ပြည်ပရင်းနှီးမြှုပ်နှံမှုနည်းလမ်းသစ် စင်ကာပူ ရှာဖွေ
(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၁၈ (၂၀ - ၂၆ ၊ ၅ ၊ ၂၀၁၁)
စင်ကာပူ - စင်ကာပူရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း အုပ်ချုပ်မှုအဖွဲ့ (GIC) သည် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားသုံး အရန်ငွေကြေးများအား မြှုပ်နှံရာတွင် ပိုမိုရှင်းလင်းပြတ်သားသည့် နည်းလမ်းများကို ရှာကြံအသုံးပြုသွားတော့မည်ဟု လွန်ခဲ့သောသီတင်းပတ်၌ GIC ဥက္ကဋ္ဌ လီကွမ်းယူက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်ခြင်းကို လိုလားမှုဖြင့် ဈေးကွက်ရပ်ဝန်းတွင် သိရှိသူများနေသော GIC သည် ပိုမိုခိုင်မာ ခေတ်စားလာသော သမားရိုးကျ နည်းလမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်ဟု အသက် ၈၇ နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်း လီက ဆိုသည်။
ယင်းအခြေအနေမှာ ထူးမခြားနား အဆင့်သို့သာ ပို့ဆောင်ပေးမည်ဖြစ်ရာ GIC အနေဖြင့် အဖွဲ့၏ဆုံးဖြတ်ချက်များ၊ ရံဖန်ရံခါ၌ သတ်မှတ်ဘောင်မ၀င်သည့် တိုင်အောင် အကောင်းဆုံးရလဒ် ရရှိရန်အတွက် မှန်ကန်သောဆုံးဖြတ်ချက်များကို အမြော်အမြင် ကြီးကြီးဖြင့် လေးလေး နက်နက် ချမှတ်နိုင်စေရန် စွမ်းရည်နှင့် သတ္တိမွေးမြူရမည်ဟုလည်း ၎င်းက လမ်းညွှန်သတိပေးသည်။
စင်ကာပူနိုင်ငံ၏ နိုင်ငံခြားသုံး အရန် ငွေကြေး ရင်းနှီးမြှုပ်နှံရေးအတွက် ၁၉၈၁ ခုနှစ်က တည်ထောင်ဖွဲ့စည်းခဲ့သော GIC ကုမ္ပဏီတွင် ယခုနှစ် ဧပြီလ ရင်းနှီးမြှုပ်နှံငွေ စင်ကာပူဒေါ်လာ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ ၂၄၃ ဘီလျံ) နီးပါး ရှိနေသည်ဟု ဗဟိုဘဏ်၏ ခန့်မှန်းချက်တွင် ဖော်ပြသည်။
GIC အနေဖြင့် ကမ္ဘာတစ်ဝန်း၌ ရင်းနှီး မြှုပ်နှံထားသော တန်ဖိုးကြီးပစ္စည်းများ ဖြစ်သည့် သာမန် စတော့လက်မှတ်များ၊ ငွေချေး စာချုပ်များ၊ အမြတ်ဝေစုသာ ခံစားခွင့်ရှိသော ပုဂ္ဂလိက သာမန်စတော့ နှင့် ရှယ်ယာများ၊ အိမ်ခြံမြေများနှင့် ပတ်သက်၍ အခြေအနေ အရပ်ရပ်ကို အချိန်အခါအလျောက် ပုံမှန် ပြန်လည်ဆန်းစစ်လျက်ရှိသည်။
နောက်ဆုံးထုတ်ပြန်ထားသည့် GICနှစ်ပတ်လည် အစီရင်ခံစာအရ ၂၀၁၀ ပြည့်နှစ်၊ မတ်လတွင် GIC ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄၁ ရာခိုင်နှုန်းမှာ အစိုးရ မြှုပ်နှံမှုအဖြစ် ဖွံ့ဖြိုးပြီး ဈေးကွက်များ၌ ရှိနေသည်။
ပထ၀ီဝင်သဘောအရ GIC ၏ ရင်းနှီး မြှုပ်နှံမှု ၃၆ ရာခိုင်နှုန်းသည် အမေရိကန် ပြည်ထောင်စု၌ လည်းကောင်း၊ ၃၀ ရာခိုင် နှုန်းနှင့် ၂၄ ရာခိုင်နှုန်းမှာ ဥရောပနှင့် အာရှဒေသများတွင် ရှိနေကြသည်။
