  May (26)
    • ►  April (28)
    • ►  March (75)
  • ►  2010 (13)
    • ►  December (4)
    • ►  November (9)
LABELS!
Apple (1) Business (6) Investing (6) MAC (3) Money (5) Websites (1) ကား (23) ကုန်သွယ်ရေးသတင်း (88) ကျန်းမာရေး (381) ခရီးသွား (9) ချစ်မှုရေးရာ (50) စကာင်္ပူသတင်း (3) စက်မှုဇုန် (6) စစ်ပွဲ (10) စစ်ရေး (15) စွမ်းအင် (21) စီးပွားရေး (676) တရားတော်များ (9) ထူးဆန်းအံ့ဘွယ်များ (35) ဓာတ်ပုံပညာ (4) နည်းပညာ (329) ပညာရေး (142) ပန်းချီ (2) ဖုန်း ဆော့ဝဲလ် (5) ဗဟုသုတ (77) ဗီဒီယို (46) ဘာသာရေး (29) မီဒီယာ (92) မူခင်း (54) ဖြစ်ရပ်မှန် (63) ရယ်စရာများ (6) ရာဇဝတ်မှု (10) ရာသီဥတု (1) လူထုအော်သံ (68) လူမျိုး (12) လူမှုရေး (116) သဘာဝပတ်ဝန်းကျင် (59) သမိုင်း (6) သီချင်းများ (61) ဟာသ (7) အချက်အပြုတ် (66) အထူးသတင်း (318) အလှအပ (17) အလုပ်အကိုင် (115) အားကစား (3) အိမ်ခြံမြေ (136) အတွေးအခေါ် (45) အရောင်းအ၀ယ် (44) ဥပဒေ (69) ကျောက်မျက်ရတနာ (11) ကျော်ငြာများ (14) ငွေကြေး (315) ဈေးကွက် (73) ဆောင်းပါး (85) ဗေဒင် (10) ရှေးဟောင်း (11) လောကနီတီ (1) နိုင်ငံခြား (113) နိုင်ငံရေး (190)
ONLINE LEARNING!
  • Myanmar Study Abroad
    UMS Scholarship
    2 days ago
  • Latest Activity on Myanmar Network
    Akaiiro liked Myanmar Network's page Index of articles and English lessons
    4 years ago
  • HTML Tutorial - Table of contents - HTML.net
  • W3Schools Online Web Tutorials
JOBS IN MYANMAR!
  • indeed
  • Jod in Myanmar
  • linkedin-myanmar
  • myamarjods eng
  • Myanamr Network
  • Myanamrbestjob
  • Myanmarjobdb
  • Myanmarjobsclassitieds
  • Myanmarjobsearch
  • MyanmarJobsmarket
  • NGOMyanmar
  • UN Jobs
  • Work
MY BLOG'S TOUR'S
  • Eleven Media Group
  • khtnetpc.webs.com
  • Knowledges Zone
  • Mizzima Burmese
  • MRTV-4
  • Myanmar in Singapore
  • Myanmar MP3 / Myanmar VCD / MTV / Entertainment - Movies and Celebrities Photos and more - Myitzuri.com
  • Myanmar Times Weekly Business Journal - mmtimes.com
  • Myanmar Youth Media Club - mymclub.net
  • MyanmarDaily.net
  • myanmarwikileaks
  • NYI LYNN SECK 18+ DEN
  • Open Engineer For Myanmar
  • Popular Myanmar Journal : PopularMyanmar.com
  • Public Health in Myanmar
  • Studying Of My native Town (Namhsan)
  • Thanyawzin.com - Myanmar Online Friends Community, Friendster MySpace like Social Networking
  • The Myanmar Post - Myanmar News Journal
  • The Voice Weekly
  • VOA News: သတင်း
  • www.myanmarmysteriestour.co.cc - Click - Search Myanmar
  • www.theyangontimes.com/
  • စင်္ကာပူရောက် မြန်မာသူနာပြုများ
  • ညီနေမင်း
  • ပင်မစာမျက်နှာ
  • မာ့ခ်၏ ကိုယ်ပိုင် အတဿ္တများ
  • အကောင်းဆုံးမြန်မာဘလော့များ
  • အဖြူရောင်သံစဉ် - Myanmar Entertainment For Myanmar Community
  • ဧရာဝတီ
Show 10 Show All
American Dollar to Myanmar Kyat
American Dollar to Myanmar Kyat
WORLD MARKET!
Commodities
Crude Oil 63.09 +1.36%
Natural Gas 3.72 +0.75%
Gasoline 2.08 +1.27%
Heating Oil 2.10 +2.64%
Gold 3350.20 -0.61%
Silver 34.50 -0.17%
Copper 4.81 -0.52%
2025.06.04 end-of-day » Add to your site
About the List of Attacks!
Jihad Report 
Sep 23, 2017 -
Sep 29, 2017
Attacks39
Killed174
Injured144
Suicide Blasts5
Countries12
The Religion of Peace 
Jihad Report 
September, 2017
Attacks147
Killed850
Injured739
Suicide Blasts22
Countries20
List of Attacks
List of Attacks
Last 30 Days
2017
2016
2015
2014
2013
2012
2011
2010
2009
2008
2007
2006
2005
2004
2003
2002
2001 (Post 9/11)
Put the Numbers
in Perspective
Islamic Terrorists...
...killed twice as many people in one month (5000) in November, 2014) than were killed in in 350 years of Inquisition (2000-3000).
...murder more people everyday than the KKK has in the last 70 years (26 since 1945).
...killed more civilians in two hours on September 11th (2977) than in the 26 years of sectarian conflict in Northern Ireland (2236).
...massacred more Iraqis on a single day in June, 2014 (1566) than the number of criminals executed by America in the last 40 years (1423).
...killed more Americans on American soil than the combined militaries of Japan and Nazi Germany in WWII.
...slaughter almost twice as many people everyday than were killed during the entire Salem Witch Trials (20).
WHERE COME FROM?
BED HEAD MYANMAR!
DAVINES WORLD WIDE HAIR TOUR 2012
ASN SHOP AND SAVE!
CHAT ROOM!
MY WEB WORTH!
Blog Money Valuation
My blog has been valued at... $230.48
Blog Valuation Tool from BlogCalculator.com
SUPPORT BY DONATE!
Select your amount
Thank for your Support
WHO'D BE VISIT MY BLOG'S!
GOOGLE+
FOLLOWERS!
BLOG'S STAISTICS!
  • Total Posts: 2482
  • Total Comments: 13
TOTAL PAGEVIEWS!
817532
MYANMAR MARKET !
Open Capital Markets in Myanmar!
Myanmar Focused Equities Index
Yoma Strategic0.71  +0.01  +1.43%
Interra Resource0.215  +0.01  +4.88%
Myanmar Inv Int1.135  0.00  +0.00%
$ We0.011  -0.001  -8.33%
Super Group1.145  -0.03  -2.55%
$ Ntegrator Intl0.03  0.00  +0.00%
Upp0.245  0.00  +0.00%
Kreuz0.80  0.00  +0.00%
Gunkul Engineer-f0.48  +0.181  +37.71%
Usd/mmk1038.00  N/A  N/A
Country Comparison!
MEMBER TOPIC!
MY LIFE CHOICE!
Free website - Powered By Wix.com
Myanmar font conventer!
surfing wavesfeedwidget
Picture Window theme. Powered by Blogger.