Popular Posts!

Saturday, October 15, 2011

ဂေါက်ရောဂါ

Gout

     ဂေါက်ရောဂါ(၂)မျိုး ရှိသည်ဟု သတ်မှတ်လို့ရပါသည်။ တစ်မျိုးမှာ မြန်မာဗန်းစကား ဂေါက်ရောဂါ

(ဒီလူတော့ ဂေါက်နေပြီ) နှင့် နောက်တစ်မျိုးမှာ အင်္ဂလိပ်အသံထွက်အတိုင်းခေါ်သော ဂေါက်(Gout)
ရောဂါပေတည်း။ဂေါက်(Gout)ရောဂါသည် သွေးအတွင်း ယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်မြင့်
မားခြင်းကြောင့်ဖြစ်ပေါ်လာပေသည်။ သွေးအတွင်း(Uricase)အင်ဇိုင်းချို့ယွင်းမှုကြောင့် ယူရစ်အက်
စစ်ဇီဝကမ္မဖြစ်စဉ် (uric acid metabolism)ယိုယွင်းကာ ယူရစ်အက်စစ်မြင့်တက်နိုင်သလို ကျောက်
ကပ်လုပ်ငန်း ထိခိုက်သူများတွင်လည်း ယူရစ်အက်စစ်စွန့်ထုတ်မှုယိုယွင်းကာ သွေးအတွင်းယူရစ်
အက်စစ်မြင့်တက်နိုင်ပါသည်။ ယင်းကဲ့သို့အခြေအနေမျိုးရှိနေသူများတွင် ယူရစ်အက်စစ်ထုတ်လုပ်မှု
များစေသောအစားအစာများ (high purine diet) စားသုံးခြင်း၊ အရက်/ဘီယာသောက်သုံးခြင်း၊
အခြားရောဂါကြောင့် ဆီးဆေးပုံမှန်သောက်နေရခြင်း၊ အဝလွန်ခြင်းစသည့်အခြေအနေများကြောင့်
ရောဂါလက္ခဏာ ရုတ်တရက်ပေါ်တတ်ပါသည်။ သွေးအတွင်းယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်
မြင့်မားခြင်းကြောင့် ပျော်ဝင်နိုင်မှုအဆင့်(Solubility Limit)ကျော်လွန်ကာ မိုနိုဆိုဒီယမ်ယူရိတ်အမှုန်
(Monosodium Urate Crystals)များဖြစ်ပေါ်၍ အဆစ်(joints)၊ ကျောက်ကပ်(kidney)၊ ပျော့
ပြောင်းတစ်ရှူး(soft tissue) တို့တွင် အနည်ကျခြင်းဖြင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။

ရောဂါလက္ခဏာများမှာ
  • ရုတ်တရက် အဆစ်ရောင်နာကျင်ခြင်:
    • လူနာများ၏ ၅၀%ကျော်မှာ ခြေမအရင်းဆစ် ရောင်ရမ်းနာကျင်မှုဖြင့် လက္ခဏာ
      ပြတတ်ပါသည်။ နီရဲရောင်ရမ်းပြောင်တင်းပြီး ခြေအိတ်မဝတ်နိုင်၊ အထိမခံနိုင်လောက်အောင် နာကျင်တတ်ပါသည်။ ဖြစ်ပါများလာလျှင် အခြားအဆစ်များပါ ဆက်တိုက်ဆိုသလို ထိခိုက်လာနိုင်သည်။ အစဉ်အတိုင်းအားဖြင့် ခြေကျင်းဝတ်၊ ဒူး၊ လက်ချောင်းအဆစ်များ၊ လက်ကောက်ဝတ်၊ တံတောင်ဆစ် စသည့်အဆစ်များသို့ ပြန့်နှံ့ရောင်ရမ်းနာကျင်လာနိုင်သည်။
  • မကြာခဏ ခါးနှင့်ကျောအောင့်တတ်ခြင်း
    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ ကျောက်ကပ်တွင်အနည်ကျခြင်းကြောင့် ကျောက်တည်နိုင်ခြင်း၊ ကျောက်ကပ်နာခြင်း (nephrolithiasis & renal colic) တို့ဖြစ်ပေါ်နိုင်ပါသည်။
  • တိုဖိုင်(tophi)ခေါ် ယူရိတ်အနည်မှုန်များ အရေပြားအောက်တွင်စုပုံအနည်ကျခြင်း၊
    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ အရေပြားအောက် ပျော့ပြောင်းတစ်ရှူး(soft tissue)တွင် စုပုံအနည်ကျခြင်းကြောင့် ပုံ(၃)ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်။


ရှောင်ကြဉ်ရန်များ
အရက် အထူးသဖြင့် ဘီယာနှင့်ဝိုင်တို့ကို ရှောင်ကြဉ်ရမည်။
  • သွေးတိုးရောဂါအတွက် သောက်နေရသော ဆီးဆေး(Diuretic)ကို အခြားဆေးဖြင့် ပြောင်းလဲအစားထိုးရန်၊
  • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများကို ရှောင်ကြဉ်ရန၊်
    • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများမှာ နီရဲသောအသားများ၊ ကလီစာများ၊ ပင်လယ်စာများ၊ ပဲတောင့်၊ ပဲပင်ပေါက် စသည်တို့ကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ရမည်။
  • ကိုယ်အလေးချိန်လျှော့ချရန်နှင့် အဝမလွန်စေရန် ထိန်းသိမ်းရမည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!