ရန်ကုန် ၊ ၂၁-၈-၂၀၁၃
ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည့် ငါးပိများတွင် ဓာတ်မြေသြဇာ ရောနှော ပါဝင်နေကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံ မှာ ဒီလို လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေ အသုံးပြုပြီး စားသောက်ကုန်တွေ ထုတ်လုပ် နေတဲ့ လုပ်ငန်းတွေကို ထိရောက်စွာ အရေးယူ သင့်တယ် ၊ ငါးပိ တစ်ထုတ်ကို အိမ်တစ်အိမ် က ကျိုလိုက်ရင် ရလာတဲ့ ငါးပိရည်ကို တစ်မိသားစု လုံး စားသုံး ကြတဲ့အတွက် ပိုပြီး အရေးကြီး ပါတယ် ၊ ဒီလို ကျန်းမာရေး ကို ထိခိုက်စေတဲ့ စားသုံးကုန် တွေကို တားမြစ် ပေးစေချင် ပါတယ် ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ စီးပွားရေး အရ တွက်ခြေ ကိုက်အောင် ငါးပိ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ပုံမှန် သဘာဝ အတိုင်း ငါးပိ ထုတ်လုပ်သော ဒေသများ တွင်ပါ ဓာတ်မြေသြဇာ အသုံးပြုမှု ပြုလုပ် လာနေကြောင်း သိရသည်။
အဆိုပါ ငါးပိ စားသုံးမှုသည် မြန်မာနိုင်ငံ၌ သာမက အိမ်နီးချင်း နိုင်ငံ များတွင်လည်း စားသုံးကြကြောင်း ၊ ငါးပိ အမျိုးအစား များစွာရှိပြီး မြန်မာနိုင်ငံ တွင် သဘာဝ နည်းအတိုင်း ထုတ်လုပ်သည့် ငါးပိ လျော့နည်း လာကြောင်း ၊ မြန်မာနိုင်ငံ တွင် ငါးပိ အများဆုံး ထွက်ရှိသည့် ဒေသမှာ ဘိုကလေး ၊ ဖျာပုံ ၊ လပွတ္တာ ၊ မြောင်းမြ နှင့် ပုသိမ်မြို့ ရှိ သက်ကယ်သောင် တို့ ဖြစ်ကြောင်း သိရှိရသည်။
Ref:the myawaddydaily
No comments:
Post a Comment