ယခင်နှစ် စက်တင်ဘာလ GIC ထုတ်ပြန်ချက်တွင် ၂၀၀၈ ခုနှစ် ကမ္ဘာ့ ငွေကြေး အကျပ်အတည်းကြောင့် ခံစားခဲ့ရသော ကုမ္ပဏီ ဆုံးရှုံးမှု အများစုကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ဘဏ်လုပ်ငန်းကြီးများဖြစ်သည့် စီးတီးဂရု(ပ်)နှင့် ယူဘီအက်စ်တို့၌လည်း ရင်းနှီး မြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
စင်ကာပူအစိုးရ၏ အခြား မြှုပ်နှံမှု တစ်ခုမှာ တီမာဆက် ဦးပိုင်ကုမ္ပဏီ ဖြစ်သည်။ ဤ ဦးပိုင်ကုမ္ပဏီက ရင်းနှီး မြှုပ်နှံထားသည့် စင်ကာပူဒေါ်လာ ၁၈၆ ဘီလျံသည် အာရှဒေသနှင့် စင်ကာပူ၌ အများဆုံးရှိနေသည်။
"GIC ဖွဲ့စည်းထူထောင်စက အတွေးအမြင်ဟာ မူလအရင်းခံဖြစ်ပါတယ်။ ရဲရင့်ပြတ်သားပြီး အမြော်အမြင်ကြီးမားလှပါတယ်။ မူလ အတွေးအမြင်နဲ့ တန်ဖိုးတွေအတိုင်း အခိုင်အမာရှိနေသေးရင်တော့ လာမယ့် နှစ် ၃၀ ကာလမှာ GIC အနေနဲ့ အောင်အောင်မြင်မြင် ဆက်လက် ဆောင်ရွက်သွားနိုင်ပါလိမ့်မယ့်" ဟု လီ၏ ထင်မြင်သုံးသပ်ချက်ကို စင်ကာပူမီဒီယာများက ဖော်ပြခဲ့သည်။
၎င်းကပင် လာမည့် နှစ် ၃၀ ကာလတွင် ဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့နိုင်ငံများနှင့်အတူ စိန်ခေါ်မှုများ၊ မရေရာမှုများနှင့် ပြည့်နှက် နေမည်ဖြစ်ရာ ပထ၀ီ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့်လည်း သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ယိုယွင်းပျက်စီးလာမည်ဟုလည်း သတိပေးပြောကြားသည်။
အမေရိကန်နိုင်ငံအခြေစိုက် SWFI ဌာန၏ ယခုနှစ် မတ်လ သတ်မှတ်ချက်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းတွင် စင်ကာပူသည် အဆင့် (၈) ရှိနေသည်။
မေလ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၀၃၀၀ တွင် အာရှကုန်သွယ်ရေးရပ်ဝန်း ၌ စင်ကာပူဒေါ်လာ တန်ဖိုး ပိုမြင့်မား၍ အမေရိကန် တစ်ဒေါ်လာလျှင် စင်ကာပူ ဒေါ်လာ ၁ ဒသမ ၂၃၂၁ မှ ၁ ဒသမ ၂၃၁၄ ဖြစ်လာခဲ့သည်။
စင်ကာပူဒေါ်လာတန်ဖိုး ပိုမြင့်လာခြင်းမှာ လီ၏ ပြောကြားမှုကြောင့် မဟုတ်ဘဲ ယူရိုဈေးကွက်နှင့် ကုန်ပစ္စည်း ဈေးကွက်တွင် ယခင် သီတင်းပတ် အရောင်းအ၀ယ် ပြန်လည်သွက်လက်လာခြင်းနှင့် မေလ ၇ ရက် ရွေးကောက် ပွဲတွင် စင်ကာပူ၏ လက်ရှိအာဏာရ ပါတီ (ပီအေပီ) ပြန်လည်အရွေးခံရခြင်းတို့ကြောင့် ဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။
-Ref:myanmartime
Posted using BlogPress from my 4GiPhone
Location:T1 e,Singapore
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment