
လက်ကိုင်အိတ်ကို ချလိုက်တဲ့ နေ ရာမှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေလည်းကပ် ငြိနိုင်တာကြောင့် လက်ကိုင်အိတ်ရဲ့ အတွင်း ရော အပြင်ပါ ပိုးမွှားတွေ ရှိနေတတ်ပါ တယ်။ အမျိုးသမီး အများစုဟာ လက်ကိုင် အိတ်ကို ဆေးကြောသန့်စင်ဖို့ မေ့လျော့ နေတတ်ပါတယ်။
လက်ကိုင်အိတ် မကိုင်မီ လက်ဆေးပါ
လက်ကိုင်အိတ်ကို ဆေးကြောသန့် စင်ပြီးတဲ့ အခါမှာလည်း သင့်လက်တွေကို အရင်ဆေးကြော သန့်စင်ပြီးမှ လက်ကိုင် အိတ်ကို ကိုင်သင့်ပါတယ်။ လက်ဆေး ပြီးမှ လက်ကိုင်အိတ်ကို ကိုင်တာကြောင့် ဘက်တီးရီးယားပိုး ကပ်ငြိမှုကို လျော့ကျ စေပါတယ်။
သားရေ လက်ကိုင်အိတ် ကိုင်လျှင်
သားရေ လက်ကိုင်အိတ်ကို ကိုင်တဲ့ သူတွေအနေနဲ့ အယ်လ်ကိုဟော ဒါမှမ ဟုတ် ကြေးချွတ်ဆေးမပါတဲ့ တစ်သျှူးနဲ့ သန့်စင်ပေးပါ။ လက်ကိုင်နဲ့ လွယ်ကြိုးတွေ လို သင့်လက်နဲ့ ထိတွေ့မှုအများဆုံး အစိတ် အပိုင်းတွေကို အာရုံစိုက်ပြီး သန့်စင်ဆေး ကြောဖို့ မမေ့ပါနဲ့။ ဒါဆိုရင် ဘက်တီးရီး ယားတွေ လျော့ကျသွား ပါလိမ့်မယ်။
သတိပြုရန်
လက်ကိုင်အိတ်ထဲမှာ သုံးပြီးသား တစ်သျှူးစတွေ၊ ခြေအိတ်ဟောင်းတွေ ထည့်တာမျိုး ရှောင်ပါ။ သုံးပြီးသား အရာ တွေကို ပလတ်စတစ်အိတ်နဲ့ သပ်သပ် ထုပ်ပြီးမှ လက်ကိုင်အိတ်ထဲ ထည့်သင့် ပါတယ်။
Ref: yoyarlay.com/health/therapy/37149-2013-08-13-09-28-31
- Posted using BlogPress from my iPhone5
No comments:
Post a Comment